ဆောင်းပါး

မောင်တော ဒေသ လုံခြုံရေး အစိုးရ အာမခံချက် ပေးနိုင်မလား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာ ဒေသခံ ၆ ဦးသည် သြဂုတ်လ ၃ရက်က အကြမ်းဖက်သမား များ၏ ပစ်ခတ် သတ်ဖြတ်ခြင်းကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ထို့အတူ ရွာသား ၂ ဦးသည်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။

သေဆုံးသွားသည့် ကိုင်းကြီးကျေးရွာ ဒေသခံများသည် ၎င်းတို့၏ တောင်ယာလုပ်ငန်းခွင်သို့ သွားစဉ် အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဓားဖြင့်ခုတ်သတ်ခြင်းများ ခံခဲ့ကြရပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထိုသေဆုံးသူ အားလုံးသည် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားများ ဖြစ်ပြီး အသက် ၂၅ နှစ်မှ ၃၈ နှစ်ကြားရှိသူများ ဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့တွင်လည်း ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံများ က ပြော သည်။

အခင်းဖြစ်ပွားသည့် နေရာသည် မောင်တောမြို့တောင်ဘက်ပိုင်းတွင်ဖြစ်ပြီး ဘင်္ဂါလီ အကြမ်းဖက်သမားများ အခြေ စိုက်ရာ မေယု တောင်ခြေနှင့် နီးစပ်သည်ဟုလည်း မောင်တော ဒေသခံများက ပြောဆိုကြသည်။

ထိုအရပ်၌ ပြီးခဲ့သည့်ရက်ပိုင်း ကလည်း မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး လူတချို့ သေဆုံးခဲ့သေးသည်။

မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာအုပ်စု တရိန်းကျေးရွာမှ ဒေသခံ ၄ ဦးသည်လည်း ဇွန်လ ၂၄ ရက်နေ့ က တခြားရွာမှ ၎င်းတို့ရွာသို့ အပြန်လမ်းတွင် ဘင်္ဂါလီ လူမျိုးများက အုပ်စုဖွဲ့၍ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးခဲ့ရသည်။

ထိုအကြမ်းဖက်မှုကြောင့် သေဆုံးသူများနေထိုင်သည့် ကျေးရွာ ဒေသခံများသည် ၎င်းတို့ရွာတွင် မနေရဲကြတော့ဘဲ အိုးအိမ် စွန့်ခွာ၍ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။

မောင်တောမြို့နယ်အတွင်းရှိ မြို့နှင့်ဝေးလံသော ကျေးရွာများတွင် နေထိုင်ကြသည့် ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စု များ သည် အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည့်အတွက် ၎င်းတို့၏ လုပ်ငန်းခွင်များသို့ မသွားရဲကြသည့် အပြင် ၎င်းတို့ ကျေးရွာများ၌ နေထိုင်ရသည်ကိုပင် လုံခြုံမှုမရှိဟု ခံစားနေကြကြောင်း ပြောဆိုကြသည်။

လက်ရှိ အခြေအနေများကြောင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးနေကြသည့် ဒေသခံများသည်လည်း ၎င်းတို့၏ လုပ်ငန်းခွင်များသို့ သွားရောက် လုပ်ကိုင်လိုသူ မရှိတော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ စားဝတ်နေရေး အတွက် စိုးရိမ်ပူပန်နေကြရကြောင်းလည်း မောင်တောဒေသခံများ က ပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များတွင် နေထိုင် ကြသည့် ဒေသခံ ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုများသည် ၎င်းတို့၏ ဘဝလုံခြုံမှုအတွက် အာမခံချက် ပေးနိုင်မည့် လုံခြုံရေး အစီအမံများ လိုအပ်နေကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဗဟိုအစိုးရတို့က ဆောင်ရွက်ပေးထားသည့် လုံခြုံရေး အစီအမံများ ရှိနေသော်လည်း ၎င်းတို့ အတွက် လုံလောက်မှု မရှိကြောင်း၊ အထူးသဖြင့် မြို့နှင့်ဝေးလံသည့် ကျေးရွာငယ်များတွင် မည်သည့် လုံခြုံရေး မှ မရှိဟု ပြောဆိုကြသည်။

မောင်တောမြို့ခံ တဦးဖြစ်သော ဦးမောင်လှသန်း က “လုံခြုံရေးတပ်ဖွဲ့ဝင် တချို့က ရွာကြီးတွေမှာပဲ ရှိတယ်၊ ရှိတဲ့ လုံခြုံရေးကလည်း သူတို့ရဲ့ စခန်းကိုပဲ အဓိက စောင့်ရှောက်နေတာပါ၊ မြို့နဲ့ဝေးလံတဲ့ နေရာတွေမှာတော့ ပြဿနာ ဖြစ်မှပဲ လုံခြုံရေးတွေ က ရောက်လာကြတယ်၊ သူတို့ရောက်တဲ့အချိန်မှာ အသတ်ခံရသူတွေက သေဆုံးနေပါပြီ” ဟု ပြောသည်။

