• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ဆော်ဒီအာရေဗျမှာ ဓားရောင်ဝင်းတဲ့ည

          by Pepe Escobar
          8 November 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်/Reuters

          အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်/Reuters

          23.6k
          VIEWS
          Share on FacebookShare on Twitter

          ဆော့ဒ်အိမ်တော်၏ ဆော်ဒီဘုရင် ဆယ်လ်မန်သည် သြဇာကြီးမားလှသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး သားတော်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် – MBS ကို ဥက္ကဌအဖြစ် ခန့်အပ်လိုက်သည်။

          မျှော်လင့်ထားသည့်အတိုင်း ထိုကော်မရှင်သည် ဆော့ဒ်အိမ်တော်မှ မင်းသား ၁၁ ပါး၊ လက်ရှိဝန်ကြီး ၄ ဦးနှင့် ဒါဇင်နှင့်ချီသော မင်းသားဟောင်းနှင့် အစိုးရအဖွဲ့ အတွင်းဝန်ဟောင်းများကို အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ များပြားလှသော ဘဏ်စာရင်းများကို ထိန်းသိမ်းလိုက်သည်။ ကိုယ်ပိုင်လေယာဉ်ကြီးများလည်း ပျံမတက်နိုင်ကြတော့ပေ။ စွပ်စွဲခံရသူ အထက်တန်းလွှာ အများအပြားကို Riyadh Ritz-Carlton ဟိုတယ်တွင် အကျဉ်းချထားလိုက်သည်။

          RelatedPosts

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          10.6k
          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          35.5k
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          4 December 2023
          1.9k

          လွန်ခဲ့သောဇူလိုင်လက ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း ဆော့ဒ်အိမ်တော်အတွင်း စစ်ပွဲတခု ဖြစ်ပွားနေသည်။ MBS ကို အာဏာသိမ်းရန် ကြံနေသည်ဟူသော ကောလာဟလ သတင်းထွက်နေသည်မှာ လအတန်ကြာပြီဖြစ်သည်။ သို့သော် လက်တွေ့ဖြစ်လာသည်မှာ MBS က လက်ဦးမှု ရယူ အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။

          ဆော်ဒီဘုရင် ဆယ်လ်မန် (အလယ်)၊ မိုဟာမက် ဘင်ဆယ်လ်မန် (ယာ) နှင့် မိုဟာမက် ဘင် နေယက်ဖ် (ဝဲ)/Reuters

          အများပြည်သူ သိခွင့်မရသော ဆော့ဒ်အိမ်တော်အတွက် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်ပေးနေသော အရှေ့အလယ်ပိုင်းဒေသ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ထိပ်တန်း သတင်းရင်းမြစ်တခု၏ အမြင်မှာ အရေးပါသည်။ “အခြေအနေက အများမြင်ရတာထက် ပိုဆိုးတယ်။ အရင်ဘုရင် အဗ္ဗဒူလာရဲ့သားတော်၂ ယောက်ဖြစ်တဲ့ မစ်တက်မင်းသားနဲ့ တာကီမင်းသားကို ဖမ်းလိုက်တာဟာ သေလောက်တဲ့ အမှားပဲ။ အခုဆိုဘုရင်ကြီးတောင် အန္တရာယ်ကျရောက်နေပြီ။ MBS ကို အကာအကွယ်ပေးနေတာ ဘုရင်အပေါ် လေးစားမှု သက်သက်ပဲ။ စစ်တပ်ထဲမှာ MBS ကို ဆန့်ကျင်တဲ့သူတွေ အများကြီး ရှိသေးတယ်။ သူတို့ရဲ့ တပ်မှူးတွေ အဖမ်းခံရလို့ သူတို့ ဒေါသထွက်နေကြတယ်” ဟု သူက ရှင်းပြသည်။

          ဆော်ဒီအာရေးဗီးယား တပ်မတော်တွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ဟုသာ ယူဆလျှင် လျှော့တွက်ရာ ရောက်မည်ဟုလည်း သူပြောသည်။ “သူ့ကိုယ်သူလုံခြုံပြီလို့ ယူဆဖို့ဆိုရင် စစ်တပ်တခုလုံးကို ဖမ်းရမှာ” ဟုလည်း ဆိုသည်။

          မီတက်မင်းသားသည် မကြာသေးမီကအထိ အရေးပါသော ဆော်ဒီ ထီးနန်းပြိုင်ဘက်ဖြစ်သည်။ သို့သော် ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် အရေးအပါဆုံးသူမှာ ဘီလျံနာ မင်းသား အယ်လ်ဝါလိ ဘင်တလယ် ဖြစ်သည်။ သူသည် Kingdom Holdings လုပ်ငန်းကို ပိုင်ပြီး Twitter, CitiBank, Four Season, Lyft နှင့် မကြာသေးမီကအထိ ရူးပတ်မားဒေါ့၏ Newscorp ရှယ်ယာအများအပြားတို့ကို ပိုင်ဆိုင်သူဖြစ်သည်။

          ဘီလျံနာ မင်းသား အယ်လ်ဝါလိ ဘင်တလယ်

          အယ်လ်ဝါလိကို ဖမ်းဆီးခြင်းမှာ သတင်းအချက်အလက်များကို လုံး၀ ထိန်းချုပ်နိုင်ရန် ရည်ရွယ်သည့် အခြားရှုထောင်တခုကြောင့်လည်း ဖြစ်သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် သတင်း လွတ်လပ်ခွင့် မရှိပေ။ MBS သည် ပြည်တွင်းမီဒီယာနှင့် အုပ်ချုပ်ရေးပိုင်း ရာထူးခန့်အပ်မှုများကို ထိန်းချုပ်ထားပြီးဖြစ်သည်။ သို့သော် ပြည်ပတွင် ဆော်ဒီမီဒီယာများ ရှိနေသည်။ MBS က ထိုမီဒီယာကြီးများ အားလုံးကို အဓိက ချုပ်ကိုင်ပြီး ပြည်တွင်းတွင် ပြန်လည်နေရာချထားလိုသည်။

          မည်သည့်အကြောင်းများကြောင့် ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရသည်ကို ပြန်လည်ဆန်းစစ်ရန် လိုသည်။

          အာဏာသိမ်းမှု နောက်ကွယ်မှ လျှို့ဝှက်ချက်များ

          အဗ္ဗဒူလာဘုရင်ကို ဖယ်ရှားရန် ၂၀၁၄ ခုနှစ်က လျှို့ဝှက်ဆွေးနွေးမှုများမှ စတင်သုံးသပ်ရမည်ဖြစ်သည်။ သို့သော် တော်ဝင်မိသားစုကို ဖျက်သိမ်းလိုက်ခြင်းသည် လူမျိုးစုများ၏ သစ္စာခံမှုကို ပြိုကွဲစေပြီး တိုင်းပြည်ကို ၃ ပိုင်းကွဲသွားစေမည်ဖြစ်သည်။ ရေနံကို ထိန်းချုပ်ရန် ပိုမိုခက်ခဲသွားမည်ဖြစ်ပြီး ဖရိုဖရဲ မဖြစ်စေရန် ပြိုပျက်သွားသော မည်သည့်မဏ္ဍိုင်အဖွဲ့အစည်းမဆိုကိုလည်း ထိန်းသိမ်းရမည်ဖြစ်သည်။

          ထို့ကြောင့် နောက်ဆုံးတွင် ထိုစဉ်က ဆီးရီးယားရှိ ဆာလာဖီ ဂျီဟတ်ဝါဒီများကို တက်ကြွစွာ ပြုစုပျိုးထောင်နေသော ဘန်ဒါဘင် ဆူလတန်မင်းသားကို ဖယ်ရှားပြီး လုံခြုံရေးယန္တရား ထိန်းချုပ်မှုကို မိုဟာမက် ဘင် နေယက်ဖ် နှင့် အစားထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။

          အဗ္ဗဒူလာဘုရင်ထံမှ ထီးနန်းဆက်ခံခြင်းသည် ချောမွေ့စွာ ပြီးစီးခဲ့သည်။ “အာဏာကို အုပ်စု ၃ ခုအတွင်း ခွဲဝေယူထားသည်။ ဆယ်လ်မန်ဘုရင်နှင့် သူ၏အချစ်ဆုံးသား မိုဟာမက် က တအုပ်စု၊ နေယက်ဖ်၏ သားဖြစ်သူ အခြားသော မင်းသား မိုဟာမက်က တအုပ်စုနှင့် ကွယ်လွန်ဘုရင်၏ သား အမျိုးသား အစောင့်တပ်ဖွဲ့ တပ်မှူး မီတက် မင်းသားက တအုပ်စုဖြစ်သည်။ လက်တွေ့တွင်မူ ဆယ်လ်မန်က MBS ကိုသာ စီမံစေခဲ့သည်။

          အရေးပါသော ဆော်ဒီ ထီးနန်းပြိုင်ဘက် မီတက်မင်းသား

          လက်တွေ့တွင် အမှားအယွင်းများလည်း ဖြစ်ပေါ်လာသည်။ ဆော့ဒ်အိမ်တော်သည် ဆီးရီးယားတွင် အစိုးရ အပြောင်းအလဲဖြစ်ရေး အားထုတ်မှုတွင် အရှုံးနှင့် ရင်ဆိုင်ရသည်။ ယီမင်နိုင်ငံအပေါ် မအောင်မြင်နိုင်သော စစ်ပွဲမှ ရုန်းထွက်မရ ဖြစ်လာသည်။ ထိုကြောင့် ၂ နိုင်ငံကြားခွလျက် တည်ရှိသော Empty Quarter သဲကန္တာရကို MBS က အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

          ဆော်ဒီဘဏ္ဍာတိုက်သည် နိုင်ငံတကာဈေးကွက်မှ ငွေချေးယူရန် ဖိအားပေးခံလာရသည်။ ခြိုးခြံချွေတာရေးအစီအစဉ်များ ချမှတ်လာရသော်လည်း MBS သည် ဒေါ်လာ သန်း ၅၀၀ နီးပါးတန်သော ဇိမ်ခံသင်္ဘောတစင်း ဝယ်ယူပြီး မြေထဲပင်လယ် ကမ်းရိုးတန်း Cote d’Azur ဒေသတွင် လူးလာခေါက်ပြန် သွားလာနေသော သတင်းတို့သည် လိုက်လျောညီထွေ မရှိလှပေ။ ရှီးအိုက် ခေါင်းဆောင် ရှီအိုက် အယ်လ်နီမာကို ခေါင်းဖြတ်ကွက်မျက်ခြင်းသည် ဆော်ဒီအာရေးဗီးယား၏ နိုင်ငံရေးအရ ပြင်းထန်သော ဖိနှိပ်မှုကို ပြသသည့်ဥပမာ ဖြစ်လာသည်။ အရှေ့ပိုင်ပြည်နယ်မှ ရှီးအိုက်များသာမက အနောက်ပိုင်းမှ ဆွန်နီ ပြည်နယ်များလည်း ပုန်ကန်နေကြသည်။

          ဆော်ဒီအစိုးရအပေါ် လူထုထောက်ခံမှု ပြိုကွဲကျဆင်းလာချိန်တွင် MBS သည် ၂၀၃၀ ရည်မှန်းချက် – Vision 2030 ကို အကောင်အထည်ဖေါ်မည်ဟု ကြေညာသည်။ သဘောတရားအရ ထိုအစီအစဉ်သည် ဆော်ဒီရေနံလုပ်ငန်း Aramco ကို တစိတ်တပိုင်းရောင်းပြီး ရေနံမှ လမ်းခွဲထွက်ကာ စက်မှုလုပ်ငန်းသစ်များ ထူထောင်ရန်ဖြစ်သည်။ အဓိကကျသော မင်းသားများ ဆက်လက် သစ္စာခံစေရန် ငွေများထုတ်ပေးခြင်းနှင့် ထိန်းချုပ်ရန် ခက်ခဲသော လူထုများအတွက် လက်ကျန်လစာငွေများ ပြန်လည်ထုတ်ပေးခြင်းတို့ဖြင့် မကျေနပ်မှုများကို ငြိမ်သက်အောင် ပြုလုပ်ထားသည်။

          မင်းသားများနှင့် ဝန်ကြီးများအား ဖမ်းဆီးထိန်းသိမ်းထားရာ Riyadh Ritz-Carlton ဟိုတယ်

          သို့သော် ဆော်ဒီအာရေးဗီးယားရှိ ကုန်ထုတ်လုပ်ရေးလုပ်ငန်း အများစုကို နိုင်ငံတွင်းနေ နိုင်ငံခြားသားများကသာ ထိန်းချုပ်ထားသောကြောင့် ၂၀၃၀ ရည်မှန်းချက် အစီအစဉ်သည် အလုပ်ဖြစ်ဖွယ်မရှိပေ။ အလုပ်အကိုင်သစ်များအတွက် ကျွမ်းကျင်လုပ်သားသစ်များ မည်သို့ရရှိမည်ကို မေးစရာဖြစ်နေသည်။

          ထိုသို့သော ဖြစ်စဉ်များအတွင်း MBS အပေါ် မုန်းတီးမှုများ ကျဆင်းသွားခြင်း မရှိပေ။ လက်ရှိဘုရင်ကို ဆန့်ကျင်နေသော မဟာမိတ်ဖွဲ့ထားသည့် တော်ဝင်မိသားစု အုပ်စု ၃ ခုရှိသည်။ ဘုရင်ဟောင်း အဗ္ဗဒူလာ၏ မိသားစု၊ ဘုရင်ဟောင်း ဖာ့ဒ်၏ မိသားစု နှင့် အိမ်ရှေ့မင်းသားဟောင်း နေယက်ဖ်၏ မိသားစုတို့ဖြစ်သည်။

          ဘန်ဒါ၏နေရာကို အစားထိုးဝင်ရောက်ခဲ့သော နေယက်ဖ်သည် ဝါရှင်တန်နှင့် နီးစပ်ပြီး သူ၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးလှုပ်ရှားမှုများကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA တွင် ရေပန်းစားသူဖြစ်သည်။ ယခုနှစ် အစောပိုင်းက သူ့ကို ဖမ်းဆီးခဲ့ခြင်းကြောင့် CIA နှင့် ဆော့ဒ်အိမ်တော်မှ ဂိုဏ်းခွဲများကို ဒေါသဖြစ်စေခဲ့သည်။ အာဏာ အားပြိုင်ပွဲတွင် MBS ၏ခြေရာလက်ရာမကင်းဟု ယူဆပြီး ထိုသို့ဒေါသထွက်ခဲ့ခြင်း ဖြစ်သည်။

          “သူ (MBS) က ဘာမှ မဖြစ်ဘူး ထင်ပြီး လျှော့တွက်တာ၊ CIA ရဲ့အချစ်တော် မိုဟာမက် ဘင် နေယက်ဖ်ကို ဖမ်းလိုက်တဲ့ဟာ အခု သူလုပ်လိုက်တာက ပြန်လမ်းမရှိတော့ဘူး။ သူက ဂျုးလီးယက်ဆီဇာ မဟုတ်ဘဲနဲ့ ရူဘီကွန် မြစ်ကို ဖြတ်ချင်တာ။ သူ့ကို CIA က လုံး၀ တန်ဖိုးမရှိတဲ့လူလို့သတ်မှတ်ထားတာ” ဟုလည်း အထက်ပါရင်းမြစ်က ပြောသည်။

          MBS မပါဝင်သော ဆူဒိုင်ရစ်မျိုးနွယ်စုများနှင့် ချမာ (ကွယ်လွန်သူ ဘုရင် အဗ္ဗဒူလာ၏မျိုးနွယ်စု) များအကြား ယခင်ပုံစံ အာဏာခွဲဝေမှုမျိုး ပြန်လည်လုပ်ဆောင်ခဲ့လျှင် နောက်ဆုံးတွင် တစုံတရာ တည်ငြိမ်မှု ပြန်လည်ရရှိနိုင်သည်။ မူလ အစီအစဉ်အရ ဆယ်လ်မန်ဘုရင် ကွယ်လွန်ပြီးနောက်တွင် MBS သည် အာဏာနှင့် ကင်းကွာသွားမည်ဖြစ်ပြီး အာဏာကို နေယက်ဖ်၏ သား အခြားသောမိုဟာမက်မင်းသားထံတွင် ပေးအပ်ထားမည် ဖြစ်သည်။ မီတက်မင်းသားသည်လည်း သူ၏နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟုလည်း ၎င်းကဆိုသည်။

          ထိုသို့သော ရလဒ်မျိုးဖြစ်မလာစေရန် MBS က ယခု တားဆီးလိုက်ခြင်းပင်။ သို့သော် “မကြာခင် အာဏာသိမ်းမှု ဖြစ်မှာပဲ၊ လောလောဆယ် မဖြစ်သေးတဲ့ တခုတည်းသော အကြောင်းရင်းကတော့ ဘုရင်အိုကြီးကို သူ့မိသားစုတွေက သဘောကျနေလို့ပါ။ ဖာရောက်ဘုရင်ခေတ်ကလိုပဲ စစ်တပ်ဖက်ကနေ ဖြစ်လာမယ့် ပြဿနာတွေလည်း ရှိတယ်။ အမေရိကန်နဲ့ ရင်းရင်းနှီးနှီးမနေတဲ့ အုပ်ချုပ်သူမျိုး ပေါ်ပေါက်လာတာကို တွေ့ရင်တွေ့ရနိုင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

          အလယ်အလတ် ဆာလာဖီဂျီဟတ်ဝါဒီ ရှိနိုင်မည်လော

          ယခု ဖမ်းဆီးမှု မတိုင်မီက ဆော့ဒ်အိမ်တော်သည် ပင်လယ်နီကမ်းခြေရှိ ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံများ ထိစပ်နေသောနေရာတွင် ဒေါ်လာ ၅၀၀ ဘီလီယံတန် ဇုန်တခု တည်ဆောက်ရေးဖြစ်သည်။ ထိုဇုန်သည် ဒူဘိုင်းကို ပုံတူကူးတည်ဆောက်ခြင်းဖြစ်ပြီး လေစွမ်းအင်နှင့် နေစွမ်းအင်များကို အသုံးပြုကာ ၂၀၂၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ ထိုဇုန်တည်ဆောက်ရန်ငွေကို Aramco ၏ ရှယ်ယာများအား လူထုကို ရောင်းချခြင်းနှင့် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတို့မှ ရရှိမည်ဖြစ်သည်။

          MBS ၏ အခြားခြေလှမ်းတခုမှာ တကမ္ဘာလုံး၊ ဘာသာတရားအားလုံးကို လက်ခံကြိုဆိုသော အလယ်အလတ် အစ္စလာမ်နိုင်ငံအဖြစ် အနာဂတ်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံကို ပြောင်းလဲစေရေးဖြစ်သည်။

          အနှစ်ချုပ်တင်ပြရပါက တော်ဝင်မိသားစု၏ ကိုယ်ပိုင် ပစ္စည်းမျှသာ ဖြစ်ခဲ့သော လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် မရှိသည့်အပြင် ဆာလာဖီဂျီဟတ်ဝါဒ ပုံစံ အမျိုးမျိုးအားလုံးကို ပေါင်းစပ်ထားသော နိုင်ငံအား MBS ၏ စကားတခွန်းမျှဖြင့် အလယ်အလတ်နိုင်ငံဖြစ်အောင် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

          လတ်တလောကာလတွင် ဖြုတ်ချဖမ်းဆီးမှုများ၊ အာဏာသိမ်းမှုများ၊ တန်ပြန်အာဏာသိမ်းမှုများသည်သာ စံနှုန်းဖြစ်သည်။

          ( Asia Times ပါ Pepe Escobar ၏ The inside story of the Saudi night of long knives ကို ဘာသာပြန်ဆိုသည်။)

          Your Thoughts …
          Tags: ဆော်ဒီအာရေဗျအဂတိလိုက်စားမှု
          Pepe Escobar

          Pepe Escobar

          ...

          Similar Picks:

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          35.4k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

          ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

          by ဧရာဝတီ
          16 November 2023
          34.1k

          ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          by ဧရာဝတီ
          6 October 2023
          23.9k

          မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          by ဧရာဝတီ
          12 September 2023
          20.1k

          ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          by Anthony Davis
          23 November 2023
          14.3k

          မြန်မာဗိုလ်ချုပ်များ ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အချက်မှာ ရှမ်းပြည်တိုက်ပွဲသည် သီးခြားဖြစ်နေသော တိုက်ပွဲမဟုတ်တော့ဆိုသည့် အချက်ဖြစ်သည်။

          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          by ဧရာဝတီ
          26 September 2023
          13.5k

          စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

          Next Post
          အမေရိကန် နိုင်ငံသူ ပြုကျသေဆုံးခဲ့သော ဝတ္ထနတော ဘုရားအစုရှိ စေတီ / Zaw Oo Ko Facebook

          ပုဂံဘုရားပေါ်မှ အမေရိကန်သူတဦး ပြုတ်ကျသေဆုံး

          ထွက်ပြေးလာသည့် လွယ်အံကျေးရွာသားများ / တင်မောင်သိန်း Facebook

          စစ်သားစုဆောင်းမည် စိုး၍ လွယ်အံဒေသခံများ ကျောက်မဲသို့ တိမ်းရှောင်လာ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          2 days ago
          10.6k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved