• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်တော်ပြန် ဘဝ၊ ပြည်တော်ပြန် ကဗျာများ

by K ငြိမ်းချမ်း
23 July 2017
in ဆောင်းပါး
A A
တိမ်ပူးတဲ့ရောဂါနဲ့အရူးရင့်တယ် စာအုပ်မျက်နှာဖုံး

တိမ်ပူးတဲ့ရောဂါနဲ့အရူးရင့်တယ် စာအုပ်မျက်နှာဖုံး

5.1k
VIEWS
Share on FacebookShare on Twitter

၁၉၈၈ ကာလ ဗိုလ်ချုပ်နေဝင်းရဲ့တပါတီ အာဏာရှင်စနစ်ကို မကြိုက်ကြတဲ့ ကျောင်းသား၊ ရဟန်း၊ ပြည်သူအား လုံးပါဝင်တဲ့ အရေးတော်ပုံကြီးဖြစ်အပြီး စစ်အစိုးရတွေရဲ့ဖမ်းဆီးထောင်ချခြင်းကို မခံနိုင်တဲ့ကျောင်းသားတွေ ပြည်သူတွေ ဟာ နယ်စပ်ဒေသတွေဆီ သွားရောက် အခြေချရပ်တည်ခဲ့ကြရပါတယ်။

အဲဒီအထဲမှာ ကျောင်းသားတွေအပြင် စာရေးဆရာတွေ ကဗျာဆရာတွေ တေးရေးတေးဆိုတွေ စသဖြင့် လူတန်းစား နယ် ပယ်အစုံပါ ပါဝင်ခဲ့ကြပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
237
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
2.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
2.4k

၁၉၈၈ နောက်ပိုင်း စစ်အာဏာထပ်သိမ်းပြီး ပြည်တွင်းမှာ စစ်အစိုးရရဲ့လက်ကိုင်တုတ်အဖွဲ့အစည်းတွေဟာ အနုပညာသ မားရော၊ ဘာရော အလွတ်မပေးဘဲ ဖိနှိပ်ကန့်သတ်မှုတွေပြုလုပ်ပါတော့တယ်။

ကဗျာတွေဝတ္တုတွေကာတွန်းတွေ သီချင်းတွေက အစ စိစစ်ရေးကင်ပေတိုင်ခန့်အပ်ကာ သူတို့ စစ်ဆေးမွှေနှောက် ရှာဖွေ တာ ခံယူပြီးမှ ထုတ်ဝေဖြန့်ချိခွင့်ပြုတာဖြစ်ပါတယ်။ စစ်အစိုးရ သံသယဖြစ်စေတဲ့ စကားလုံးတလုံးပါဝင်ခဲ့ပြီဆိုရင်လည်း အဲဒီ အနုပညာရှင်ကို ခေါ်ယူစစ်ဆေးမှုတွေတင်မကဘဲ လိုအပ်ရင် ကလောင်ပိတ် ဖမ်းဆီးထောင်ချပစ်ခဲ့ကြပါတယ်။

ပြည်တွင်းမှာလည်း အဲဒီလို စစ်အစိုးရ ကင်ပေတိုင်ရန်က ရှိနေကြတော့ အနုပညာသမားတွေဟာ ကိုယ်လုပ်ချင် ကိုယ်ရေး ချင်တဲ့ အနုပညာရပ်တွေကို တိုးတိုးတိတ်တိတ်တမျိုးနဲ့ ယူဂျီဆန်ဆန်ပြုမှုလုပ်ရှားခဲ့ကြရပါတယ်။

ပြည်ပနဲ့နယ်စပ်ဒေသတလျှောက် ရောက်ရှိနေတဲ့သူတွေကတော့ လက်နက်ကိုင်သူကိုင်၊ သူတို့တတ်မြောက်တဲ့ အနုပညာ စာ ကဗျာများနဲ့ အာဏာရှင်ကို တော်လှန်မှုပြုလုပ်ကြပါတယ်။

ဒေါင်းအိုးဝေ၊ သစ္စာ၊ သင့်ရဲဘော်၊ ခေတ်ပြိုင်၊ မိုးကြိုး၊ ဒီရေစီးသံ၊ ရောင်နီဦးစာစောင်၊ အလင်းအိမ် အစရှိတဲ့ မဂ္ဂဇင်း စာ စောင်တွေကို အင်တာနက်တို့လူကြုံရှိတဲ့အခါတို့မှာ ဖတ်ခဲ့ရပါတယ်။ အထူးသဖြင့် ဒေါင်းအိုးဝေစာစောင်က ပြည်တွင်းထိ ရောက်ခဲ့ပါတယ်။

တိုက်မောင်း၊ သံခဲ၊ ဒေါင်းနီ၊ ထက်မိုး၊ ကမာပုလဲ၊ ကိုငြိမ်း၊ ဂုရု၊ ခိုင်မာကျော်ဇော၊ ညိုထက်၊ ရဲနည်၊ ငြိမ်းဝေ(ကဗျာ့အိုးဝေ) မောင်လွဏ်းနီ၊ ဖေသက်နီ၊ခင်လွန်း၊ နှင်းခါးမိုး၊ သစ်ကောင်းအိမ်၊ အောင်ဝေး၊ အစရှိတဲ့ ကလောင်များရဲ့အနုပညာများကို ဖတ်ခဲ့ရဖူးပါတယ်။

သောင်ရင်းမြစ်တဖက်ကမ်းကနေ ၁၉၈၈နောက်ပိုင်းကနေ ၂၀၁၀ နောက်ပိုင်းထိ အာဏာရှင်နဲ့လွတ်ကင်းပြီး ကိုယ်ယုံကြည် ရာ၊ ကိုယ်အားသန်ရာတွေနဲ့ ရေးဖွဲ့ခဲ့တဲ့ကဗျာတွေ အကြောင်းအရာတွေ ပုံသဏ္ဌာန်တွေကို မြန်မာကဗျာရွေ့လျားမှုထဲ မေ့ ဖျောက်လို့တော့ မရပါ။

ယခုစာအုပ်(တိမ်ပူးတဲ့ရောဂါနဲ့အရူးရင့်တယ်)က ပြင်ပနယ်မြေကနေ ပြည်တော်ပြန်ခဲ့ကြတဲ့ ကဗျာဆရာ ငြိမ်းဝေ (ကဗျာ့အိုး ဝေ) နဲ့ ယောဟန်အောင်တို့ကဗျာများကို စုစည်းထားပြီး ကဗျာပေါင်း ၅၂ ပုဒ် ပါဝင်ပါတယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ) ကဗျာများကတော့ ကဗျာဆရာထိုင်ခဲ့ဖူးတဲ့ နွားနို့ဆိုင်ကလေး၊ ကိုဘိုကြီး မနက်ခင်း၊ ငါး အကြီး ကြီး တစ်ကောင် ဖမ်းမိတဲ့မနက်ခင်း၊ ငါဟာ ဧကဝါဒီ၊ စမ်းရေ၊ စုန်းမ၊ တံခါးကို ဆဆပြီး ခေါက်မနေပါနဲ့ နှင်း၊ တစ်စိတ် တစ်ပိုင်း မျှသာပါ၊ တိမ်ပူးတဲ့ရောဂါ၊ တို့ဆေး၊ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ရဲ့ပင်လယ်လှိုင်းသံများ၊ ပန်းတိုင်က အနီး ဆုံးရဲ့အ ဝေးမှာ၊ ဗားတော့ဗရက်ကို ငါ ငြင်းဆိုတယ်၊ လက်မှတ်ရ ဂြိုလ်သား၊ ဘယ်သူမဆို ပုံပြင်ပဲ၊ မီးပြတိုက်များနဲ့၊ ငြုပ် သီး မနက် ခင်း၊ ရှိတ်ပြီး သောက်မိသွားတဲ့ မနက်ခင်း၊ လကလေးတစ်လ ၅၁ လမ်းထိပ် စားသောက်ဆိုင်၊ လူကူးမျဉ်းကြားပေါ်မှာ၊ သစ် တောထဲက ဖြတ်လာတဲ့ မြားတစ်စင်းသို့၊ ဟိုင်းဘရစ်ငှက်တစ်ကောင်၊ ခေါင်းပြတ်ကြီးနဲ့၊ ဆောင်းလေပမာ အညီ၊ လေတိုက် ကွင်းထဲမှာ ဆိုပြီး ကဗျာ ၂၅ ပုဒ် ပါဝင်ပါတယ်။

ကဗျာဆရာ ယောဟန်အောင်ရဲ့ကဗျာ ၂၇ ပုဒ်ကတော့ တွေဝေမှု၊ အရူးရင့်တယ်၊ မြိတ်၊ ဆရာဝန်နှင့် စကားပြောခြင်း၊ အ ပျော်ခရီး၊ ပြုံးပြုံးကြီး၊ ဥစ္စာစောင့်၊ ငယ်ကျွမ်းဆွေ၊ လမ်း(Old poem)၊ နိုက်ဂရာ ရေတံခွန်၊ ဆုတောင်းပိတ်ချိန်၊ သူမရှိတဲ့ တန်ဆောင်မုန်းလပြည့်ည၊ ပြည်တော်ပြန်၊ ၁၀နှစ်ကြာမှ ပြန်လာခဲ့တယ်၊ အိပ်မက်၊ ကိုယ်ကျပ်အကျႌ၊ စစ်ပြန်ကြီးတွေ တွေ့ တဲ့ ပွဲ၊ ငါတို့ငရဲကမှ ပိုပူလောင်တယ်၊ ကြက်သွန်နီ၊ သက်ကြားအိုဆောင်းခိုတဲ့မြို့၊ လက်ျာအစွန်းရောက်ဆောင်း၊ သူငိုရင် တစ် ကမ္ဘာလုံးလှုပ်တယ်၊ ဒီနေရာကို ဘုရားသခင် စွန့်သွားတာ အတော် ကြာပေါ့၊ စစ်ပွဲကြီးတွေ ပြီးတဲ့အခါ၊ ဝိရောဓိနေ့များ၊ အလို တော်၊ အနှစ်၂၀ စတဲ့ကဗျာများဖြစ်ပါတယ်။

“တိုက်ပွဲတွေကို တိုက်ပွဲဝင်ရမည် ဆိုတာလောက်နဲ့

မလုံလောက်သေးဘူးဆိုတာ သိဖို့

ငါတို့နှစ်ပေါင်းထောင်ချီ အချိန်ယူခဲ့ရတယ်

ရေပွက်ကလေးတစ်ပွက်ဟာ

သမုဒ္ဒရာကြီးရဲ့ကံကြမ္မာကို ဖန်တီးတတ်တာပါပဲ” ဆိုတဲ့ ငြိမ်းဝေ(ကဗျာ့အိုးဝေ) ရဲ့ဗားတော့ဗရက်ကို ငါ ငြင်းဆိုတယ်လို ကဗျာမျိုးတွေ ဖတ်ရမှာ ဖြစ်ပါတယ်။

ခေတ်ကိုက

လှုပ်လှုပ်ရှားရှားအနားမရနိုင်တဲ့ခေတ်ပါ။

ပြောင်းလဲချိန်တန်ပါပြီ ဆိုသကိုး၊

ပြောင်းလဲသမျှ အိမ်ပြန်လာသူအတွက်

ပျောက်ဆုံးမှု ကြီးနေတယ်။

ပျောက်ဆုံးမှုက များဆို

သူ့မြို့တော့ သူ့မြို့ပါ

သူ ဘယ်ကိုလာလို့ ဘယ်ကိုသွားရမှန်းတောင် မသိဘူး။” လို့ ပါရှိတဲ့ ယောဟန်အောင်ရဲ့ ပြည်တော်ပြန် ကဗျာလိုမျိုး

“တစ်ဆောင်းလုံး

ကိုယ့်ကိုယ်ကိုယ် လွှမ်းပတ်ထားတဲ့

အလွမ်းတွေက အထပ်ထပ်။

အပင်ဖျားကေလေး စိမ်းထားပြီး

ကိုယ့်ကိုယ်ကိုယ် အားတင်းနေရ

မြေထဲ သိမ်းထားတဲ့ အဆွေးများက

ထွေးထွေးနီ၊

ခုတော့ နွေဦးရောက်လာခဲ့ပေါ့

ပြန်တွေ့ရင် ရင်ခွဲပြလိုက်တော့မှ

မျက်ရည်တွေ

ထွေထွေကျသွားစေရမယ်။ ။” ကြက်သွန်နီ ကဗျာလိုမျိုးတွေ

ငါတို့ငရဲကမှ ပိုပူလောင်တယ် ကဗျာမှာလည်း

“ငါတို့ကမှ လမ်းတွေ အားလုံးပျောက်

ငါတို့ကမှ ပိုလို့လဲပြိုကျ

ငါတို့ကမှ ပိုလူးလိမ့်

ငါတို့သီချင်းတွေကမှ ပိုအက်ကြောင်းထပ်

ငါတို့နာတာမှ ပို အသည်းခိုက်

ငါတို့အနာကမှ ပိုသွေးပျက်ကုန်

ငါတို့ငရဲမင်းကမှ ပိုလို့တေလေကြမ်းပိုးဆန်တယ်”ဆိုတဲ့ အရေးအသားများပါတဲ့ ကဗျာမျိုးတွေ ဖတ်ရမှာဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြည်တော်ပြန်ကဗျာဆရာနှစ်ယောက်ရဲ့ကဗျာ အတို၊ အရှည်အလတ်အပြင် အကြောင်းအရာ ကောင်းတဲ့ အဖွဲ့အနွဲ့တွေပါဝင်ပါတယ်။ ပြည်တော်ပြန်တွေ ဆိုသော်ငြားလည်း ပြည်သူလူထုနဲ့ တသားတည်းဖြစ်ကြောင်းပါ ပြဆိုလိုက် တယ်လို့ ပြောချင်ပါတယ်။

စာရေးသူ – ယောဟန်အောင်၊ ငြိမ်းဝေ(ကဗျာ့အိုးဝေ)
စာအုပ်အမည် – တိမ်ပူးတဲ့ရောဂါနဲ့အရူးရင့်တယ်
အမျိုးအစား – ကဗျာ
ထုတ်ဝေသည့်တိုက် – ကျော်မွှေး
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ မေလ
တန်ဖိုး  – ၂၀၀၀ ကျပ်

Your Thoughts …
Tags: စာအုပ်
K ငြိမ်းချမ်း

K ငြိမ်းချမ်း

​Copy Editor

Similar Picks:

ကချင် ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း (ဗမာပြည်နယ်ခြား ကမ္ဘာများမှ နယ်မြေဖြတ်ကျော် သမိုင်းများ) စာအုပ်မျက်နှာ ဖုံး

ကချင်တို့၏အစ ကချင်တို့၏တည်ရှိရာ

by K ငြိမ်းချမ်း
29 October 2017
29.2k

ကချင်လူမျိုးတို့စတင်ရာကနေ ယနေ့မျက်မှောက် ကချင်ပြည်နယ်အကြောင်းထိ စုစည်းရေးသားထားတဲ့ ယခုစာ အုပ်ကို အိန္ဒိယလူမျိုး အမျိုးသမီးစာရေးဆရာ Mandy Sadan က ရေးသားခဲ့ပြီး Oxford university press မှာ ရိုက်နှိပ် ကာ The British...

ရန်ကုန်သမိုင်း စာအုပ်မျက်နှာဖုံး

ရန်ကုန်သမိုင်း သမိုင်းထဲက ရန်ကုန်

by K ငြိမ်းချမ်း
11 June 2017
28.7k

“အထင်ကရအဖြစ် ဒဂုံမြို့၏ ရပ်တည်မှုသမိုင်းကို လေ့လာသော် လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ ခန့်က မွန်လူမျိုးတို့ မြို့တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ၁၈ ရာစုအလယ်တွင် ရွှေတိဂုံဘုရားသည် ဘာသာရေးအရ အချက် အချာ ဖြစ်လာပြီး ဒဂုံမြို့သည် စည်ကားစပြုလေသည်”...

အိမ် အက်ဆေးပေါင်းချုပ်စာအုပ်

အိမ်ဆိုတဲ့အဓိပ္ပာယ် အိမ်မျှော်လင့်ချက်

by K ငြိမ်းချမ်း
20 August 2017
24.4k

ရန်ကုန်မှာ နေစရာအိမ်ဆိုတာ လွန်စွာ ခက်ခဲကြောင်း ရန်ကုန်ကို ဖြတ်သန်းဖူးသူတွေ သိကြပါတယ်။ မြေဆို ရင် ပန်းအိုးထဲကမြေတောင် တန်ဖိုးမြင့်နေချိန် နေဖို့တိုက်ခန်းတခန်း၊ အိမ်တလုံးဆိုတာ ရန်ကုန်မှာ မဟာအိပ်မက်ကြီး

ကျွန်တော်နှင့် ဗိုလ်ချုပ်များ စာအုပ်မျက်နှာဖုံး

ဗိုလ်ချုပ်နေဝင်း မွှေခဲ့တဲ့ BURMA TRADE LIMITED (London, UK) အကြောင်း

by K ငြိမ်းချမ်း
24 June 2017
33.6k

Burma Trade London UK ဟာ မြန်မာ့ဆိုရှယ်လစ်စီးပွားရေးလမ်းစဉ်ချမှတ်သူကြီး ဦးနေဝင်းရဲ့အောက်မှာ စုံးစုံးမြုပ်သွား ရပါတော့တယ်။

ထင်းရှူးပင်ငယ် ပုံပမာ

ထင်းရှူးပင်ငယ် ပုံပမာ

by မောင်ဖေသန်း
20 April 2024
353

အကိုင်း အခက်ကလေးများသည် ဥယျာဉ်မှူးတို့ ဖြတ်ထားသည့် အတိုင်း မနေတော့ဘဲ ရှည်ထွက် လာကြသည့် အလျောက် လှသည်ဟူ၍ ဥယျာဉ်မှူးတို့ ဖန်တီးထားသည့် ပုံသဏ္ဌာန်များသည် ပီသခြင်း မရှိတော့ပါ။

မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar”

မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar”

by သီဟတိုး
29 December 2017
4.6k

Chapter တွေထဲမှာ မြန်မာနိုင်ငံရဲ့ ပွဲတော်တွေဖြစ်တဲ့ ၁၂ လရာသီပွဲတော်တွေကို စိတ်ဝင်တစား ဖြစ်အောင် ရေးသားထားတာတွေလည်း ပါဝင်တယ်လို့ Mr.Jaffee Yee က ဆိုပါတယ်။

Next Post
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ခန္ဓာကိုယ်ထဲက သွေး ဘာကြောင့် နီတာလဲ

ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ

ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate