ကျနော်တို့ရဲ့ကလေးတွေဟာ ကြောက်ရွံ့မှုကြောင့် ဖြစ်စေ၊ အခြေအနေတရပ်ရပ်ကြောင့် ကျနော်တို့ကို လိမ် ညာမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ မလုပ်ဘူး၊ မသိဘူး၊ မမြင်ဘူးဆိုတဲ့ အငြင်စကားတွေ ပြောနေရုံနဲ့ သင့်ရဲ့ကလေး ဟာ အမှန်ကို ပြောနေတယ်လို့ ယူဆလို့ မရတော့ပါဘူး။
ကောင်းပါပြီ၊ ဘယ်လို လက္ခဏာတွေက သင့်ရဲ့ ကလေးအနေနဲ့ လိမ်ညာနေတယ်ဆိုတာ သိနိုင်ပါသလဲ။
(၁) မျက်လုံးအရိပ်အခြေကို ကြည့်ပြီး သိနိုင်ပါတယ်
သင် မြင်နေကျ ကိုယ့်ကလေးရဲ့မျက်လုံးပုံစံ မဟုတ်တော့ဘဲ မျက်လုံးကို အောက်ချထားမယ်၊ သင့်ကို မကြည့်ဘဲ မျက် နှာလွှဲထားမယ်၊ မျက်တောင်ခဏခဏ ခပ်မယ်ဆိုတာတွေကိုက လိမ်ညာမှုကို သိသာစေနိုင်တဲ့ အချက်တွေပါ။
(၂) မျက်နှာရိပ် မျက်နှာခြေကို ကြည့်ပြီး သိနိုင်ပါတယ်
သင့်ရဲ့ကလေးကို တခုခု မေးလိုက်ချိန်မှာ ချက်ချင်း မြန်ဆန်တဲ့ ကြောက်ရွံ့မှု၊ တုန်လှုပ်မှု၊ စိတ်ပျက်အားငယ်မှု၊ စိတ် တိုမှုလို မျက်နှာရိပ်တွေ မြင်လာရပြီဆိုရင်တော့ သူ့အနေနဲ့ လိမ်ညာနေပြီဆိုတာ သိထားပါ။
(၃) ခြေလက်တွေ ကုတ်ခြစ်နေမှုကို ကြည့်ပြီး သိနိုင်ပါတယ်
မေးခွန်းတခုခု မေးထားချိန်မှာ သင့်ကလေးအနေနဲ့ လက်ချောင်းတွေ အချင်းချင်း ကုတ်ခြစ်နေမယ်၊ ခြေချောင်းတွေ ထိုး ချေနေမယ်၊ လက်ထိပ်တွေ ဆိတ်နေမယ်ဆိုရင် သင့်ကလေး လိမ်ညာဖို့ ကြိုးစားနေတာ သိနိုင်ပါတယ်။
(၄) နှုတ်ခမ်းတွေကို ကြည့်ပြီး သိနိုင်ပါတယ်
မိန်းကလေးငယ်တွေမှာ နှုတ်ခမ်းကို ကိုက်ထားတာမျိုး၊ ကောင်လေးငယ်တွေမှာ အံကြိတ်ထားတာမျိုး၊ နှုတ်ခမ်းကို တင်း ထားတာမျိုး လုပ်နေတတ်ပါတယ်။ ဒါဟာ အဖြစ်မှန်ကို လိမ်ညာထားတယ် ဆိုတာ သိသာစေပါတယ်။
(၅) ပုံမှန် နေထိုင်မှု မဟုတ်ရင်လည်း သိနိုင်ပါတယ်
သင့်ကလေးရဲ့နေထိုင်တတ်မှုပုံစံကို သင် အသိဆုံးပါ။ အကြောင်းတစုံတရာ မေးမြန်းချိန်မှာမှ ခြေဟန်၊ လက်ဟန်၊ အနေ၊ အထိုင်၊ အပြော၊ အဆို ပုံမှန် မဟုတ်တော့ဘူးဆိုရင် ကလေးအနေနဲ့ လိမ်ညာနေပြီဆိုတာ သိထားနိုင်ပါတယ်။
(၆) အသံအနေအထားကို နားထောင်ပြီးလည်း သိနိုင်ပါတယ်
ပုံမှန် ပြောနေ ဆိုနေကျ သင့်ကလေးရဲ့စကားသံမျိုး မဟုတ်ဘဲ တိုးဖွနေခြင်းမျိုး၊ ကျယ်လောင်နေခြင်းမျိုး၊ အာရုံခံစားမှု မြင့်တက်နေသံမျိုး ပြောဆိုလာရင်လည်း လိမ်ညာနေတယ်ဆိုတာ သိနိုင်ပါတယ်။
(၇) မေးခွန်းမေးရင်းနဲ့လည်း သိနိုင်ပါတယ်
သင့်အနေနဲ့ သားရေ မုန့်စားသေးလားဆိုတဲ့ မေးခွန်းကို ကလေးငယ်က မုန့်စားသေးလား ဆိုတဲ့ မေးခွန်းဆန်ဆန် ရေရွတ် မှု လုပ်နေပြီဆိုရင် သူ့အနေနဲ့ မုန့်စားမိသည့်တိုင်အောင် အခြား အဖြေတခုခု ပေးဖို့ စဉ်းစားနေပြီဆိုတာ သိနိုင်ပါတယ်။
(၈) မေးတာကို သိသိသာသာ ရှောင်နေပြီ ဆိုရင်လည်း သိနိုင်ပါတယ်
သင့် အနေနဲ့ ကလေးငယ်ကို မင်းအိမ်စာတွေ လုပ်ပြီးပြီလားလို့ မေးလိုက်ချိန်မှာ ကလေးငယ်က မေမေရေ ဟိုမှာ ငှက်က လေးဗျ ဆိုတဲ့ အဖြေမျိုး မိမိမေးတဲ့ မေးခွန်းကို လုံး၀ မဖြေဘဲ အခြား စကားမျိုး ပြောလာရင် သင့်ကို လိမ်တော့မယ်ဆိုတာ သိထားနိုင်ပါတယ်။
(၉) ဖိအားပေး မေးမြန်းခြင်းပုံစံက ကလေးတွေကို လိမ်ညာမှုရှိလာစေပါတယ်
ဒီအပိုင်းမှာတော့ မိမိအနေနဲ့ သိလိုတဲ့ အကြောင်းအရာကို ဖိအားပေးပြီး ရိုက်နှက်ခြင်းကအစ ဒဏ်ခတ်ခြင်းပုံစံနဲ့ မေး မြန်းမှုတွေ ရှိမယ်ဆိုရင် ကလေးတွေဟာ အကြောက်တရားနဲ့ အတူ လိမ်ညာလာနိုင်ပါတယ်။ ဖိအားပေး မေးမြန်းခြင်း မလုပ်ပါနဲ့။
Ref: www.wikihow.com