ဆောင်းပါး

ကျောင်းသားလှုပ်ရှားမှုထဲက သမိုင်းတခု (သို့) ၆၉ ကျွန်းဆွယ်အရေးအခင်း

Want create site? Find Free WordPress Themes and plugins.

အများသူငါ သိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁၉၆၂ ကစပြီး စစ်အာဏာရှင်အစိုးရလက်ထဲ တိတိပပ ကျရောက်ခဲ့ကြပါ တယ်။ စစ်အာဏာရှင်စနစ်ကို မကြိုက်ကြတဲ့ ကျောင်းသားတွေနဲ့ပြည်သူလူထုဟာ အခွင့်အခါကြုံလာတိုင်း အာဏာရှင်ကို ပုန်ကန်တော်လှန်ခဲ့ကြတယ်။

ဒီလိုပါပဲ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးချိန်စလို့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ်တဲ့ ၁၉၆၂ ဆဲဗင်းဂျုလိုင်အရေး အ ခင်း၊ ၁၉၆၉ခု ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ခု ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်လှုပ်ရှားမှု၊ ၁၉၇၄ခု ဦးသန့်အရေးအခင်း၊ ၁၉၇၅ခု ရွှေတိဂုံအထွေထွေသပိတ်၊ ၁၉၇၆ ခု မတ်လ မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၇၇ ခု ဇူလိုင်ဆဲဗင်း ၇၇၇၇ လှုပ်ရှားမှု၊ ၁၉၇၈ခု ဇူလိုင်(၇)ရက် ရန်ကုန်စက်မှုတက္ကသိုလ် ဆဲဗင်းဂျုလိုင်နှစ်ပတ်လည်လှုပ်ရှားမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပွား ခဲ့ပါတယ်။ ဒီအထဲမှာမှ ၆၉ အရေးအခင်း (သို့) ကျွန်းဆွယ်အရေးအခင်းကို နှစ်ကာလကြာလာတဲ့အမျှ သိမီသူ နည်းပါး လာပါတယ်။

ယခုစာအုပ်ကို ရေးသားတဲ့ မင်းမျိုးနိုင်ကတော့ ကျွန်းဆွယ်အရေးအခင်းလို့ လူသိရှင်ကြား အာဏာရှင်ကို တွန်းလှန်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ရှေ့ထွက် ကိုယ်တိုင်ပါဝင်ခဲ့သူတယောက်လို့ သိရပါတယ်။

တကယ်တော့ ကျွန်းဆွယ်အရေးအခင်းကို အသက်၄၀ တဝိုက်တွေတောင် ကြားဖူးရုံမျှသာ ရှိတော့တာမို့ သမိုင်းလက်ဆင့် ကမ်းဖို့ ယခုလို ရေးသားထုတ်ဝေမှုကို ကြိုဆိုမိပါတယ်။ ဒါမှလည်း အတိတ်တချိန်က အာဏာရှင်တို့ရဲ့သမိုင်းဆိုးအပေါ် သုံး သပ်ရှုမြင်နိုင်ပြီး စဉ်းစားဆင်ခြင်နိုင်မှာဖြစ်ပါတယ်။

ယခုစာအုပ် (၆၉ အရေးအခင်း ဒိုင်ယာရီ) မှာ ၁၉၆၉ ခု ဒီဇင်ဘာလထဲ ဖြစ်ပျက်ခဲ့တဲ့ ကျွန်းဆွယ်အရေးအခင်းအတွင်း ကိုယ် တိုင်ပါဝင်ခဲ့သူတယောက်ရဲ့ဖြစ်ရပ်မှန်များကို ဝတ္ထုအသွားပုံစံမျိုးနဲ့ ရေးသားထားတာဖြစ်ပါတယ်။

ကျွန်းဆွယ်အရေးအခင်း ဘာကြောင့် ဖြစ်ခဲ့ရတယ်၊ ဘယ်သူတွေ ဦးဆောင်လှုပ်ရှားခဲ့တယ်၊ ဘယ်လိုတွေ တိမ်းရှောင်လှုပ် ရှားခဲ့ရတယ်၊ အဲဒီအတွက်ကြောင့် အာဏာရှင်နောက်လိုက် ထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖိနှိပ်မှုတွေနဲ့ အကြောင်းကို သည်းထိတ်ရင်ဖို ဖတ်ရှုရပါတယ်။

ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၆၂ခု ဇူလိုင် ၇ရက်နေ့ ကျောင်းသားလှုပ်ရှားမှုကြီးကို အကြမ်းဖက်ဖြိုခွဲအပြီး နောက် ၇နှစ် အကြာမှာ ဒုတိယအကြိမ် ကျောင်းသားလှုပ်ရှားမှုတခုဖြစ်တဲ့ ကျွန်းဆွယ်အရေးအခင်း ဘာကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာကို တော့ အခုလို ဖတ်ရှုရပါတယ်။

“ကျောင်းသားအများစု၏ ရင်ထဲ၌ စူးဝင်နေသော ၆၂ခုနှစ် ဆူး၏ဝေဒနာကို ခံစားနေရကာ မကျေနပ်သော လောင်မီးက တငွေ့ငွေ့လောင်ကျွမ်းနေရာက ၆၉ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော အရှေ့တောင်အာရှကျွန်းဆွယ်ကစားပွဲတွင် ကျောင်း သားများ၏ ဒေါသမီးက တဟုန်းဟုန်းနှင့် တောက်လောင်လေတော့သည်။”

“တိုင်းပြည်၌ ပညာတတ်များ ဆိတ်သုန်းသွားသည်ကို လိုလားသော လူမိုက်အစိုးရသည် ပင်ကိုက ကျောင်းသားများကို လူမထင်ဘဲ ရန်သူသဖွယ် ဖိနှိပ်ချုပ်ချယ်ခဲ့လေရာ ကျောင်းသားများ အထွတ်အမြတ်ထားရာ ဘွဲ့နှင်းသဘင်အဆောက် အအုံကိုလည်း အားကစားပြိုင်ပွဲနေရာအဖြစ် ချမှတ်ပေးခဲ့ရာ ကျောင်းသားများမှာ မကျေမနပ်ဖြစ်ခဲ့ကြသည်။”

“ပို၍ အရုပ်ဆိုးသွားသည်မှာ ဘွဲ့နှင်းသဘင်အဆောက်အအုံ ပတ်ပတ်လည်တွင် ပွဲကြည့်ပရိသတ်များ အပေါ့သွားရန် ယာ ယီအိမ်သာခွက်များ ဆောက်လုပ်စေပြန်ရာ ပတ်ဝန်းကျင်တခွင်လုံး ညစ်ပတ်ပေရေကာ သေးစော်က ဟောင်နံ၍ နေတော့ သည်။”

“သည်ကြားထဲ သမိုင်းကောလိပ် အားကစားရုံတွင်လည်း အားကစားပြိုင်ပွဲလာရောက်ကျင်းပပြီး ကျောင်းသားများက ပွဲ ကြည့်ရန် အခွင့်အရေးမရကြဖြစ်ရသည်တွင် ကျောင်းသားများကို အုံကြွအောင် မီးလောင်ရာ ဓာတ်ဆီလောင်းပေးသလို ဖြစ်လာပြန်သည်။”

ဗိုလ်ချုပ်နေဝင်းဟာ ၁၉၆၂၊ ၇ ဇူလိုင် ကျောင်းသားအရေးအခင်းကြီးအပြီး တက္ကသိုလ်ဝင်းတခုလုံးကို မျက်မုန်းကျိုး အငြိုး ထားပြီး ကျောင်းသားတွေအပေါ် ဖိနှိပ်စော်ကားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်ဆိုတာ အထက်က အကြောင်းတွေဖတ်ရုံနဲ့ သိသာစေပါတယ်။

ဗိုလ်နေဝင်းက ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ်ကစားပွဲကို အစပြုလို့ ကျောင်းသားများ မကျေနပ်ဖြစ်ကြရာမှ ကျွန်းဆွယ်အရေးအခင်းဆိုပြီး ကျောင်းသားသမိုင်းမှာ ကမ္ပည်းထိုးနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြတာကိုလည်း ဖတ်ရှုရပါ တယ်။

“မောင်မောင့်အနေနှင့် စိတ်တွေလှုပ်ရှားနေသည်မှာတော့ သေချာသည်။ မကြာမီ ကျောင်းသားတွေနှင့်အတူ အာဏာရှင် ဗိုလ်ချုပ်နေဝင်းကို ဆန္ဒပြဖို့ ချီတက်ကြကာ အဓိပတိလမ်းမပေါ်ရှိ တက္ကသိုလ် အပန်းဖြေရိပ်သာရှေ့တွင် ရုပ်အလောင်းကို မီးရှို့ကြတော့မည် ဖြစ်၏။”

“စစ်အာဏာရှင် ကျဆုံးရေး”
“တို့အရေး၊ တို့အရေး”
“နေဝင်း အစိုးရ”
“အလိုမရှိ၊ အလိုမရှိ”
“ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး”
“တို့အရေး တို့အရေး”

စတဲ့ ကြွေးကြော်သံများနဲ့ ဖက်ဆစ်အာဏာရှင် ဗိုလ်နေဝင်း ရုပ်အလောင်း (၁၉၆၂- ၁၉၆၉) စာတမ်းပါ အလောင်းကောင် မီးရှို့ဆန္ဒပြအပြီး ထောက်လှမ်းရေးများရောက်လာကာ ကျောင်းသားများ လူစုခွဲ ရှောင်တိမ်းထွက်ခွာခဲ့ကြရပုံတွေ ဖတ်ရပါ တယ်။

ထို့နောက်ကတော့ သိကြတဲ့အတိုင်း ကျွန်းဆွယ်အရေးအခင်းကို ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေကို လိုက်လံဖမ်း ဆီးကာ နှိပ်စက်ထောင်ချ ချေမှုန်းတော့တဲ့အကြောင်းတွေကိုလည်း ဖတ်ရှုရပါတယ်။

ကျွန်းဆွယ်အရေးအခင်းကြောင့် ကျောင်းသားတရာကျော်ခန့် ဖမ်းဆီးထောင်ချခံရပြီး ထောင်တွင်းနှိပ်စက် စစ်ကြောမှုတွေ ကိုလည်း စာရေးသူက မခြွင်းမချန် ရေးသားထားပါတယ်။

စာရေးသူ မင်းမျိုးနိုင်ကိုယ်တိုင် နေအိမ်၌ ရှိနေစဉ် ထောက်လှမ်းရေးများ သေနတ်ဖြင့် လာရောက်ခေါ်ယူပုံနဲ့ဖွင့်ထားတဲ့ ယ ခုစာအုပ်ဟာ ကျွန်းဆွယ်လှုပ်ရှားမှု ကျွန်းဆွယ်အရေးအခင်းဆိုတာကို သိရှိမှာဖြစ်ပြီး ပါဝင်ခဲ့တဲ့ ကျောင်းသားများစာရင်းက စ ထည့်သွင်းထားပါတယ်။

စာအုပ်မှာ ၈၈ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ တင်အေးစိမ်းနဲ့ စာရေးသူ မင်းမျိုးနိုင်ကိုယ်တိုင် အမှာစာရေးသားထား ကြပြီး မင်းကိုနိုင်အမှာစာမှာ “တကယ်ဆို ဘယ်လိုမှ သာယာဖွယ်တကွက် မမြင်သည့် ဤဖြစ်ရပ်မှန် စာအုပ်မျိုးကို နှလုံး သားများက ရသအနေဖြင့် မတောင့်တကြပါ။ သို့ပါလျက် အသိစိတ်များက လက်လှမ်းယူ ဖတ်မိကြစမြဲ။ ဘာကြောင့်လဲ ဆိုသော် မြေမြှုပ်ခံရသော သမိုင်းအထောက်အထားများမို့ ခြေလက်များ အပွန်းအရှခံ၊ လူပင်ပန်းခံ ပြန်တူးဆွနေရခြင်းမျိုး ဖြစ်နိုင်ပါသည် ” လို့ ရေးသားထားပါတယ်။

ကျောင်သားလှုပ်ရှားမှုသမိုင်းမှာ တထောင့်တနေရာက အားဖြည့်ခဲ့တဲ့ ၆၉ ကျွန်းဆွယ်အရေးအခင်းနဲ့ ပတ်သက်ပြီး သမိုင်း ကွက်လပ်တခုကို ဖြည့်ဆည်းခဲ့တာမို့ ကျောင်းသားအရေးတော်ပုံသမိုင်း သိချင်သူများအတွက် စာအုပ်ကောင်းတအုပ်လို့ ပြောလိုက်ရပါတယ်။

စာရေးသူ – မင်းမျိုးနိုင်
စာအုပ်အမည် – ၆၉ အရေးအခင်း ဒိုင်ယာရီ
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်တိုက် – ဘဝတက္ကသိုလ်စာပေ
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ ဇူလိုင်လ၊ ပထမအကြိမ်
တန်ဖိုး – ၁၅၀၀ ကျပ်

Did you find apk for android? You can find new Free Android Games and apps.
Loading