ဆောင်းပါး

အကြမ်းဖက်သမားတွေ လိုတာရ မသွားရအောင် (နိဂုံး)

Want create site? Find Free WordPress Themes and plugins.

များသောအားဖြင့် အကြမ်းဖက်သမားတို့သည် နိုင်ငံရေးအရ မကျေနပ်မှု နယ်ပယ်မှ အစွန်ဆုံး အစွန်းတခုကို ကိုယ်စားပြု ကြသည်။ တရားမျှတမှုမရှိခြင်းနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော တိုင်ကြားမှုများကို အကြမ်းဖက်အဖွဲ့အစည်းများက ဝင်ရောက်နာမည်ခံ အမြတ်ထုတ်ခြင်း မပြုမီ တတ်နိုင်သလောက် အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်သည်။

အကြမ်းဖက်သမားများကို သူတို့အပေါ် စာနာနားလည်မှုပေးမည့်နေရာများ၊ လူသစ်စုဆောင်းနိုင်မည့်နေရာများနှင့် ကင်း ကွာစေရမည်ဖြစ်သည်။ သူတို့၏စွမ်းဆောင်ရည်နှင့်သက်တမ်းကို ထိန်းချုပ်နိုင်ရမည် ဖြစ်သည်။

အကြမ်းဖက်သမားများ လူစုဆောင်းခြင်းနှင့် အကြမ်းဖက်လုပ်ရပ်ကို စွဲမြဲနေခြင်းတို့ကို လျှော့ချနိုင်ပါသည်။ အဆိုပါ ချဉ်းကပ်မှုက ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းအစား အခြားသော ရွေးချယ်စရာများပေးခြင်းအပေါ် တွင် အာရုံစိုက်ပါသည်။

ပိုမိုကောင်းမွန်သော ပညာသင်ကြားခွင့် ရရှိစေခြင်း၊ သော့ချက်ကျသော အသိုင်းအဝိုင်းများမှ အကျင့်စာရိတ္တ ပျက်ပြားနေ သော လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးခြင်း (ကွဲပြားသော၊ လူလတ်တန်းစား ပိုဆန်သောစနစ် အ တွင်းသို့ဆွဲဆောင်ခြင်း)နှင့် ဘက်ပြောင်းလာသူများကို မက်မောလောက်စရာ ထောက်ပံ့ပေးကမ်းမှုများ ပြုလုပ်ခြင်းတို့ ဖြစ် သည်။

အခြားဆောင်ရွက်နိုင်သည့်ကိစ္စများထဲတွင် ကုန်ဈေးနှုန်းများကို လျော့ကျစေခြင်းကလည်း ဒီမိုကရက်တစ် အဖွဲ့အစည်းများအတွင်းမှ မကျေနပ်မှုများကို ဖြေရှင်းနိုင်သော နည်းလမ်းများထဲမှတခု ဖြစ်သည်။ ဒေသတွင်း ဆန္ဒခံယူပွဲကဲ့သို့သော ဒီမိုကရက်တစ်နည်းလမ်းများက ဒီမိုကရေစီမှတဆင့် ရပိုင်ခွင့်များ မည်သို့ရရှိနိုင်သည်ကို သရုပ်ဖော်ပြနိုင်ပါသည်။

ဒီမိုကရေစီဆုံးရှုံးမှု လက်တွေ့အမှန်တရားများဖြင့် အစွန်းရောက် အဖွဲ့အစည်းများကို ထိပ်တိုက်ရင်ဆိုင်နိုင်ပါသည်။

(၃) လှုံ့ဆော်ခြင်း (စစ်ပွဲ၏ထောင်ချောက်)

အိုင်ယာလန်က IRA နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO)၊ သီရိလင်္ကာမှ တမီလ်ကျားအဖွဲ့၊ တူရကီနှင့် အီရတ်တွင် အခြေ စိုက်သော ကာဒ့်အလုပ်သမားပါတီ (PKK) တို့ကဲ့သို့ အခြားသော အမျိုးသားရေးဝါဒီ လွတ်လပ်ရေးလှုပ်ရှားမှုများက ခြောက်လှန့်မှုဖြင့် ကျော်ကြားခဲ့ကြသည်။

သူတို့၏ စိတ်လှုပ်ရှားမက်မောဖွယ်ရာ မရှိသော ရက်စက်ကြမ်းတမ်းမှုက နိုင်ငံအများအပြားမှ ပြည်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ရသည်။

ဆယ်စုနှစ်များစွာ ပြည်သူများ၏ အသိထဲတွင် ရှိနေစေခဲ့သည်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပေါ်ထွက် လာသည့် Al Qaida က သစ်ဆန်းနေသည်။ Al Qaida နှင့် ISIS တို့က အစိုးရများနှင့် ညှိနှိုင်းခြင်းများ မလုပ်ပါ။ သူတို့တွင် ပိုမိုကြီးမားသည့် အစီအစဉ်တခု ရှိသည်။ ကမ္ဘာကို အစီအစဉ် အသစ်ပြောင်းရေး ဖြစ်သည်။ ထိုသို့ ဖြစ်လာရန်အတွက် ယဉ်ကျေးမှုစစ်ပွဲတခုကို လှုံ့ဆော်သည့် အစီအစဉ်တခု သူတို့မှာ ရှိသည်။

ကျနော် ရည်ညွှန်းပြီးဖြစ်သည့်အတိုင်း အစိုးရများသည် သူတို့ပြည်သူများကို နိုင်ငံရေးအကြမ်းဖက်မှု ပဋိပက္ခများမှ ကာကွယ်နိုင်စွမ်း ရှိကြောင်း ပြသရမည်ဖြစ်သည်။ ကြောက်ရွံ့မှုမှ ကင်းဝေးစေရမည် ဖြစ်သည်။ သို့သော်လည်း ပြည်သူအများစုက သူတို့ အစိုးရကို တိုက်စစ် ကစားစေချင်သလို ခံစစ်ကိုလည်း ကစားစေချင်ကြသည်။

သူတို့က အစိုးရ၏တာဝန်သည် ပြည်သူတို့ ကောင်းမွန်စွာနေနိုင်ရေးနှင့် ကြီးပွားချမ်းသာရေးအတွက်သာမက နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရသူ အဖြစ်လည်း ယူဆထားကြသည်။

အကြမ်းဖက်ဝါဒက သူတို့ကို ဒေါသ၊ နာကြည်းမှုများဖြင့် ပြည့်စေခဲ့သည်။ (တခါတရံတွင် ပြည်သူများ ကြောက်ရွံမှုကိုလည်း ခံစားကြရသည်။ ထိုကြောက်ရွံ့မှုကြောင့်ပင် သူတို့ကို ဒေါသ ပိုဖြစ်စေခဲ့သည်။) ၉/၁၁ သို့မဟုတ် မွန်ဘိုင်း သို့မဟုတ် ပဲရစ် တို့ ကဲ့သို့သော ကြီးကျယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို နိုင်ငံ့ဂုဏ်သိက္ခာကို တိုက်ရိုက် စိန်ခေါ်မှုများအဖြစ် မြင်ခဲ့ကြသည်။

နိုင်ငံလုံး အတိုင်းအတာဖြင့် နာကြည်းခြင်းနှင့် ဒေါသက တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြောက်ရွှံ့မှုကဲ့သို့ပင် ခေတ်ပြိုင် အကြမ်းဖက်ဝါဒ၏ ရည်မှန်းချက်တခု ဖြစ်သည်။
အကယ်၍ ကျနော်တို့က အကြမ်းဖက်သမားများကို အနိုင်ယူလိုသည်ဆိုလျှင် ကျနော်တို့၏ ခံစားချက်များကို သူတို့လိုချင် သည့်နေရာသို့ ကြိုးကိုင်ခေါ်ယူသွားမည့်သူတို့၏ အားထုတ်မှုမှန်သမျှကို ကျနော်တို့က ငြင်းပယ်ရမည် ဖြစ်သည်။

(၄) ဒီမိုကရေစီ (ပျော့ကွက်တခုနှင့် အားသာချက်တခု)

ဒီမိုကရေစီနှင့် အကြမ်းဖက်ဝါဒကြားတွင် အလွန်နီးကပ်သော ဆက်သွယ်ချက်တခု ရှိပါသည်။ တဖက်မှကြည့်လျှင် ကောင်းစွာ အလုပ်ဖြစ်နေသော ဒီမိုကရေစီနိုင်ငံများက လူနည်းစုများကို ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်းသို့ ခေါ်ယူရေး၊ ဖိနှိပ်မှု မခံ ရစေရန် သမာသမတ်ကျသည့် ဥပဒေများဖြင့် ကာကွယ်ရေး၊ ဘာသာစကား အခွင့်အရေးကဲ့သို့သော သူတို့၏ အထူးအသိအမှတ်ပြုရမည့် အခွင့်အရေးများ ကျိုးကြောင်းဆီလျော်စွာ တောင်းခံလာခြင်းကို ဖြည့်ဆည်းပေးရေးတို့အတွက် နည်းလမ်းများ ရှာဖွေကြသည်။

တနည်းဆိုရသော် ဒီမိုကရေစီနိုင်ငံများက တရားမျှတမှုတွင် တော်တော်လေး ကောင်းမွန်ကြသည်။ အနည်းဆုံးတော့ ဆော်ဒီအာရေးဗီး သို့မဟုတ် ရုရှားတို့ကဲ့သို့သော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖြစ်သည်။ အဆိုပါနိုင်ငံများတွင် ပြည် သူအများစုမှာ အခွင့်အရေးများ ပိတ်ပင်ခံရခြင်း၊ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခံရခြင်းများအောက်တွင် ရှိနေကြရသည်။

တခြားဘက်မှ ကြည့်ပြန်လျှင်မူ သက်ဦးဆံပိုင် အာဏာရှင်နိုင်ငံများတွင် နိုင်ငံရေးက အထက်တန်းလွှာလူတစုကြားတွင်သာ ရှိနေသော်လည်း ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူပါဝင်သည့် နိုင်ငံရေးဖြစ်နေသည့်အတွက် မကျေနပ်သည့် အဖွဲ့အစည်းတခုက လူထုကို တိုက်ရိုက်တောင်းဆိုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်နိုင်နေသည်။

အာဏာရှင်များက(ကိုယ်ပိုင်အခွင့်အရေးနှင့် ပတ်သက်သော ပြည်သူတို့၏အတွေးအမြင်များကို ကျွမ်းကျင်စွာ ခြယ်လှယ် နိုင်သူများ ဖြစ်သည့်) မီဒီယာကို တင်းကျပ်စွာ ထိန်းချုပ်နိုင်သော်လည်း ဒီမိုကရေစီနိုင်ငံများက မီဒီယာလွတ်လပ်ခွင့် ကတိ ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ လွတ်လပ်သော မီဒီယာမှာ အကြမ်းဖက်သမားများ၏ လမ်းကြောင်းပြောင်းလဲခြင်းများ ပြုလုပ်ခံရနိုင်သည့် နေရာဖြစ်သည်။

အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက မကျေနပ်မှု နစ်နာမှု အနည်းဆုံးဖြစ်အောင် ပြုလုပ်နိုင်သော်လည်း ထိုအချက်ကပင် အကြမ်းဖက် အစွန်းရောက်ဝါဒကို မွေးဖွားပေးနိုင်သည်။

နည်းပညာအရဆိုလျှင် အကြမ်းဖက်ဝါဒကို ကာကွယ်ရန်အတွက် အားအနည်းဆုံးလည်း ဖြစ်သည်။ အကြမ်းဖက်ဝါဒ ပြဿနာအသစ်က တကမ္ဘာလုံးနှင့် ဆိုင်သည့် ဖြစ်စဉ်တခု ဖြစ်လာသည်။ (ဒီမိုကရေစီနိုင်ငံများနှင့် ပြဿနာ တိတိကျကျ မရှိသော အဖွဲ့များက ဒီမိုကရေစီနိုင်ငံများကို ပစ်မှတ်ထားခြင်းမှာ ထိုသို့ပြုလုပ်ခြင်းကြောင့် မြင့်မားသော အကျိုးအမြတ် ရရှိသည် ဆိုသော) အဆိုပါဖြစ်စဉ် သို့မဟုတ် သဘောတရားကို ၂၀၀၀ ပြည့်နှစ်လွန် အစ္စလာမ်ဝါဒက စတင်ခဲ့ခြင်းဖြစ်သော်လည်း သူတို့နှင့်ပင် ပြီးဆုံးသွားလိမ့်မည်ဆိုသည်က မသေချာပါ။

သူတို့က ကျနော်တို့၏လွတ်လပ်မှုများကို မုန်းတီးသောကြောင့် မဟုတ်သော်လည်း ကျနော်တို့၏ လွတ်လပ်မှုကို ကျနော်တို့အား ဆန့်ကျင်ရာတွင် အသုံးပြုနိုင်သောကြောင့် ဖြစ်ပါသည်။ ယခုအခါတွင် အကြမ်းဖက်ဝါဒပြပွဲကြီးက သူတို့အတွက် အကောင်းဆုံးပရိသတ်များ တွေ့နိုင်မည့် နေရာမှန်သမျှသို့ ခရီးလှည့်လျက် ရှိနေပါသည်။

ဒေါသထွက်နေသော လူအုပ်ကြီး၊ မိုက်မဲမှုများ၏ အစုအဝေးနှင့် ဥပဒေကို မျက်ကွယ်ပြုခြင်းများက ဒီမိုကရေစီ၏ အားနည်းချက် အမြဲတမ်း ဖြစ်ခဲ့ပါသည်။

သို့သော်လည်း ဒီမိုကရေစီ နိုင်ငံများတွင် အားသာချက်(အားကောင်းမှု)များလည်း ရှိပါသည်။ သူတို့သည် ပြီးခဲ့သည့်နှစ် ပေါင်း ၂၀၀ အတွင်းတွင် အခြားသော အာဏာရှင်တိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း၊ ထမြောက်အောင်မြင်ခဲ့ခြင်းများက သက်သေ ဖြစ်သည်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခု၏ခွန်အားက (အတွေးအခေါ်အယူအဆများ တိုးတက်ကောင်းမွန်လာရန်၊ လူသိထင်ရှား ဆွေးနွေးပြောဆိုခြင်းအားဖြင့် အမှားများမှ သင်ခန်းစာရယူရန်၊ လှုပ်ရှားခြင်း တုံ့ပြန်ခြင်းမျှသာမကဘဲ ရောင်ပြန် ဟပ်ပြနိုင် ရန်) စုပေါင်း၍ အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

အကြမ်းဖက်သမားများက ဒီမိုကရေစီ၏ အားနည်းချက်ကို စားသုံးနေခြင်း ဖြစ်ပါသည်။ သူတို့ကို အနိုင်ယူရေးအတွက် ကျနော်တို့က ဒီမိုကရေစီ၏အားသာချက်များကို ဖော်ထုတ်ပြသနိုင်ရန် လိုအပ်ပါသည်။

(Thomas R. Wells သည် ဟော်ဟန်နိုင်ငံ Tilburg တက္ကသိုလ်မှ ဒဿနိကဗေဒ လက်ထောက်ပါမောက္ခဖြစ်ပါသည်။၎င်း၏ What Terrorists Want – and How to Stop Them Getting It ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန် – အကြမ်းဖက်သမားတွေ လိုတာရ မသွားရအောင် (အပိုင်း-၁) 

Did you find apk for android? You can find new Free Android Games and apps.
Loading