• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ဘီလီယံ ၂၇၀၀၀ နီးပါးရှိသည်

by ထက်နိုင်ဇော်
22 June 2017
in ဆောင်းပါး
A A
NLD အစိုးရ လက်ထက်တွင် ပြည်တွင်းပြည်ပ ကြွေးမြီ ကျပ် ဘီလီယံ ၂၇၀၀၀ နီးပါးအထိ ရောက်ရှိလာ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားသည် / Reuters

NLD အစိုးရ လက်ထက်တွင် ပြည်တွင်းပြည်ပ ကြွေးမြီ ကျပ် ဘီလီယံ ၂၇၀၀၀ နီးပါးအထိ ရောက်ရှိလာ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားသည် / Reuters

9.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပြည်တွင်းပြည်ပ ကြွေးမြီ ကျပ် ဘီလီယံ ၂၇၀၀၀ နီးပါးအထိ ရောက်ရှိလာကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ ဇွန်လ ၂၁ ရက်က တင်ပြဆွေးနွေးလာသည့် ၂၀၁၇ ခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ (မူကြမ်း) တွင် ဖော်ပြထားသည်။

ယခု NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ပြည်တွင်းကြွေးမြီ ကျပ် ၁၆,၀၀၀ ဘီလီယံကျော် (၁၆,၃၃၄.၄) နှင့် ပြည်ပကြွေးမြီ ကျပ် ဘီလီယံ ၁၀,၀၀၀ ကျော် (၁၀,၆၅၃.ဝ) ဘီလီယံဖြင့် စုစုပေါင်း ကြွေးမြီကျပ် ဘီလီယံ ၂၇,၀၀၀ (၂၆,၉၈၄.၄) နီးပါး အထိ ရောက်ရှိနေသည်ဟု ထိုမူကြမ်းတွင် ဖော်ပြထားသည်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
761
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
514
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
279

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ်ဘီလီယံ ၁၅၀၀၀ ကျော် (၁၅,၇၂၄) နှင့် ပြည်ပကြွေးမြီ ကျပ်ဘီလီယံ ၁၂,၀၀၀ ကျော် (၁၂,၂၄၆) ဖြင့် စုစုပေါင်း ကျပ်ဘီလီယံ ၂၇,၀၀၀ ကျော် (၂၇,၉၆၀) ရှိခဲ့သည်ဟု မူကြမ်းတွင် ရေးသားထားသည်။

လက်ရှိအစိုးရ တာဝန်ခံထားရသည့် ပြည်တွင်းကြွေးမြီများတွင် ဗဟိုဘဏ်သို့ ရောင်းချသော ငွေတိုက်လက်မှတ်ဖိုး ကျပ်ဘီလီယံ ၁,၁၀၀ ကျော် (၁၁,၉၁၈.၈)၊ လေလံစနစ်ဖြင့် ရောင်းချသော ငွေတိုက်လက်မှတ် ကျပ်ဘီလီယံ ၁,၁၀၀ ကျော် (၁,၁၈၇.ဝ)၊ ငွေတိုက်စာချုပ် စနစ်ဟောင်း ကျပ်ဘီလီယံ ၂၁,၀၀၀ ကျော် (၂,၁၈၆.၂) နှင့် လေလံစနစ်ဖြင့် ရောင်းချသော ငွေတိုက်စာချုပ် ကျပ်ဘီလီယံ ၁,၀၀၀ ကျော် (၁,၀၄၂.၃) တို့ ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ပကြွေးမြီများတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁,၃၆၄.၂၊ နှစ်နိုင်ငံအစိုးရကြား ချေးငွေအဖြစ် ပဲရစ်ကလပ်နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ သန်း ၃,၃၀၁.၃၊ ပဲရစ်ကလပ် မဟုတ်သောနိုင်ငံများမှ အမေရိကန်ဒေါ်လာ သန်း ၄,၃၂၄.၄ တို့ ဖြစ်ကြောင်း တွေ့ရှိရသည်။

လိုငွေပြမြဲ အစိုးရဘတ်ဂျက်နဲ့ ပိနေတဲ့အကြွေး

မြန်မာနိုင်ငံသည် ဘတ်ဂျက်လိုငွေပြနေပြီး အကြွေးပိနေသည်မှာ နှစ်ပေါင်း ၃၀ ခန့် ရှိလာသည်နှင့်အမျှ ပေးဆပ်ရမည့် ကြွေးမြီများ အလွန်များပြားလျက် ရှိကြောင်းနှင့် ထိုပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရ၏အသုံးစရိတ် လျော့ချခြင်းနှင့် တိုင်းပြည်စီးပွား တိုးတက်လာပြီး ပြည်သူများ အခွန်ဆောင်လာနိုင်မှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“လက်ရှိတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့က ဒီအကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ မလွယ်ဘူး။ ၂၀၂၅ အထိ ပုံမှန်အတိုင်း ထပ်မယူဘဲ နေရင်တောင် အတိုးတွေက အများကြီးတက်လာနိုင်တယ်။ အတိုးများတဲ့ တရုတ်နိုင်ငံအပါအဝင် ဘယ်နိုင်ငံကမှ ပိုက်ဆံထပ်မချေးသင့်တော့ဘူး”ဟု ၎င်းက ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အခြေအနေများကြောင့် ယခင်အစိုးရ အဆက်ဆက်က တင်ကျန်နေသည့် ပြည်ပကြွေးမြီများကို ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့က ခုနှိပ်ဆပ်ပေးခဲ့ကြပြီးနောက် ပြည်ပချေးငွေများ ပြန်လည်ရရှိလာခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရ အနေဖြင့် ပြည်ပချေးငွေများကို ထိရောက်စွာအသုံးပြုရန် တာဝန်ရှိပြီး သုံးစွဲမှုများတွင်လည်း ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တိုင်းပြည်၏ ကြွေးမြီအနေအထားနှင့် ဌာန၏ စီမံဆောင်ရွက်မှု အခြေအနေတို့ကို ပြည်ထောင်စုလွှတ်တော်တွင် လာရောက်ရှင်းလင်းခြင်း တင်ပြခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဝင် ဦးခင်ချိုက ပြောသည်။

“ ပြည်ပချေးငွေတွေထဲမှာ တရုတ်နိုင်ငံက အတိုးအများဆုံးပဲ။ အတိုးနှုန်းက ၄.၅ ကျပ်လောက် ပေးရတယ်။ အုပ်ချုပ်မှု စရိတ်တွေကိုပါ ထည့်တွက်ရင် ၅. ၃ ရာခိုင်နှုန်းလောက်အထိ ကျတယ်။ အဲဒါကြောင့် ဒီဘက်အစိုးရလက်ထက်မှာ တရုတ်ချေးငွေက မယူသ လောက်ပဲ” ဟု ဦးခင်ချိုက ဆိုသည်။

သို့သော် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ယခင်အစိုးရက ဆောင်ရွက်ခဲ့သည့် ရန်ကုန်မြို့ရှိ ရဲကားများနှင့် မော်တော်ဘုတ်များအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည်ဟု သိရှိရပြီး၊ တရုတ်ချေးငွေ တချို့ကိုလည်း နာမည်ကျော်စီမံကိန်းတခုဖြစ်သည့် မြစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အသုံးပြုထားကြောင်း သိရသည်။ ထိုမြစိမ်းရောင် စီမံကိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်မှုကို ခံနေရသည့် စီမံကိန်းတခု ဖြစ်သည်။

တရုတ်နိုင်ငံမှ ရယူထားသည့် မြန်မာနိုင်ငံ၏ ကြွေးမြီမှာ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ သန်း ၃,၉၇၂.၃၊ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ သန်း ၄,၃၁၂.၃ နှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်အထိ အမေရိကန်ဒေါ်လာ သန်း ၃,၉၅၅.၇ တို့ကို ချေးယူထားကြောင်း အဆိုပါမူကြမ်းတွင် ဖော်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်းက“လာမယ့် အစီအစဉ်အနေနဲ့ ပြည်ပချေးငွေများအတွက် သက်သာ တဲ့ ချေးငွေများကို ရယူမှာဖြစ်ပြီး အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာသုံးစွဲနိုင်တဲ့ Development Policy of Operation (DPO) ချေးငွေများကို ရယူဆောင်ရွက်မှာ ဖြစ်တယ်” ဟု ပြည်ထောင်စုလွှတ်တေ်ာတွင် ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များက လွတ်လပ်စွာ ချေးယူနိုင်သည့် အစီအစဉ်မျိုးနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ်ရာတွင် အခက် အခဲများနှင့် ရင်ဆိုင်ရမည်ကို စိတ်ပူကြောင်း ပြောဆိုကြသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ ပြည်ပချေးငွေများ၏ ပျှမ်းမျှအတိုးနှုန်းမှာ ၁.၈၅ ရာခိုင်နှုန်း ဖြစ်ပြီး အတိုးနှုန်း သုညမှ ၄.၅ ရာခိုင်နှုန်းအတွင်း ရှိကြောင်းနှင့် ပြည်ပချေးငွေ အများစု၏ ဆိုင်းငံ့ကာလမှာ ၁၀ နှစ်အထိ ရှိပြီး ဆိုင်းငံ့ကာလ အပါအဝင် ချေးငွေသက်တမ်းမှာ နှစ် ၄၀ အထိ ရှိကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၅၂ – ၂၀၅၃ ဘဏ္ဍာရေးနှစ်အထိ ပြည်ပချေးငွေအပေါ် အရင်းနှင့်အတိုး ပြန်လည် ပေးဆပ်ရမည့် ငွေပမာဏ ခန့်မန်းချက်မှာ အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ အထိ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ချေးငွေတွေ ဘယ်လိုသုံးသလဲ

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက နိုင်ငံတကာ အကူအညီဖြင့် ချေးငွေရယူပြီး စီမံကိန်းများ ဆောင်ရွက်လိုပါက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

လက်ရှိတွင် အစိုးရမှတဆင့် ငွေထုတ်ချေးသည့် ပြည်ပချေးငွေ ၂ ရပ် ရှိပြီး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ချေးငွေ ဂျပန်ယန်း ၂၃.၆၃၅ ဘီလီယံကို မြို့တော်ရေပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လည်းကောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို မန္တလေး မြို့ပြစီမံကိန်း အကောင်အထည် ဖော်ရန်အတွက် အသုံးပြုထားကြောင်း သိရသည်။

“ရန်ကုန်မြို့ ရေပေးဝေရေးကိစ္စက သီလဝါစက်မှုဇုန်ကို တရက် ရေဂါလန် ၄ သန်း ဖြန့်မယ်။ တဂါလံကို ၄ ကျပ် ပြန်ကောက်ပြီး ပိုက်ဆံပြန်ရှာမယ်လို့ သိထားတယ်။ ဒီငွေတွေနဲ့ အကြွေးလည်း ပြန်ဆပ်လို့ရတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။

ပြည်ပထောက်ပံ့ငွေဖြစ်သည့် ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KfW) မှ ချေးငွေများကို ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန် ထောက်ပံ့ငွေ ယူရို ၃.၃၀ သန်းကို ကျပ်ငွေအဖြစ် ပြောင်းလဲပြီး ဘဏ်များမှတဆင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထပ်ဆင့်ချေးငှားထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်ပြပြောဆိုသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူမှု လျာထားမှုအစီအစဉ်အရ ပြည်တွင်းမှ ချေးယူနိုင်ခွင့်ရှိသည့် အများဆုံး ပမာဏကျပ် ၅,၂၀၀ ဘီလီယံအပေါ် မူတည်၍ အစိုးရငွေတိုက်စာချုပ်မှ လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၄၀ ရာခိုင်နှုန်း၊ အစိုးရ ငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၃၀ ရာခိုင်နှုန်း၊ ဗဟိုဘဏ်သို့ အစိုးရ ငွေတိုက်လက်မှတ်များ ရောင်းချခြင်းကို ၃၀ ရာခိုင်နှုန်းနှင့် ပြည်ပမှ ချေးငွေထုတ်ယူသုံးစွဲရန် ကျပ် ၁,၇၅၄ ဘီလီယံ လျာထားကြောင်း သိရသည်။

အထက်တွင် ဖော်ပြခဲ့သည့် ကြွေးမီလက်ကျန်များသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက တွက်ချက်ထားခြင်း ဖြစ်၍ ထိုကြွေးမီကိစ္စရပ်များကို ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကို ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ဆွေးနွေးရန် စာရင်းသွင်းနိုင်ကြောင်း လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဖိတ်ခေါ်ထားသည်။

Your Thoughts …
Tags: ပြည်တွင်းပြည်ပကြွေးမြီ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
လက်နက်ကိုင် ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းဝင်းအတွင်း မြင်ရစဉ်  / လဝီဝမ်  / ဧရာဝတီ

ကချင် စစ်ရှောင်များ၏ မြေယာ နှင့် ဥယျာဉ်ခြံမြေများ တပ်မတော် သိမ်းမည်ကို စိုးရိမ်ဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးတို့  ရုရှားဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူ / Senior General Min Aung Hlaing Facebook

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် မြန်မာ-ရုရှား စစ်ဘက်ဆက်ဆံရေး အလားအလာ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate