• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

AA အသံတိတ်ရခြင်း၏ နောက်ကွယ်

by ချစ်မင်းထွန်း
28 August 2017
in ဆောင်းပါး
A A
ရက္ခိုင့်တပ်မတော်(AA) ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

ရက္ခိုင့်တပ်မတော်(AA) ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

58.4k
VIEWS
Share on FacebookShare on Twitter

“ကျနော်ကတော့ ကျနော်တို့ ရခိုင်လူထု အစိုးရိမ် မလွန်ကြဖို့၊ ခံစားချက်တွေ ဦးစားပေးပြီးမှ နိုင်ငံရေး လှည့်ကွက် ထဲမှာ ကြားညပ်တဲ့သားကောင် မဖြစ်ဖို့အတွက် အထူးသတိထားဖို့ လိုတယ်လို့ မှာချင်ပါတယ်”ဟု ပြောလိုက်သူ ကတော့ ရက္ခိုင့်တပ်မတော်(AA) ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပဲ ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့များမှ နယ်ခြားစောင့် ရဲစခန်းသုံးခုကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ရခိုင်လူထုကိုပါ တိုက်ခိုက်မှုများ ပြုလုပ်လာ ၍ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုနေ့ညပိုင်းတွင် စာရေးသူက ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား ဆက်သွယ် မေးမြန်းခဲ့စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
1.4k
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
798
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.7k

“ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့လည်း အရင်ကဆိုရင် အဝေးကြီးမှာ နေခဲ့တယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေ ကိုပါ ဆွဲထည့်ပြီးတော့မှ အရမ်း ထိခိုက်အောင် လုပ်မယ်ဆိုရင် ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့ ကြိုးစားရမှာပါပဲ” ဟု ဆက်လက် ပြောသည်။

၂၀၁၆ ခုနှစ်၊အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံခဲ့ရပြီး အရပ်သားများ၊ ရဲဝန်ထမ်းများ၊ တပ်မတော် လုံခြုံရေး စစ်သည်များ စုစုပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ် သုံးမြို့နယ်မှ ရဲကင်း ၃၀ ကို ဘင်္ဂါလီ အကြမ်းဖက်များက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြန်သည်။

သြဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာထမ်း ၁ ဦး၊ ဟိန္ဒူဘာသာဝင် ၆ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း တရာကျော် အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ တချို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထိုသို့ ရခိုင်လူထုနှင့် ရခိုင်ပြည်နယ်အပေါ် အကြမ်းဖက်မှုများ ပြုလုပ်နေ၍ အနောက်တံခါး ခြိမ်းခြောက်ခံလာရခြင်းကို ရက္ခိုင့်တပ်မတော် (AA)က မည်သည့်အတွက်ကြောင့် အသံတိတ်နေရသနည်း ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာ ခဲ့သည်။

ဤမေးခွန်းထုတ်မှုများနှင့် ပတ်သက်ပြီး AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ဒီကိစ္စက AA ကို လက်ရှောင်နေတယ် လို့ ပြောတာက မဆီမဆိုင် ဆွဲထည့်တာပါ။ နယ်စပ်မှာက အဲဒီနေရာတွေက နယ်ခြားစောင့်တပ်တွေနဲ့ အစိုးရတပ်တွေ က အဓိက လုံခြုံရေး ယူထားတယ်။ သူတို့က လုံခြုံရေးနဲ့ ပတ်သက်ရင် နယ်မြေအတွက်ရော လူထုအတွက်ပါ တာဝန် အရှိဆုံးပါ” ဟု ဆိုသည်။

ဆက်လက်ပြီး “ကျနော် သိသလောက်တော့ ကျနော်တို့ ရခိုင်လူမျိုးထဲက ပြောတာ သိပ်မရှိဘူး။ အဲဒါကို ပြောလေ့ ပြောထ ရှိတာက ဒီမြန်မာအစိုးရတပ်ကို ထောက်ခံနေတဲ့သူတွေ ပြောလေ့ပြောထ ရှိတဲ့ စကားဖြစ်ပါတယ်”ဟု AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ရက္ခိုင့်တပ်မတော်(AA) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားနေပြီး ယခု အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေသော မောင်တော ခရိုင်(မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်များ)တွင် လှုပ်ရှားခြင်း မရှိကြောင်း သိရသည်။

ထိုသို့ ကျောက်တော်နှင့် ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားနေချိန်မှာပင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေရပြီး ချင်းအမျိုးသား တပ်ဦး(CNF) ၏ ပလက်ဝမြို့နယ်အတွင်း မလှုပ်ရှားရန် ပြောဆိုမှုများဖြင့်ပါ ရင်ဆိုင်နေရသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားလာမည့်အပေါ် တပ်မတော်က သဘောမတွေ့ပေ။

ထို့ပြင် AA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရသေးသည့် အဖွဲ့ဖြစ် သကဲ့သို့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှု ရန်မှ လူထုကာကွယ်ရေးအတွက် ပါဝင်ရန် အခွင့်အလမ်းမရှိ ဖြစ်နေသည်။

ထို့ကြောင့် ရခိုင်အရေးတွင် AA က လုံခြုံရေး ယူပေးရန်မှာ မဖြစ်နိုင်သကဲ့သို့ ၎င်းတို့ လုံခြုံရေး ယူပေးလိုကြောင်း တောင်းဆိုလျှင်ပင် တပ်မတော်က လက်ခံနိုင်ခြေ အလွန်နည်းပါးသည့်အတွက် AA အနေဖြင့် လူထုကာကွယ်ရေး ဆောင်ရွက်ရန် အခွင့်အလမ်း နည်းပါးသည်။

တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “ AA က အဲဒီဒေသမှာ ခြေကုပ်မယူနိုင်သလို ရခိုင်မှာ ပြန်အခြေချဖို့တောင် ကြိုးစားနေဆဲကာလ ရခိုင်ဘက် အခြေချဖို့ ကြိုးစားနေတဲ့ AA တပ် တချို့ကလည်း အခု ပလက်ဝဘက်မှာ တပ်မတော်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ”ဟု ပြောသည်။

AA အနေဖြင့် ရခိုင်အရေးမှာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်ဆိုလျှင် ငြိမ်းချမ်းရေးယူနိုင်မှသာ ဆောင်ရွက်နိုင် မည်ဖြစ်၍ လူထု အကာအကွယ်ပေးရေးအပိုင်းကို တပ်မတော်က အစိုးရနှင့် ဒေသခံ တိုင်းရင်းသားများဖြင့်ပါ ပူးပေါင်း ဆောင်ရွက်မှ လူထုအား ကာကွယ်နိုင်မည်ဟု ၎င်းက ဆိုသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သော ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)သည် အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ပူးပေါင်းကာ လုံခြုံရေး တာဝန်များကို အတူတကွ ဆောင်ရွက်ရန် AA ထက်စာလျှင် အခွင့်အလမ်း ပိုမိုရရှိသည်။

“ဒီအချိန်မှာ AA က ဘယ်လိုဝင်လို့ ရပါ့မလဲ။ AA ဝင်လာရင် အစိုးရနဲ့ အတူတူ ဘင်္ဂါလီကို တိုက်နိုင်ပါ့မလား သုံးပွင့် ဆိုင်ပြီး တိုက်ရမယ့် အခြေအနေရောက်သွားမှ ပိုဆိုးသွားနိုင်မယ် ထင်တယ်။ NCA လက်မှတ်ထိုးထား တဲ့ ALP ဆိုရင် တော့ မဆိုးဘူး ထင်ပါတယ်”ဟု ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

သို့သော် တပ်မတော်နှင့် အစိုးရတို့က ALP အပေါ် ယုံကြည်မှုအပိုင်းတွင် မည်ကဲ့သို့ ရှိသနည်း ဆိုခြင်းကို မသိရသလို မည်သို့ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်း ဆောင်ရွက်မှုများ ရှိသနည်းဆိုသည်ကိုလည်း မသိရှိဘဲ ဖြစ်နေသည်။

လက်ရှိတွင် တပ်မတော်သည် တိုက်ခိုက်ရေး တပ်မ ၃၃ အပါအဝင် ဒေသ အခြေစိုက် တပ်မ၊ တပ်ရင်းများဖြင့် မေယု တောင်ပေါ်တလျှောက် လုံခြုံရေး ဆောင်ရွက်ကာ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေသကဲ့သို့ မောင်တော ခရိုင် အတွင်း မြို့တွင်း မြို့ပြင် တလျှောက်တွင်လည်း လုံခြုံရေး ကင်းလှည့်၍ လူထု အကာအကွယ်ပေးရေး အစီအစဉ်များ ကို ဆောင်ရွက်နေကြောင်း သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်နေသော Arakan Rohingya Salvation Army(ARSA)တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခဲ့ပြီး နောက် တပ်မတော်က နယ်မြေရှင်းလင်းရေးကို အင်အားဖြည့်တင်းကာ ဆောင်ရွက်နေပြီး အပြန်အလှန် ပစ်ခတ်မှုများ လည်း ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် အစိုးရ တာဝန်ရှိသူများက ပြောသည်။

ဌာနေ တိုင်းရင်းသားများက အကြမ်းဖက်တိုက်ခိုက်မှုရန်ကို ကာကွယ်နိုင်ရေးအတွက် ၎င်းတို့အား ပြည်သူ့ စစ်အဖွဲ့ အဖြစ် ဖွဲ့စည်းပေးရန် အစိုးရနှင့် တပ်မတော်ထံ တင်ပြ တောင်းဆိုနေသော်လည်း ထိုကိစ္စမှာ အလွန်ရှုပ်ထွေး သွားနိုင်သဖြင့် အစိုးရမှ လက်ခံခြင်း မရှိသေးကြောင်း သိရသည်။

တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “ဒီကိစ္စက အတော်ရှုပ်ထွေးမယ်။ တဖက်က လိုအပ်တယ်။ တဖက်က ကြည့်ရင် လူမျိုးရေးပဋိပက္ခ ပိုကြီးလာနိုင်တယ်။ နောက်တချက်က ရခိုင်တွေအပေါ် တပ်က ဘယ်လောက် ယုံသလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။

လက်ရှိတွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်းများသည် စစ်တွေမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး တချို့မှာလည်း ပိတ်မိနေကာ အစိုးရ၏ ကယ်ဆယ်ရေး အကူအညီများ လာရောက်မည့်အချိန်ကို စိုးရိမ် ထိတ်လန့်မှုဖြင့် စောင့် မျှော်နေကြသည်။

ယခု ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တိုက်ဆိုင်မှုတခု ဖြစ်နိုင်သော်လည်း တခြားတဖက်က မမြင်နိုင်သော အခြေအနေများအား စဉ်းစားကြည့်ပါက နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုကို ဖန်တီး၍ နိုင်ငံရေး သြဇာအာဏာ တည်ဆောက်ရန် လူတချို့က နောက်ကွယ်က မသန့်ရှင်းသည့် နိုင်ငံရေး ကစားကွက်လား ဆိုသည်မှာ ပြောရ ခက်နေသည်ဟု AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ အမြင်ကို ပြောပြဖူးသည်။

ယခု အကြမ်းဖက်မှုသည် ၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသူတဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ရာမှာ ဘင်္ဂါလီ နှင့် ရခိုင် လူမျိုးများအကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှ အခြေတည်ကာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိ ချိတ်ဆက် ဖြစ်ပွားလာသော ဖြစ်ရပ်တခုဟု သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ အကြမ်းဖက်မှုသည် ရိုဟင်ဂျာလူမျိုး သတ်မှတ်ပေးရေး အပါအဝင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးနှင့် ရခိုင်ပြည်နယ်အတွင်းက မောင်တောခရိုင် (မောင်တော၊ရသေ့တောင်၊ဘူးသီးတောင်)ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရယူလိုချင်သည့်အတွက် ဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေကြသည်။

Your Thoughts …
Tags: ရက္ခိုင့်တပ်မတော်
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ရက္ခိုင့်တပ်မတော် (AA) ၏ လက်မောင်းတံဆိပ် / ဧရာဝတီ

ရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲ

by ထွန်းထွန်းနိုင်
7 February 2019
36.4k

AA ဟာ ရခိုင်လူထု အတော်များများရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားတယ်လို့ ယုံကြည်ရတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား KIA ထိန်းချုပ်ရာ လိုင်ဇာ ဒေသတွင် တွေ့ရစဉ်  / ဟိန်းထက် / ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း စစ်ရှိန်မြင့်လာနိုင်သည့် AA အိပ်မက်

by မင်းအောင်ခိုင်
11 December 2018
33.2k

မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ လက်နက်ကိုင် တော်လှန်ရေးဖြစ်စဉ်နဲ့ပဲ သွားနေတာ။ KIA နဲ့ဆိုရင်လည်း ဆွေးနွေးနေရင်းပင် တိုက်ပွဲဖြစ်တယ်။ အလွတ်သဘော တွေ့ဆုံတယ်။ ဒီလိုပဲ သွားနေတာ။ ဒီဟာတွေက သမရိုးကျဖြစ်နေကျပဲ။

ရက္ခိုင့်တပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ  / ဧရာဝတီ

ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်နေတယ်

by မင်းအောင်ခိုင်
5 December 2018
45k

AA မှ သတင်းနှင်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

ရက္ခိုင့်တပ်မတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် / ဧရာဝတီ

ဝေဖန်မှုတွေရှိခဲ့တဲ့ AA ကိုယ်စားလှယ်ရဲ့ ၂၁ ပင်လုံ ဖွင့်ပွဲတက် ဝတ်စုံ

by ကျော်ခ
30 May 2017
31.4k

သူ့ အနေနဲ့ ရည်ရွယ်ချက် တစုံတရာ ပါချင်မှလည်း ပါပါလိမ့်မယ်။ ဒါပေမယ့် ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် အခုလို တဘက်နဲ့ တဘက် ပစ်ခတ်နေကြတဲ့သူတွေ ဒီလို ခန်းမထဲမှာ အတူထိုင်ခွင့်ရရှိနေတဲ့ အခွင့်အရေး ကို အမိအရ ဖမ်းဆုပ်ပြီး...

လိုင်ဇာတွင် ရက္ခိုင့်တပ်မတော် စစ်သင်တန်းဆင်းပွဲ တခုတွင် တွေ့ရသော ဗိုလ်ချုပ် ထွန်းမြင့်နိုင် / Arakan Army Info Desk

ရခိုင်ပြည်နယ်အတွက် AA ဘာတွေဆောင်ယူပေးမလဲ

by လင်းငယ်
15 January 2019
70.8k

ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားသော ပဋိပက္ခများသည် နိုင်ငံရေး အကြမ်းနည်း အယူအဆ ပိုမိုကြီးထွားလာကြောင်း ပြသနေသည်။

ရက္ခိုင့် တပ်မတော်(AA) မှ ဗိုလ်မှူးကြီး ကျော်ဟန် / ထက်နိုင်ဇော် / ဧရာဝတီ

“မလွှဲမရှောင်သာလို့ တိုက်နေရတဲ့ စစ်ပွဲ ဖြစ်တယ်”

by ထက်နိုင်ဇော်
22 March 2019
53.7k

တန်းတူ အသိအမှတ်ပြုမှုနဲ့ အုပ်ချုပ်တာလား။ ဆိုတော့ ကျနော်တို့ရဲ့ ရယူတဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေက တရားမျှတမှု ရှိရဲ့လား။ ကျနော်တို့ရဲ့ သယံဇာတ သဘာဝ အရင်းအမြစ်တွေကို ရယူမှုတွေက တရားမျှတမှု ရှိရဲ့လား

Next Post
အယ်လ်ဘမ်အသစ်ကို`Reputation´လို့အမည်ပေးထားတဲ့ တေလာဆွစ်

အယ်လ်ဘမ်အသစ်ကို`Reputation´လို့အမည်ပေးထားတဲ့ တေလာဆွစ်

စီမံကိန်း ဧရိယာတွင် ပါရှိသည့် ကမ်းခြေ / ထက်နိုင်ဇော် / ဧရာဝတီ

ထားဝယ် စီမံကိန်း ပြန်စနိုင်ရန် ဂျပန် လေ့လာနေဟု ဆို

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.5k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate