• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တပ်မတော်က အာဏာသိမ်းခဲ့တာ ၂၉ နှစ်ပြည့်ပြီ

by ဧရာဝတီ
18 September 2017
in ဆောင်းပါး
A A
ဆန္ဒပြတောင်းဆိုသည့် လူထုကို တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့သည်

ဆန္ဒပြတောင်းဆိုသည့် လူထုကို တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့သည်

16.4k
VIEWS
Share on FacebookShare on Twitter

ယနေ့သည် မြန်မာနိုင်ငံကို တပ်မတော်က အာဏာသိမ်းခဲ့သည့် ၂၉ နှစ်တင်းတင်း ပြည့်သောနေ့ ဖြစ်သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့သည် မြန်မာ ပြည်သူ၊ လူထု တရပ်လုံးအတွက် မမေ့နိုင်သော နေရက်တခုအဖြစ် ထင်ကျန် နေဆဲဖြစ်သည်။

ထိုနေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ က နိုင်ငံတော် တဝန်းလုံး အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကြောင့် အချိန်မီထိန်းသိမ်း လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမောင် က ကြေညာချက် အမှတ် ၁/၈၈ ထုတ်ပြန် ကြေညာခဲ့သည်။

RelatedPosts

မဟာ အလက်ဇန္ဒား (၂)

မဟာ အလက်ဇန္ဒား (၂)

25 May 2025
176
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
482
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
4.1k
တပ်မ၂၂ မှ တပ်သားတဦး ဆန္ဒပြသူများကို ပစ်ခတ်ရန် အမိန့်ကို စောင့်ဆိုင်းနေစဉ်

ထိုအချိန်မှစ၍ တိုင်းပြည်သည်လည်း တပ်မတော်၏ အုပ်ချုပ်မှုအောက်သို့ ၂၃ နှစ်တိုင်ကျ ရောက်ခဲ့ရလေသည်။

ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြောရလျှင် ရန်ကုန်မြို့တွင် ဆန္ဒပြနေသည့် လူအုပ်ကြီးမှာ တပ်မတော်က အာဏာသိမ်းလိုက်ကြောင်းသတင်းကို ကြားသည့်အခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။

ဆန္ဒပြသူများကို ဘက်နက်များဖြင့် လိုက်လံထိုးကာ လူစုခွဲနေစဉ်

သို့သော် ချက်ခြင်းပင် တပ်မတော်အာဏာသိမ်းခြင်းကို မကျေနပ်သည့်အတွက် ကျောင်း သား များအပါအဝင် ဒီမိုကရေစီတောင်းဆို သူများသည် ဆန္ဒပြမှုများကို ဆက် လက်ပြု လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

မှောင်ရီပျိုးလာသည်နှင့် ကြွေးကြော်သံများ ပိုမိုကျယ်လောင်လာသလို၊ ရန်ကုန်ဘူတာ ကြီးနှင့် မျက်နှာချင်းဆိုင် ရှိ အောင်ဆန်း အားကစားကွင်းတွင် စခန်းချနေသည့် တပ်မတော်ကလည်း အဆင်သင့်ပြင်လေပြီ။

ထိုနေရာသည် စစ်ရုံးချုပ်နှင့်လည်း နီးသည့်အတွက် အရေးပါသောနေရာတခု လည်းဖြစ် ၏။

အမှောင်ထုအောက်တွင် ကျယ်လောင်သော ကြွေးကြော်သံများနှင့်အတူ ဆန္ဒပြလူအုပ်ကြီး နီးကပ်လာသည့်အခါ၊ အောင်ဆန်းကွင်း အတွင်းရှိ မီးရှုးတိုင်စိုက်တင်သည့် စင်မြင့်ပေါ်တွင် နေရာယူထားသည့် တပ်မတော် က စတင်ပစ်ခတ်လေသည်။

သေနတ်ပြောင်းမှ ထွက်သော မီးပွင့်များကိုပင် မြင်နေရပြီး၊ ကျည်ဆံတချို့လည်း ဘူတာကြီးဘက်သို့ လာမှန်၏။

တိုက်ပွဲကြီး တပွဲအလားပင် ဆန္ဒပြသမားတချို့ကလည်း ရန်ကုန်ဘူတာကြီးဘက်မှ အောင်ဆန်းကွင်းအခြေကို ချဉ်းကပ်ကာ ဓာတ်ဆီထည့်ထားသည့် မိုလိုတော့ ပုလင်းများနှင့် အောင်ဆန်းကွင်းအတွင်းသို့ ပြန်လည် ပစ်ခတ်သည့်အတွက် အောင်ဆန်းကွင်း အတွင်းပိုင်း မီးလောင်နေ သည်ကို ဘူတာကြီးအပေါ်မှ တွေ့နေရသည်။

ဆန္ဒပြလူအုပ်ကြီးအပေါ် တပ်မတော်၏ ပစ်ခတ်မှုမှာ တတောင့်ခြင်း ပစ်ခတ်ခြင်းမဟုတ်ပဲ၊ အော်တိုမက်တစ် သေနတ်များဖြင့် အတွဲလိုက် စစ်မြေပြင်တွင် ရန်သူကို ပစ်ခတ် သကဲ့သို့ ပစ်ခတ်ခြင်းဖြစ်၏။

ဒီမိုကရေစီ ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒပြနေသည့် သံဃာတော်များ

မကြာမီပင် စတော့ဂိတ်ဘက်မှ ကြွေးကြော်သံများနှင့် အတူ ပစ်ခတ်သံများကို ဆက်တိုက်ကြားရပြန်လေသည်၊

ဗိုလ်ချုပ်လမ်းဘက်တွင်မူ တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အများအပြားရှိကြောင်းသိရသည်။

ဒီမိုကရေစီ ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒပြနေသည့် သံဃာတော်များ

ရန်ကုန်မြို့လည်ရှိ နေရာလမ်းတိုင်းတွင် သစ်ပင်များလှဲကာ အကာအရံအတားဆီးများ ပြုလုပ်ကြသလို၊ ဝါးကပ်များ ဖြင့် လမ်းအတွင်းဝင်ပေါက်များကို ပိတ်ဆို့ထား သည့်အတွက် စစ်မြေပြင် တခုအလား ၊ စစ်ကားနှင့် စစ်သားများ ဝင်၍မရ။

ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကုန်သယ်လမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း စသည့် လမ်းမကြီးများပေါ်တွင်သာ တပ်မတော်မှ ဘရင်းကယ်ရီယာများဖြင့် ကင်းလှည့်ခြင်းပြုလုပ်နိုင်ပေ၏။

ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံတွေ အောက်က တိုင်လုံးတွေမှာတော့ ဗိုလ်ချုပ်ကျော်ဇော ဦးဆောင်သည့် မျိုးချစ်တပ်မတော် လာမည်ဆိုသည့် စက္ကူဖြူပေါ်တွင် ရေးသားထားသည့် ပိုစတာများကို မြင်တွေ့နေရသည်။

သို့သော် မျိုးချစ်တပ်မတော်က ဘယ်နေမှန်းမသိ လက်ရှိတပ်မတော်ကတော့ မဲမဲမြင်ရာ ပစ်ခတ်နေသည်၊ သို့သော် ထိုပိုစတာလေးက ဖတ်ရသူတိုင်းအတွက် အားဆေးတခွက်ပင်ဖြစ်သည်။

အာဏာသိမ်း တပ်မတော်၏ အဆိုးရွားဆုံး လူမဆန်စွာ ပစ်ခတ်မှုမှာ အမေရိကန်သံရုံးအနီး ပစ်ခတ်မှုဖြစ်၏။

အမေရိကန် သံရုံးရှေ့ ပစ်ခတ်မှုကြောင့် ထွက်ပြေးနေ ကြသည့် လူအုပ်ကြီး

ထိုနေ့က မိုးကလည်း သည်းသည်းမဲမဲ ရွာနေသည်၊ အဖြူနှင့် အစိမ်းဝတ်ထားသည့် အထက်တန်း ကျောင်းများပါဝင်သည့် ဆန္ဒပြလူအုပ်ကြီးသည် ကုန်သည်လမ်းအတိုင်း ချီတက်လာသည်၊ ရှေ့ဆုံးမှ အဖြူ အစိမ်းဝတ် ကျောင်းသားလေးများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို ကိုင်ကာ ကြွေးကြော်သံများကို ကြွေးကြော်လျှက် ချီတက်ကြသည်။
လမ်းဘေးရှိ လူအုပ်ကလည်း လက်ခုတ်တီးကာ အားပေးကြသည်၊ မကြာမီတွင် သေနတ်သံများ ထွက်ပေါ်လာ ကာ ကျောင်းသားများကို ပစ်ခတ်ပြီဟုသိရသည်။

ဒဏ်ရာ ရသူ တဦးကို သယ်ယူ လာစဉ်

ထိုအဖြစ်အပျက်သည် ယနေ့တိုင် အရုပ်ဆိုးဆုံး အကျည်းတန်ဆုံး အဖြစ်အပျက်အဖြစ် သမိုင်းတွင် ထင်ကျန်နေတော့လေသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ တိုင်းပြည် အာဏာကို ရယူခဲ့သည့် တပ်မတော်အစိုးရသည် နောင် ၂၃ နှစ်ခန့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။

တပ်မတော် အစိုးရ၏ လက်ထက်တွင် တိုင်းပြည်မှာ စီးပွားရေး လူမှုရေး အဖက်ဖက်မှ ချွတ်ချုံကျရလေသည်၊ တမျိုးသား လုံး၏ အကျင့် စာရိတ္တပိုင်းမှာ အောက်ဆုံးအထိ ဒုတ်ဒုတ်ထိလေပြီ။ နေရာတကာတွင် အဂတိလိုက်စားမှုများနှင့် အပြည့်ဖြစ်လေသည်။

ဒဏ်ရာ ရသူ တဦးကို သယ်ယူ လာစဉ်

ထိုအခြေအနေများသည် ယခုတိုင်ပြုပြင် ၍ မရသေးသည့် ဒဏ်ရာဟောင်းတခုဟု ဆိုရပေမည်။

၂၀၁၀ ခုနှစ်မှာတော့ တပ်မတော်က စစ်ဗိုလ်ချုပ်ကြီးများ လူဝတ်လဲကာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအမည်ခံ အစိုးရ တရပ်အနေဖြင့် အုပ်ချုပ်ခဲ့သည်။

၂၀၁၅ ခုနှစ်မှာတော့ လူထုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တောင်ပြို ကမ်းပြိုမဲပေးခဲ့ကြသဖြင့် နှစ်ပေါင်း ၂၀ ကျော် အာဏာရှင်ကို အတိုက်အခံ ပြုလုပ်လာခဲ့သည့် NLD ပါတီက အစိုးရတရပ် ဖြစ်လာခဲ့သည်။

သို့သော်လည်း တပ်မတော်က ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို ချုပ်ကိုင်ထားပြီး လွှတ်တော်ထဲတွင်လည်း လူထုက ရွေးချယ်ခြင်းမဟုတ်သော တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းထားသည်။

Your Thoughts …
Tags: တပ်မတော် အာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တပ်မတော် အာဏာသိမ်းမှုကို လက်မခံကြောင်း ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်ကြစဉ်/ ထက်ဝေ/ဧရာဝတီ

အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု ယန္တရား ရပ်ဆိုင်းတော့မည်လား

by ဧရာဝတီ
8 February 2021
13.6k

CDM ကြောင့် အစိုးရက စီမံအုပ်ချုပ်သည့် ကုသရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းလုလု အခြေအနေ ရင်ဆိုင်ရပြီ ဖြစ်ကြောင်း သိရသည်။

Next Post
၂၀၁၅ ရွေးကောက်ပွဲကာလတွင် သတင်းဓာတ်ပုံလိုက်ရိုက်နေသော ကိုမင်းဇေယျာဦး / Reuters

ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးကိစ္စ ကောင်စစ်ရေးရာ တွေ့ဆုံခွင့် တောင်းဆိုထား

စစ်တွေမြို့ရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများအတွက် ဖွင့်လှစ်ထားသော ယာယီစခန်းဖြစ်သော ဘုန်းတော်ကြီးကျောင်းတွင် မြင်ရသော ဒုက္ခသည်တဦး / Reuters

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်ကို (အများစု) အခိုင်အမာ ထောက်ခံ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4.2k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

1 day ago
4.1k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate