ဆောင်းပါး

အချစ်ရေးကို ဖျက်ဆီးနေသော စမတ်ဖုန်းများ

Want create site? Find Free WordPress Themes and plugins.

သင့်အနေနဲ့ အခု ၂၁ရာစု၊ နည်းပညာခေတ်ထဲမှာ ရှင်သန်နေရတာကို သိပါသလား။ နည်းပညာ အသုံးအဆောင် ပေါင်းများစွာဟာ ကျနော်တို့ရဲ့ လက်ထဲမှာရော လက်တကမ်း အကွာမှာပါ ရောက်ရှိလာပါတယ်။ အများဆုံး ပိုင်ဆိုင်ထားတဲ့ နည်းပညာပစ္စည်းကတော့ စမတ်ဖုန်း Smart Phone ပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ စမတ်ဖုန်း အသုံးပြုနှုန်းနဲ့ ပိုင်ဆိုင်မှုနှုန်းဟာ နေ့စဉ်မြင့်တက် များပြားနေပါတယ်။ ဒီလို ဖုန်းအသုံးပြုမှု မြင့်မားလာခြင်းနဲ့ အတူ နောက်ဆက်တွဲဘယ်လို ရလဒ်တွေ ဖြစ်လာသလဲ ဆိုတာ လေ့လာသူတွေက လေ့လာ မှုတွေ လုပ်ဆောင်နေပါတယ်။

အဲဒီထဲက တွေ့ရှိလာရတဲ့ အချက်တချက်ကတော့ စမတ်ဖုန်းတွေဟာ ချစ်သူ၊ ရည်းစား၊ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့ ဆက် ဆံရေး အကြားက အချစ်ရေး ပတ်သက်မှုတွေကို ဖျက်ဆီးနေတယ်ဆိုတာ သိလာခဲ့ရတာပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆပ် ပြည်နယ်၊ ဘေလာတက္ကသိုလ်က လေ့လာသူတွေရဲ့ စစ်တမ်းတွေအရ ဒီနေ့ခေတ်မှာ ၄၆ ရာခိုင် နှုန်းသောသူတွေရဲ့ အချစ်ရေး နွေးထွေးမှုတွေဟာ စမတ်ဖုန်း အသုံးပြုမှုကြောင့် ပျောက်ဆုံးကုန်တယ်လို့ ဆိုပါတယ်။

ဒီလို အချစ်ရေး နွေးထွေးမှု ဆိုတာလည်း ချစ်သူ၂ ဦး လမ်းခွဲလိုက်ခြင်းမျိုးတင် မဟုတ်ဘဲ အတူတူ စကားပြောဆိုဆက် ဆံမှု ကအစ အခြား နီးစပ်မှုအားလုံးကို စမတ်ဖုန်းက နေရာဝင်ယူလိုက်ပြီး နွေးထွေးမှု လျော့နည်းသွားတာကို ဆိုလိုတာ ဖြစ်ပါ တယ်။

ဒါဟာ လူတယောက်ချင်းစီအတွက် ဖုန်းနဲ့ တနေ့တာမှာ အချိန် ဘယ်လောက်ထိအောင် အတူတူ ရှိနေသလဲဆိုတဲ့ ပမာဏ အပေါ် မူတည်ပြီး အချစ်ရေး နွေးထွေးမှုတွေ လျော့ကျအားနည်းစေတယ်လို့ လေ့လာချက်အရ သိရပါတယ်။

အဆိုပါ စစ်တမ်းအရ အဓိက ကျတဲ့နှုန်းတခု ထွက်ရှိလာတာလည်း တွေ့ရပြီး အဆိုပါ အချက်ကတော့ အခု နောက်ပိုင်း လူ ငယ်တွေ အကြားမှာ တရက်ကို ဖုန်းအသုံးပြုခြင်း အပါအဝင်၊ စာတိုပို့ခြင်း၊ ဂိမ်းကစားခြင်၊ လူမှုကွန်ရက်များ သုံးခြင်း၊ ဖုန်းအသုံးပြု စာဖတ်မှု၊ လုပ်ငန်းလုပ်ကိုင်မှုတွေ အပါအဝင် လူတယောက်ဟာ သူ့ရဲ့ ဖုန်းကို တရက်မှာ အကြိမ် ၁၅၀ လောက် စစ်ဆေး အသုံးပြုနေတာပဲ ဖြစ်ပါတယ်။

အချိန်အနေနဲ့ ဆိုရင်တော့ ပျမ်းမျှ ၄ မိနစ်ကနေ ၆ မိနစ် အတွင်း အကြောင်းရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သုံးတတ်၊ စစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါက အသုံးပြုသူအနေနဲ့ အလုပ်တာဝန် တခုခု မရှိရင် ပိုပြီး အသုံးများတယ်လို့လည်း တွေ့ လာရတာပါ။

လေ့လာမှု အဖွဲ့ထဲက တဦးဖြစ်တဲ့ Meredith Davidကတော့ ဆဲလ်ဖုန်း အသုံးပြုသူတွေ အနေနဲ့ အခုလို ဖုန်းစွဲလမ်းမှု သိပ် မရှိပေမယ့် စမတ်ဖုန်း သုံးသူတွေကတော့ ပိုပြီး စွဲလမ်းမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ David နဲ့ အဖွဲ့ဟာ စုံတွဲတွေကို အဓိက ဦးစားပေး လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး အမျိုးသားရော အမျိုး သမီး ဖုန်းသုံးသူတွေဟာ သူ့ရဲ့ ချစ်သူအဖော်မရှိလည်း ဖုန်းနဲ့ အသားကျလာသလို အတူရှိနေချိန်တွေမှာလည်း တဦးနဲ့ တဦး အာရုံစိုက်မှု နည်းလာတယ်လို့ သိရပါတယ်။

စစ်တမ်းတွေအရ စုံတွဲတွေရဲ့ ၄၆ ရာခိုင်နှုန်းက ဖုန်းရှိနေရင် ချစ်သူအပေါ် အာရုံသိပ် မရှိတော့ဘူးလို့ ဆိုပြီး ၂၂ ရာ ခိုင်နှုန်း ကတော့ ဒီလို ဖုန်းသုံးနေမှုမှာ ချစ်သူချင်း ဆက်ဆံရေးကို ထိခိုက်လာနေတာကို သိနေတယ်လို့ ဆိုပါတယ်။

အဆိုးဆုံး အချက်တချက်ကို တွေ့လာမှုကတော့ အနောက်နိုင်ငံတွေမှာ ချစ်သူချင်း လက်ထပ်ခြင်းမပြုခင် အတူနေမှု အပိုင်း ထိအောင် ဖုန်းသုံးနေမှုကြောင့် အတူနေချိန်ကို လျော့နည်းလာကြသလို အဆိုပါ အတူနေချိန် လျော့နည်းမှု အတွက်လည်း အာရုံ ဒီလောက် မရှိတော့ဘူးလို့ သိလာရတာ ဖြစ်ပါတယ်။

ဒီလို စစ်တမ်းတွေ ထွက်ရှိလာမှုနဲ့ အတူ သြစတြေးလျနိုင်ငံ နှလုံးရောဂါဌာနက Julie Hart ကတော့ ဖုန်းမပါရှိဘဲ စုံတွဲချင်း တွေ့ဆုံခြင်း၊ Phone-free time ဖန်တီးတွေ့ဆုံခြင်း၊ ဒါမှမဟုတ် တွေ့ဆုံမယ် အချိန်တွေမှာ Phone-free zone အဖြစ် ဖုန်း မသုံးဘဲ၊ ဖုန်းမယူဘဲ တွေ့ဆုံခြင်းတွေ လုပ်ဆောင်ခြင်းနဲ့ အစားထိုး အဆင်ပြေနိုင်မယ်လို့ သုံးသပ်ပါတယ်။

ကျနော်တို့ ပြည်တွင်းမှာလည်း စမတ်ဖုန်း အသုံးပြုမှုက တွင်ကျယ်နေသလို ဖုန်းစွဲလမ်းမှုတွေ များလာနေတဲ့ အနေအထား မှာ အိမ်ထောင်ရေး ဖြစ်စေ၊ ချစ်သူနဲ့ ဖြစ်စေ အဆင်မပြေမှုတွေ ဖြစ်လာနိုင်တာကြောင့် အခုလို နည်းလမ်းလေးတွေ အ တိုင်း ဖုန်းမသုံးဘဲ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အချိန်ပေး နွေးထွေးမှု ရယူဖို့ လိုအပ်နေပါပြီ။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading