သတ္တဝါတို့ရဲ့ သဘောသဘာဝအရ လိင်ဆက်ဆံမှုပြုခြင်းဟာ အရှက်တရားအနေနဲ့ သတ်မှတ်နိုင်ပေမယ့် အပြစ် မဟုတ် ပါဘူး။ သဘာဝပါ။ အမျိုးသမီးတွေမှာရော လိင်စိတ်ရှိပါသလား၊ လိင်မှုရေးရာ ခံစားလိုစိတ် ရှိပါသလား၊ ရှိတာပေါ့။
လူအများစုက အမျိုးသမီးတွေရဲ့လိင်စိတ်ဟာ တခါတရံမှာပဲ အထွတ်အထိပ်ရောက်နေတတ်တယ်၊ တချို့ကလည်း ကောလိပ်တက်နေချိန်မှာ စိတ်ဆန္ဒ မြင့်မားနေတတ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အခုတော့ တကယ့်လက်တွေ့ နောက်ဆုံး စမ်းသပ်ချက်ရဲ့ အဖြေရလာပါပြီ။
Natural Cycles ဆိုတဲ့ App ကနေ အသက်အရွယ်စုံ အမျိုးသမီးပေါင်း ၂၆၀၀ရဲ့ လိင်မှုရေးရာကို လေ့လာခဲ့တာပါ။
ဒီလေ့လာချက်ကတော့ အမျိုးသမီးတွေ ဘယ်အသက်အရွယ်မှာ လိင်မှုရေးရာကို အကောင်းဆုံး ခံစားသလဲဆိုတာပါပဲ။
လေ့လာမှုထဲမှာ ကာယကံရှင် အမျိုးသမီးတွေအနေနဲ့ လိင်မှုဆက်ဆံခြင်းမှာ ဘယ်လို ခံစားရလဲ၊ ဘယ်လို အချိန်တွေမှာ လိင် ထိတွေ့မှု လိုချင်သလဲ၊ ဆက်ဆံနေချိန်မှာ အမျိုးသမီးအင်္ဂါတွေရဲ့ခံစားမှု အပါအဝင် အချိန် ဘယ်လောက် ခြားနားပြီး လိင်ထိ တွေ့မှု လိုချင်သလဲ ဆိုတာတွေကိုပါ လေ့လာခဲ့ကြတာပါ။
လေ့လာချက်ရဲ့အဖြေမှာ အမျိုးသမီးတွေကို အသက်အရွယ်အလိုက် အုပ်စု ၃ခု ခွဲလိုက်ပါတယ်။ အသက် ၂၃ နှစ်နဲ့ နောက် ဘက် တအုပ်စု၊ ၂၄ နှစ်ကနေ ၃၅ နှစ်အတွင်း တအုပ်စုနဲ့ အသက် ၃၆နှစ်နဲ့ အထက် တအုပ်စု ဖြစ် ပါတယ်။
ဆိုလိုတာကတော့ ကျောင်းနေအရွယ်၊ လုပ်ငန်းခွင်အရွယ်နဲ့ နည်းနည်း တည်ငြိမ်ရင့်ကျက် အရွယ်တွေပါ။
လေ့လာချက်အရတော့ အသက် ၃၆နှစ်နဲ့ အထက်အရွယ်ရှိ အမျိုးသမီးတွေဟာ အသက်အရွယ်အရ တည် ငြိမ်မှု ရှိလာပေမယ့် လိင်ထိတွေ့လိုမှုမှာတော့ အမြင့်ဆုံး ဆိုတာ သိလာရပါတယ်။
၈၀ ရာခိုင်နှုန်းလောက်သော လေ့လာချက်ထဲက အမျိုးသမီးတွေဟာ မကြာခဏ လိင်မှုဆက်ဆံရေး လိုချင်တယ်လို့ ဆိုကြပါ တယ်။
ဒုတိယ လိင်ထိတွေ့မှု လိုချင်သူတွေကတော့ အသက်ငယ်အုပ်စုပါ၊ ၂၃နှစ်နဲ့ အောက်ဘက် အမျိုးသမီးငယ်တွေ က ၇၀ ရာ ခိုင်နှုန်းလောက် လိင်ထိတွေ့မှုကို မကြာခဏ လိုချင်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင်ဝင် အသက် ၂၄နှစ်နဲ့ ၃၅ နှစ်အတွင်း အမျိုးသမီးတွေကပဲ လိင်မှု လိုချင်တက်မက်မှု အနည်းဆုံး ဖြစ်လာပါ တယ်။ သူတို့ထဲက ရာခိုင်နှုန်း ၄၀လောက်ပဲ လိင်ထိတွေ့မှုကို မကြာခဏ လိုချင်တယ်လို့ ဆိုပြီး သူတို့ကပဲ လိင်မှုရေးရာကို အကောင်းဆုံး ခံစားမိတယ်လို့ ဆိုပါတယ်။
အမျိုးသမီးအင်္ဂါရပ်ပိုင်းဆိုင်ရာ အထိအတွေ့ကို အကောင်းဆုံး နှစ်လိုတက်မက်မှုအပိုင်းမှာလည်း အသက် ၃၆ နှစ်နဲ့ အထက် အမျိုးသမီးတွေကပဲ လိုချင်မှု အမြင့်ဆုံး ဖြစ်ပြီး ရာခိုင်နှုန်း ၆၀ လောက်က လိင်ထိတွေ့မှု အရသာကို အကောင်းဆုံး ခံစား မိ ကြောင်းနဲ့ အရသာရရှိမှုလည်း ကောင်းမွန်ကြောင်း ဆိုပါတယ်။
လုပ်ငန်းခွင်ဝင်အရွယ် အုပ်စုကတော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ တက်မက်မှု ရှိပြီး အသက်ငယ်သူတွေကတော့ လိင်ပိုင်းဆိုင်ရာ အထိအတွေ့နဲ့အရသာကို အကောင်းဆုံး ခံစားတတ်ပုံ မရဘဲ၂၃ ရာခိုင်နှုန်းလောက်ကပဲ အမျိုးသမီးအင်္ဂါတွေကနေ လိင်ထိ တွေ့မှု အရသာကို ကောင်းကောင်း ခံစားမိကြောင်းနဲ့ လိုချင်မှု ရှိကြောင်း ဆိုပါတယ်။
အဆိုပါတွေထဲက စစ်တမ်းကောက်ခံချိန်ကနေ နောက်ဆုံး သတင်း ၂ ပတ်အတွင်း လိင်ဆက်ဆံထားမှု အ ပိုင်းမှာလည်း အ သက်အကြီးဆုံး အုပ်စုက ၈၆ ရာခိုင်နှုန်း၊ သက်လတ်ပိုင်း အုပ်စုက ၇၆ ရာခိုင်နှုန်းနဲ့ အငယ်ဆုံး အုပ်စုကတော့ ၅၆ ရာခိုင် နှုန်းပဲ ရှိနေပါတယ်။
လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။
ဒါဆိုရင်တော့ လေ့လာချက်အရ အမျိုးသမီးကြီးတွေဟာ ယုံကြည်မှု ရှိလာတဲ့ ရင့်ကျက်လာမှုနဲ့အတူ လိင်ဆက်ဆံထိတွေ့မှု အကောင်းဆုံး ခံစားရယူချင်ကြတာ တွေ့လာရပါတယ်။
Ref: www.maxim.com