ဆောင်းပါး

ဒီမိုကရေစီနိုင်ငံမှာ မီဒီယာဟာ တိတ်ဆိတ်နေလို့ မရ

Want create site? Find Free WordPress Themes and plugins.

ကျနော်၏ ၁၅ နှစ်ကြာ စာနယ်ဇင်းသမားဘဝအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် တွေ့ဆုံခြင်းကြောင့် ကျနော် အဖမ်းခံရနိုင်သည်ဟု ဘယ်တုန်းကမျှ မတွေးခဲ့ဖူးပါ။

စာနယ်ဇင်းလုပ်ငန်း၏ အပြင်သို့ ရောက်ရှိခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သော ယခုအချိန်တွင် ဧရာဝတီသတင်း ဌာနမှ ကိုလဝီဝမ်၊ ဒီမိုကရက်တစ် မြန်မာ့အသံမှ ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင်တို့နှင့် အလားတူ အဖြစ်မျိုးကို တွေးပြီး ကျ နော် ထိတ်လန့်မိပါသည်။

ကျနော် စာနယ်ဇင်းသမားအဖြစ် အချိန်အများစု ကုန်ဆုံးခဲ့သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှ အခြေအနေက မြန်မာနိုင်ငံ နှင့် များစွာ ကွာခြားခြင်းမရှိပါ။

ကိုလဝီဝမ်၊ ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင် တို့ကဲ့သို့ ကွင်းဆင်း၍ ပဋိပက္ခသတင်းများ ရယူရသည့် စာနယ်ဇင်းသမားများ ကြုံ ရနိုင်သည့် ဘေးအန္တရာယ်သတင်းခန်းမှ အလုပ်လုပ်ရသူများနှင့် များစွာ ကွာခြားပါသည်။

ပဋိပက္ခကို သတင်းယူရသည့် သတင်းထောက်များမှာ အစိုးရနှင့် အစိုးရမဟုတ်သော တပ်ဖွဲ့များကြားတွင် ညှပ်နေသည့် အ ဖြစ်မျိုး ကြုံရလေ့ရှိပြီး ထိခိုက်ဒဏ်ရာမရရှိရေးအတွက်ကလည်း အာမခံချက် မရှိသလောက်ပင် ဖြစ်သည်။

ထိုကိစ္စတွင် အစိုးရ၌ ကြီးမားစွာ တာဝန်ရှိပါသည်။ ဒီမိုကရေစီလူ့အဖွဲ့စည်းတိုင်းတွင် အလွန်အရေးပါသော မဏ္ဍိုင်တခု ဖြစ် သည့် စတုတ္ထမဏ္ဍိုင်မှ အဖွဲ့ဝင်များကို ကာကွယ်ပေးရမည် ဖြစ်ပါသည်။

ထိုကာကွယ်ပေးခြင်းကသာ နယ်စပ်၏ အိန္ဒိယဘက်ခြမ်းမှ (တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရတပ်များကြားမှ ရှုပ်ထွေး သောပဋိပက္ခကို မျှတစွာ သတင်းရယူကြသော) စာနယ်ဇင်းသမားများနှင့် မြန်မာဘက်ခြမ်းတွင် အလားတူပြုလုပ်ကြသူ များကြားမှ ကွဲပြားခြားနားမှု ဖြစ်ပါလိမ့်မည်။

သတင်းရေးသားခြင်း သို့မဟုတ် လက်နက်ကိုင်အဖွဲ့တခုနှင့် ဆက်သွယ်ခြင်းကြောင့် စာနယ်ဇင်းသမားတဦး အဖမ်းခံရခြင်း မျိုး ကျနော် မမှတ်မိပါ။ ကျနော်တို့နောက်သို့ ထောက်လှမ်းရေးအဖွဲ့များ၊ ရဲအဖွဲ့နှင့် စစ်ဘက်အထူးတပ်ဖွဲ့များက လိုက်နေခဲ့ သည်ကတော့ သံသယဖြစ်စရာမလိုပါ။ တခါတရံ ကျနော်တို့ စုံစမ်းစစ်ဆေးခြင်းခံရသည်။ သို့သော်လည်း မပြောပလောက် ပေ။

မြန်မာနိုင်ငံနှင့် နယ်နိမိတ် ၁၆၄၃ ကီလိုမီတာ ထိစပ်နေသည့် အိန္ဒိယအရှေ့မြောက်ပိုင်းသည် ဆယ်စုနှစ်များစွာ တည်ငြိမ်မှု မရခဲ့သည့် နေရာဖြစ်ပြီး ထိုဧရိယာအတွင်းတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်း ၁၀၀ ကျော် ရှိပါသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းအများစုက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်တို့ကို သူတို့အတွက် လုံခြုံဘေးကင်းသည့် နေရာများအဖြစ် သတ်မှတ်ထားကြသည်။ ထိုဒေသမှ ပဋိပက္ခများကို သတင်းယူသည့် စာနယ်ဇင်းသမားများရာနှင့် ချီ၍ ရှိ နေပြီး National Socialist Council of Nagaland-Khaplang (NSCN-K)၊ United Liberation Front of Assam (ULFA) နှင့် Hynniewtrep National Liberation Council (HNLC) တို့ ကဲ့သို့သော တရားမဝင်အဖွဲ့အစည်းများမှ ခေါင်းဆောင် များကို အင်တာဗျူးလုပ်ရန်အတွက် တွေးကြည့်ရန်ပင် မဖြစ်နိုင်သောနေရာများသို့ ခရီးသွားခဲ့ကြသူများလည်း အများ အ ပြားရှိသည်။

ကျနော်နှင့် လုပ်ဖော်ကိုင်ဖက်တဦးကို Meghalaya ပြည်နယ်(လက်နက်ကိုင်ပုန်ကန်မှုများရှိနေသည့် အိန္ဒိယအရှေ့ မြောက် ပိုင်း ပြည်နယ်များထဲမှတခု) ရှိ လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ယာဉ်မောင်းတဦးက ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ကားနှင့် ခေါ်သွားသည့်နေ့ကို ကျနော် ထင်ထင်ရှားရှား မှတ်မိနေပါသည်။

ကျနော်တို့အပိုင်းမှ ကျင့်ဝတ်နှင့် မကိုက်ညီခြင်းမျိုး ဖြစ်မည်ကို ကျနော် ကြောက်နေခဲ့ပါသည်။ သို့သော်လည်း ကြုံလာ သည့် အခြေအနေ၊ မြေပြင်အနေအထားနှင့် ပတ်သက်၍ ကျနော်တို့၏ ဗဟုသုတနည်းပါးမှုတို့ကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းက အကောင်းဆုံး ဖြစ်သည်ဆိုသည်ကို ကျနော်သိခဲ့သည်။

အစိုးရလုံခြုံရေးအဖွဲ့များကိုရော အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များကိုပါ ကျနော်တို့ အင်တာဗျူး လုပ်ခဲ့ပြီးဖြစ်ပါ သည်။ ကျနော်တို့ သတင်းကိစ္စပြီးစီးပြီ ဖြစ်သဖြင့် ခြေလျင်ခရီးဖြင့် ပြန်မည်ဆိုလျှင် ပြန်နိုင်ခဲ့ပါသည်။ သို့သော်လည်း ကျ နော်တို့က အန္တရာယ်ရှိသည့် စွန့်စားမှုများ လုပ်ခဲ့သည်။ အန္တရာယ်များထဲမှ တခုမှာ နယ်ခြားစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်း သို့ မဟုတ် ထိန်းသိမ်းခံရနိုင်ခြင်း ဖြစ်ပါသည်။ ကျနော်တို့ လွတ်မြောက်ရေးအတွက် ရှုပ်ထွေးသော လုပ်ငန်းစဉ်တခုဖြင့် ညှိနှိုင်း မှုများ ပြုလုပ်ရမည် ဖြစ်သည်။

ကျနော်တို့ ရင်ဆိုင်ခဲ့ရသည့် ယာယီ ထိန်းသိမ်းခံရခြင်းသို့မဟုတ် စစ်ဆေးမေးမြန်းခြင်းများ ကြုံရနိုင်သည့် အလားအလာ က ယခုအခါတွင် မြန်မာနိုင်ငံမှ သတင်းထောက်သုံးဦး ရင်ဆိုင်ကျော်ဖြတ်ရမည့်ကိစ္စဖြစ်လာပါသည်။ သူတို့ ဖမ်းဆီးခံရခြင်း အ ပြင် သူတို့ ပြုမူဆက်ဆံခံရသည့် ပုံစံနှင့် သံကြိုးခတ် ခံရခြင်းက မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရ လက်ထက်က ကြောက်စရာ ပုံရိပ်မျိုး ဖြစ်နေသည်။

အကယ်၍ သတင်းထောက်များက အမှားအယွင်းတစုံတခု ပြုလုပ်ခဲ့သည်ဆိုလျှင်ပင် အနည်းဆုံးပြောရလျှင် အစိုးရ၏တုံ့ပြန် ပုံက စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ပထမဆုံးပြောရလျှင် ကြမ်းတမ်းသည့် ကိုလိုနီခေတ် ဥပဒေ( မတရားသင်းဆက်သွယ်မှု) ကို အသုံးပြု၍ စာနယ်ဇင်းသမားများကို မဖမ်းပါနှင့်။

ဒုတိယအနေဖြင့် ပြောရလျှင် ကျနော်နှင့် ကျနော်တို့၏သတင်းထောက်များအနေဖြင့် သူတို့အလုပ်ကို သူတို့ ရိုးသားစွာ လုပ် ကိုင်ခြင်းအတွက် ရာဇဝတ်သားများသဖွယ် မဆက်ဆံပါနှင့်။

မတရားအသင်းဥပဒေပုဒ်မ ၁၇ အရ ပြစ်မှုမြောက်စေသည့် အချက်များကို ကြည့်မည်ဆိုလျှင် မည်သည့်အချက်ဖြင့် သူတို့ ၃ ဦး အရေးယူခဲ့ရသည်ကို စဉ်းစားစရာ ဖြစ်သည်။
ပုဒ်မ ၁၇ (၁) အတွက် ပြစ်မှုမြောက်စေသည့် အင်္ဂါရပ်များ အဖြစ် “ မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့ တည်းမဟုတ် ယင်းအသင်း၏အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့် ဝင်/ ရယူ/တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီ လျှင်” ဟု သတ်မှတ်ထားပြီး ပုဒ်မ ၁၇(၂) အတွက် “မည်သူမဆို မတရား အသင်းကို စီမံအုပ်ချုပ်လျှင် သို့တည်းမဟုတ် စီမံအုပ်ချုပ် ခြင်းတွင် ကူညီလျှင် သို့တည်းမဟုတ် အဆိုပါ အသင်းတခုခု သို့တည်းမဟုတ် ထိုအသင်းသားများ၏ အစည်းအဝေးကို ဆော်သြကမကထပြုလျှင် သို့တည်းမဟုတ် ဆော်သြကမကထ ပြုရာတွင် ကူညီလျှင် ” ပြစ်မှုမြောက်ကြောင်း ဖော်ပြထား သည်။

ထို့ကြောင့် မေးစရာရှိလာသည်မှာ ကိုလဝီဝမ်နှင့် အခြားသတင်းထောက်၂ ဦး အတွက် အထက်ပါအချက်များကို မည်ကဲ့ သို့ အသုံးချခဲ့ပါသနည်း။ ဥပဒေအရ ပြစ်မှုမြောက်စေသည်ဟု ဖော်ပြထားသည့် အချက်များက သူတို့နှင့် လုံးဝမနီးစပ်ခဲ့ပါ။ သူတို့က ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) စခန်းတွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး မီး ရှို့ဖျက်ဆီးပွဲသို့ သတင်းရယူရန် သွားခဲ့ကြခြင်းသာ ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ဥပဒေအရ တရားမဝင်သော အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံထားရသည့် အဖွဲ့များက ပြု လုပ်သည့် အလားတူ အခမ်းအနားအချို့သို့ ကျနော် သွားရောက် သတင်းယူဖူးပါသည်။ ကျနော် ရာဇဝတ်မှုတခု ကျူး လွန်ခြင်း ဖြစ်ပါသလား။ မဟုတ်ပါ။ ကျနော် ဒုက္ခ မရောက်ခဲ့ခြင်းမှာအိန္ဒိယ နိုင်ငံက ၎င်း၏ မီဒီယာသမားများနှင့် ဆက်ဆံ ရာတွင် ပို၍ သတိထားကိုင်တွယ်ခြင်းကြောင့် ဖြစ်ပါသလား။

ထိုသို့ မဟုတ်ခဲ့လျှင် ယခုကိစ္စသည် သက်တမ်းရင့်ပြီး အခြေကျနေသည့် ဒီမိုကရေစီနိုင်ငံတခုနှင့် ထိုသို့ဖြစ်လာရန် ခက်ခက် ခဲခဲ ကြိုးစားနေရသော နိုင်ငံတခုတို့၏ကွာခြားချက် ဖြစ်ပါသလား။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း ပွင့်လင်း၍ ယုံကြည်လက်ခံနိုင်လောက် စရာ ဖြစ်သည့် ရွေးကောက်ပွဲတခုကို ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများ၊ နိုင်ငံတကာအသိုင်းအဝိုင်း ၏စောင့်ကြည့်မှုအောက်တွင် ပြုလုပ်ခဲ့သည်။

ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့တခုကို ဖန်တီးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါ တီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအခါ အစိုးရသည် တပ်မတော် သို့မဟုတ် အခြားသောအဖွဲ့များ၏ ဒီမိုကရေစီနည်းမကျသောဆောင်ရွက်မှုများကို တွန်းလှန်ရန် လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပတွင်ပါ အာဏာအ တိုင်းအတာတခုအထိ ရှိနေပြီ ဖြစ်သည်။

အပျံသင်ခါစ ဒီမိုကရေစီတခုတွင် စိန်ခေါ်မှုများလည်း ရှိကောင်းရှိနေနိုင်ပါသည်။ အတိတ်ကို ဆက်လက်စွဲကိုင်ထားပြီး ၎င်း တို့၏အနေအထားကို ခြိမ်းခြောက်လာနိုင်သည့် အရာမှန်သမျှကို ဆက်လက်ဆန့်ကျင် ကန့်ကွက်နေသူများကလည်း အမြဲ တမ်းရှိနေပါလိမ့်မည်။

ယခုအချိန်သည် အကျပ်အတည်းကာလတလျှောက်လုံး သူ့ကို ထောက်ခံခဲ့သူများ အရေးယူခံနေရသည့် နေရာတွင် ဒီမိုကရေ စီကို မည်သို့ အသုံးပြုမည်နည်းဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးရမည့်အချိန်ဖြစ် ပါသည်။

၂၀၂၀ ရွေးကောက်ပွဲသို့ ဦးတည်နေသည့် အချိန်တွင် သူက တိုင်းပြည်ကို လက်ခံစေချင်သည်မှာ ယခုကဲ့သို့ ဒီမိုကရေစီမျိုး ဖြစ်ပါသလား။ အဖြေကို အနည်းဆုံးတော့ ယခုအချိန်တွင် မည်သူမျှ မသိခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

(Bidhayak Dasသည် စာနယ်ဇင်းသမားဟောင်းတဦး ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက် ဆယ်စုနှစ် တခုကျော် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ယခုအခါတွင် ရွေးကောက်ပွဲ၊ မီဒီယာနှင့် ဆက်သွယ်ရေးဆိုင်ရာ လွတ်လပ်သော အတိုင်ပင်ခံတဦးအဖြစ် လုပ်ကိုင်နေပါသည်။)

ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်Silencing Media Has No Place in A Democracy ကို ဆီလျော်အောင် ဘာသာပြန်သည်။

ဆက်စပ်ဖတ်ရှုရန်-

Silencing Media Has No Place in A Democracy

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံ ပယ်ချခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading