ဆောင်းပါး

ရန်ကုန်တရုတ်တွေအကြောင်း စာအုပ်ဝေဖန်ချက်

Want create site? Find Free WordPress Themes and plugins.

ပြောင်းရွှေ့အခြေချလာသော လူမျိုးစုအသိုင်းအဝိုင်းတခုက ဖွင့်ဆိုသောနေရာသစ်တခုဆိုသည့် အဓိပ္ပါယ်ကို ဒေသခံပြည်သူများနှင့် နေ့စဉ်ဆက်ဆံရေး၊ ကြုံတွေ့ရသည့် အခက်အခဲများကို လျင်မြန်ပါးနပ်စွာ ဖြေရှင်းရင်း တိုးတက်မှုရလာသည့် အခြေအနေ၊ အိမ်နှင့်ဝေးသည့်နေရာမှ အိမ်တခုကို လက်ခံနိုင်ရေးအတွက် ပြင်းပြသောစိတ်ဆန္ဒတို့က ပုံဖော်ပေးလေ့ရှိပါသည်။

ရန်ကုန်မှ တရုတ်လူမျိုးများနှင့် မြန်မာနိုင်ငံသားအဖြစ်ရော တရုတ်လူမျိုးအဖြစ်ပါ တချိန်တည်းတွင် ဖြစ်နေရန် သူတို့၏ အားထုတ်မှုများကို ထင်ဟပ်ဖော်ပြနိုင်ရန် Jayde Lin Roberts က ကြိုးစားခဲ့သည်။ သူ၏ လေ့လာချက်ကို University of Washington Press က ပုံနှိပ်ဖြန့်ချိသော Mapping Chinese Rangoon စာအုပ်တွင် ဖတ်ရှုရသည်။

အလွန်လိုအပ်သော အပြန်အလှန်မှီခိုမှုကို လက်တွေ့ကျကျ အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံတွင် သူတို့ လိုက်လျောညီထွေရှိရန်နှင့် ရှင်သန်ရပ်တည်နိုင်ရန် များစွာ အထောက်အကူ ဖြစ်လာခဲ့ပါသည်။

ရန်ကုန်တွင် သူတို့အတွက် နေရာတခု ပြုလုပ်ရာတွင် သူတို့၏ ယဉ်ကျေးမှုအမွေအနှစ် ပြန်လည်ဖော်ထုတ်ရေးကို ဘဝနေထိုင်မှု နည်းလမ်းတခုအနေဖြင့် ကြိုးစားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သူတို့၏ အနာဂတ်ကို ပြောင်းလဲရာတွင် အခက်အခဲများ ရင်ဆိုင်ခဲ့ရသော်လည်း စီးပွားရေး တည်ငြိမ်အောင် ပြုလုပ်နိုင်စွမ်းနှင့် ယဉ်ကျေးမှုတို့က ခက်ခဲသော အချိန်များကို ကျော်လွှားနိုင်ရန် ကူညီခဲ့ကြသည်။

လူမျိုးနှင့် ယဉ်ကျေးမှု သရုပ်ခွဲသည့် ပညာရပ်မှတဆင့် Jayde Lin Roberts က မြန်မာနိုင်ငံသား တရုတ်လူမျိုးများကို လေ့လာရာတွင် ရန်ကုန်မှ Hokkien တရုတ်မျိုးနွယ်များကို အဓိကထား၍ သူတို့၏ ဘဝနေထိုင်မှု ရှုထောင့်အမျိုးမျိုးကို လေ့လာဆန်းစစ်ခြင်း၊ ဘုံကျောင်းများ၊ စာသင်ကျောင်းများ၊ ကူးသန်းရောင်းဝယ်ရေး၊ လူမှုဆက်ဆံရေးနှင့် ပွဲတော်များမှ တ ဆင့် သူတို့၏ဆွေမျိုးကွန်ရက်များကို လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် သူက မြန်မာနိုင်ငံမှ တရုတ်လူမျိုးတို့၏သမိုင်းတွင် တွေ့ခဲ့သော အစိုးရများက ဖန်တီးခဲ့သည့် မလုံခြုံမှုများကိုလည်း တပြိုင်တည်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရောက် တရုတ်လူမျိုးများကို စိတ်ဝင်စားခြင်းမရှိသလို မြန်မာနိုင်ငံက ၎င်းတို့ကို အလေးအနက်ထားခြင်း မရှိခဲ့ပါ။

Jayde Lin Roberts က ရန်ကုန်မြို့မှ ပြောင်းလွယ်ပြင်လွယ်မရှိသည့် မြို့ကွက်ပုံစံနှင့် ကိုလိုနီခေတ်မြို့တော်၏ ဥပဒေရေးရာ ဖွဲ့စည်းပုံနှင့် စတင်ခဲ့သည်။ ဗြိတိသျှတို့က တည်ဆောက်ခဲ့သော ရန်ကုန်မြို့က မြို့ခံများအတွက် အကျွမ်းတဝင် မဖြစ်ခဲ့ပါ။

တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလာသူများကမူ ထိုမြို့ပြပုံစံဘောင်အတွင်းတွင် သူတို့ အံဝင်ခွင်ကျ ရှိစေရန် စီမံနိုင်ခဲ့ကြသည်။ တရုတ်ဆိပ်ကမ်း(China Wharf ) ကို တည်ထောင်နိုင်ခဲ့ခြင်းက သက်သေဖြစ်သည်။

ဆန်အရောင်းအဝယ်ကို အဓိကထားသည့် မိသားစုနှင့် မျိုးနွယ်စု အခြေပြု စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်း၊ ဇိမ်ခံပစ္စည်းများတင်သွင်းခြင်းကို စိတ်ဝင်စားသည့် တရုတ်ကုန်သည်များ များပြားလာခြင်း၊ မျိုးနွယ် သို့မဟုတ် ဇာတိဒေသကို အ ခြေခံသည့် အသင်းအဖွဲ့များပေါ်ပေါက်လာခြင်း၊ လျှို့ဝှက်အဖွဲ့အစည်းများနှင့် ချမ်းသာကြွယ်ဝသော Hokkien တို့၏ စံအိမ်ကြီးများ ပေါ်ပေါက်လာခြင်းတို့ကို တွေ့ရသည်။

Hokkien များက ပီနန်ရှိ Baba-Nyonya (ယနေ့ခေတ်တွင် မလေးရှား နှင့် စင်ကာပူဖြစ်လာသည့်ဒေသ၊ ထိုစဉ်က (British Malaya) ယဉ်ကျေးမှုနှင့် Peranakan မလေးကျွန်းဆွယ်ဒေသတွင် မွေးဖွားသည့် တရုတ်လူမျိုးများ) အလေ့အထများမှာ ဆက်သွယ်မှုရှိသည်။

ယနေ့အချိန်တွင် ရန်ကုန်မြို့ ၁၉ လမ်းနှင့် မဟာဗန္ဓုလလမ်းမှ ညဈေးက တရုတ်တန်းနှင့် ခွဲခြားမရသည့် အစိတ်အပိုင်းတခု ဖြစ်သည်။ သူတို့က အရည်အသွေး၊ စရိုက်လက္ခဏာ တိုးတက်မှု ရရှိရေး၊ အခြားသော ယဉ်ကျေးမှုများနှင့် ဆက်ဆံနိုင်ရေးတို့ကို စိတ်ဝင်စားသူများ၊ ဖက်တွယ်ထားသူများ ဖြစ်သည်။

Hokkien တရုတ်အသိုင်းအဝိုင်းက လုံခြုံမှုပေးနိုင်ရန် မြန်မာနိုင်ငံတွင် သူတို့၏ ဖြစ်တည်မှုနှင့် သက်ဆိုင်သည်ကို ဝတ်ပြုဆုတောင်းရာ နေရာတခု ဖြစ်သည့် Hokkien Kuanyin ကွမ်ယင် ဘုံကျောင်းမှတဆင့် ပေးနိုင်အောင် ကြိုးစားခဲ့သည်။

ဘုံကျောင်းသည် မျိုးဆက်များကြား အပြန်အလှန်ဆက်သွယ်မှုကို အားပေးသည့်နေရာ ဖြစ်သည်။ အစဉ်အလာထုံးစံများကို ထိန်းသိမ်းထားသည့်နေရာ ဖြစ်သည်။ ဒေသဆိုင်ရာ နတ်များကို ရိုသေလေးစားမှုမှတဆင့် ဘိုးဘွားတို့၏ကျေးရွာကို မှတ်ဉာဏ်များအတွင်းတွင် ပြန်လည်တည်ဆောက်ကြသည်။

ဘုံကျောင်းက သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများကို အသိုင်းအဝိုင်းက ထောက်ပံ့သည့်နေရာ ဖြစ်သည်။ ဘုံကျောင်းက လူကြီးလူငယ်များကြားတွင် အတိတ်နှင့်ပစ္စုပ္ပန်ကို အပြန်အလှန် ဝေမျှကြသည့်နေရာ၊ သူတို့ကို ခိုင်မာသော လူမှုကွန်ရက်တခုအဖြစ် ချိတ်ဆက်ပေးသည့် နေရာတခု ဖြစ်လာသည်။

ဘုံကျောင်းများကဲ့သို့ပင် တရုတ်စာသင်ကျောင်းများက Hokkien၊ Cantonese သို့မဟုတ် Yunnanese တို့ကို ကွဲပြား အောင် ပြုလုပ်ပေးသည့် အမှတ်တံဆိပ်လို ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက နိုင်ငံရေးနှင့် ကင်းရှင်းအောင် ကြိုးစားခဲ့ကြသည်။ အမြဲတမ်းပြောင်းလဲနေသည့် ပတ်ဝန်းကျင်တခုတွင် ဘုံကျောင်းများမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။

ဥပမာအားဖြင့် ဗမာဇာတ်သွင်းရန် အားထုတ်မှုများကြားတွင် တရုတ်ယဉ်ကျေးမှု ထိန်းသိမ်းရန် လိုအပ်ချက်ကို ဟန်ချက်ညီမျှအောင် ပြုလုပ်ရခြင်း၊ ဆိုရှယ်လစ်ခေတ်တွင် ဖိနှိပ်မှုကြောင့် ကျောင်းများကို ယာယီပိတ်ရခြင်း၊ တရုတ်ပြည်မကြီးနှင့် မြန်မာနိုင်ငံတို့ကြားမှ သဘောတရားရေးရာ ကွဲပြားမှုကြောင့် နောက်ဆုံးတွင် ၁၉၆၀ နှစ်များအတွင်းက တရုတ်-မြန်မာအရေး အခင်း ဖြစ်ပွားခဲ့ရခြင်းတို့ကဲ့သို့ အခက်အခဲများ ဖြစ်သည်။

စာရေးသူ Jayde Lin Roberts ၏လေ့လာမှုအရ ၁၉၆၇ မှ ၁၉၈၈ အထိကာလအတွင်းတွင် တရုတ်အသိုင်းအဝိုင်း ငြိမ်သက်နေခဲ့ပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အချိန်များ ဖြစ်သည်။

ထိုရလဒ်ကြောင့် ပထမဆုံးအနေဖြင့် တရုတ်အသိုင်းအဝိုင်းက လက်တွေ့ကျလာခြင်းကို ငွေကြေးအား လုံခြုံရေး ပိုက်ကွန်အဖြစ် ပြုလုပ်ရန် ဆန္ဒရှိလာခြင်းက ဖော်ပြနေသည်။ ဒုတိယအနေဖြင့် သူတို့ကို နည်းဗျူဟာ ကျွမ်းကျင်လာစေခဲ့သည်။ တရုတ်မျိုးချစ်ဝါဒကို မြှင့်တင်ခြင်းမပြုဘဲ တရုတ်စာတတ်မြောက်ရေးကို မြှင့်တင်လာခြင်းက သက်သေပြနေသည်။
ထို့ကြောင့် တရုတ်လူမျိုးတဦးဖြစ်ခြင်းမှ မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး အနေအထားသို့ ပြောင်းလဲခြင်းကဲ့သို့သော လက်တွေ့ကျသည့် လမ်းကြောင်းတခုကို တည်ထောင်ခဲ့သည်။

မြန်မာနိုင်ငံသား တရုတ်ကုန်သည်များ သတိထား၍ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ Jayde Lin Roberts ရှင်းပြခဲ့သလို ကူးသန်းရောင်းဝယ်ရေးနယ်ပယ်တွင်လည်း သက်သေခံနေသည်။ သူက ကိုလိုနီခေတ်အတွင်းက တရုတ်အသိုင်းအဝိုင်း၏ အနေအထားကို အိန္ဒိယနွယ်ဖွားအသိုင်းအဝိုင်းနှင့် နှိုင်းယှဉ်၍ ခြေရာခံခဲ့သည်။ ကွန်ဖြူးရှပ်၏သဘောတ ရားများက စီးပွားရေးအမြင်နှင့် ပေါင်းစပ်နေသည်။ နိုင်ငံခြားရောက် တရုတ်လူမျိုးများ၏ ကွန်ရက်တွင် သူတို့၏ စီးပွားရေး ကဏ္ဍက အဓိကမကျပါ။ ပြည်တွင်းဈေးကွက်အပေါ် သူတို့၏ အားထားမှုက ဒေသခံများနှင့် ရင်းနှီးမှုကို အခြေခံသည့် စီးပွားရေးနှင့် ကိုက်ညီနေသည်။ ထိုအချက်က မိသားစုဆက်နွယ်မှုအပေါ် သူတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိစေခဲ့သည်။

အိန္ဒိယနွယ်ဖွားများနှင့်ယှဉ်လျှင် သူတို့က ချမ်းသာကြွယ်ဝမှုနည်းသည့်အတွက် ဒေသခံများ၏ ရန်လိုတုံ့ပြန်မှု နည်းပါးခဲ့သည်။ ဒေသခံ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနှင့် အလွယ်တကူ ရောနှောနိုင်ခြင်းက သူတို့၏ကြောင်းကျိုးဆီလျော်သော ချဉ်းကပ်မှုကို ဖော်ပြနေသည်။

Jayde Lin Roberts ၏ စာအုပ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာသည့် အပြောင်းအလဲကာလများ ဖြစ်သော ၁၉၉၀ နှစ်များသို့ စာဖတ်သူများကို ခေါ်သွားပါသည်။ ပွင့်လင်းလာသော နယ်စပ်ကုန်သွယ်ရေးကို တရုတ်လူမျိုး အသိုင်းအဝိုင်းက သိမ်းယူနိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် City Mart ဖွံ့ဖြိုးလာခြင်းက စီးပွားရေးလုပ်ငန်းသစ်များနှင့် လက်လီအရောင်းလုပ်ငန်းများ အောင်မြင်မှုတွင် ထုတ်ပြရမည့် အချက်တခုဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက တရုတ်နှစ်သစ်ကူးပွဲများတွင်လည်းခြသေ့ၤ အက၊ နဂါးအကကဲ့သို့သော ရိုးရာဖျော်ဖြေမှု များဖြင့် ငွေကြေးရက်ရောစွာ အသုံးပြုကြသည်ကို တွေ့ရသည်။

အစဉ်အလာဟောင်းအတိုင်း ပြုလုပ်သည့် ရာသီခွင်အပြင်အဆင်များနှင့် ကြိုတင်ထုတ်ပိုးထားသည့် ရိုးရာသကြားလုံးများက အလှပြယာဉ်များအရုပ်များကဲ့သို့သော ခေတ်ပြိုင်အလေ့အထများနှင့် ရောယှက်နေသည်။ အလှပြယာဉ်များမှာ မြန်မာ့ ရိုးရာနှစ်သစ်ကူး ဖြစ်သော သင်္ကြန်၏ အစဉ်အလာအစိတ်အပိုင်းတရပ် ဖြစ်သည်။

ခြသေ့င်္အကတွင် ကိုယ်ခံပညာကို ထည့်သွင်းမိတ်ဆက်ခြင်းကဲ့သို့သော ပြကွက်များက တရုတ်နှစ်သစ်ကူးပွဲကို ဒေသခံတို့ အတွက်လည်း ဆွဲဆောင်မှု ရှိစေသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက နှစ်သစ်ကူးပွဲ၏ အနှစ်သာရကို ထိန်းသိမ်းရင်း ဒေသခံမြန်မာတို့နှင့် သက်ဆိုင်သည်များကိုလည်း လက်ခံကျင့်သုံးနေသည့် အသွင်ရှိသည်။ ဝိဉာဉ်များကို ပူဇော်သည့် အလေ့အထသည်ပင် ဒေသခံအလေ့အထများနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလာခဲ့သည်။

စရိုက်လက္ခဏာဆိုသည်မှာ အခြားသူများနှင့် အမြဲတမ်း ဆက်နွယ်နေပါသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက ကြိုတင်မမြင်နိုင်သည့် အခြေအနေများ၊ အကျွမ်းတဝင် မဟုတ်သည့် ပတ်ဝန်းကျင်နှင့် ကိုက်ညီအောင် သူတို့ကိုယ် သူတို့ မည်ကဲ့သို့ ပြန်လည်ပြုပြင်ခဲ့သည်ဆိုသည်ကို Jayde Lin Roberts ၏ စာအုပ်က ဖော်ပြနေသည်။

သူတို့က ပြောင်းလွယ်ပြင်လွယ် ကျင့်သုံးခဲ့သည်။ အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သည်။ သူတို့၏ မူလအရင်းအမြစ်နှင့် ဆက်သွယ်ထားသော်လည်း နယ်မြေသစ်တခုတွင် သူတို့ကိုယ်သူတို့ ပုံစံသွင်းရန် အသင့်ရှိခဲ့သည်။ သူတို့က မြန်မာနိုင်ငံတွင် ပင်မရေစီးကြောင်းမှ ကင်းလွတ်နေသည်ဟု ခံစားခဲ့ရသည်။

သို့သော်လည်း သူတို့၏ စီးပွားရေးကျွမ်းကျင်မှုနှင့် စီးပွားရေးဗီဇက နှစ်များကြာလာသည်နှင့်အမျှ အသိအမှတ်ပြုခြင်းခံခဲ့ ရသည်။ သူတို့၏ အနာဂတ်က သူတို့ အခက်အခဲများ ရင်ဆိုင်ခဲ့ရသော တိုင်းပြည်နှင့် ဆက်စပ်နေသည်ကို သူတို့မြင်သည်။ သို့သော်လည်း သူတို့၏ ဘဝကို တည်ဆောက်ရန် သူတို့၏ သည်းခံကျော်ဖြတ်နိုင်မှုနှင့် အသိုင်းအဝိုင်း ကွန်ရက်များကို အသုံးပြုခဲ့သည်။

တရုတ်ရိုးရာ စံနှုန်းများနှင့် ခေတ်၏ အခွင့်အလမ်းများ ရောယှက်နေသကဲ့သို့ပင် သီးခြားဖြစ်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းက အတူတည်ရှိနေသည်။ အသိုင်းအဝိုင်းတခု၏ အတိုင်းအတာ၊ နေရာနှင့် သမိုင်းတို့ကို ပြန်လည်ဖော်ထုတ်ပြရာတွင် Jayde Lin Roberts အောင်မြင်ခဲ့ပါသည်။

လူမှုစီးပွားရေးအခြေအနေ ရုတ်တရက် အပြောင်းအလဲများနှင့် မြန်မာနိုင်ငံမှ မလွယ်ကူသည့် နိုင်ငံရေးအရွေ့များကို နားလည်နိုင်ရေး အထောက်အကူ ဖြစ်ခဲ့ပါသည်။

(Dr. Reshmi Banerjee သည် Oxford တက္ကသိုလ် St Antony ကောလိပ် အာရှလေ့လာရေးစန်တာမှ ဧည့်ပညာရှင်တဦး ဖြစ်ပြီး ယခုဆောင်းပါးသည် Oxford တက္ကသိုလ်မှ မြန်မာ့ရေးရာဖိုရမ်တခု ဖြစ်သည့် Tea Circle တွင် ဖော်ပြခဲ့သော သူ၏ Mapping Chinese Rangoon –Place and Nation Among the Sino-Burmese ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading