• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျေးဇူးခံကျေးဇူးစား မြန်မာ့နိုင်ငံရေး ကောင်းသလား ဆိုးသလား

by Renaud Egreteau
24 August 2017
in ဆောင်းပါး
A A
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေက မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ကိုယ်စားလှယ် အသစ်များကို တိုက်ရိုက် အားဖြည့်ပေးခဲ့သည် / Reuters

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေက မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ကိုယ်စားလှယ် အသစ်များကို တိုက်ရိုက် အားဖြည့်ပေးခဲ့သည် / Reuters

4.8k
VIEWS
Share on FacebookShare on Twitter

၂၀၁၄ ခုနှစ်တွင် ဥပဒေသစ်တခု ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကို ထိုစဉ်က အာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားသည့် မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပါလီမန်(လွှတ်တော်) စနစ်များကို ယေဘုယျအားဖြင့် လေ့လာ ကြည့်လျှင် ထိုကဲ့သို့သော ရန်ပုံငွေများကို လွှတ်တော်ကိုယ်စားလှယ်များသို့ ခွဲဝေချထားပေးပြီး ၎င်းတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် အခွန်တိုးမြှင့် ကောက်ခံခြင်း မပြုဘဲ အစိုးရက ငွေကြေးထောက်ပံ့သည့် စီမံကိန်းများတွင် နှစ်စဉ် သုံးစွဲ နိုင်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် စတင်ကျင့်သုံးသည့် ဥပဒေအရ မြန်မာနိုင်ငံ၏ ပြည်ထောင်စု ဘတ်ဂျက်မှ တနှစ်လျှင် ကျပ်ငွေ ၃၃ ဘီလီယံ ရရှိမည်ဖြစ်ပြီး အဆိုပါ ရံပုံငွေကို မြန်မာနိုင်ငံ၏ မြို့နယ် ၃၃၀ သို့ အညီအမျှ ခွဲဝေပေးမည် ဖြစ်သည်။ ထို့ကြောင့် အသေးစားဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အများပြည်သူနှင့် ဆိုင်သော လုပ်ငန်းများတွင် သုံးစွဲရန် မဲဆန္ဒနယ်တခုလျှင် ကျပ် သိန်း ၁၀၀၀ စီ နှစ်စဉ် ရရှိမည် ဖြစ်သည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.9k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
428
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.1k

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေသည် လူမှုအသိုင်းအဝိုင်း အခြေပြု စီမံကိန်းများ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေနှင့် သန့်ရှင်းရေး၊ လမ်းများ၊ တံတားများ၊ ဆေးခန်းများနှင့် ကျောင်းများကဲ့သို့သော အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးတို့ကို နှစ်စဉ်မြှင့်တင်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ရန်ပုံငွေ စီမံခန့်ခွဲရေး အတွက် ခန့်အပ်ထားသည့် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး အရာရှိ၊ အစိုးရဌာနဆိုင်ရာ အရာရှိများနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌတို့ ပါဝင်ကြသည်။ အဖွဲ့တွင် လွှတ်တော် ကိုယ်စားလှယ် တဦးက ဥက္ကဌအဖြစ် ဆောင်ရွက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ရန်လည်း သတ်မှတ်ထားသည်။

ထိုကဲ့သို့ ပုံစံမျိုးဖြစ်သည့် မဲဆန္ဒနယ်အဆင့် ဖွံဖြိုးရေး အစီအစဉ်များကို အမေရိကန် နိုင်ငံရေးလောကတွင် “ဝက်သား စည် (pork barrel) ” အစီအစဉ်များအဖြစ် နှိမ်ချခေါ်ဝေါ်ခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် ၁၈၀၀ နှစ်များအတွင်းက ဝက်သားဆားနယ်များနှင့် ဝက်ပေါင်ခြောက်များကို ကြီးမားသော စည်ကြီးများအတွင်း သိုလှောင်ခဲ့ကြပြီး ဆင်းရဲ နွမ်းပါးသော မိသားစုများနှင့် ကျွန်များကို ကျွေးမွေးရန် သဘောထားကြသည်။ “ဝက်သားဝေခြင်း” သို့မဟုတ် “အိမ်သို့ ဝက်ပေါင်ခြောက် ယူလာခြင်း” ဆိုသည်မှာ မကြာမီ အထက်မှ ပုဂ္ဂိုလ်(စိုက်ခင်းပိုင်ရှင် ဖြစ်စေ နိုင်ငံရေးသမား ဖြစ်စေ) တဦးဦး၏ ပေးကမ်းစောင်မမှုကို ရရှိတော့မည် ဆိုသည်ကို တင်စား ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ဝက်သားစည် အသုံးစရိတ် (Pork barrel spending) ဆိုသည်မှာ ဗဟို အစိုးရ၏ ရက်ရောမှုနှင့် အစိုးရက ထောက်ပံ့သည့် ဝန်ဆောင်မှုများ သို့မဟုတ် ကုန်ပစ္စည်းများကို ဒေသများတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ မှတဆင့် ဖြန့်ဖြူး ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် နိုင်ငံရေး ထောက်ခံမှုအတွက် အလဲအလှယ်သဘော ဖြစ်သည်။ (မြန်မာလို “ကျေးဇူးခံ ကျေးဇူးစား”ဆိုလျှင် နီးစပ်မည်ထင်သည်။)

ကမ္ဘာတလွှားမှ ဥပဒေပြုအမတ်များနှင့် ပါတီနိုင်ငံရေးတို့၏ ဝက်သားစည် အသုံးစရိတ်နှင့် ပတ်သက်၍ နိုင်ငံတကာမှ ကောင်းမွန်သော အုပ်ချုပ်မှု အသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပျက်စီးစေနိုင်သော သက်ရောက်မှု ၃ ခုကြောင့် ဖြစ်သည်။ ပထမအချက်မှာ အစိုးရ ရန်ပုံငွေများ တစုံတယောက်၏ မဲဆန္ဒနယ်နှင့် ဆက်နွယ်နေခြင်းက နိုင်ငံရေးသမားတဦးအတွက် အမာခံ မဲဆန္ဒရှင်များ ရရှိနိုင်ရန် အထောက်အကူ ဖြစ်စေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသောကြောင့် ဖြစ်သည်။ ကျေးဇူးတင်ခံရပြီး နောက်တကြိမ် ပြန်လည် ရွေးကောက်ခံရစေရန် ရည်ရွယ်ချက် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ရွေးကောက်ခံ ကိုယ်စားလှယ်များက အခွန်မှ ရရှိသည့် အစိုးရ၏ ငွေများကို သူတို့၏ကိုယ်ပိုင် မဲဆန္ဒနယ်များအတွက် သုံးစွဲကြသည်။ အခြေခံ လိုအပ်ချက် စည်းကမ်း ဥပဒေများနှင့် အညီ ဖြစ်ရမည့်အစား အစိုးရ၏ အရင်းအမြစ် ဘဏ္ဍာငွေများမှာ နိုင်ငံရေးသမားများ၏ ရပ်တည်နိုင်မှု သို့မဟုတ် အမာခံမဲဆန္ဒရှင်များ ရရှိနိုင်မည့် အလားအလာတို့ အတွက် အချိုးအစား မမျှတစွာ အသုံးပြုခြင်းများ ရှိတတ်ပါ သည်။

ဒုတိယအချက်အနေဖြင့် အထူးသဖြင့် အစိုးရ၏ စွမ်းဆောင်ရည် အားနည်းသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဝက်သားစည် နိုင်ငံရေးက အစိုးရဘဏ္ဍာငွေများကို အကျင့်ပျက်ခြစားမှုများ၊ ဘဏ္ဍာရေး လိမ်လည်မှုများ၊ အလွဲသုံးစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားလေ့ရှိပါသည်။ တတိယအချက်မှာ ဝက်သားစည် အစီအစဉ်များအတွက် ဘဏ္ဍာငွေ အရင်းအမြစ်မှာ ဒေသခံ အခွန်ထမ်းများမဟုတ်ဘဲ ဗဟိုုအစိုးရ၏ ဘဏ္ဍာတိုက် ဖြစ်သော်လည်း အဆိုပါ အစီအစဉ်များက ပြည်သူပိုင်ငွေများ ကြီးမားစွာဆုံးရှုံးခြင်းနှင့် နိုင်ငံ၏ ကြွေးမြီများတိုးလာခြင်း တို့ဆီသို့ ဦးတည်သွားလေ့ရှိပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ရော စီးပွားရေး ခေတ်မီတိုးတက်၍ ချမ်းသာသော နိုင်ငံများတွင်ပါ တူတူပင်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ စတင်ခဲ့သည့် ၂၀၁၄ ခုနှစ် အစောပိုင်းမှစ၍ ကျနော် တွေ့ဆုံမေးမြန်း ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (ပြည်နယ်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်) အများစုက အစီအစဉ် နှင့် ပတ်သက်၍ အပြုသဘောဆောင်သော တုန့်ပြန်မှုများ ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဝက်သားစည် နိုင်ငံရေး၏ အခွင့်အလမ်းသစ်များအတွက် တက်ကြွ စိတ်အားထက်သန်နေသည်ကိုလည်း တွေ့ရသည်။ လွှတ်တော်ကိုယ်စားလှယ် အများစုက ထိုအစီအစဉ်မှတဆင့် သူတို့၏ မဲဆန္ဒနယ်များတွင် ဆောင်ရွက်ပြီးစီးခဲ့သည်များအတွက် ဂုဏ်ယူစွာ ကာကွယ် ခဲ့ကြသည်။ ဝက်သားစည် အစီအစဉ်များနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပိုင်းက ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေက မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ကိုယ်စားလှယ် အသစ်များကို တိုက်ရိုက် အားဖြည့်ပေးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သူတို့၏ မဲဆန္ဒနယ်များအတွက် (အလုံးစုံ မဟုတ်သော်လည်း) တန်ဖိုးရှိသည့် အများပြည်သူ အကျိုးရှိမည့် ကိစ္စများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့် ရရှိစေခဲ့သည်။ အကယ်၍ လူသိအောင် လုပ်ပြနိုင်လျှင် အသစ်ရွေးချယ်လိုက်သည့် တာဝန်ရှိသူများတွင် လုပ်ဆောင်နိုင်သည့် အာဏာရှိကြောင်း သေးငယ်သော စီမံကိန်းလေးတခုနှင့်ပင် ပြသနိုင်မည် ဖြစ်ပြီး အနားသို့ ကပ်ရန် မဖြစ်နိုင်သည့် မြန်မာ့တပ်မတော် သို့မဟုတ် သြဇာကြီးသည့် ဝန်ကြီးများ၏ အဝေးမှ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ကာလရှည်ကြာစွာ နေထိုင်ခဲ့ရသည့် လူ့အဖွဲ့အစည်းတခုအတွက် အပြောင်းအလဲကို ယူဆောင်ပေးခြင်း ဖြစ်သည်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက သူတို့၏ မဲဆန္ဒနယ်များတွင် ရေဆိုးထုတ် ပိုက်လိုင်းများနှင့် အခမဲ့ အများသုံး အိမ်သာများ၊ လမ်းများနှင့် ပလက်ဖောင်းများ တည်ဆောက်ခြင်း၊ အစိုးရ လျှပ်စစ်မီး မရရှိသည့် ဝေးလံသော ဒေသများတွင် ဆိုလာပြားများ တပ်ဆင်ပေးခြင်း သို့ မဟုတ် ကျောင်းများနှင့် ဆေးခန်းများ တည်ဆောက်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ၏ ယန္တယားများက နှစ်စဉ် အဖွဲ့အစည်းပုံစံဖြင့် ဖွံ့ဖြိုးလာကြောင်း ကျနော်ပြုလုပ်ခဲ့သည့် အင်တာဗျူးများက ဖော်ပြနေသည်။ စီမံကိန်းရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဒေသအများအပြားမှ မြို့နယ်အဆင့် ကော်မတီများနှင့် ရပ်ကွက်အဆင့် ကော်မတီခွဲများ ဆွေးနွေးမှုများက မကြာခဏ ရှိလာပြီး အလုပ်လုပ် ရာတွင်လည်း စနစ်တကျဖြစ်လာသည်။ ယခုအခါ ရွေးကောက်ခံ ကိုယ်စားလှယ်များက မည်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်ရမည် ဆိုသည်ကို ရွေးချယ်ခြင်း မပြုမီ အင်ဂျင်နီယာများ၊ ဗိသုကာများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပုဂ္ဂိုလ်များ သာမက ကျေးရွာ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်လည်း တနှစ်ပတ်လုံး တိုင်ပင်ဆွေးနွေးလေ့ရှိပါသည်။ ငွေကြေးဆိုင်ရာ မှတ်တမ်းများကို ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက ရန်ပုံငွေ ထုတ်ပေးသည့် ပြည်ထောင်စု လွှတ်တော်ရုံးသို့ နှစ်စဉ် တင်သွင်းရသည်။

သို့သော်လည်း ထိရောက်မှု၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့်ဆောင်ရွက်သည့် စီမံကိန်းများ ဒေသနှင့် ဆက်စပ်မှု၊ အချို့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသအာဏာပိုင်တို့၏ ရွေးချယ်မှု စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်၍ ဝေဖန်မှုများ ပေါ်ထွက်လာနေခြင်းကို မတားဆီးနိုင်ခဲ့ပါ။ အမှန်တကယ်တွင်လည်း ဒေသတွင်း ဗျူရိုကရေစီ ယန္တယားက တက်ကြွမှုမရှိသော သို့မဟုတ် တပ်မတော်က လည်ပတ်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အပြည့်အထိန်းချုပ်မှုအောက်တွင် ရှိနေသော မဲဆန္ဒနယ် အများအပြားတွင် ဆွေးနွေးညှိနှိုင်းမှုများက အကန့်အသတ်ဖြင့် သို့ မဟုတ် အထက်က ဆုံးဖြတ်သည့် ပုံစံမျိုးဖြင့် ရှိနေဆဲ ဖြစ်သည်။ သြဇာရှိသည့် ဒေသခံ ပုဂ္ဂိုလ်များ(အချို့မှာ လွှတ်တော်ကိုယ်စားလှယ်များ) ကလည်း ဆွေးနွေးခြင်း၊ ပြည်သူလူထုနှင့် ညှိနှိုင်းခြင်းများကို သဘောမတူကြသည့် အသွင်ရှိသည်။

ထို့အပြင် ဒေသချင်း ကွဲပြားမှု အခက်အခဲရှိကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေက မြို့နယ်တိုင်းကို တူညီသော ပမာဏဖြင့် ချထားပေးခြင်း ဖြစ်သည်။ ဆင်းရဲ နွမ်းပါးသော ရာနှင့်ချီသော ကျေးရွာများ ပါဝင်နေသည့် မဲဆန္ဒနယ်များမှ ရွေးကောက်ခံကိုယ်စားလှယ်များက သူတို့၏ မဲဆန္ဒနယ်များသည် ဥပမာအားဖြင့် ရန်ကုန်မြို့မှ လူချမ်းသာရပ်ကွက်များရှိသော ရွှေတောင်ကြားကဲ့သို့ နေရာများထက်ပို၍ ဖွံ့ ဖြိုးရေး အကူအညီများ လိုအပ်ကြောင်း စတင်၍ စောဒက တက်လာကြသည်။ လွှတ်တော်ကိုယ်စားလှယ်များ အထူးသဖြင့် အသစ်ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်များအနေဖြင့်လည်း နှစ်စဉ်လုပ်ရသည့် လုပ်ငန်းစဉ်ဖြစ်သည့် စီမံကိန်း ရွေးချယ်ခြင်း၊ စစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့် ရန်ပုံငွေ၏ ငွေကြေးမှတ်တမ်းများ ထိန်းသိမ်းခြင်းတို့က မည်မျှ တာဝန်ကြီး၍ မည်မျှအချိန်ကုန်ကြောင်း သတိပြုမိလာကြပြီ ဖြစ်သည်။

သို့သော်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပတ်သက်၍ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် ကောင်းမွန်သော အုပ်ချုပ်မှု အသိုင်းအဝိုင်းမှ စိုးရိမ်ခဲ့ကြသည့် ပြည့်သူ့ဘဏ္ဍာငွေ ပြုန်းတီးခြင်း၊ အကျင့်ပျက် ခြစားမှုနှင့် နိုင်ငံရေး ကျေးဇူးခံကျေးဇူးစား အလေ့အထ အမြစ်တွယ်သွားစေနိုင်ခြင်းတို့က မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေပြုအဖွဲ့ နှင့် ထိပ်တန်း နိုင်ငံရေးသမားများကို များစွာ သတိပေးနိုင်သည့် အသွင်မရှိပါ။

ထိုသို့ ဖြစ်ရခြင်းမှာ ပထမအချက်အနေဖြင့် လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အစီအစဉ်မှ တဆင့် နှစ်စဉ် သုံးစွဲသည့် နိုင်ငံပိုင်ငွေ စုစုပေါင်းက နည်းပါးသောကြောင့် ဖြစ်ပုံရပါသည်။ မဲဆန္ဒနယ်တိုင်းတွင် ကျပ်သိန်း ၅၀ ခန့် တန်မည့် စီမံကိန်း များ တနှစ်လျှင် အများဆုံး ၂၀ ခန့် ဆောင်ရွက်ခွင့် ရှိနေသည်။ ရန်ကုန်တွင် အခြေစိုက်သည့် နိုင်ငံခြား သံရုံးများနှင့် နိုင်ငံ တကာ အဖွဲ့ အစည်းများက အလားတူ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ပိုမိုများပြားသော ငွေကြေး ပမာဏဖြင့် အသေးစား ထောက်ပံ့ရေး အစီအစဉ်များ ဆောင်ရွက်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ဒုတိယ အချက်အနေဖြင့် အကျင့်ပျက်ခြစားသည့် အမှု ကောလာဟလ အများအပြားလည်း တဖြေးဖြေးနှင့် ပေါ်ပေါက်လာ နေသည်။ အထူးသဖြင့် NLD က လွှတ်တော်ကို ထိန်းချုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ဖြစ်သည်။ ကျနော် လတ်တလော ပြုလုပ်ခဲ့သည့် အင်တာဗျူးများက အလွဲသုံးစားမှုနှင့် အကျင့်ပျက်ခြစားမှု ဇာတ်လမ်းအများအပြားကို ဖော်ထုတ်နိုင်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်၍ မြို့နယ်အဆင့် ဖွံ့ဖြိုးရေး ကော်မတီများက အတည်ပြုသည်။ ကန်ထရိုက်ရွေးချယ်ရန် တင်ဒါစနစ်ကို အသုံးပြုသည်။ ထိုအချိန်သည် ကမ္ဘာတလွှားတွင်လည်း အကျင့်ပျက်ခြစားမှု ဝင်လာတတ်သည့် အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး စီမံကိန်းများနှင့် အများ ပြည်သူနှင့်ဆိုင်သော အလုပ်များအတွက် တင်ဒါခေါ်ယူခြင်းသည် ပွင့်လင်းမြင်သာမှု မရှိသည့် အလုပ်တခု ဖြစ်လေ့ရှိပြီး အတုအယောင် ကုန်ကျစရိတ်များ၊ တာဝန်ရှိသူများကို လာဘ်ပေးရခြင်းနှင့် ဆွေမျိုးကောင်းစားရေးဝါဒတို့ ပါဝင်နေတတ် သည်။ ၂၀၁၅ ခုနှစ်က ရွေးချယ်တင်မြှောက်ခံရသော NLD ကိုယ်စားလှယ်တဦးက ယခင်က ဆိုလျှင် သိန်း ၅၀ တန် စီမံ ကိန်းတခု အတွက် လာဘ်ငွေ ၄ သိန်းပေးရသည်မှာ ထုံးစံလို ဖြစ်ခဲ့ကြောင်း အင်တာဗျူးတခုတွင် ပြောသည်။

ရွေးကောက်ခံကိုယ်စားလှယ် ၁၅၀ ခန့်ကို ပါတီတွင်း စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့ကြောင်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် အာဏာရပါတီက ကြေညာခဲ့သည်။ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ စီမံခန့်ခွဲမှု နှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်များ အပေါ် တိုင်ကြားချက်များ၊ ပြည်သူလူထုက ကန့်ကွက်မှုများ တိုးလာနေကြောင်း ပါတီခေါင်းဆောင် တဦးက ဝန်ခံခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ တရားရုံးသို့ ရောက်လာသောအမှု တခုမျှ မရှိခဲ့သလို အပြစ်ပေး အရေးယူ ဆောင်ရွက်မှု တစုံတရာကိုလည်း တရားဝင် ထုတ်ဖော်ကြေညာခြင်း မရှိသေးပါ။ မြန်မာနိုင်ငံ၏ နိမ့်ကျနေသော စီးပွားရေး အခြေအနေအရ ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့် အကျင့်ပျက်ခြစားမှုနှင့် တရားဥပဒေစိုးမိုးရေး၏ စိုးရိမ်စရာ မှတ်တမ်းများကြောင့် တရားမဝင် အလေ့အထများက ရှောင်လွှဲ၍ မရနိုင်အောင် ဖြစ်နေ သည်။

တတိယ အနေဖြင့် စစ်ဘက်က တိုက်ရိုက်အုပ်ချုပ်သည့် စနစ်မှ အခြားသော တစုံတခုသို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံ ၏ လက်ရှိ အသွင်ကူးပြောင်းရေးသည် လူ့အဖွဲ့အစည်း၏ အလွှာတိုင်း၌ လူမှုရေးနှင့် နိုင်ငံရေး မှီခိုမှုတို့က အစဉ်အလာအရ အကျိုးလို၍ ညောင်ရေလောင်းသည့် ဆက်နွယ်မှုပေါ်တွင် ကာလရှည်ကြာစွာ ဖြစ်ထွန်းခဲ့သည့် လူမှုအသိုင်းအဝိုင်းအတွင်း ပေါ်ပေါက်နေခြင်း ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံမှ နိုင်ငံရေး ထောက်ခံမှုအတွက် မက်လုံးပေးစည်းရုံးသည့် ဝါဒ၏ သိသာထင်ရှားမှု၊ ပုံသဏ္ဍန်နှင့် အလုပ်လုပ်ပုံများက စစ်ဆေးကြည့်ရန် များစွာ ကျန်နေပါသေးသည်။ စစ်အစိုးရ ခေတ်လွန် လက်ရှိ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် သြဇာသက်ရောက်မှုကိုလည်း မသိရသေးပါ။ မှန်းဆခြင်းများသာ ရှိပါသည်။

ထို့ကြောင့် ပေးကမ်းစည်းရုံးသည့် နိုင်ငံရေး၊ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ နှင့် မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံရခြင်းတို့ကြားမှ ဆက်သွယ်ချက်နှင့် ပတ်သက်၍ တိကျသော သုံးသပ်ချက် ရရှိရန် မဖြစ်နိုင်ပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် အတော်ပင် လွတ်လပ်၍ တရားမျှတမှုရှိခဲ့သော ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေ ပေါ်ပေါက်လာခဲ့ပြီး နောက်တနှစ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၌ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တနိုင်ငံလုံးနှင့် ဒေသအသီးသီးတွင် စစ်ဘက်ကျောထောက်နောက်ခံ ရှိသော ထိပ်သီး ပုဂ္ဂိုလ်များကို ပထမဆုံးအကြိမ်အဖြစ် ဆန့်ကျင်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြီးမားသော ထောက်ခံမှုကို ပြသခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အရပ်သားလွှတ်တော်ကိုယ် စားလှယ်များထဲမှ ပြန်လည်ရွေးချယ်ခံရသူ ၁၃ ရာခိုင်နှုန်းပင် မရှိခဲ့ပါ။ ယခင်လွှတ်တော်ကိုယ်စားလှယ်အများစု (အထူးသဖြင့် ထိုစဉ်က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ) သည် သူတို့၏ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ၅ နှစ် သက်တမ်းအတွင်းတွင် သူတို့ကို ထောက်ခံသည့် ကွန်ရက်များမှတဆင့် ပါတီရံပုံငွေ သို့မဟုတ် ၂၀၁၄ ခုနှစ်နောက်ပိုင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေတို့ဖြင့် သူတို့၏ မဲဆန္ဒနယ်များတွင် ရက်ရောစွာ သုံးစွဲခဲ့ကြသည်။ သို့သော်လည်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အများစု ရှုံးနိမ့်ခဲ့ကြသည်။

နောက်လာမည့် ရွေးကောက်ပွဲများတွင်မူ ထိရောက်သော ဆောင်ရွက်မှုနှင့် ယခုအချိန်တွင် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်နေသည့် မဲဆန္ဒနယ်အတွင်းမှ (ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ တဆင့် အပါအဝင်) ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သူတို့၏ အမာခံမဲဆန္ဒရှင် ကွန်ရက်များ၊ ပါတီ၊ တိုင်းပြည်၏ ရွေးကောက်ပွဲစက်ဝန်းနှင့် မဲပေးသည့် ပုံစံတို့ကြားမှ ဆက်သွယ်မှုကို မျက်ဝါးထင်ထင် မြင်ရကောင်း မြင်ရနိုင်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေက ဖန်တီးခဲ့သည့် ကနဦး အရွေ့ကို မျက်ကွယ်ပြု မထားသင့်ပါ။ အထူးသဖြင့် အထက်မှ အောက်သို့ အမိန့်ပေးသည့် ဝါဒသည် တိုင်းပြည်က ဆက်ခံရသည့် အမွေအနှစ် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ နိုင်ငံသားတိုင်းနှင့် လူမှုအသိုင်းအဝိုင်း အခြေပြု အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့ အစည်းများက ရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စောင့်ကြည့်တိုင်ကြားခြင်း သို့မဟုတ် ရှင်းလင်းမှုရှိအောင် ဆောင်ရွက် ခြင်းက ဒေသခံများ ပိုမိုပါဝင်နိုင်မည့် အုပ်ချုပ်မှုသို့ ဦးတည်သော တိုးတက်သည့် သင်္ကေတတခု ဖြစ်ပါသည်။ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အစီအစဉ်သစ်က လွှတ်တော်ကိုယ်စားလှယ်သစ်များအတွက် သူတို့၏ မဲဆန္ဒရှင်များနှင့် ပုံမှန်ဆက်သွယ်ရန်၊ အပြန်အလှန်ဆက်ဆံနိုင်ရန် အရေးပါသော အခြေအနေများကို ဖန်တီးပေးခဲ့ပါသည်။ နိုင်ငံတလွှားရှိ မြို့နယ်တိုင်းတွင် အခြေခံအဆောက်အဦးနှင့် အခြေခံလိုအပ်ချက်များအကြောင်း ဆွေးနွေးရန် အခွင့်အလမ်းသစ်များ ပေးပါသည်။ မဲဆန္ဒနယ်တခုအတွင်းမှ ပြည်နယ်/တိုင်းအဆင့်နှင့် နိုင်ငံတော်အဆင့် လွှတ်တော်ကိုယ်စားလှယ်များကြား ပိုမို ဆွေးနွေးပြောဆိုဖြစ်အောင်လည်း တွန်းအားဖြစ်စေပါသည်။ သို့သော်လည်း ပြိုင်ဖက်နိုင်ငံရေးပါတီများမှ ဖြစ်နေလျှင်(ပါတီ မတူလျှင်) စိန်ခေါ်မှုတခုတော့ ဖြစ်နိုင်ပါသည်။ ယခုအချိန်အထိတော့ ထိုကဲ့သို့ အပေါင်း လက္ခဏာဆောင်သည့် တိုးတက်မှု မတွေ့ရသေးပါ။ မြို့နယ်အများအပြားသည် ပဋိပက္ခနှင့် စစ်အုပ်ချုပ်ရေးတို့၏ သက်ရောက်မှုကို ခံစားနေရဆဲ သို့မဟုတ် သူတို့ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုမှ အကျိုးကျေးဇူးကို မရရှိကြသေးဘဲ ဖြစ်သည်။

ထို့ကြောင့် ထိုကဲ့သို့သော အစီအစဉ်များတွင် ကြုံရမြဲဖြစ်သည့် အားနည်းချက်များကို ဖြေရှင်းရန် အတွက် ဥပဒေကို ပြုပြင်ပြောင်းလဲမှုအသစ်များ ပြုလုပ်ခြင်းဖြင့် ခိုင်မာ အားကောင်းစေနိုင်ပါသည်။ တချိန်တည်းမှာပင် အဖွဲ့အစည်း အများအပြားက အကြံပြုကြသလို တည်ဆဲဥပဒေကို ပယ်ဖျက်ခြင်းမပြုဘဲ နိုင်ငံတကာမှ စွမ်းဆောင်ရည်တည်ဆောက်မှု သင်တန်းများကို တိုးချဲ့ခြင်းအားဖြင့် ရန်ပုံငွေကို စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်လာစေနိုင်ပါသည်။ စီမံကိန်းရွေးချယ်ရေးနှင့် ဆောင်ရွက်မည့် သို့မဟုတ် ပြီးစီးသွားသည့် စီမံကိန်းများကို စစ်ဆေးခြင်းတို့တွင် မှန်ကန်သော တာဝန်ယူမှုပုံစံ ရှာဖွေခြင်းက အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ရေး သော့ချက် ဖြစ်လာပါလိမ့်မည်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ရံပုံငွေကို စာရင်းစစ်ရန်၊ ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသော အဖွဲ့အစည်းများ၏ အခွင့် အာဏာတို့က ခိုင်မာ အားကောင်းရမည် ဖြစ်သည်။

အကယ်၍ လွှတ်တော်ကိုယ်စားလှယ်များက သတင်းအချက်အလက်ရရှိမှု မပြည့်စုံခြင်း (နိုင်ငံရေး ပါတီများ အပါအဝင်) အဖွဲ့အစည်းများက အင်အားနည်းခြင်းများ ရှိနေမည်ဆိုလျှင် မဲဝယ်ခြင်း၊ အခွင့်အရေးပေး၍ လူမွေးခြင်းများ ကျယ်ပြန့်လာပြီး အကျင့်ပျက်ခြစားမှုများလည်း ပေါ်ပေါက်လာဖွယ်ရှိပါသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် မြို့နယ်အဆင့်မှ ရပ်ကွက် ကျေးရွာ အဆင့်အထိ ပြည်သူကို အသိပေးခြင်း၊ ပါဝင်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းများက ကျယ်ပြန့်လာရန် လိုအပ်ပါသည်။

နောက်ဆုံး အနေဖြင့် ဆိုရလျှင် လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေက နိုင်ငံသားများအတွက် နှစ်ပေါင်းများစွာ အထက်မှ အောက်သို့ အမိန့်ပေးသည့် စနစ်အောက်တွင် ရှိနေခဲ့ပြီးနောက် ပါဝင်ဆောင်ရွက်ခွင့်ရှိပြီး အောက်ခြေမှ အထက်သို့သွားသည့် ပုံစံတခုကို မျှော်လင့်သူတို့အား ရပ်ရွာအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရန် ရှားပါးသော အခွင့်အရေးတခု ပေးပါသည်။ သူတို့၏ မူဝါဒချမှတ်သူများက ယခင်ကထက် ပိုတာဝန်ယူမှု ရှိလာစေမည့် တန်ဖိုးရှိသော ကိရိယာတခု ဖြစ်ကြောင်းလည်း တွေ့ရမည် ဖြစ်ပါသည်။

(Renaud Egreteau သည် စစ်အစိုးရခေတ်လွန် မြန်မာနိုင်ငံတွင် လွှတ်တော်ရေးရာနှင့် ဥပဒေပြုနိုင်ငံရေး ပေါ်ပေါက်လာ ခြင်းကို သုတေသန ပြုနေသူဖြစ်ပါသည်။ ဟောင်ကောင်တက္ကသိုလ်နှင့် ပါရီ နိုင်ငံရေး လေ့လာရေးသိပ္ပံ (Paris Institute of Political Studies) တွင် comparative politics ဘာသာရပ်ကို ပို့ချပေးနေသူလည်း ဖြစ်သည်။ သြစတြေးလျ အမျိုးသားတက္ကသိုလ်ရှိ Coral Bell အာရှ ပစိဖိတ်ရေးရာ ကျောင်း၏ အရှေ့တောင် အာရှရေးရာ ဝက်ဘ်ဆိုက်ဖြစ်သည့် New Mandala တွင် ပထမဆုံးဖော်ပြခဲ့သည့် ယခုဆောင်းပါး The Emergence of Pork Barrel Politics in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။)

Your Thoughts …
Tags: ဖွံ့ဖြိုးရေး ရန်ပုံငွေလွှတ်တော်
Renaud Egreteau

Renaud Egreteau

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

by မောင်ကဝိ
26 May 2025
2.5k

ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

by ဧရာဝတီ
6 March 2025
1.1k

အနည်းဆုံး နောက် ၄ နှစ်ကြာဦးမည့် ထရမ့်ခေတ် ထရမ့်ဝါဒအကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးချက်အား နားဆင်ပါ။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

by ဧရာဝတီ
24 April 2025
276

ဗိသုကာ လက်ရာတွေနဲ့ ထည်ထည်ဝါဝါ တည်ဆောက် ထားတဲ့နေပြည်တော်က လွှတ်တော် အဆောက်အအုံ တွေဟာ အင်အားပြင်း ငလျင်ဒဏ်ကိုမခံနိုင်ခဲ့ဘဲ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

Next Post
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် အိန္ဒိယလေတပ်ဦးစီးချုပ်တို့ နယူးဒေလီတွင် တွေ့ဆုံစဉ် / PTI

မြန်မာ- အိန္ဒိယအကြား လုံခြုံရေးကိစ္စများ တိုးမြှင့်ဖို့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ပြော

ပြီးခဲ့သည့်အပတ်က သီပေါတရားခွင်သို့ ရုံးထုတ်လာသော အဖမ်းဆီးခံ သတင်းစာဆရာ ၃ ဦး / ဇော်ဇော် / ဧရာဝတီ

သတိထားစောင့်ကြည့်နေရတဲ့ သီပေါတရားခွင်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate