ဆောင်းပါး

BEDC နဲ့ ဗိုလ်ချုပ်အောင်ကြီး အကြောင်း

Want create site? Find Free WordPress Themes and plugins.

ကျွန်တော်နဲ့ ဗိုလ်ချုပ်များစာအုပ်ကနေပဲ မြန်မာနိုင်ငံရေးလောက အထူးသဖြင့် စစ်တပ်က အာဏာသိမ်းခြယ် လှယ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဦးနုလက်ထက်၊ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ BEDC – Burma Economic Development Corporation (ဗမာ့စီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်း) ဥက္ကဌ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ကြီး တို့အကြောင်းများပဲဖြစ်ပါတယ်။

သခင်အောင်ကြီး၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ချုပ်အောင်ကြီး၊ NLD ဥက္ကဌ ဦးအောင်ကြီး အစရှိသဖြင့် လူသိများတဲ့ ဗိုလ်ချုပ် အောင်ကြီးနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့အကြောင်းများ၊ ဗိုလ်ချုပ်အောင်ကြီး ကိုင်တွယ်ခဲ့တဲ့ စီးပွားရေးကဏ္ဍများကို ဗိုလ်ချုပ် အောင်ကြီးနဲ့ အထူးရင်းနှီးပြီးပူးတွဲလုပ်ကိုင်ခဲ့သူ ကြည်ဝင်းစိန်က ရေးသားထားတာတွေကို ဖတ်ရမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ကြီးဟာ “၁၉၄၅ ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ပြန်ဝင်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းမှ နိုင်ငံ ရေးဘက်သို့ ကူးပြောင်းသွားပြီး ဗမာ့တပ်မတော်တွင် အမာခံကျောရိုးအဖြစ် ဒုဗိုလ်မှူးကြီး နေဝင်း၊ ဒုဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကိုထားခဲ့ကြောင်း” (စာ-၁၁၈) မှာ ပါရှိပါတယ်။

“ဒုတိယကမ္ဘာစစ်ကြီးအပြီး မီးကျိုးမောင်းပြတ်သာသာ ဖရိုဖရဲဖြစ်နေသော ဗမာ့တပ်မတော်ကို စနစ်တကျပြန်လည်ဖွဲ့စည်း ပြီး အဆင့်မီ၍ တိုက်ရည်ခိုက်ရည်ရှိသော တပ်မတော်ကြီးတစ်ရပ်ဖြစ်အောင် အဓိက စီမံကွပ်ကဲခဲ့သော တပ်မတော်ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကြီးမှာ သခင်အောင်ဆန်း၊ သခင်နုတို့နှင့်ရင်းနှီး၍ တပ်မတော်အတွက် လိုအပ် သော ဘတ်ဂျက်ကို ရှာဖွေပေးနိုင်သည်။”

ဗိုလ်ချုပ်အောင်ကြီးဟာ ဗိုလ်ချုပ်ကြီးနေဝင်း စီးပွားရေးကိစ္စရပ်များနဲ့ပတ်သက်ပြီး တိုင်ပင်ရလေ့ရှိတဲ့သူတယောက်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ကြီးနဲ့ပတ်သက်ပြီး သူ့နေရာဖယ်ရှားလိုကြတာကြောင့် အာဏာရှင်အလို ကျပြောဆိုမှုများနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို နားသွင်းခဲ့ကြပါတယ်။

အကျိုးရလဒ်ကတော့ ဗိုလ်ချုပ်အောင်ကြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ BEDC (ဗမာ့စီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်း)ကိုလည်း Burma Trade London (UK) ငွေကြေးအရှုပ်တော်ပုံနောက်ဆက်တွဲအနေနဲ့ သိမ်းယူခဲ့ကြပါ တယ်။

ဗိုလ်ချုပ်အောင်ကြီးနှင့်ဗိုလ်ချုပ်တင်ဖေတို့အဖွဲ့

ဗမာ့စီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်း (BEDC) ဟာ ၁၉၅၀ နှောင်းပိုင်းမှာ မြန်မာနိုင်ငံ၏အကြီးဆုံးစီးပွားရေး လုပ်ငန်း ကြီး ဖြစ်ခဲ့ပါတယ်။ အမျိုးမျိုးသောဓာတုနှင့် ဆေးသုတ်၊ ဆေးဝါး၊ polyproducts၊ စည်သွပ်ဘူး၊ ရှူးဖိနပ်, အထည် ချုပ်, စာအုပ်လုပ်ငန်း၊ စတိုး၊ အိုးအိမ်နှင့်ဆောက်လုပ်ရေးကုမ္ပဏီများ မြန်မာနိုင်ငံ Beverage Co. , မန္တလေးဘီယာ၊ အရက်၊ Distillery အပါအဝင် ငါးလုပ်ငန်း, သစ်မာကုန်သွယ်, ဟိုတယ်၊ အော်ပရေတာများနှင့် ကျောက်မီးသွေးပေးသွင်း လုပ်ငန်း များကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်အောင်ကြီးတို့ အဆင်မပြေဖြစ်ရတဲ့အကြောင်းများကို စာရေးသူ ကြည်ဝင်းစိန်က စာမျက် နှာ(၁၆၄) မှာ ရေးသားထားပါတယ်။

“ဗိုလ်မှူးကြီးခင်ညိုက နေမကောင်း၍နောက်ကျနေသည်။ စစ်ရုံးအစည်းအဝေးခန်းမမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ချုပ် အောင်ကြီးနှင့် နှစ်ဦးတည်း အခန်းပိတ် ဆွေးနွေးမှုပြုလုပ်သည်။

“ဗိုလ်ချုပ်ကြီးနေဝင်းက တိုတိုတုတ်တုတ်ပဲ ဗိုလ်ချုပ်အောင်ဆန်းသွားလိုသည့်ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံတော်ကို အုပ်ချုပ် မည် ဖြစ်ကြောင်း၊ စီးပွားရေးကိုလည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းအားလုံး ပြည်သူပိုင်သိမ်းပြီး တပ်က အမာခံ အဖြစ်ပါဝင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ကေဒါများမွေးကာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ BEDCနှင့် နိုင်ငံခြားကုမ္ပဏီဖက်စပ်လုပ်ငန်းများမှ နိုင်ငံခြားပိုင်ရှယ်ယာများ ဝယ်ယူရန် ကိစ္စများလည်း ရပ်ဆိုင်းပြီး ပြည်သူ ပိုင်သိမ်းမည်ဖြစ်ကြောင်း စသဖြင့် ရှင်းပြသည်။”

“ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်ချုပ်ကြီးနေဝင်းကို ချစ်ကြောက်ရိုသေဖြစ်သော်လည်း တနိုင်ငံလုံးကို ဆိုရှယ်လစ်စိတ်ကူးယဉ် နိုင်ငံရေးသမားများအကြံပေးသည့်အတိုင်း လိုက်လုပ်မည်ဆိုသည်ကိုတော့ လက်မခံနိုင်၊ စီးပွားရေးမှာ ကျွမ်းကျင်ပြီး အ တွေ့အကြုံလည်း ရင့်ကျက်နေပြီဖြစ်၍ ဤပြည်သူပိုင်သိမ်းလမ်းစဉ်ဖြင့် ချီတက်ကြပါက စီးပွားရေးအဆောက်အအုံကြီး တခု လုံးပျက်စီးယိုယွင်းသွားမည်ဟု ဗိုလ်ချုပ်ကြီးအား ၎င်း၏အမြင်ကို တင်ပြတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့သည့် ဆို ရှယ်လစ်စနစ်သည် ၁၉၄၁ ခုနှစ်ကဖြစ်ပြီး ယခု ၁၉၆၃ အခြေအနေနှင့် လုံးဝကွာခြားနေပြီဖြစ်ကြောင်း၊ တခါမှလည်း စမ်း သပ်ဖူးခြင်းမရှိသည့် စနစ်ဖြင့် နိုင်ငံ့စီးပွားရေးတရပ်လုံးကို စီးပွားရေးအတွေ့အကြုံလုံးဝမရှိသည့် နိုင်ငံရေးသမားများနှင့် စစ် ဗိုလ်များထက် ဝကွက်အပ်ပါက လူမှုစီးပွားဘဝတခုလုံးပျက်ကာ ဒုက္ခရောက်နိုင်ကြောင်း ပြောပြသည်။”

“ဗိုလ်ချုပ်ကြီးကလည်း အရှေ့ဥရောပမှ ယူဂိုစလပ်လို နိုင်ငံများမှာ ဆိုရှယ်လစ် စီးပွားရေးစနစ်အောင်မြင်နေတာတွေ့ရ၍ မြန်မာနိုင်ငံမှာလည်း မအောင်မြင်စရာအကြောင်းမရှိကြောင်းပြောသည်။ ဤတွင် ဗိုလ်ချုပ်အောင်ကြီးမှ ယူဂိုစလပ်နိုင်ငံ အောင်မြင်ခြင်းက ပုဂ္ဂလိကလုပ်ငန်းများအားလုံးကို မသိမ်းဘဲ ဖွင့်ထားပေး၍ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အပြိုင် (Command Economy) ဖြင့်ဖော်ဆောင်၍ မရနိုင်တာတွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသမား ဆိုရှယ်လစ်ဝါဒီတို့၏ စိတ် ကူးယဉ်စနစ်ဖြင့် နိုင်ငံတော်ကို စမ်းသပ်မည်ဆိုပါက မှားယွင်းမှာဖြစ်ပါကြောင်း၊ တပ်မတော်နှင့် နိုင်ငံတော်ကို ထိုစိတ်ကူး ယဉ်သမားများ၏ခြယ်လှယ်မှု မခံယူသင့်ကြောင်း ပြန်လှန်ပြောဆိုတော့သည်”လို့ စာအုပ်မှာ ရေးထားပါတယ်။

အစကတည်းက ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဗိုလ်ချုပ်အောင်ကြီးနဲ့ပတ်သက်ပြီး နောက်လိုက်ကျော်များရဲ့ စကားနားယောင် ထားပြီးဖြစ်လို့ ဗိုလ်ချုပ်အောင်ကြီးအပေါ် စီရင်ချက်ချလိုက်ပါတော့တယ်။

ဦးအောင်ကြီး

“ဤတွင် ဗိုလ်ချုပ်ကြီးနေဝင်း စိတ်ဆိုးသွားပြီး “အေး မင်းတို့သွားလိုတဲ့လမ်းစဉ်ကို လက်မခံနိုင်ရင် နိုင်ငံခြားမှာ သံအမတ် ကြီးနဲ့ လေးနှစ်သွားပြီး ရှောင်နေလိုက်၊ ငါတို့လေးနှစ်အခုချမှတ်တဲ့လမ်းစဉ်အတိုင်း အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် မင်း ကိုပြန်ခေါ်ပြီး နိုင်ငံကို မင်းလက်ထဲအပ်မယ်” ဟု ပြောတော့သည်။ ဗိုလ်ချုပ်အောင်ကြီးကလည်း “ဗိုလ်ချုပ်ကြီး သွားလိုတဲ့ လမ်းစဉ်နဲ့ အကောင်အထည်ဖော်မယ့်ကိစ္စများမှာ ကျနော်ကြောင့် အဟန့်အတားမဖြစ်ရအောင် ကျနော်တပ်ကကော ကိုင် ထားတဲ့ရာထူးလုပ်ငန်းများကပါ အားလုံး စွန့်လွှတ်ပြီး ထွက်ပေးပါ့မယ်၊ သံအမတ်ကြီးနဲ့လည်း မသွားပါရစေနဲ့၊ ကျနော့်ကို အေးအေးဆေးဆေးနားခွင့်ပဲပေးပါ။ အခုပဲ မကြာခင် ကျနော်၏ နုတ်ထွက်စွာ တင်ပို့ပေးပါ့မယ်” ဟု ပြောဆိုပြီး ဆွေးနွေးပွဲ အဆုံးသတ်သွားကြောင်းပြောပါသည်။”

၎င်း၏တင်ပြချက်များအပြီး အစည်းအဝေးခန်းမမှ ထွက်လာသောအခါ ကော်ရီဒါတွင် ဗိုလ်မှူးကြီးခင်ညိုက စောင့်ဆိုင်း နေ ပြီး အခြေအနေမေးမြန်းပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ကြီးမှ “အားလုံးပြီးသွားပါပြီ၊ ကျနော် ထွက်စာ အခုပဲ ဗိုလ်ချုပ် ကြီးထံ တင်တော့မှာပါ” ဟု ပြောလိုက်သည်။”

နုတ်ထွက်စာတင်ပြီး ဗိုလ်ချုပ်နေဝင်း စိတ်ပြောင်းသွားကာ နိုင်ငံခြားရေးဝန်ကြီး ဦးသီဟန်ကို ဗိုလ်ချုပ်အောင်ကြီးရှိရာ လွှတ်ပြီး မေးမြန်းစေရာ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်ချုပ်နေဝင်းထံ အကြံပြုချက် ၅ချက်ကို တင်ပြစေခဲ့ပါတယ်။ ၎င်း အကြံပြုချက်များကို ဗိုလ်ချုပ် နေဝင်းလက်ခံပါက ၎င်းနုတ်ထွက်ရေးကိစ္စ ပြန်စဉ်းစားမယ့်အကြောင်းကိုပါ အစီရင်ခံစာ တင်စေခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ကြီးမှ ဗိုလ်ချုပ်ကြီးစိတ်ပြောင်းလိုပြောင်းငြား ၎င်း၏အကြံပြုချက် ၅ ချက် တင်ပြရန်နှင့် ထိုအချက် ၅ ချက်ကို လက်ခံပါက ဗိုလ်ချုပ်အောင်ကြီးမှ ၎င်း၏ ထွက်ရန်ကိစ္စကို နောက် ၄-၅ နှစ်ရွှေ့ဆိုင်းပါမည်ဟု ဦးသီဟန်ကို မှာကြားလိုက်ပါသည်။ ထိုအချက် ၅ ချက်ကတော့-

၁။ တပါတီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စနစ်ဖြင့် တပ်မတော်က နိုင်ငံကို ကြာမြင့်စွာအုပ်ချုပ်ခြင်းသည် ရေရှည်တွင် ပြဿနာပေါင်းများစွာနှင့် မအောင်မြင်နိုင်။ တပ်မတော်မှ နိုင်ငံတော်တည်ငြိမ်ပြီး အေးချမ်းလာသောအခါ နိုင်ငံရေးတွင် စွက်ဖက်ခြင်းမပြုရန်။

၂။ စီးပွားရေးကို ပြည်သူပိုင်သိမ်းပြီး အမိန့်ပေးစနစ်ဖြင့် အကောင်အထည်ဖော်က၊ လူမှုစီးပွားဘဝအားလုံးပျက်မည်။ ပြည်သူပိုင်ပြန်သိမ်းလိုက နိုင်ငံခြားသားပိုင် ကုမ္ပဏီများသာ သိမ်းပြီး တိုင်းရင်းသားပိုင်လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန်၊ ဖက်စပ်လုပ်ငန်းများကို အားပေးရန်။

၃။ သတင်းမီဒီယာကို လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ပေးရန်။

၄။ ပညာရေးတွင် နိုင်ငံသားတိုင်း ပညာသင်ခွင့်ရှိစေရေးနှင့် နိုင်ငံတော်မှ အခြေခံပညာရေးအတွက် ထောက်ပံ့ပြီး ဘာသာ ရေးအခြေခံကျောင်းများ (Missionary School) ကို ကန့်သတ်ချက်ဖြင့် ခွင့်ပြုရန်။

၅။ ကျန်းမာရေးတွင် နိုင်ငံတော်အထောက်အပံ့ဖြင့် ဖက်စပ်ဆေးရုံများ ခွင့်ပြုရန်၊ ဘာသာရေးအခြေခံ ဆေးရုံများကို ကန့် သတ်ချက်ဖြင့် ဖက်စပ်ဆေးရုံများအဖြစ် အားပေးခွင့်ပြုရန်တို့ဖြစ်ပါသည်” လို့ စာမျက်နှာ- ၁၆၆မှာ ပါရှိပါတယ်။

သို့သော်လည်း ဦးသီဟန်အနေနဲ့ ဗိုလ်ချုပ်နေဝင်းထံ ဗိုလ်ချုပ်အောင်ကြီးတင်ပြတဲ့အချက်၅ချက်ကို အစီရင်ခံဖို့နေနေ သာသာ ဗိုလ်ချုပ်ကြီးခိုင်းသည့်ကိစ္စ မအောင်မြင်ကြောင်းသာ ပြောနိုင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ကြီး အကြံပြုချက်များကို ဗိုလ်ချုပ် နေဝင်း သိမသွားဘဲ ဗိုလ်ချုပ်အောင်ကြီးကို ဖြုတ်ထုတ်ရှင်းလိုက်ပါတော့တယ်။

ဗိုလ်ချုပ်အောင်ကြီး နုတ်ထွက်အပြီးမှာတော့ သူကိုယ်တိုင် ဦးစီးဆောင်ရွက်ခဲ့တဲ့ BEDC (ဗမာ့စီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်း)လည်း Burma Trade London (UK)လို နိဂုံးချုပ်ခြင်းအဆင့်ရောက်ခဲ့ရပါတယ်။

ဆက်စပ်ဖတ်ရှုရန် – ဗိုလ်ချုပ်နေဝင်း မွှေခဲ့တဲ့ BURMA TRADE LIMITED (London, UK) အကြောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading