အစားအသောက်ပုံစံနဲ့ မဟုတ်ဘဲ အလေ့အကျင့်ပုံစံနဲ့ မှတ်ဉာဏ်တို စွမ်းရည်ကောင်းမွန်စေမယ့် နည်းလမ်းကောင်းလေးတွေ ပြောပြချင်ပါတယ်။ လွယ်ကူတာမို့ အားလုံး လိုက်လုပ်ဖို့ အဆင်ပြေမှာပါ။
(၁) ပီကေဝါးပါ
လေ့လာချက်တွေအရ ပီကေဝါးတတ်သူတွေက လေ့လာရာမှာ ပိုမို တိကျသေချာတဲ့ လေ့လာသင်ယူမှုတွေ လုပ်နိုင်ပြီး မှတ်ဉာဏ်တိုအားကောင်းတယ်လို့ ဆိုပါတယ်။
ဦးနှောက်ရဲ့မှတ်သားမှုအပိုင်းကို နိုးကြွစေမှုကြောင့်လို့ ဆိုပါတယ်။ အင်္ဂလန်မှာ ပီကေစားတဲ့ ကလေးတွေက မစားတဲ့ ကလေးတွေထက် မှတ်ဉာဏ်တိုစွမ်းရည် ၂၄ ရာခိုင်နှုန်းလောက် ပိုမို ကောင်းမွန်တာ တွေ့ရပါတယ်။
(၂) မျက်လုံးကို ထောင့်တဖက်ကနေ နောက်တဖက် ပြောင်းပါ
ဘေးလူကတော့ ကိုယ့်ကို နည်းနည်း စိတ်မနှံ့ချင်ဘူး ထင်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို မျက်လုံးကို အကြည့် တဖက် ထောင့်ကနေ နောက်တဖက် ပြောင်းပြီး ကြည့်မှုက မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်နိုးကြွစေပါတယ်။ ဦးနှောက်ရဲ့ပင်မ နှစ်ခြမ်းလုံးကို လှုပ်ရှား လုပ်ကိုင်စေတယ်၊ မနက်တိုင်း စက္ကန့် ၃၀လောက် အဆိုပါ ပုံစံ လုပ်ဆောင်ပေးသူတွေက အခြား သူတွေထက် မှတ်ဉာဏ်တိုစွမ်းရည် ၁၀ရာခိုင်နှုန်းလောက် ပိုကောင်းတယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။
(၃) လက်သီးကို ကျစ်ကျစ် ဆုပ်ပေးပါ
လက်သီးကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်ခြင်းက လက်မှာ ရှိတဲ့ ဦးနှောက်ဆိုင်ရာ အကြောတွေကနေ တဆင့် ဦးနှောက်ကို နိုးကြွစေတယ်လို့ သိရပါတယ်။ တရက်ကို လက်သီးကျစ်ကျစ်ဆုပ်ခြင်း ၄၅ စက္ကန့်လောက် အချိန်ရသလို လုပ်ပေးပါမယ် ဆိုရင် မှတ်ဉာဏ်တိုစွမ်းရည် ပိုကောင်းလာစေပါလိမ့်မယ်။
(၄) စကားပုံစံကွဲတွေနဲ့ လေ့လာပါ
Font လို့ ခေါ်တဲ့ စာလုံးပုံစံကို ပုံသေ မဟုတ်ဘဲ ဖြစ်နိုင်ရင် စာလုံး ပုံစံကွဲတွေနဲ့ လေ့လာပါ။ အာရုံ စူးစိုက်မှု များလာပြီး မှတ်မိလွယ်လာစေပါတယ်။ ကွန်ပျူတာနဲ့လေ့လာသူတွေအတွက် Copy and Paste ပုံစံနဲ့ Font ပုံစံ ပြောင်းလဲပြီး လေ့ လာတာ ပိုပြီး ထိရောက်တယ်လို့ ဆိုပါတယ်။
(၅) စိတ်ကူးတည့်ရာ ရေးခြစ်ပါ
ကျနော်တို့ ငယ်ငယ်က စာသင်ခန်းက ခုံတွေ၊ နံရံတွေမှာ စိတ်ကူး တည့့်ရာ ရေးဖူး၊ ခြစ်ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အ ကျင့်ကောင်းပါတယ်။ ခုံတွေ၊ နံရံတွေမှာတော့ မရေးပါနဲ့။ မိမိ ကိုယ်ပိုင်စာအုပ်မှာ ရေးပါ၊ ခြစ်ပါ၊ လေ့လာနိုင်စွမ်းရော တီထွင်နိုင်စွမ်းရော မှတ်ဉာဏ်တိုစွမ်းရည်ကိုပါ ပိုမို ကောင်းမွန်စေတယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။
(၆) ရယ်မောပါ
လေ့လာချက်တွေအရ ရယ်မောခြင်းက မှတ်ဉာဏ်တိုစွမ်းရည်ကို အထူးကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကိုလည်း ကောင်းမွန်စေသလို စိတ်ပျော်ရွှင်မှုကိုလည်း ပေးပါတယ်။ ရယ်စရာ ရုပ်သံတွေ တရက်မှာ မိနစ် ၂၀ခန့် ပုံမှန် ကြည့်ရှု ရယ်မောသင့်ပါတယ်။
(၇) ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအစာတွေ စားသုံးပါ
လေ့လာချက်တွေ အရတော့ အသီးအရွက်စားသုံးမှု၊ အိုမီဂါ၃ ကြွယ်ဝအောင် စားသူတွေနဲ့ အသီးအနှံတွေ စားသုံးမှု များသူတွေဟာ မှတ်ဉာဏ်တိုစွမ်းရည် ပိုမို ကောင်းတယ်လို့ ဆိုပါတယ်။ အိုမီဂါ ၃ ကိုတော့ ငါးနဲ့ သံလွင်ဆီတွေကနေ ရနိုင်ပါတယ်။
အဆိုပါ အိုမီဂါ ၃နဲ့ အသီးအရွက်တွေ အစားနည်းသူတွေကတော့ စားသုံးမှုများသူတွေထက် မှတ်ဉာဏ်တိုစွမ်းရည် ၁၉ ရာခိုင်နှုန်းလောက် ပိုနည်းတယ်လို့ ဆိုပါတယ်။
(၈) တရားထိုင်ပါ
လေ့လာချက်တွေအရတော့ အနည်းဆုံး တရားထိုင်တဲ့ အကျင့်နေ့စဉ် ပုံမှန်ကနေ သတင်းပတ် ၈ပတ်ထိအောင် လုပ် ဆောင်လာခဲ့ပြီးရင် မှတ်ဉာဏ်တိုစွမ်းရည် သိသိသာသာ တိုးတက်လာတယ်လို့ ဆိုပါတယ်။
ဟားဗက်ဆေးကျောင်းကနေ လေ့လာချက်မှာလည်း တရားထိုင်သူတွေက မှတ်ဉာဏ်တို စွမ်းရည်တိုးတက်လာသလို လေ့လာမှုမှာ အာရုံစိုက်နိုင်မှုရော အလွယ်တကူ နားလည်နိုင်စွမ်းပါ တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
အနည်းဆုံး ၁၅ မိနစ် နေ့စဉ် တရားထိုင်ပေးဖို့ လိုအပ်ပါတယ်။။
Ref: www.businessinsider.com