၁၉၈၈ နောက်ပိုင်းနဲ့ ၂၀၀၄ ခုနှစ် ၉ လပိုင်းရှေ့ပိုင်းထိ တီဗီမင်းသားကြီး၊ သတင်းစာမင်းသားကြီးလို့ ပြည်သူကြား လူသိများခဲ့ပြီး ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၁၈ရက်နေ့မှာ တပ်မတော်အစိုးရက အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် ထောင် ဒဏ် ၄၄ နှစ်နဲ့ (ဆိုင်းငံ့) ပြစ်ဒဏ်ချခံလိုက်ရတဲ့ ဗိုလ်ချုပ်ခင်ညွှန့်ပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်ခင်ညွှန့်လို့ဆိုလိုက်တာနဲ့ ထောက်လှမ်းရေး ညွှန်ချုပ်၊ နဝတ၊ နအဖအဖွဲ့ရဲ့အတွင်းရေးမှူး ၁၊ ဝန်ကြီးချုပ် အစရှိသ ဖြင့် ရာထူးများစွာကို ကိုင်တွယ်ခဲ့ပြီး သူ့မိခင်ဌာနကတော့ ထောက်လှမ်းရေးအဖွဲ့ပဲဖြစ်ပါတယ်။
အခုစာအုပ်ကတော့ ၂၀၁၂မှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ အဆိုပါ ဝန်ကြီးချုပ်ဟောင်း၊ ထောက်လှမ်း ရေးချုပ်ဟောင်းကြီးရဲ့၆ အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။ စစ်အစိုးရ ၃ ဆက်လုံးမှာ ကြီးမားတဲ့ရာထူးရာခံများ တာဝန်ယူခဲ့ သူမို့ ဒီစာအုပ်မှာများ အဲဒီအကြောင်းချင်းရာတွေ ဝန်ခံပြောကြား တာဝန်ယူမလားလို့ ထင်မိကြတာမို့ စာအုပ်ကို ဖတ်နေ ကြပါတယ်။
စာအုပ်အမည်ကို “ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် နဝတနှင့် နအဖရယ်” ဆိုတော့ မြန်မာစကားမှာက ရယ်ဆိုရင် ရီ လို့လည်း မြင်တတ်ကြတာမို့ ကျွန်တော် ရီ၊ ထောက်လှမ်းရေး ရီ၊ နဝတ၊ နအဖ ရီ ဆိုတော့ ပြည်သူတွေ ငိုခဲ့ကြရတာများ ရေးတော့မလားလို့ ထင်ခဲ့မိတယ်။
တကယ်တမ်းကျတော့ စာအုပ်ရေးတဲ့ မှော်ဝန်းသားကြီးက သူ့ဆရာရင်းတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်ကြောင်း၊ ဆရာ တွေက တိုင်းပြည်ကို ဘယ်လိုအကျိုးတွေ ပြုမှုဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းဦးစီးဆောင်ရွက်ခဲ့တဲ့ထောက်လှမ်းရေးဆိုတာ ဘယ်သို့ဘယ်ညာ၊ နိုင်ငံရေးအမြင်လိုလို ဘာလိုလိုတွေ ထည့်ရေး၊ ခုများမှာတော့ ဘုရားရိပ်တရားရိပ်အောက် ရောက်နေပါ တယ်ဆိုတဲ့အကြောင်းကို တစုံတယောက်ကိုများ အစီရင်ခံနေသလား ထင်မိပါတယ်။
နောက် ထောက်လှမ်းရေးဋီကာလိုမျိုး အတိုချုံးပြောဆိုချက်ကိုလည်း အဖွင့်စာမျက်နှာမှာရော အတွင်းမှာပါ အောက်ပါအ တိုင်း ဖတ်ရှုရပါတယ်။
“ထောက်လှမ်းရေးဆိုသည်မှာ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားများကို ဦးထိပ်ထားလျက် ပြည်သူတို့အပေါ် ဘေးအန္တရာယ် ရန်စွယ် ဟူသမျှ မြူတစ်မှုန် မှဲ့တစ်ပေါက်မျှ မကျရောက်စေရန် ရည်သန်၍ မျက်စိကို ဖွင့် နားကိုစွင့်လျက် နေ့ညမလပ် မ ပြတ်သော သတိထားရှိပြီး သတင်းအရပ်ရပ်ကို စုံစမ်း၊ စောင့်ကြည့် စစ်ဆေး၊ စနည်းနာ စစ်ကြောထောက်လှမ်းဖော်ထုတ် ကာကွယ်ကာ ဘုရားတည်၊ ကျောင်းဆောက်၊ ဘက်စုံပြုပြင်မှုများ ပြုလုပ် မြေဖို့၊ တံတားခင်း၊ လမ်းဖောက်၊ သစ်ပင်စိုက်၊ ဥ ယျာဉ်တည်၊ ငုံးမွေး၊ ငုံးဥရောင်း၊ ကြက်မွေး၊ ကြက်ကြော်၊ ရောင်း၊ ဘောစကိုင်းချိုး တင်သွင်းမှုက အစ လူသားအစ မြန်မာ က ဖြစ်ကြောင်း၊ သက်သေထူ၊ နဝတပတ္တမြားနှင့် ထည်လုံးစိမ်း ရတနာများကို ဖော်ထုတ် တိုင်းရင်းသားတို့အရေးအတွက် ကျရာနေရာမှ ပါဝင်ကာ ပြည်သူ့အကျိုးကို ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးအလား ရိုကျိုးဆောင်ရွက်ကြသူများဖြစ်ပါသည်” လို့ ရေးသား အစီရင်ခံထားပါတယ်။
ပြည်သူတွေသိတဲ့ထောက်လှမ်းရေးဆိုတာနဲ့ နှိုင်းယှဉ်ပြန်တွေးဖတ်ကြည့်ရင်တော့ ဗိုလ်ချုပ်ခင်ညွှန့်တို့ ဒီလောက် လူထု အ ကျိုးတွေ လုပ်ဆောင်ခဲ့ကြတာတောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးအုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးစစ်အစိုးရက ဘာလို့များ ဦး ခင်ညွန့်နဲ့ ၎င်းရဲ့မိခင်ဌာနက ထောက်လှမ်းရေးအပေါင်းအပါများကို ထောင်သွင်းအကျဉ်းချသလဲဆိုတာ သိသိကြီး မေးခွန်း ထုတ်ရပါတယ်။
၁၉၈၃ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းရဲ့ကောင်းမှုနဲ့ ထောက်လှမ်းရေးညွှန်မှူးဖြစ် ထိုမှ ၁၉၈၈ အရေးအခင်းအပြီး စစ်တပ်က အာ ဏာထပ်သိမ်းတဲ့ (နဝတ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှာ အတွင်းရေးမှူး(၁)အဖြစ် ပါဝင်ဆောင်ရွက်၊ (နအဖ) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးမှာလည်း အတွင်းရေးမှူး၊ ဝန်ကြီးချုပ် အစရှိတဲ့ရာထူးများကို ယူခဲ့သူ တယောက်အနေနဲ့ ဖြောင့်ချက်လို့ ဆိုဆို အစီရင်ခံစာလို့ ဆိုဆို အမှန်တရားကိုတော့ ဖုံးဖိ မရေးသင့်မပြောသင့်ပါဘူး။
ဗိုလ်ချုပ်နေဝင်း အစိုးရ၊ ဗိုလ်ချုပ်စောမောင် အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစရှိတဲ့ စစ်အစိုးရ ၃ ဆက်မှာ ထောက် လှမ်းရေးချုပ်၊ အတွင်းရေးမှူး(၁)၊ ဝန်ကြီးချုပ် ရာထူးများရှိစဉ်က ဆောင်ရွက်ချက်များကို ရေးသားရာမှာ ဘုရားတည်၊ တံ တားထိုး၊ မွေးမြူရေးလုပ်၊ ကျောင်းတွေဆောက်၊ ပန်းခြံတွေဖွင့်လောက်ပဲ လုပ်ခဲ့သယောင် ရေးသားထားတာဖြစ်ပါတယ်။
ထောက်လှမ်းရေးဘဝမှာရော အတွင်းရေးမှူး(၁)ဘဝမှာရော ဝန်ကြီးချုပ်ဘဝမှာရော ဒီမိုကရေစီတောင်းဆိုတဲ့ နိုင်ငံရေး သ မားတွေနဲ့ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို လိုလားတောင့်တတဲ့ကျောင်းသားတွေအပေါ်မှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ဘာတွေ လုပ်ခဲ့တယ်ဆိုတာ မမှတ်မိတော့တာလားဆိုတာတော့ မမေးတော့ပါဘူး။
ဘာလို့လဲဆိုတော့ စစ်အစိုးရကာလတလျှောက် ပညာရေး၊ ကျန်းမာရေး၊ အားကစားဆောင်ရွက်များဆိုပြီး တချို့ရေးသား ထားချက်တွေမှာ ရက်စွဲ၊ လ၊ ခုနှစ်တို့အပြင် တိကျတဲ့အမှတ်အသားတွေတောင် ပါဝင်နေလို့ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ထောက်လှမ်းရေးနဲ့ပတ်သက်ပြီး ဝန်မခံလို့မရတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် ကိစ္စမျိုးကျ လူတိုင်းမှားတတ် တယ်ဆိုပြီး ဖြေလျှော့ရေးသားပြောဆိုထားတာတွေ ဖတ်ရပါတယ်။
“၂၀၀၄ ခုနှစ်ကာလ ပတ်ဝန်းကျင်လောက်မှာ မြန်မာတရုတ်ကုန်သွယ်ရေးဟာ ဝေစားမျှစားတွေနဲ့ တော်တော်စည်ကားနေ တဲ့အချိန်ပေါ့။ ဒေသအာဏာပိုင်နဲ့ ထောက်လှမ်းရေးနဲ့ ဝေမျှစားနေကြတာပါ။ စားခွက်လုကြတဲ့အခါကျတော့ ထောက်လှမ်း ရေးနဲ့အာဏာပိုင်တွေ ဘယ်တူမလဲ။ လျင်သူစားစတမ်းဆိုတော့လည်း အာဏာပိုင်က စားပေါက်ထွင်ပြီး တစ်ကွက်ကျော သွားတာပါပဲ”
“ထောက်လှမ်းရေးထဲမှာလည်း မကောင်းတဲ့သူတွေရှိကြသလို ကောင်းတဲ့သူတွေလည်း အများအပြားရှိကြပါသည်။ အဖွဲ့ အစည်းတိုင်းမှာ လူတော်လူကောင်းတွေချည်းပဲ မရှိနိုင်ပါ”လို့ တာဝန်ခံမှုမဲ့စွာ ရေးသားထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော်အစိုးရလက်ထက် ရာထူးချ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ဦးခင်ညွှန့်က ယခုထိ တစုံတယောက်ကို ကြောက်ရွံ့နေပုံရပြီး သမိုင်းဟောင်းများကို ပြန်လည်ပြောဆို ရေးသားမှုများမှာ အကြီးအကဲဆိုတဲ့ အသုံးအနှုန်းကိုသာ သုံးနေတာတွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်အနေနဲ့ ဘယ်သူကဖြင့် ဘယ်လို အမိန့်ပေးမှုကြောင့် ဘယ်လိုသမိုင်းဖြစ်ရပ်တွေမှာ ထူးထူး ချွန်ချွန် ဆောင်ရွက်ခဲ့ရပါတယ်ဆိုတဲ့ ဖြောင့်ချက်မျိုး၊ ပြည်သူ့ထံ အစီရင်ခံစာမျိုးကို ယနေ့ပြည်သူတွေ သိချင်နေကြပါတယ်။
နဝတ၊ နအဖနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်ကြီးဟောင်း ရေးထားတာက “ နဝတ၊ နအဖ အစိုးရဆိုတာက စစ်အစိုးရ ပါ။ စစ်တပ်အမိန့်အတိုင်း တာဝန်ပေးသလို လိုက်နာဆောင်ရွက်သူကလည်း အမိန့်ပေးထားတဲ့အတိုင်း လိုက်နာဆောင် ရွက်ရတာပါ။ လိုက်နာဆောင်ရွက်မှု မရှိရင်တော့ စစ်ပုံစံအတိုင်းပါပဲ။ အမိန့်မနာခံမှု၊ အာဏာဖီဆန်မှုဖြင့် ပြင်းထန်စွာအ ရေးယူခံရမှာ မလွဲဧကန်ပါပဲ။ စစ်အစိုးရပုံစံကတော့ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိတာပါပဲ” လောက် သာ ရေးသားထားပါတယ်။
၁၉၈၃ ကနေ ရာထူးချခံရတဲ့ ၂၀၀၄ ဝန်းကျင်ထိ ၂၁ နှစ်တိုင်တိုင် စစ်အစိုးရအဖွဲ့ရဲ့ထောက်လှမ်းရေးချုပ်၊ အတွင်းရေးမှူး (၁)၊ ဝန်ကြီးချုပ်လုပ်ခဲ့သူ ဦးခင်ညွှန့်ဟာ ပြည်သူလူထုအပေါ် ဆောင်ရွက်ချက်များက ဒီစာအုပ်ခေါင်းစဉ်လို ကျွန်တော်ရယ်၊ ထောက်လှမ်းရေးရယ်၊ နဝတနှင့် နအဖရယ် ခေါင်းစဉ်တပ်ပြီး တောတွင်းရောက် ကျောင်းသားများကို ပြန်ခေါ်၊ ဘုရားတည်၊ ကျောင်းဆောက်၊ တံတားထိုးအပြင် ပုံတောင်ပုံညာက ပရိုင်းမိတ်ကို တူးဖော်ခဲ့ရုံဆိုရင်တော့ ဒါဟာ တစုံတယောက်ရဲ့အကျိုး မျှော်ကိုးပြီး မိတ်ကပ်လိမ်းအစီရင်ခံစာ ရေးနေတယ်လို့ပဲ ပြောလိုက်ရပါတယ်။
စာအုပ်ရဲ့နောက်ဆုံးပိတ်မှာတော့ ဗိုလ်ချုပ်ကြီးဟောင်းဟာ နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးကတည်းက ဘုရားတရား အရိပ်အောက် ရောက်ရှိနေပြီး စစ်ကိုင်းတောင် ဘုရားဖူးခရီးစဉ်များအကြောင်းနဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ကြရမည့်အကြောင်းလည်း ဝေေ၀ဆာဆာရေးသားထားပါတယ်။
ဆိုတော့ကာ ဗိုလ်ချုပ်ကြီးဟောင်းဟာ ယခုဆိုရင် အသက် ၇၈ နှစ်ထဲ ရောက်ရှိနေပြီး တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ် နိုးတန်ဖိုးထားခဲ့ကြောင်း ပြသချင်တယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး အကြံပြုချက်များ ပြောရုံမျှမကဘဲ သမိုင်းမှာ ဖြစ်ပျက်ခဲ့ တဲ့ အမည်းစက်တွေကို ဝန်ခံဖော်ထုတ်ပြောကြားလိုက်တာက ပိုသင့်လျော်မယ်ထင်မြင်ကြောင်း ရေးလိုက်ရပါတယ်။
စာရေးသူ- မှော်ဝန်းသား ဦးခင်ညွှန့် (ဗိုလ်ချုပ်ကြီးဟောင်း)
စာအုပ်အမည်- ကျွန်တော်ရယ် ထောက်လှမ်းရေးရယ်၊ နဝတနှင့် နအဖရယ်
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- ပန်းမျိုးတရာ စာပေ
ထုတ်ဝေသည့် ခုနှစ် -၂၀၁၇၊ ဇွန်လ၊ ပထမအကြိမ်
တန်ဖိုး- ၃၀၀၀ ကျပ်