ဗမာ၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း တိုင်းရင်းသားများအပြင် အခြား တိုင်းရင်းသားငယ် ၁၃၅ မျိုးနဲ့ စုစည်း နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ကြီးဟာ လွတ်လပ်ရေးဖွားဖက်တော် ပြည်တွင်းစစ်နဲ့ ယခုလက်ရှိဖြစ်ပွားခဲ့ပြီးတဲ့ ရခိုင်ပြည် နယ်အရေးများကြောင့် ကမ္ဘာကျော်လျက်ရှိပါတယ်။
ထိုမြန်မာနိုင်ငံတော်ကြီးရဲ့အသက်သွေးကြောဖြစ်ရာ ဧရာဝတီမြစ်ကြီး စတင်ပေါက်ဖွားတဲ့ မေခ-မလိခပေါင်းစုံရာ၊ ဂျင်းဖော ဘာသာယဉ်ကျေးမှု၊ မနောပွဲများရှိရာ နေရာဒေသကတော့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်ဖြစ်ပါတယ်။
အခြားညီနောင်တိုင်းရင်းသားများလိုပဲ ကချင်ပြည်နယ်ဟာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ထုံတမ်းစဉ်လာများစွာရှိသလို အင်္ဂ လိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်အစိုးရခေတ်များစွာကြောင့် သမိုင်းဒဏ်ရာဒဏ်ချက်များနဲ့ မမေ့အပ်စရာတွေလည်း ရှိနေပါလိမ့် မယ်။
၁၉၆၀ နောက်ပိုင်းကတည်းက ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ကချင်လက်နက်ကိုင်အဖွဲ့အစည်းများကြောင့်လည်း ဒေသ ခံတွေဟာ ကိုယ့်ပြည်နယ်ရဲ့အလှအပများကို မခံစားရဘဲ နေ့စဉ်နဲ့အမျှ ကြောင့်ကြနေရမှာမလွဲပါဘဲ။
ယခုစာအုပ်ကတော့ ဧရာဝတီမြစ်ကြီးစတင်ရာ၊ မနောပွဲနဲ့ဂျင်းဖောရိုးရာဝတ်စုံတွေ ထွန်းကားရာ ကချင်ပြည်နယ်အကြောင်း ကို Mandy Sadan ရေးသားထားတဲ့ BEING AND BECOMING KACHIN Histories Beyond the State in the Borderworlds of Burma ဆိုတဲ့ စာအုပ်ကို မင်းအောင်မင်းက ကချင် ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း (ဗမာပြည်နယ်ခြား ကမ္ဘာများမှ နယ်မြေဖြတ်ကျော်သမိုင်းများ) ဟု ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
ကချင်လူမျိုးတို့စတင်ရာကနေ ယနေ့မျက်မှောက် ကချင်ပြည်နယ်အကြောင်းထိ စုစည်းရေးသားထားတဲ့ ယခုစာအုပ်ကို အိ န္ဒိယလူမျိုး အမျိုးသမီးစာရေးဆရာ Mandy Sadan က ရေးသားခဲ့ပြီး Oxford university press မှာရိုပ်နှိပ်ကာ The British Academy ကနေ ထုတ်ဝေဖြန့်ချိ ခဲ့တာဖြစ်ပါတယ်။
စာအုပ်မှာ အခန်း ၉ ခန်း ပါဝင်ပြီး ကမ္ဘာ့သမိုင်းနှင့်ဒေသအတွင်း ချန်လှပ်ထားခြင်းများ၊ ဘာသာရေး အစဉ်အလာ၊ အယူဝါဒ နဲ့နိုင်ငံရေး၊ နယ်နိမိတ်ဒေသများနှင့် နယ်ခြားဒေသများ၊ စစ်အင်အားထူထောင်ခြင်းနှင့် ခေတ်မီရေး၌ပါဝင်လာခြင်း၊ စစ်နှင့် လွတ်လပ်ရေး၊ ဒီမိုကရေစီမှ လက်နက်ကိုင်လှုပ်ရှားမှုသို့၊ လက်နက်ကိုင်တိုက်ပွဲကာလ၊ အယူဝါဒ၊ လူမျိုးလက္ခဏာတို့နှင့် မ နောပွဲတော် အယူအဆတို့ ပါဝင်ပါတယ်။
စာအုပ်ရေးသားရခြင်း အမှာသဘောမျိုးနဲ့ စာအုပ်ရေးသားပြုစုသူ Mandy Sadan က “၁၈ရာစုနောက်ပိုင်း တွင်ဂျင်းဖော တို့ ၏ လူမှုရေးဘဝလည်ပတ်ပုံသည် အသေးစိတ်အားဖြင့် ရှုပ်ထွေးသည်။ ဒေသအလိုက် ထုတ်လုပ်မှုဘက်သို့ဦးတည်ပြီး ဒေ သခွဲအလိုက် နိုင်ငံရေး၊ စီးပွားရေး ပတ်ဝန်းကျင် ကွဲပြားနေသည်။ ဂျင်းဖောတို့၏ လူမှုရေး၊ ဘာသာရေး နှင့်နိုင်ငံရေးစနစ်တို့ သည် အလွန်သွက်လက်သည်။ နိုင်ငံရေးအမှတ်အသား၊ လူမှုရေးဘာသာစကားတို့မှ များစွာပတ်သက်နေသော ဘာသာ စ ကားတို့ ပါဝင်ဖွဲ့စည်းထားသည်။ ပွင့်လင်းသောစနစ်ဖြစ်ပြီး ဆင်တူသော ဆက်ဆံရေးသဘာဝပေါ်တွင် တည်ဆောက်၍ ဘာ သာရေးအရလည်း အရေးပါသည်။ ထိုကာလနိုင်ငံရေးနှင့်လူမှုရေးတည်ဆောက်ပုံသည် ကျယ်ပြန့်သည်။ ကျယ်ပြန့်စွာ ပြန့်ကျဲ နေသော အုပ်စုများပေါင်းစည်းပြီးနောက် အားနည်းသည့်ဆွေမျိုးတို့၏ဆက်ဆံရေးကလည်း ဧရိယာတစ်ခုလုံးတွင် ရှိနေ သည်” လို့ ရေးသားထားပါတယ်။
တိုင်းပြည်တပြည်၊ လူမျိုးတမျိုးကို အပေါ်ယံ သုံးသပ်လေ့လာရင်တော့ အပေါ်ယံအမြင်နဲ့ ချည်းကပ်ခြင်းသာ မည်နိုင်မယ် ဆို တာကိုလည်း Mandy Sadan က ခုလို ရေးသားထားပါတယ်။
“ကချင်ဟုဖြစ်ပေါ်ခဲ့သော ရှည်လျားသောကာလတစ်ခု၏လမ်းကြောင်းကို နားလည်လိုလျှင် နိုင်ငံရေးအဆောက်အအုံ မည် သို့ဖြစ်ပေါ်ခဲ့သည်ကို စ၍ စဉ်းစားရမည်”လို့ရေးသားထားပြီး အခန်း၁ထဲမှာ ၁၈၂၄ (ပထမအင်္ဂလိပ်-မြန်မာစစ်မတိုင်မီ ) စင် ပို-ဂျင်းဖော အပြန်အလှန်ဆက်သွယ်မှုများနှင့် ဒေသဖြတ်ကျော်ခဲ့သည့်သမိုင်းများ၊ အုပ်ချုပ်ရေးသစ်အခြေအနေများ၊ တော် လှန်ပုန်ကန်မှုတို့ကို ဖတ်ရမှာဖြစ်ပါတယ်။
အခန်း၂မှာတော့ ပတ်ကွိုင်တောင်တန်းဖြတ်ကျော်ဆက်သွယ်မှုများနှင့် ကျောက်စိမ်းကုန်သွယ်ရေးအတွင်းမှ ယဉ်ကျေးမှု တွေ့ ဆုံခြင်းများ၊ အတွင်းပိုင်း ပဋိပက္ခနှင့်ရှေ့နောက်အဆက်အစပ်များ၊ နိုင်ငံရေးအစီအစဉ်တရပ်၏ရည်မှန်းချက်အလားအလာ၊ နိုင်ငံရေးအယူဝါဒနှင့် ဘာသာရေးတို့ပါဝင်ပါတယ်။
ထိုအခန်း၂မှာပဲ ကုန်းဘောင်မင်းဆက်နောက်ပိုင်းကာလ ကချင်လူမျိုးတို့ နတ်ကိုးကွယ်မှုများရှိခဲ့ပြီး နတ်ကိုးကွယ်မှုနဲ့ ထို နတ်များအကြောင်းကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။
“ကုန်းဘောင်မင်းဆက်နောက်ပိုင်းကာလများတွင် အင်အားကောင်းသော နတ်ကိုးကွယ်မှု အယူအဆသစ် ကချင်ပြည်နယ် တောင်ပိုင်း ရွှေကူအနီးတွင် ဖြစ်ပေါ်လာသည်။ ထိုနတ်ကို Tawn Nat ဟုခေါ်သည်။ အမည်အပြည့်အစုံ Hkun Du Fan ဖြစ် သည်။ ထိုဘာသာရေးအယူအဆ အစဦးမှာ စံကားဒူးဝါနှင့် ဆက်နွယ်သည်။ စံကားဒူဝါသည် လဖိုင်အကြီးအကဲ၏အရေးပါ သော နယ်မြေအစိတ်အပိုင်းကို ထိန်းချုပ်ထားရာ ယခင်က အတိုက်အခံအဖြစ် ထင်ရှားခဲ့သည်။”
“ဂျင်းဖောတော်နတ်အတ္ထုပ္ပတ္တိမှာ အွမ်မိုင်-မုလိ(မေခ-မလိခ) တြိဂံဒေသအောက်ဘက်ပိုင်းမှာ လဖိုင်လူမျိုးစုအကြီးအကဲ စံ ကားဒူဝါ၏အမျိုးသမီးတစ်ဦးနှင့် ဆက်စပ်နေသည်။”
“ထို့ကြောင့် နတ်ကိုးကွယ်မှုသည်လည်း ထိုဒေသမှ အမျိုးသမီးအာဏာအကြောင်း ကွဲပြားစွာ မြင်ရသည့် အကြောင်းတစ်ခု ဖြစ်သည်။ အမျိုးသမီးအဖွဲ့များ၏ လှုပ်ရှားမှုနှင့် လူမှုရေးသာတူညီမျှမှုဝါဒကို အလေးနက်ထားခြင်းတစ်မျိုးဖြစ်သည်။”
“ကချင်တို့၏ အယူဝါဒရေးရာအဓိပ္ပာယ်တို့အပေါ် တုံ့ပြန်မှုတို့ကို ခြေရာခံကြည့်လျှင် သူတို့၏ခေါင်းဆောင်များက တစ်ဆင့် နိမ့်သော ကြီးကြပ်မှုနှင့် နိုင်ငံရေးရပိုင်ခွင့်ကျင့်သုံးမှုတို့အပေါ် ပြင်ပမှ ဖိအားများကျရောက်လာ၍ ဖြစ်သည်။ ထို့ကြောင့် နတ် ကိုးကွယ်မှုသည် မြန်မာဘုရင်နှင့်ပတ်သက်သော ဆွေးနွေးငြင်းခုန်စရာမျှသာမက ဂျင်းဖောဒေသ၏ ခက်ခဲသောကာလ အ စိတ်အပိုင်းတစ်ခုမှ ခေတ်ပြိုင်လူမှုရေးနိုင်ငံရေး၊ စီးပွားရေးကိစ္စများထဲမှ တစ်ခုဖြစ်သည်။”
အခန်း၃ မှာတော့ ခရစ်နှစ် ၁၈၇၈မှ ၁၉၁၅အတွင်း နိုင်ငံရေးအခြေခံများ ပြောင်းလဲမှု၊ ကုန်းဘောင်ခေတ်အဆုံး ထိုနယ်ခြား ဒေသလုပ်ငန်းများ၊ နယ်နိမိတ်မှ နယ်ခြားသို့ပထမကမ္ဘာစစ်မတိုင်မီ ကချင်တောင်တန်း ဒေသအုပ်ချုပ်ရေး၊ အရှေ့ ဘက်နှင့် အနောက်ဘက် နယ်ခြားဒေသအပေါ် နှိုင်းယှဉ်မှုရလဒ်၊ လက်တွေ့ရှုပ်ထွေးမှုများထဲမှ အယူအဆရေးရာ ထွက်ပေါ်ခြင်းတို့ ပါဝင်ပါတယ်။
အခန်း ၄၊ ၅ အပိုင်းတွေမှာတော့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ကချင်ပြည်နယ်အခြေအနေများကို မီးမောင်းထိုး ပြထားပြီး ကိုလိုနီခေတ် မတ်ဆိုပိုတေးမီးယားရောက် ကချင်စစ်သားများအကြောင်းကိုလည်း ခုနှစ်များနဲ့တကွ ဖတ်ရပါ တယ်။
“တပ်သားတို့၏လစာမှာ တစ်လ ၁၈ ရူပီး ဖြစ်ပြီး အများဆုံးရူပီး ၄၀၀ ထိ ရကြခြင်းဖြစ်သည်။ ကချင်တို့၏ရိုးရာ၌ မောင်း တို့မှာ မိသားစုအထိမ်းအမှတ် လက်ဆောင်ပေးရသော ပစ္စည်းဖြစ်ပြီး တန်ဖိုးကြီးမားလှသည်။ ရူပီး ၄၀၀ရထားသော ကချင် စစ်သားတစ်ယောက်သည် မောင်းများ ကျွဲနွားများနှင့် သတို့သမီးအထိ ဝယ်နိုင်တင်တောင်းနိုင်ပေသည်။”
စစ်ပွဲနှင့်လွတ်လပ်ရေးကြားမှ ကချင်တို့၏နိုင်ငံရေး(၁၉၄၅-၄၈)ဆိုတဲ့အပိုင်းမှာလည်း “ဗမာအမျိုးသား လွတ်မြောက်ရေး ဝါဒကို စစ်ပွဲ၏အတွေ့အကြုံက ပြန်လည်ဖော်ပြနေသည်။ နိုင်ငံရေးဝေါဟာရများနှင့် ကချင်ခေါင်းဆောင်တို့သည်လည်း ထက်မြက်လာသည်။ အယူအဆရေးရာတွင် နော်ဆိုင်းက တရုတ်ကွန်မြူနစ်ဝါဒကို နောက်ပိုင်းဆွဲယူလာပြီး ထိုခေါက်ရိုးထဲ ရောက်သွားသည်”လို့ ရေးသားထားပါတယ်။
အခန်း၆မှာ လွတ်လပ်ရေးရပြီး အစောပိုင်းနှစ်များ(၁၉၄၈-၆၀)မှာတော့ ကချင်လက်နက်ကိုင်တော်လှန်ရေးစရာ KIAရဲ့ ပထ မဆုံး စစ်သားလို့ရည်ညွှန်းကြတဲ့ နန်ခွန်နော်အကြောင်းကိုလည်း ဖတ်ရပြီး လွတ်လပ်ရေးရပြီးကချင်ပြည်နယ်ရဲ့ ပထမဆုံး အကြီးအကဲ ဆမားဒူးဝါးဆင်ဝါးနောင်တို့အကြောင်းများကို ဖတ်ရပါတယ်။
ထိုအခန်းမှာပဲ မြေအောက်ကွန်ရက်များမှ ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန်၊ လမိုင်ဘောက်၊ မာကော်လ၊ မရန် ဘရန်ဆိုင်းတို့ရဲ့ မြေအောက်လှုပ်ရှားမှုများအကြောင်းကိုလည်း ထည့်သွင်းရေးသားထားပါတယ်။
အခန်း၇ မှာတော့ KIA/ KIO ဖြစ်တည်လာမှုများကိုတော့ လက်နက်ကိုင်တိုက်ပွဲကာလ၊ နယ်ခြားကမ္ဘာကို လှမ်းကြည့်ခြင်း ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတာမို့ သမိုင်းကြောင်းပြန်ကိုးကားစရာအပိုင်းများဖြစ်ပါတယ်။
အခန်း၈ မှာ ကချင်လူဦးရေရဲ့၉၉ရာခိုင်းနှုန်း ကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာနဲ့ပတ်သက်ရာ အယူဝါဒ အကြောင်းများကို က ချင်နှင့် ခရစ်ယာန်ဘာသာ(နယ်ခြားကမ္ဘာမှ ဘာသာရေးရောယှက်မှုများ(၁၉၆၁-၁၉၉၄)၊ ခရစ်ယာန်ဘာသာနှင့် ကိုလိုနီစနစ်၊ ခရစ်ယာန်လူမျိုးစု၊ အမျိုးသားရေး အယူအဆနှင့် ပဋိပက္ခ၊ ဆန့်ကျင်မှုဇာတ်လမ်းတို့ကို ဖတ်ရပါတယ်။
နောက်ဆုံးပိုင်း အခန်း ၉ မှာတော့ နာမည်ကျော် မနောပွဲတော်ရဲ့သမိုင်းကြောင်းများဖြစ်တဲ့ လူမျိုးလက္ခဏာတို့နှင့် မနောပွဲ တော် အယူအဆ၊ ၁၉၉၄ နောက်ပိုင်း မြစ်ကြီးနား မနောပွဲ၊ မနောပွဲအကျဉ်းချုပ်သမိုင်း၊ နယ်ခြားကမ္ဘာ၏နိုင်ငံရေးနှင့် ယဉ် ကျေးမှု၊ မနောပွဲတော်၏အယူဝါဒတန်ဖိုးတို့ပါဝင်ပါတယ်။
KIAနဲ့မြန်မာ့တပ်မတော်တို့အပစ်ခတ်ရပ်စဲပြီး ၂၀၁၁ဇွန်လရောက်မှ မြစ်ကြီးနားမြို့ရှိ မနောပွဲတော်ပျက်ခဲ့ရခြင်းများကို “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စိတ်ဓာတ်များ ပျက်ပြားခြင်း၊သီးခြားငြိမ်းချမ်းရေးများ၊ အပစ်အခတ်ရပ်စဲခြင်းများ၊ အမျိုးသား ပြန်လည် သင့်မြတ်မှုများ ကချင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၂ခုနှစ် မြစ်ကြီးနားတွင် မနောပွဲ မလုပ်နိုင်တော့ ခြင်းတော့မှာ အံ့သြစရာ မရှိပေ”လို့လည်း ရေးသားထားပါတယ်။
အနှစ်ချုပ်ဆိုရရင် ကချင်သမိုင်းကြောင်းကို ပြန်လှန်ပြောဆိုတော့မယ်ဆိုရင်တော့ ကချင်လူမျိုးများနဲ့နီးစပ်ခဲ့တဲ့ ကချင်အ ရေး နှံ့စပ်လှတဲ့ Mandy Sadanရဲ့ကချင်စာအုပ်ကတော့ ကိုးကားစရာတခုဖြစ်မှာ အမှန်ပါပဲ။
စာရေးသူက စာအုပ်ရဲ့အဆုံးမှာ ရေးသားထားသလို “ရှည်လျားရှုပ်ထွေးသော ကချင်ဟုဖြစ်နေသည့် ဖြစ်လာသည့် သမိုင်းကို ဆက်လက်၍ သင့်တော်သော လက္ခဏာတို့နှင့် ဖွင့်ဆိုနေဦးမည်ဖြစ်သည်”ဆိုတဲ့အတိုင်း လူမျိုးစုတစုဟာ သမိုင်းကြောင်း အတိုင်း အဓွန့်ရှည်နေမှာ မလွဲပါကြောင်း ယခုစာအုပ်ကို ဖတ်ရှုလေ့လာရင်း စဉ်းစားခဲ့မိပါတယ်။
စာရေးသူ – Mandy Sadan
စာအုပ်အမည် – BEING AND BECOMING KACHIN Histories Beyond the State in the Border worlds of Burma
– ကချင် ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း (ဗမာပြည်နယ်ခြား ကမ္ဘာများမှ နယ်မြေဖြတ်ကျော် သမိုင်းများ)
ဘာသာပြန် – မင်းအောင်မင်း
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်တိုက် – ယဉ်မျိုးစာပေတိုက်
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ အောက်တိုဘာ
တန်ဖိုး – ၃၅၀၀ ကျပ်