တကယ်တော့ ကျနော်တို့ အရေပြားရဲ့အောက်မှာ မထင်မှတ်လောက်အောင် များပြားတဲ့ အရောင်တွေ ရှိနေပါတယ်။ ပန်း ရောင်ရှိတဲ့ အဆုတ်တွေ၊ နီညိုရောင် အသည်းနဲ့ အခြား အစိတ်အပိုင်းတွေပေါ့။
သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေထဲမှာ သွေးတွေ စီးဆင်းနေတော့ အဆိုပါ သွေးကြောတွေကလည်း အနီရောင်တွေ ဖြစ် နေပါတယ်။ ဒါပေမယ့် ဘာကြောင့် သွေးက နီတာလဲ ဆိုတာတော့ သင်သိပါသလား။
တကယ်တော့ လူရဲ့သွေးဆိုတာက အရည်မဟုတ်ပါဘူး။ သူ့မှာ ခန္ဒာကိုယ်တွင်း အကောင်းဆုံး လည်ပတ်သွားလာနေ အောင် ပါဝင်ပစ္စည်းများစွာ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
သွေးရဲ့ရာခိုင်နှုန်း အများစုကိုတော့ Plasma လို့ ခေါ်တဲ့ သွေးရည်ကြည်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသွေးရည်ကြည်ထဲ မှာတော့ သွေးဆဲလ်ပေါင်းများစွာ ပါဝင်မျောပါနေပါတယ်။ အောက်ဆီဂျင်နဲ့အတူ အခြား ဓာတ်တွေလည်း ရောပါနေပါ တယ်။
သွေးရည်ကြည်ဟာ သွေးရဲ့အများဆုံး ပါဝင်မှု ဖြစ်ပေမယ့် သူ့ရဲ့အရောင်ကတော့ ဖျော့ဖျော့လေးပဲ ရှိပါတယ်။ တကယ် တော့ သွေးရဲ့အရောင်က သူထဲမှာပါရှိတဲ့ ဓာတ်တွေရဲ့အရောင်ဖြစ်သွားတာပါလို့ Make Science Easy မှာ တာဝန်ခံ အဖြစ် လုပ်ကိုင်နေတဲ့ Jonathan Polley က ပြောပါတယ်။
သွေးရည်ကြည်ထဲမှာ နစ်မြှုပ်ပါရှိနေတဲ့ သွေးဆဲလ်တွေရဲ့အရောင်က အနီရောင်ပါ။ ဟေမိုဂလိုဗင်နဲ့ အသားဓာတ် ပူးပေါင်း ဖွဲ့စည်းမှုကနေ အဆိုပါ သွေးဆဲလ် ဖြစ်လာပြီး အနီရောင် ဖြစ်လာတယ်လို့ ပြောပါတယ်။
သွေးနီဆဲလ် နည်းနေရင်တော့ သင့်အတွက် ကျန်းမာရေး ပိုဂရုစိုက်ဖို့ လိုအပ်လာမှာပါလို့လည်း ရှင်းပြပါတယ်။ ပုံမှန်ယူဆ ချက်တွေ အရ ဟေမိုဂလိုဗင်မှာ သံဓာတ်ပါတယ်၊ ဒီအတွက် သွေးက နီတယ်လို့ ဆိုပေမယ့် အမှန်တော့ မဟုတ်ပါဘူး။
အမှန်ကတော့ သံဓာတ်နဲ့အတူ ရောပါရှိနေတဲ့ အသားဓာတ် တမျိုး Hemes တွေကြောင့် သွေးက နီတာ ဖြစ်တယ်လို့ သိ ရပါတယ်။
အဆိုပါ Hemesနဲ့ သံဓာတ် အရောမှာ အောက်ဆီဂျင်နဲ့ တွေ့ပြီး ဓာတ်တိုးမှု ဖြစ်လာသလို သွေးလည်း နီသွားစေတာ ဖြစ် တယ်လို့ Polleyက ရှင်းပြပါတယ်။
အခြား ကျန်ရှိ သွေးတွင်းပါ ပစ္စည်းတွေက သွေး အရောင်အတွက် ထူးခြားမှု မရှိစေဘူးလို့ သိရပါတယ်။ အောက်ဆီဂျင် ပို များတဲ့ သွေးဟာ ပိုပြီး အရောင်ရင့်မှာလည်း ဖြစ်ပါတယ်။
အောက်ဆီဂျင် ပါဝင်မှု နည်းတဲ့ သွေးကတော့ အရောင် နည်းနည်း ပိုရင့် ညစ်မယ်လို့ သိရပါတယ်။
တချို့ အပြာရောင်ဆန်တဲ့သွေးတွေ ရှိပြီး အဆိုုပါ သွေးတွေကတော့ သွေးတွင်း အောက်ဆီဂျင် ပါရှိမှု အထူးနည်းတာ ကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ အဆိုပါ သွေးပြာချင်သူတွေရဲ့ သွေးမှာ Copper ပါရှိလို့ သွေးပြာချင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးအနေနဲ့တော့ အစိမ်းရောင်ဆန်တဲ့ သွေးတွေ ရှိသေးပြီး ကျန်းမာရေးနဲ့ မညီညွတ်သလို သွေးဟာ နီပြီး ရဲနေမှ အကောင်းဆုံး ဖြစ်မှာပါ။
Ref: http://www.rd.com/health/healthcare/why-is-blood-red/