မောင်တောဒေသ၌ တပ်မတော် စစ်ကြောင်းတချို့နှင့်နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့တို့ ပူး ပေါင်း၍ လုံခြုံရေး ဆောင်ရွက်နေသည့်တိုင် အကြမ်းဖက်မှု၊ လူသတ်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ပြည်သူများကြား စိုးရိမ်မှု မြင့်တက်လာနေကြသည်။

ထို့ကြောင့် မောင်တောဒေသမှ ပြည်သူများ၏ လုံခြုံရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင်ပေးရန် အတွက် ရခိုင်ပြည်နယ် အစိုးရ အား တိုက်တွန်းကြောင်း အဆိုတခုကိုလည်း ရခိုင်ပြည်နယ် လွှတ်တော်၌ ဇူလိုင်လ ၁၁ ရက်နေ့က ကန့်ကွက် သူ မရှိ အတည်ပြုပေးခဲ့သည်။

“ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များမှ ပြည်သူများ၏ ဘ၀ လုံခြုံရေးကို အာမခံချက်ပေးနိုင် မည့် လုံခြုံရေး အစီအမံများကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း” အဆိုအား ဘူးသီးတောင် မြို့နယ် မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ် သည်။

သို့သော် ပြည်နယ်အစိုးရ အဖွဲ့၏ ပြောခွင့်ရသူက မောင်တောဒေသသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်၍ ထိုအဆိုအား မှတ်တမ်း အဖြစ်သာ ထားရှိရန် လွှတ်တော်၌ တောင်းဆိုခဲ့သည်ဟု ပြောသည်။

မောင်တောခရိုင် လုံခြုံရေးအတွက် လုံခြုံရေး အစီအမံများအား ရဲတပ်ဖွဲ့နှင့်တပ်မတော် စစ်ကြောင်းများက ဆောင်ရွက် နေသည့်အတွက် ဦးထွန်းအောင်သိန်း၏ အဆိုအား အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားသင့်ကြောင်း ရခိုင်ပြည် နယ် အစိုးရ အဖွဲ့၏ ပြောခွင့်ရသူနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင် က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

မောင်တောခရိုင်၌ ရဲတပ်ဖွဲ့ဝင် အရာရှိများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်အခြားရဲတပ်ဖွဲ့ဝင်များ စသည်ဖြင့် စုစုပေါင်း အင် အား ၂၀၀၀ ကျော် ချထားပေးထားကြောင်း၊ ထို့အတူ တပ်မတော်ကလည်း မောင်တောဒေသ လုံခြုံရေးအတွက် ဆောင် ရွက်နေကြောင်း၊ တပ်ဖွဲ့ဝင်သစ်များကိုလည်း သင်တန်းပေးနေကြောင်း ဝန်ကြီး ဦးမင်းအောင် က လွှတ်တော်၌ ရှင်းလင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက “မောင်တောဒေသ တည်ငြိမ်လုံခြုံရေးအတွက် ကြိုတင် ဆောင်ရွက်နေတယ် ဆိုတာကို ပြည်သူတွေက သိရင် မောင်တောဒေသ တည်ငြိမ်လာမှာပါ၊ မောင်တောခရိုင် အတွက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို စနစ် တကျ ဆောင်ရွက် နေတာကြောင့် ဦးထွန်းအောင်သိန်းရဲ့အဆိုကို မှတ်တမ်း အဖြစ်သာ ထားသင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အဆိုရှင် ဦးထွန်းအောင်သိန်းက ပြောဆိုရာတွင် ၎င်း၏ အဆိုအားမှတ်တမ်းတင်ရန် မဖြစ်နိုင်ကြောင်း၊ အစိုးရအနေဖြင့် လုံ ခြုံရေး အစီအစဉ်များ ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ထိရောက်မှုမရှိကြောင်း၊ ထိုသို့ပြောဆိုရခြင်းသည် အစိုးရ အား တိုက်ခိုက်ပြောဆိုနေခြင်း မဟုတ်ပဲ အစိုးရ၏ ဆောင်ရွက်ချက် အားနည်းမှုနှင့်လုံခြုံရေး အားနည်းနေမှုကို ပြုပြင် ဆောင်ရွက်ပေးရန် တိုက်တွန်းခြင်းသာ ဖြစ်ကြောင်း မီဒီယာများကို ပြောသည်။

၎င်းက “မြေပြင်မှာ ဖြစ်နေတာတွေကို ကျနော်တို့က ဒေသခံဖြစ်လို့ အမှန်အတိုင်းတင်ပြတာဖြစ်ပါတယ်၊ အမှန်တွေကို တင်ပြတာဖြစ်လို့ အစိုးရ အနေနဲ့သူတို့ရဲ့ အားနည်းချက်ကို ဖုံးကွယ်မထားသင့်ပါဘူး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်” ဟုလည်း ပြောဆိုသည်။

ထို့အတူ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစိုးရအား တိုက်ခိုက်ခြင်း မဟုတ်ဘဲ အစိုးရ၏ အားနည်းချက်ကို ေ၀ ဖန် ထောက်ပြခြင်းသာ ဖြစ်ကြောင်း၊ ယင်းအားနည်းချက်ကို အစိုးရက ပြုပြင်မည်ဆိုပါက ဒေသခံ ပြည်သူများ သည် လည်း အကြမ်းဖက်မှု အန္တရာယ်မှ လွတ်ကင်းနိုင်မည်ဟု ဦးထွန်းအောင်သိန်း က ဆိုသည်။

မောင်တောခရိုင်အတွင်း၌ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်း၊ အကြမ်းဖက် သင်တန်းများပေးနေခြင်း၊ အကြမ်း ဖက်ရန် ကြံစည်နေသူများအား မကြာခဏ ဖမ်းမိနေခြင်း၊ လက်နက်များ ဖမ်းမိခြင်းတို့ကြောင့် ဒေသခံများက ကျီးလန့်စာစား ဘဝဖြင့် နေထိုင်ကြရသည်ဟု ပြောဆိုကြသည်။

ထို့အတူ ဖမ်းဆီးရမိထားသည့် အကြမ်းဖက် သမားများအား ဥပဒေကြောင်းအရ မည်ကဲ့သို့ အရေးယူဆောင်ရွက်ထား သည်ဆိုသည်ကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူများကို ရှင်းပြပေးရန်လိုအပ်ကြောင်း ရခိုင်ဒေသခံများက ပြော သည်။

မေယုခရိုင်ဟု လူသိများသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ ပြည်သူ ၅၀၀ ဝန်းကျင်နှင့် ဆရာ တော်၊ သံဃာတော်များသည် “မေယုဒေသ တည်ငြိမ်အေးချမ်းရေး” အတွက် လူထုတွေ့ဆုံ ဆွေးနွေးပွဲ တခုကို ဇူလိုင်လ ၆ နေ့က မောင်တောမြို့၌ ပြုလုပ်ခဲ့ကြသေးသည်။

ယင်းလူထု တွေ့ဆုံ ဆွေးနွေးပွဲ၌ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှုကဏ္ဍကို အလေးထားဆွေးနွေး ခဲ့ကြ ကြောင်း မောင်တော ဒေသခံများ က ဧရာဝတီကို ပြောသည်။

မောင်တောဒေသခံ ဦးသန်းရွှေက “အဓိက ဆွေးနွေးကြတာတော့ မေယုဒေသမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လုံ ခြုံရေးကိစ္စတွေပါ၊ နောက်တခုက တရားဥပဒေစိုးမိုးရေးပါ၊ ကျနော်တို့ဒေသမှာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး ဖြစ်နေ ပါတယ်” ဟု ပြောဆိုသည်။

မေယုဒေသ၌ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးရေး ဥပဒေတရပ် ပြဌာန်းပေးရေး၊ တလင်တမယား စနစ်ကျင့်သုံးပေးရေး၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဖြင့် စိစစ်ပေးရေး၊ ဥပဒေနှင့်မညီသည့် နိုင်ငံသား ကတ် များထုတ်ပေးထားမှုများကို ပြန်လည်ရုပ်သိမ်းရေး၊ နိုင်ငံသား မဟုတ်သူများအား ဒုက္ခသည်စခန်းဖြင့် ထားပေးရေး၊ မေယုဒေသမှ INGOs, INO များ ထွက်သွားပေးရေး စသည့် အချက် ၇ ခုကိုလည်း မေယုဒေသ လူထု တွေ့ဆုံပွဲ က ကြေညာချက် ထုတ်၍ တောင်းဆိုခဲ့ကြသည်။

မောင်တောဒေသ၌ မတည်ငြိမ်မှုများကြောင့် ထိုဒေသအား စစ်အုပ်ချုပ်ရေး စနစ်ဖြင့်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတက အမိန့်တရပ် ထုတ်ပြန်ပေးရန်အတွက်ဟု ဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် နိုင်ငံရေး ပါတီ ၁၄ ခု ကလည်း မကြာသေးခင်က ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြသေး သည်။
သမ္မတရုံး ဝန်ကြီးဌာန၏ ပြောခွင့်ရသူ ဦးဇော်ဌေးကမူ မောင်တော နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံ တော် အစိုးရက အလေးထား လုပ်ဆောင်နေ ကြောင်း ဧရာဝတီ ကို ပြောဆိုခဲ့သည်။

မောင်တော၊ ဘူးသီးတောင်ရှိ နယ်ခြားစောင့် တပ်စခန်းများနှင့်နယ်ခြားစောင့်တပ်စခန်း ဌာနချုပ်အား ၂၀၁၆ ခုနှစ်၊ အောက်တို ဘာလက အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးပါအဝင် တပ်မတော်သား တချို့လည်း သေဆုံးခဲ့ရသည်။ ထို့အတူ လက်နက် အများအပြားကိုလည်း အကြမ်းဖက်သမားများက သိမ်းယူသွားခဲ့ သည်။

ထိုသို့ အကြမ်းဖက်မှုများအား ကာကွယ်ရန်နှင့် နယ်စပ်လုံခြုံရေး အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တလျှောက်တွင် လက်ရှိထက် ပိုမိုကောင်းမွန်သည့် လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးရေးနှင့် နယ်စပ် ခြံစည်းရိုး ကာရံနိုင်ရေး အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ဇော်ဇော်မြင့် ကလည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ် သည့် လွှတ်တော် အစည်းအဝေး၌ အဆို တင်သွင်းခဲ့သေးသည်။

သို့သော် ထိုအဆိုအား လွှတ်တော်တွင် ဆွေးနွေးခဲ့ကြသော်လည်း၊ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်သည် မိုင်ပေါင်း ၁၀၀ ကျော် ရှည်လျားခြင်း၊ ဘတ်ဂျက် လုံလောက်မှု မရှိခြင်း စသည်တို့ကြောင့် ခြံစည်းရိုး တံတိုင်း ကာရံမည့် အဆို အား မှတ်တမ်းအဖြစ်သာ ထားခဲ့သည်။

ဦးဇော်ဇော်မြင့် က “ကျနော်ဆိုလိုတာက အုတ်တံတိုင်းကြီး တည်ဆောက်ဖို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး၊ ဒါပေမယ့် နယ်စပ် လုံခြုံရေးအတွက် လက်ရှိထက် ကောင်းမွန်တဲ့ လုံခြုံရေးစနစ်၊ ရေရှည် တည်တံ့မယ့် ခြံစည်းရိုးကို စနစ်တကျ ကာရံနိုင်ဖို့ အတွက် အဆိုတင်သွင်းခဲ့တာပါ” ဟု ဧရာဝတီ ကို ပြောဆိုခဲ့သည်။

မောင်တောဒေသ၌ တရားဥပဒေ စိုးမိုးမှုသည်လည်း အရေးပါကြောင်း၊ နယ်စပ်လုံခြုံရေး မည်မျှပင် ကောင်းမွန်စေကာ မူ တရားဥပဒေ စိုးမိုးမှုမရှိပါက ဒေသတွင်း တည်ငြိမ်ရေး မရှိနိုင်ကြောင်း ဒေသခံများ က ပြောဆိုကြသည်။

၂၀၁၆ ခုနှစ် မောင်တော အကြမ်းဖက်မှုဖြစ်ခဲ့သည့် အောက်တိုဘာလမှ ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့ အထိ မောင်တော ခရိုင်၌ အရပ်သား ၄၁ ဦး အသတ်ခံခဲ့ရပြီး အရပ်သား ၂၃ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ သတင်း ထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုတွင် လုံခြုံရေး စခန်းများအား အလွယ်တကူ ဝင်ရောက် တိုက်ခိုက် ၍ နက်လက်များကို သိမ်းဆည်းယူသွားနိုင်ခဲ့ခြင်းကပင် မောင်တောခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများ၏ ဘ၀ လုံခြုံ ရေး အတွက် အာမခံချက် မရှိဖြစ် နေသည်။

ထိုကြောင့် ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ အနေဖြင့် မောင်တောနယ်စပ်မှ ဒေသခံ ပြည်သူများ၏ ဘ၀ လုံခြုံရေးအတွက် လက်ရှိ ထက်ကောင်းမွန်သည့် လုံခြုံရေး စနစ် မဖြစ်မနေ ဆောင်ရွက်ပေးရန် အရေးတကြီး လို အပ် နေပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading