• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ရှမ်းနီ အမျိုးသားရေး နှင့် ရှမ်းနီ တပ်မတော်

          by ချစ်မင်းထွန်း
          13 September 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ရှမ်းနီ အမျိုးသား တပ်မတော် (SNA) တပ်ဖွဲ့ဝင် တချို့ / SNA facebook

          ရှမ်းနီ အမျိုးသား တပ်မတော် (SNA) တပ်ဖွဲ့ဝင် တချို့ / SNA facebook

          10.3k
          VIEWS
          Share on FacebookShare on Twitter

          ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသားရေး လှုပ်ရှားမှုအတွက် ရှမ်းနီ အမျိုးသား တပ်မတော် (Shanni Nationalities Army – SNA) ကို ဖွဲ့စည်း ထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းနီ ခေါင်းဆောင်များက ပြောဆိုကြသည်။

          SNA ၏ ဗဟိုကော်မတီဝင် ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “ဟိုတုန်းက လူကြီးတွေက တချို့လည်း မရှိ ကြတော့ဘူးဗျာ။ အဓိက သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကို အခုခေတ်မှာ ကျနော်တို့ မျိုးဆက်တွေက ပြန်ပြီးတော့မှ သယ် ဆောင် ပြီးမှ လုပ်တဲ့ သဘောမျိုးပါပဲ”ဟု ပြောသည်။

          RelatedPosts

          တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

          တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

          2 December 2023
          1.6k
          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          2 December 2023
          1.4k
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          2 December 2023
          546

          ရှမ်းနီများက ရှမ်းနီ ပြည်နယ် သတ်မှတ်ပေးရေး အပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့် ပေးရန်နှင့် တိုင်းရင်းသား လူမျိုးများ အခွင့် အရေး တန်းတူညီမျှမှု ရရှိရေး တောင်းဆိုလျက် ရှိသည်။

          ထို အမျိုးသားရေးကို ရှမ်းနီ အမျိုးသား တပ်မတော်(SNA)က ဆက်လက် ဖော်ဆောင်နေသည်ဟု ဆိုသည်။

          SNA က အမျိုးသား အခွင့်အရေးကို ကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ် တားဆီး ရေး၊ ရှမ်းနီဒေသ ဘက်စုံ ဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးဆိုသော မူ ၅ ချက် ကို ချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။

          တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ရှမ်းနီနှင့် ကချင်ကြားက ပြဿနာအပြင် ရှမ်းနီများ၏ အမျိုးသားရေး တောင်းဆိုမှုကို ဖြေရှင်းနိုင်ရန် အတွက်ဆိုလျှင် ကချင်ပြည်နယ်ရှိ ရှမ်းနီလူမျိုးများ၏ အခွင့်အာဏာ၊ သူတို့၏ ကိုယ်စားပြု ပါဝင်မှုနှင့် ဒေသ အခြေအနေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ပတ်သက်သည့် အခြေအနေများအား မှန်မှန်ကန်ကန် ဖြေရှင်းရန် လိုအပ်ကြောင်း ပြောသည်။

          “KIA ကို တိုက်ဖို့ဆိုတာ အဲဒီ အခြေအနေတုန်းက ဆိုင်တယ်ဗျ။ ၇၅ ပတ်ဝန်းကျင်မှာ ဒီသံလမ်းရိုးမှာ ရှမ်းနီနဲ့ ကချင်နဲ့ လူမျိုး ရေး ပဋိပက္ခတွေဖြစ်ကြတယ်။ တဖက်နဲ့တဖက် အပြန်အလှန်တွေ သတ်ကြတယ်။ မိုးညှင်းကနေ စပြီးတော့ ပြန့် သွား တယ်။ နောက်ပိုင်း နှစ်ဖက် ထိန်းကြတော့ ပြန်ပြီးတော့ ငြိမ်သွားတယ်”ဟု ဦးမောင်မောင်စိုးက ပြောပြသည်။

          ရှမ်းနီ လူမျိုးများသည် ဗြီတိသျှကိုလိုနီ ခေတ်က ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ကာ အုပ်ချုပ် စိုးစံခဲ့ကြပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူရန် ကြိုးပမ်းစဉ် ၁၉၄၇ ခုနှစ်တွင် တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ နယ်မြေ သတ်မှတ်မှု များကြောင့် သူတို့၏ အခွင့်အရေးများ လက်လွတ် ဆုံးရှုံးခဲ့ကြရသည်ဟုလည်း ဆိုသည်။

          တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ရှမ်းနီကိုယ်စားလှယ် ဦးဖိုးတီက ကချင်ပြည်နယ် အတွင်း မပါဝင်လို ကြောင်း၊ ကချင်တို့က ဗမာပြည်မတွင် မနေထိုင်လိုသကဲ့သို့ မိမိတို့ကလည်း ကချင်ပြည်နယ်တွင် မနေလိုကြောင်း ထွက်ဆို ခဲ့သော်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ရှမ်းနီများ နေထိုင်ကြသော မြစ်ကြီးနားခရိုင်၊ ဗန်းမော် ခရိုင် တို့သည် ကချင်ပြည်နယ်တွင်းသို့ ထည့်သွင်းခံ လိုက်ရကြောင်း သိရသည်။

          အလားတူ ခန္တီး၊ မော်လိုက်၊ ကလေး၊ ဖောင်းပြင်၊ တောင်သွပ်၊ ဟုမ္မလင်း၊ ကသာ စသည့် ဒေသများသည်လည်း ဗမာပြည်မ အတွင်း ထည့်သွင်းခံခဲ့ရကာ ယခု စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပါဝင်လျက်ရှိကြောင်းလည်း သိရသည်။

          ကချင်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက သီးခြား ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား အားလုံးကို တန်း တူ ညီမျှ အခွင့်အရေးများ ရရှိခံစားစေမည်ဟု ထိုစဉ်က ထွက်ဆိုခဲ့သော်လည်း ကချင်ပြည်နယ် ဖွဲ့စည်းပြီးနောက်ပိုင်း ရှမ်းနီ များသည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဖိနှိပ်မှုများကို ခံစားခဲ့ကြသည်ဟု ရှမ်းနီများက ပြောဆိုသည်။

          ထို အခြေအနေများကြောင့် ရှမ်းနီများသည် အမျိုးသားရေး လှုပ်ရှားရန်အတွက် ရှမ်းနီ တပ်မတော်ကို ဖွဲ့စည်းရန် စဉ်းစား ကာ ၁၉၇၇ ခုနှစ်တွင် စိုင်းခမ်းလွိုင်နှင့် ကိုအောင်ထွန်း ဦးဆောင်သော ရှမ်းနီလူငယ် တစုက ရှမ်းနီ တပ်မတော်ကို ထူထောင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

          ရှမ်းနီ တပ်မတော် ထူထောင်ရန် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)ကို အကူအညီ တောင်းခံခဲ့သည်။ ထိုအချိန်က ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ) အားကောင်းနေသည့် အချိန်ဖြစ်ရာ SSPP ပင် ဗကပ ၏ အကူအညီကို ရယူနေရခြင်း ကြောင့် စိုင်းခမ်းလွိုင်သည် ဗကပထံ ပြောင်းလဲ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။

          ထို့နောက် ၁၉၇၇ ခုနှစ် အောက်တိုဘာလတွင် ဗကပ ဗဟိုဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိလာခဲ့ရာ ရောက်ရှိသည့် အချိန်ကို အစွဲပြု၍ ရှမ်းနီ တပ်မတော်အား တပ်နံပါတ် ၇၇၁၀ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ပြီးနောက် ၁၉၇၉ ခုနှစ် စက်တင်ဘာလ တွင် မြောက်ပိုင်းဗျူရို သို့ စေလွှတ်ခြင်း ခံခဲ့ရသည်။

          ၇၇၁၀ အဖြစ် လှုပ်ရှားနေစဉ် KIA သည် ဗကပနှင့် မဟာမိတ် ဖွဲ့ထားခြင်းကြောင့် ရန်သူက မိတ်ဆွေအဖြစ် ပြောင်းလဲပြီး အတူတကွ ပူးပေါင်း၍ တပ်မတော်ကို တိုက်ခိုက်နေစဉ် ကိုအောင်ထွန်း ကျဆုံးမှု ဖြစ်ပွားခဲ့သည်။

          ထို့နောက် ရှမ်းနီများကြား KIA ကို မတိုက်ရဘဲ တပ်မတော်အား တိုက်နေရသည်ဟုဆိုပြီး သဘောထား ကွဲလွဲလာကာ အမျိုးသားရေး ရည်မှန်းချက် မပြည့်ခင် ရှမ်းနီ တပ်မတော် ၇၇၁၀ ပျက်သုဉ်း သွားသည်။

          ၇၇၁၀ ပျက်သုဉ်း သွားသည့်အတွက် ရှမ်းနီများသည် အမျိုးသားရေး လှုပ်ရှားမှု အဆက်ပြတ်သွားခဲ့ရာ ပြန်လည် လှုပ်ရှား ရန် စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင် တို့က ရှမ်းနီ အမျိုးသား တပ်မတော်(SNA)ကို ၁၉၈၉ ခုနှစ် ဇွန်လ ၅ ရက်တွင် ပြန်လည် ဖွဲ့စည်း ထူထောင်ခဲ့သည်။

          လက်ရှိတွင် SNA သည် တပ်မဟာ (၉၇၂၊ ၈၉၁၊ ၇၅၃) သုံးခုကို ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဟုမ္မ လင်း၊ ခန္တီး အောက်ဘက်မှ ခန္တီးအထိ၊ ပင်လယ်ဘူး၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၊ ဗန်းမောက်၊ ဟုမ္မလင်း အနောက် ဘက် ခြမ်း အိန္ဒိယ နယ်စပ်အပြင် ကချင်ပြည်နယ်အစပ် ဖားကန့်နှင့် မိုးညှင်းမြို့နယ်၌ လှုပ်ရှားနေကြောင်း သိရသည်။

          တချို့က SNA ကို အစိုးရ တပ်မတော် သို့မဟုတ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA က ထောက်ပံ့ ပေး နေခြင်းဖြစ်ပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA)အား တိုက်ခိုက်ရန် ကြားခံအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများ ရှိသည်။

          “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA/UWSP)မှ အမည်မဖော်လိုသူ အရာရှိတဦးက “SNA ရဲ့ ဇစ်မြစ် သည် ၁၉၇၃ က KIA စစ်ရှိန်မြင့်ပြီး ကချင်၊ ရှမ်း လူမျိုးရေး ပြဿနာ ကြီးထွားလာချိန် နေဝင်း(ဦးနေဝင်း) တပ်က ဖွဲ့ပေးတဲ့ မိုးညှင်း၊ မိုးကောင်း၊ နမား၊ ဟိုပင် ပြည်သူ့စစ်က အခြေခံတယ်။ ၂၀၁၄ မှာ SNA သည် RCSS/SSA ထဲက ရှမ်းနီ အရာရှိကြီး တွေရဲ့ အကူညီနဲ့ စတင်တယ်။ NCA အတွက် ကချင် နဲ့ ရှမ်းကြား ဝှက်ဖဲဖြစ်တယ်။ RCSS ထောက်ပံ့မှုပေါ် ရပ်တည် တယ်။ ဗမာ တပ် (တပ်မတော်)နဲ့ တိုက်ပွဲမဖြစ်၊ RCSS ရဲ့ ကချင်တွက် Defense wing တခုဖြစ်တယ်”ဟု ပြော သည်။

          တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးကတော့ တပ်မတော်မှ ထောက်ပံ့သည်လား RCSS မှ ထောက်ပံ့ပေး သည် လား ဆိုသည့်အပေါ် ခိုင်မာသော သက်သေ အထောက်အထား မရှိခြင်းကြောင့် မှတ်ချက် မပြုနိုင်ကြောင်း၊ သို့သော် တပ်မတော်က ထောက်ပံ့ပေးထားလျှင် SNA နှင့် တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိကြောင်း ပြောဆိုသည်။

          “အဲဒါက အခိုင်အမာ အချက်အလက်မရှိလို့ ဘာမှ မှတ်ချက် မပေးချင်ပါဘူးဗျ။ ဒါပေမယ့် တပ်က ထောက်ပံ့တယ် ဆိုရင် တပ်နဲ့ တိုက်ပွဲဖြစ်မှာ မဟုတ်ဘူးလေ။ အခုက မနှစ်က(၂၀၁၆) နှစ်ပွဲ၊ ဒီနှစ်(၂၀၁၇) တပွဲနဲ့က တပ်နဲ့ပဲ ဖြစ်နေတာ KIA နဲ့ ဖြစ်တာ မတွေ့သေးဘူး”ဟု ၎င်းက ပြောသည်။

          ၂၀၁၆ ခုနှစ်က စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် အနောက်ဘက်ခြမ်း အိန္ဒိယနယ်စပ်တွင် တပ်မတော် နှင့် SNA ကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သလို ၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက်ကလည်း ဟုမ္မလင်းမြို့နယ်၊ နမ့်စပေါ ကျေးရွာတွင် တပ်မတော် ၏ ခြေလျင် တပ်ရင်း(ခလရ ၅၂)နှင့် SNA တို့ တိုက်ပွဲဖြစ်၍ သေဆုံးမှုများလည်း ရှိခဲ့သည်။
          SNA ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “RCSS ကလည်း မရှိပါဘူး။ နောက်ပြီး တပ်မတော်ကလည်း ထောက်ပံ့ ပေးတာ မရှိပါဘူး။ ကျနော်တို့ကို အဓိက ထောက်ပံ့ပေးတာက ကျနော်တို့ လူထုရဲ့ လူမျိုးရေး အကူအညီပေးတဲ့ ထောက်ပံ့မှုနဲ့ ကျနော်တို့ ရပ်တည်နေတာ ဖြစ်ပါတယ်”ဟု ဆိုသည်။

          အလားတူ RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက အခြေအမြစ်မရှိသော စွပ်စွဲမှုများဖြစ်သလို အထောက် အထား မရှိသော သတင်းထွက်မှု တခုသာ ဖြစ်သည်ဟု ပြောသည်။

          “SNA အနေနဲ့က အရင်ကတည်းက သူတို့ တပ်မတော် ရှိခဲ့ပြီးသားလို့ ကျနော်တို့ သဘောထား ပေးချင်ပါတယ်။ သူတို့ အခြေအနေအရ တဖက်က ပြတ်တောက်သွားတဲ့ သဘောရှိပါတယ်။ အဲဒီတုန်းက သူတို့ တပ်မတော်သားဟောင်း တွေက လည်း ABSDF တပ်တွေ အနေနဲ့လည်း သွားပြီး လှုပ်ရှားတာ ရှိတယ်။ နောက်ပိုင်းမှာ တပ်ဖွဲ့တွေကလည်း ကျနော် တို့ဆီ လာပြီးတော့ အခြေချနေပြီးတော့ ပူးပေါင်းသွားတာလည်း ရှိတာပေါ့နော်။ အဲဒီနောက်ပိုင်း သူတို့ ပြန်ပြီး ပေါ်လာတာ ကို ကျနော်တို့ ကြားသိရပါတယ်”ဟု ၎င်းက ပြောဆိုသည်။

          SNA အား တပ်မတော် သို့မဟုတ် RCSS မှ ထောက်ပံ့ပေးနေပြီး KIA ကို တိုက်ခိုက်ရန် ကြားခံအဖြစ် အသုံးပြုနေသည်ဟု ပြောဆိုနေကြသော်လည်း SNA နှင့် KIA ကြား ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ တပ်မတော်နှင့်သာ တိုက်ပွဲ ဖြစ်နေ သည်။

          SNA သည် အမျိုးသားရေး လှုပ်ရှားမှုကို ဖော်ဆောင်ရာတွင် ကချင်ပြည်နယ်တွင် KIA အပြင် တပ်မတော်ကိုပါ ရင်ဆိုင် ရ မည် ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – ကပ်ပလန်(NSCN- K) အပြင် ကသည်း လက်နက်ကိုင်နှင့် တပ်မတော်တို့အား ရင်ဆိုင်ရမည် ဖြစ်သည်။

          ထို့ကြောင့် SNA သည် လူအင်အား၊ ငွေအင်အား၊ စစ်လက်နက်အင်အား တောင့်တင်း ခိုင်မာရန် လိုအပ်သည်။ သို့မဟုတ် ပါက ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် SNA အနေဖြင့် မည်သည့် အဖွဲ့အစည်းများထံမှ အကူအညီများကို ရယူနေ သနည်း ဆိုသော အချက်ကလည်း စဉ်းစားစရာဖြစ်သည်။

          SNA သည် ရှမ်းနီ အမျိုးသားရေးကို ပြန်လည် ဦးမော့ လှုပ်ရှားလာသည့် ရှမ်းနီ လက်နက်ကိုင် အဖွဲ့ဖြစ်သော်လည်း ၎င်း ရင် ဆိုင် ရမည့် အခြေအနေသည် အလွန် အင်အားကြီးမား နေသကဲ့သို့ ရင်ဆိုင်ရန်လည်း ခက်ခဲလှသည်။

          ရှမ်းနီများက ၎င်းတို့ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်၍ ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုနေရာ လက်ရှိတွင် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်သည် ကချင်ပြည်နယ်အတွင်း ပါဝင်နေရာ ကချင်များက လက်ခံကြမည် မဟုတ်ပေ။

          အလားတူ အစိုးရကလည်း လွယ်လင့်တကူ နယ်မြေ အပိုင်းအခြားအား ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ် မရှိနိုင်သလို အကယ်၍ ရှိလာပါက KIA အပါအဝင် ကချင်များက လိုလိုချင်ချင် လက်ခံကြမည်ဟု မထင်ပါ။

          အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကလေး၊ မော်လိုက်၊ ပင်လယ်ဘူး၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း တို့အား အစိုုးရက ခွဲခြမ်း စိတ်ဖြာပေးရန် အစီအစဉ်မရှိနိုင်ပေ။ နာဂများက ၎င်းတို့ အပိုင်ဟုဆိုကာ ခန္တီးခရိုင်အား နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ထည့်သွင်းပေးရန် အစိုးရထံ တောင်းဆိုထားရာ SNA နှင့် နာဂများကြား ဖြေရှင်းရမည့် အချက်တခုလည်း ရှိနေ ပြန်သည်။

          အဆိုပါ အခြေအနေများကို ဖြေရှင်းနိုင်ရန် SNA အနေဖြင့် မှန်ကန်သော နည်းလမ်းတခု ရှာဖွေရန် လိုအပ်သကဲ့သို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရရန်လည်း ကြိုးစားရန် လိုအပ်နေသည်။

          လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့်ပြုရန် SNA က ၂၀၁၆ ခုနှစ် အစောပိုင်း လများအတွင်း က နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ထံ စာပေးပို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။

          ထို အခြေအနေ အရပ်ရပ်ကြောင့် SNA အနေဖြင့် ရှမ်းနီ လူမျိုးများ၏ အိမ်မက်များကို လက်တွေ့ အကောင်အထည် ဖော် နိုင်ရေး အပေါ် မေးခွန်းပေါင်း များစွာလည်း ရှိနေပါသည်။ ။

          Your Thoughts …
          Tags: ရှမ်းနီ
          ချစ်မင်းထွန်း

          ချစ်မင်းထွန်း

          ဧရာဝတီ

          Similar Picks:

          မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

          မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

          by အေးချမ်းဆု
          26 October 2023
          10.2k

          စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

          SNA ခေါ် ရှမ်းနီ အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလံ / ဧရာဝတီ

          ရှမ်းနီလက်နက်ကိုင်အဖွဲ့ SNA ဘာလဲ၊ ဘယ်လဲ

          by ကိုဦး
          10 September 2022
          11.7k

          SNA ရင်ဆိုင်ရသည့် အရေးကြီးသည့် ပြဿနာမှာ ၂၀၂၁ နိုင်ငံရေး အလှည့်အပြောင်းကာလတွင် မည်သို့ ရပ်တည်နည်းဆိုသည့်အချက်ဖြစ်သည်။

          စစ်ကိုင်းတိုင်း အတွင်း လှုပ်ရှားနေသည့် SNA တပ်များ  / ဧရာဝတီ

          စစ်တပ်နှင့် SNA က ဟုမ္မလင်း ဒေသခံ ၁၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးဟုဆို

          by ဧရာဝတီ
          10 January 2023
          3.3k

          စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များက ဒေသခံများကို အားမာန်တောင်ကုန်းထိပ်တွင် ဖမ်းချုပ်ပြီး ပါလာ သည့် ဖုန်းများကို စစ်ဆေးကာ PDF အား ထောက်ပံ့မှုရှိမရှိ စစ်ဆေးနေစဉ် နံနက် ၁၀ နာရီ ဝန်းကျင်၌ PDF များက...

          ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA)  / ဧရာဝတီ

          ရှမ်းနီ အမျိုးသားများ ခရီးကြမ်း ဘယ်လို ဖြတ်သန်းမလဲ

          by ချစ်မင်းထွန်း
          30 March 2019
          29.5k

          SNA အနေဖြင့် ခရီးကြမ်း ရှည်ကြီးတခုကို ကျော်ဖြတ်ရမည်ဖြစ်ရာ မည်သည့် ပုံစံဖြင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ပြီး ရှမ်းနီ ပြည်နယ် ရရှိရေးကို အကောင်အထည် ဖော်မလဲ ဆိုသည့်အပေါ်

          ၂၀၁၉ က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် SNA စစ်သင်တန်းဆင်းပွဲတခု / ဧရာဝတီ

          စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ စစ်ရေး ပူးပေါင်းလှုပ်ရှားနေဟုဆို

          by ဧရာဝတီ
          7 July 2022
          8.5k

          စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားတယ် ဆိုတာက ကောလာဟလတွေပါ။ ပြောရလို့ရှိရင် လေလှိုင်းထဲက တိုက်တဲ့သဘော ပါချင်ပါမှာပေါ့။ ကျနော်တို့ အဖွဲ့အစည်းကို မနာလိုလို့၊ မရှုစိမ့်လို့ ပြောတာလို့ပဲ ထင်ပါတယ်။ ဒါတွေက မဟုတ်ပါဘူး

          အသတ်ခံရသည့် နောင်ပတ်ရွာမှ ဦးဆောင် ဆရာတော်ဦးဂန္ဓမာ

          ဗန်းမောက်တွင် ဆရာတော်တပါး အသတ်ခံရမှု ရှမ်းနီအရပ်ဘက်အဖွဲ့များ ရှုတ်ချ

          by ဧရာဝတီ
          8 September 2022
          7.2k

          စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ရှမ်းနီဆရာတော် အသတ်ခံရမှုသည် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ လက်ချက် ဖြစ်ကြောင်းနှင့် ယင်းဖြစ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းနီအရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

          Next Post
          ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဖွဲ့စည်းချိန် ယမန်နှစ်က အတူတွဲမြင်ရသည့် ကိုဖီအာနန်နှင့် ဒေါ်အောင်ဆန်းစုကြည် / မျိုးမင်းစိုး / ဧရာဝတီ

          ရခိုင်ပဋိပက္ခနှင့် သပွတ်အူ မြန်မာ့နိုင်ငံရေး

          လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးတို့၏ ဘဝလုံခြုံရေးအတွက် ခိုလှုံရာနေရာများ ပိုမိုလိုအပ်နေသည်။ / Reuters

          လိင်အကြမ်းဖက်ခံ အမျိုးသမီးတို့အတွက် ခိုလှုံရာများ ပိုမိုလိုအပ်

          No Result
          View All Result

          Recommended

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          5 days ago
          13.9k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.2k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

            shares
            Share 0 Tweet 0
          • တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved