• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပလက်ဝ တိုက်ပွဲ ဂယက် နှင့် ချင်းဒေသ ဖွံ့ဖြိုးရေး အိပ်မက်

by ချစ်မင်းထွန်း
24 November 2017
in ဆောင်းပါး
A A
ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင်လာသော အမျိုးသမီးနှင့် ကလေးငယ်ကို တွေ့ရစဉ် / ချစ်မင်းထွန်း / ဧရာဝတီ

ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင်လာသော အမျိုးသမီးနှင့် ကလေးငယ်ကို တွေ့ရစဉ် / ချစ်မင်းထွန်း / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်မှ စတင်၍ လလယ်ပိုင်းအထိ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

တိုက်ပွဲများကြောင့် ကုန်ပြင်ကျေးရွာမှ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၃၃၄ ဦးတို့သည် ရှင်းလက်ဝကျေးရွာသို့ လာရောက် ခိုလှုံနေကြရသည်။ ခိုလှုံသူများတွင် ကျောင်းနေအရွယ် ၆၇ ဦးလည်း ပါဝင်သည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

18 June 2025
3k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
714
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
301

ထို တိုက်ပွဲရှောင်များကို ချင်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဝေဠုကျော် ဖောင်းဒေးရှင်းတို့က နိုဝင်ဘာ ၁၈ ရက်နေ့က ဆန်၊ ဆား၊ ဆီ၊ စောင်၊ အိုးခွက် ပန်းကန်တို့ကို ထောက်ပံ့ ပေးခဲ့ပြီး ရှင်းလက်ဝ ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများကတော့ နေစရာ များ စီစဉ်ပေးခဲ့ကြသည်။

ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားမှုသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များအတွင်း ကလည်း ဖြစ်ပွားခဲ့ကြသည်။

၂၀၁၅ ခုနှစ်က တိုက်ပွဲတွင် ပြိုင်စိုကျေးရွာမှ ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး ၂ နှစ်နီးပါး ကြာပြီးနောက်မှသာ မိမိနေရပ်သို့ ပြန်လည် နေထိုင် နိုင်ခဲ့သည်။

ပလက်ဝမြို့ ဆိုင်းဘုတ်(ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ)

ထိုတိုက်ပွဲများနှင့် ပတ်သက်ပြီး ချင်းလူမျိုးများက ချင်းအမျိုးသား တပ်ဦး(CNF) ချင်းပြည်နယ် အတွင်း လှုပ်ရှားနေရာတွင် ပင် တိုက်ပွဲ မဖြစ်ပွားဘဲ AA အဖွဲ့ ချင်းပြည်နယ် အတွင်း လှုပ်ရှားလာသည့်အခါမှ တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် AA အဖွဲ့ ကို ထွက်သွားရန် တောင်းဆိုနေကြသည်။

CNF မှ ခေါင်းဆောင်ပိုင်းများကလည်း AA အနေဖြင့် ချင်းပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားနေခြင်းကို သဘော မတွေ့ သကဲ့သို့ ချင်းပြည်နယ် အတွင်း စစ်ရေးမလှုပ်ရှားရန် ပြောထားသည်။

ထို့အပြင် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ယနေ့ထိ အဆင်မပြေ သေးကြောင်း သိရ သည်။

ပလက်ဝဒေသတွင် AA လှုပ်ရှားရခြင်းသည် စစ်ရေးအရ အချက်အခြာ ကျခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့အတွက် မည်မျှ အရေးပါ အရာရောက်သည်ကိုတော့ ပြောရန်ခက်ခဲကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

“ပလက်ဝဒေသကို ကျနော်တို့ လှုပ်ရှားတယ်ဆိုတာ စစ်ရေး အခြေအနေရပဲ။ အဲ့ဒီမှာ ဗမာစစ်တပ်ကို တော်လှန် တိုက်ခိုက် နေသော အဖွဲ့အစည်း တခုအနေနဲ့ကတော့ စစ်ရေးအရ အချက်အခြာကျတဲ့ ဒေသမှာ နေရာယူပြီးတော့ တိုက်ခိုက်တာ စစ်ရေး အရ လုပ်တာ။ ဘယ်လောက်ထိ အရေးပါလဲ ဆိုတာတော့ ပြောဖို့ ခက်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

AA သည် ပလက်ဝမြို့နယ် အတွင်း စစ်ရေးလှုပ်ရှားခြင်းသည် ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ဝင်များ ထိုးဖောက် ဝင်ရောက် နိုင်ရေးအတွက် လမ်းကြောင်း တခုကို ပုံဖော်နေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။

လက်ရှိတွင် AA သည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရှင်းလက်ဝကျေးရွာ အထက်ပိုင်း နှင့် ပလက်ဝ အထက်ပိုင်း နှံဘူးကြီး ကျေးရွာအနီး၊ မောင်ဘုတောင်တန်း၊ ဆမန်းတလန်း တောင်ဘက် စသည့် နေရာများ တွင် ခြေကုပ်ယူထား နိုင်နေပြီး ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော် ဒေသများ တွင် လည်း ခြေကုပ်ယူထား နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ထို့နောက် တပ်မတော်နှင့် AA ကြား ချင်းပြည်နယ်၊ ပလက်ဝဒေသ အတွင်းတွင် လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီး တောင် မြို့နယ် အတွင်း၌လည်းကောင်း နိုဝင်ဘာ လဆန်းပိုင်းမှ နိုဝင်ဘာ ၂၂ ရက် အထိ တိုက်ပွဲများ ဖြစ်ပွားသည်။

ပလက်ဝမြို့ ကုလားတန်မြစ် ဆိပ်ကမ်း(ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ)

ပလက်ဝဒေသ အတွင်း ဖြစ်ပွားသော တိုက်ပွဲကြောင့် ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင် ၃၃၄ ဦးရှိ လာခဲ့ပြီး အရပ်သား သေဆုံး မှုနှင့် ဒဏ်ရာ ရရှိမှုများ ရှိနေသကဲ့သို့ တပ်မတော်ဘက်မှ ထိခိုက် ကျဆုံးမှုများလည်း ရှိနေသည်။

AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “သူတို့က ကျနော်တို့ အခြေပြုထားတဲ့ ဘက်ကို အမြစ်ပြတ် ချေမှုန်းရေး ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ ထိုးဖောက်ဝင်ရောက် လာတဲ့ အတွက်ကြောင့်မလို့ တိုက်ပွဲတွေက ဖြစ်နေတာ”ဟု ပြော သည်။

တပ်မတော်နှင့် AA တိုက်ပွဲအပေါ် CNF က “ချင်းအမျိုးသား တပ်ဦးအနေဖြင့် ချင်းပြည်နယ် အတွင်းရှိ ပြည်သူများ လုံခြုံ ရေး နှင့် အရပ်သားများကို အကာအကွယ်ပေးရေး အတွက် လုပ်ဆောင်သွားပါမည်”ဟု နိုဝင်ဘာ ၁၅ ရက် က ထုတ်ပြန်ခဲ့ သည်။

သို့သော် CNF အနေဖြင့် မည်သည့် ပုံစံဖြင် ချင်းပြည်နယ် အတွင်းရှိ ပြည်သူများ လုံခြုံရေးနှင့် အရပ်သားများ အကာ အကွယ် ပေးရေး ဆောင်ရွက်မည် ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ယခင်က CNF ခေါင်းဆောင် တချို့သည် AA ကို စစ်ရေးအရ တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့ဖူးသည်။

ဤသို့ဆိုလျှင် AA အဖွဲ့ ချင်းပြည်နယ်အတွင်း စစ်ရေးမလှုပ်ရှားရန် CNF အနေဖြင့် အမှန်တကယ်ပဲ စစ်ရေးအရ တုံ့ပြန်၍ ဖြေရှင်းသွားမည်လား၊ သို့မဟုတ် ယခင် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းအတိုင်းပဲ ဖြေရှင်း ဆောင်ရွက်သွားမည်လား ဆိုသည်လည်း မရှင်းလင်းပေ။

CNF သည် အစိုးရနှင့် ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထား သကဲ့သို့ တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကိုလည်း လက်မှတ်ထိုးထားသည်။

ထို့ကြောင့် CNF သည် စည်းကမ်း ဘောင်အတွင်းမှ နေထိုင်ရပြီး နယ်မြေ ကျော်လွန်၍ စစ်ရေး လှုပ်ရှားခွင့် မရှိ သည့် အတွက် ပလက်ဝမြို့နယ် အတွင်းသို့ ဝင်ရောက် လှုပ်ရှားရန် မဖြစ်နိုင်ပေ။

CNF နှင့် အစိုးရအကြား သဘောတူထားသော အပစ်ရပ် စာချုပ်တွင် နယ်မြေ ကျော်လွန်းပြီး စစ်ရေး မလှုပ်ရှားရန် သဘော တူညီချက်များ ပါဝင်သကဲ့သို့ လက်ရှိ မိမိတို့ လှုပ်ရှားနယ်မြေ အတွင်းမှ တခြားဒေသသို့ သွားရောက်လိုပါက လက်နက်၊ ခဲယမ်းများ ယူဆောင်သွားလာခြင်း မပြုလုပ်ရန် ဆိုသော အချက်များလည်း ပါဝင်သည်။

ထို့အပြင် CNF သည် လက်နက် အင်အားနှင့် လူအင်အားသည် AA ထက် သာလွန်ခြင်း မရှိသည့် အတွက် စစ်ရေး အရ ပြန်လည် တိုက်ခိုက်မည်ဆိုလျှင်ပင် အခက်အခဲ ရှိနိုင်ပြီး ပလက်ဝ ဒေသသည် CNF အနေဖြင့် လှုပ်ရှားမှုလည်း မရှိ ကြောင်း သိရသည်။

CNF အနေဖြင့် လက်ရှိ လှုပ်ရှားနေသော ထန်တလန်နှင့် ဇန်ထလန် ဒေသမှ ပလက်ဝသို့ တပ်အရွှေ့အပြောင်း လုပ်ရန် သည်လည်း လမ်းပန်ဆက်သွယ်ရေး မကောင်းမွန်ခြင်းနှင့် တောတောင် ထူထပ်ခြင်းကြောင့် အခက်အခဲ ရှိသည်။ တပ် အရွှေ့အပြောင်း လုပ်ရာတွင်လည်း  တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်လာနိုင်သည်။

ထို့ကြောင့် CNF အနေဖြင့် ပလက်ဝမြို့နယ်ရှိ ချင်းလူမျိုးများကို အကာအကွယ်ပေး နိုင်ရေး အတွက် ဆောင်ရွက်ရာတွင် အခက် အခဲများ ရှိနေနိုင်သည်။

သို့သော် CNF သည် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)နှင့် ပူးပေါင်း၍ AA ကို တိုက်ခိုက်လာနိုင်သလားမှာ စဉ်းစား စရာ တခုဖြစ်သည်။

မကြာသေးခင်လ အတွင်းက ALP ၏ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရှင်းလက်ဝကျေးရွာ အထက် ပိုင်းက ၎င်းတို့ တပ်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်မှု ခံထားရခြင်းကြောင့် AA အပေါ် အမြင်မကြည် ဖြစ်နေနိုင်သည်။

CNF ဘက်ကလည်း ချင်းပြည်နယ်အတွင်း AA မရှိရေးနှင့် လူထု အကာအကွယ်ပေးရေး တာဝန်တရပ် ရှိနေသကဲ့သို့ လွန်ခဲ့ သော အချိန်များက AA ကို စစ်ရေးအရ အရေးယူ သွားမည်ဟု CNF ဘက်မှ ထုတ်ဖော် ပြောဆိုမှုများလည်း ထွက်ပေါ်ခဲ့ရာ CNF နှင့် ALP တို့ ပူးပေါင်း ဆောင်ရွက်လာနိုင်သလား ဆိုခြင်းသည်လည်း စဉ်းစားစရာ တခု ဖြစ်လာသည်။

အကယ်၍ CNF နှင့် ALP တို့ ပူးပေါင်း၍ AA ကို စစ်ရေးအရ တုံ့ပြန်ကြမည်ဆိုလျှင်ရော အနိုင်ယူ နိုင်မည်လား ဆိုခြင်းသည် လည်း မသေချာပါ။

AA သည် လက်ရှိတွင် တိုက်ပွဲ အတွေ့အကြုံ အများအပြားရှိနေပြီး လက်နက်၊ ခဲယမ်း၊ လူအင်အား အားကောင်းလှပြီး CNF နှင့် ALP တို့မှာ လက်နက်၊ ခဲယမ်း၊ လူအင်အား အားမကောင်းသကဲ့သို့ ငြိမ်းချမ်းရေး ယူထားသည့် အတွက် တိုက်ပွဲ အတွေ့ အကြုံ အလွန် အားနည်းသည်။

ထို့အပြင် AA သည် တိုက်ပွဲဖြစ်ပါက ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့နှင့် စစ်ရေး မဟာမိတ် ဖွဲ့ထားခြင်းကြောင့် လက်နက်၊ ခဲယမ်းနှင့် လူအင်အားကို အရန်သင့် ဖြည့်တင်း နိုင်စွမ်းရှိသော်လည်း CNF နှင့် ALP တို့မှာမူ လက်နက်၊ ခဲယမ်းနှင့် လူအင်အားကို အရန်သင့် ဖြည့်တင်းနိုင်စွမ်း ရှိ၊ မရှိသည် မေးခွန်းထုတ်စရာ ဖြစ်နေ သည်။

သို့သော်လည်း CNF သည် စစ်ရေးအရ တုံ့ပြန်ခြင်းထက် တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာခြင်းကို ဦးစားပေး ဆောင်ရွက် ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခြင်းကလည်း ၎င်း၏ လူထု အထိနာမည့် အခြေအနေက ရှောင်လွှဲရန် ကြိုးပမ်း နေခြင်း ဖြစ်နိုင်သည်။

ချင်းပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားပါက အဆောက်အအုံများ ပျက်စီးခြင်း အပါအဝင် ကောက်ပဲ သီးနှံများ ဆုံးရှုံး ခြင်း နှင့် ဒေသခံများ တိုက်ပွဲရှောင်အဖြစ် ရောက်ရှိသွားနိုင်သည်။ ထို အခြေအနေများ မဖြစ်ပေါ်လာရေး CNF အနေဖြင့် သတိထား ဖြေရှင်းရန် လိုအပ်သကဲ့သို့ ချင်းလူမျိုးများ၏ ထောက်ခံမှု အားလျော့ မသွားရေးအတွက်လည်း ဆောင်ရွက်ရန် လိုသည်။

မည်သို့ပင်ဆိုစေ ချင်းလူမျိုးများသည် ချင်းပြည်နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုကို မလိုလားကြသကဲ့သို့ AA အဖွဲ့ ချင်းပြည်နယ် အတွင်း လှုပ်ရှားနေခြင်းကိုလည်း မနှစ်သက်ကြပေ။ အလားတူ CNF ၏ အကာအကွယ်ပေးမှု မရ ရှိခြင်း အပေါ်ကိုလည်း အားမလို အားမရဖြစ်နေကြသည်။

အဆိုပါ အခြေအနေများကို ကြည့်ပါက CNF သည် ဘေးကျပ် နံကျပ်ဖြစ်နေပြီး ချင်းလူမျိုးများ၏ ထောက်ခံမှု အားလျော့ မသွားရေး နည်းလမ်းကောင်း တခုကို ရှာဖွေရန် လိုအပ်လာသည်။

CNF က “ပြည်သူများ စစ်ဘေး ရှောင်နေရမှုအတွက် အထူး စိုးရိမ်ပါသည်။ ယင်းသည် ပလက်ဝမြို့နယ်၏ ပြဿနာ သာ မဟုတ်ဘဲ ချင်းပြည် (ချင်းပြည်နယ်) နှင့် ချင်းလူမျိုး တရပ်လုံး၏ ပြဿနာဖြစ်သည်”ဟု နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက် တွင် ပြောဆို ထားသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပလက်ဝသည် ယခင်တချိန်က ရခိုင် တောင်တန်းဒေသ အပိုင်းဖြစ်သည့် အတွက် AA က ပြန်လည် သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ဝါဒဖြန့် ပြောဆိုမှုများလည်း ရှိနေသည်။

ချင်းလူမျိုးများကမူ ပလက်ဝသည် ချင်းပြည်နယ် အပိုင်းဖြစ်ကြောင်း ပြောဆို၍ ပလက်ဝဒေသသည် သူအပိုင် ကိုယ့်အပိုင် ဖြစ်ကြောင်း ငြင်းခုန်နေ ကြသည်။

ထိုငြင်းခုန်မှုပေါ် ချင်းအရပ်ဘက် အဖွဲ့အစည်းများက မူလဌာနေ ခူမီး အမျိုးသားတို့၏ ပလက်ဝ ဒေသသည် ချင်း ပြည်နယ် ၏ ခွဲခြားမရသည့် အစိတ်အပိုင်း ဖြစ်သည့်နည်းတူ ပလက်ဝဒေသကို ရခိုင်ပြည်နယ်အတွင်း ကျူးကျော် သိမ်းပိုက် သွတ်သွင်း ရေး အတွက် နိုင်ငံရေးအရ ဝါဒဖြန့်ချိနေသည့် ရက္ခိုင့်တပ်မတော် ၏ ဗြိတိသျှကိုလိုနီ အမွေဆိုး အိမ်မက်များကို စွန့်လွှတ်သင့်ပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန် ပြောကြားသည်။

အဆိုပါ အခြေအနေအပေါ် ချင်းလူမျိုးများက CNF ၏ အကာအကွယ်ပေးမှု မရရှိခြင်းကြောင့် CNF အပေါ် အားမရ ဖြစ်နေ ကြ ပြီး တပ်မတော်အပေါ် အမှီအခီု ပြုနေကြရသည်။

နိုဝင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တိုက်ပွဲသည် AA အနေဖြင့် သီးနှံများ၊ ဆန်စပါးများ ရိတ်သိမ်း ချိန်ကို တွက်ချက်ကာ လူထုကိုကြောက်လန့်၍ ရိက္ခာစုဆောင်းရန် ပြင်ဆင်သော တိုက်ပွဲများ ဖြစ်သည်ဟု တချို့ က သုံးသပ်နေကြသည်။

ခိုင်သုခက “ ဒီဟာတွေကတော့ အကြောင်းပြချက်တွေပဲ၊ အဲ့ဒါ ဘာမှ မဆိုင်ဘူး”ဟု ပြောဆိုသည်။

ပလက်ဝမြို့မှ ဒေသခံ တဦးကမူ “ကျနော်တို့ ဒေသမှာ AA အဖွဲ့ လှုပ်ရှားလာမှ တိုက်ပွဲဖြစ်တာ အရင်က တိုက်ပွဲမရှိ ဘူး။ အခု CNF ကလည်း ချင်းလူမျိုးတွေကို အကာအကွယ်မပေးနိုင်ဘူး။ AA အဖွဲ့ ချင်းပြည်နယ်ထဲက ထွက်သွားဖို့ တောင်းဆို ချင်ပါတယ်”ဟု ပြောသည်။

မြန်မာ့ ပြည်တွင်းစစ် သမိုင်းတွင် ခွန်ဆာ၏ မော်ထိုင်း တပ်မတော်(MTA) အားကောင်းစဉ်က တပ်မတော်သည် “ဝ” တပ်ဖွဲ့ နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ဖူး သကဲ့သို့ AA ကို တပ်မတော် က တိုက်ခိုက်ရာတွင်လည်း CNF နှင့် ပူးပေါင်း တိုက်ခိုက် လာ သလား ဆိုသော သုံးသပ်မှုများလည်း ရှိနေသေးသည်။

CNF နှင့် အစိုးရကြား ပြည်နယ်အဆင့်- ပြည်ထောင်စု အဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်တွင် ချင်းပြည်နယ် အတွင်း ချင်းအမျိုးသား တပ်မတော် (CNF) နှင့် တပ်မတော်သာ ရှိရန်ဆိုသော အချက် ပါဝင်သည်။

CNF ကလည်း AA အဖွဲ့ ချင်းပြည်နယ် အတွင်း စစ်ရေးလှုပ်ရှားနေခြင်းကို မနှစ်သက်သကဲ့သို့ တိုက်ပွဲ ဖြစ်ပွားမှုကို မလို လား ခြင်းကြောင့် ပူးပေါင်း၍ နယ်မြေ ရှင်းလင်းရေးနှင့် အရပ်သား ကာကွယ်ပေး ကိစ္စရပ်များကို ဆောင် ရွက်နိုင်မလား ဆိုသော စဉ်းစားမှုများ ရှိလာခြင်း ဖြစ်နိုင်သည်။

သို့သော် တပ်မတော်သည် CNF ၏ အကူအညီကို ရယူရန် နည်းပါးလှပါသည်။ CNF ၏ အကူအညီကို ရယူပြီး ဆောင်ရွက် မည် ဆိုလျှင် နောက်ပိုင်း CNF ကို ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားနိုင်ရေး လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်သွားမည်ကိုလည်း ထည့်သွင်း စဉ်းစားထားနိုင်သည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် TNLA တို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များတွင် ပါဝင် တိုက်ခိုက်ခဲ့ခြင်း မရှိသကဲ့သို့ RCSS ကို နယ်မြေကျော် လှုပ်ရှားမလာရန်ပင် အသိပေး ပြောခဲ့ဖူး သည်။

တပ်မတော်အနေဖြင့် CNF နှင့် ပူးပေါင်းမည်ဆိုလျှင် AA ဘက်ကလည်း ၎င်းနှင့် စစ်ရေး မဟာမိတ်ဖွဲ့ထားသော KIA၊ TNLA၊ MNDAA တို့၏ အကူအညီကို ရယူ၍ ပြန်လည် တိုက်ခိုက် လာနိုင်သည်။

ဤသို့ဆိုလျှင် ချင်းပြည်နယ် ပလက်ဝဒေသသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ မေလကုန်အထိ ရှမ်း ပြည်နယ် မြောက် ပိုင်း ကိုးကန့်ဒေသတွင် MNDAA နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အခြေအနေမျိုး ဖြစ်ပွားလာနိုင်ကာ လက်ရှိ ပလက်ဝမြို့ ဖွံ့ဖြိုးရေး အတွက် ဖော်ဆောင်နေသော စီမံကိန်းများလည်း ပျက်စီးသွားနိုင်သည်။

မည်သို့ပင်ဆိုစေ ပလက်ဝ ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ဖြစ်ပွားလာမည်ကို ချင်းလူမျိုးများက မလိုလားကြ ပေ။ သို့သော် တပ်မတော်၏ နယ်မြေ လုံခြုံရေးနှင့် လူထု လုံခြုံရေး ဆောင်ရွက်ပေးမှုကိုလည်း မျက်ကွယ်ပြု၍ မရပေ။

တိုက်ပွဲများ ဖြစ်ပွားနေလျှင် လက်ရှိ အစိုးရသက်တမ်းအတွင်း ဖွံ့ဖြိုးလာနိုင်သည့် ပလက်ဝမြို့ အတွက် အတားအဆီး ဖြစ်လာ မည်ကို ချင်းလူမျိုးများက စိုးရိမ်နေကြသည်။

သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်တွင် ပလက်ဝမြို့၌ ပလက်ဝနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကြား ကုန်သွယ် စီးဆင်းနိုင်ရေး အတွက် လမ်းဖောက်နေပြီး ပလက်ဝ၊ မင်းတပ်၊ မတူပီ တို့ကို ဆက်သွယ် သွားလာနိုင်မည့် ကုလားတန် မြစ်ကူး တံတားကိုလည်း တည်ဆောက်နေသည်။

အလားတူ ပလက်ဝမြို့ရှိ စည်ပင်သာယာ မြို့မဈေးကို ချင်းပြည်နယ် အစိုးရအဖွဲ့က အဆင့်မြင့် နှစ်ထပ်ဈေးအဖြစ်  ဆောက်လုပ် သွားရန် ပြင်ဆင်နေသကဲ့သို့ မြို့ပြ စီမံကိန်းတခု ဖော်ဆောင်ရန်လည်း ပြင်ဆင်နေသည်။

ဤစီမံကိန်းများ အကောင်အထည် ဖော်ပြီးပါက ပလက်ဝမြို့သည် လက်ရှိ နိမ့်ပါးနေသော အခြေအနေမှ ချင်းပြည်နယ် အတွင်း ဖွံ့ဖြိုးတိုးတက်သော မြို့ကလေး တမြို့ဖြစ်လာမည်ဟု ချင်းလူမျိုးများက ယုံကြည်ထားကြသည်။

အဆိုပါ အိမ်မက်များကို တပ်မတော်နှင့် AA ကြား ဖြစ်ပွားနေသော တိုက်ပွဲများက ဖျက်ဆီးသွားမည်ကို ချင်းလူမျိုးများက စိုးရိမ်နေကြပါသည်။  ။

Your Thoughts …
Tags: ပလက်ဝ တိုက်ပွဲ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် မြင်တွေ့ရသော AA ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ / ဧရာဝတီ

ပလက်ဝ တိုက်ပွဲများကြောင့် ရခိုင်လူထုဆီက ရန်ပုံငွေများ ပိုမိုရရှိဟု AA စစ်ဦးချုပ်ပြော

by နန်းလွင်နှင်းပွင့်
13 December 2017
26.2k

ချင်းပြည်နယ် ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုလပိုင်းအတွင်း ရက္ခိုင့် တပ်မတော် (AA) က ရခိုင်လူထုထံမှ လက်နက် ဝယ်ယူနိုင်ရန်ဟုဆိုကာ ထောက်ပံ့သည့် ရန်ပုံငွေများ ပိုရရှိလာကြောင်း

ပလက်ဝမြို့ကို မြစ်တဖက်ကမ်းမှ မြင်ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)

by နန်းလွင်နှင်းပွင့်
24 March 2020
42.2k

သူတို့ (AA စစ်သားတွေ) ဒီမှာ လက်နက်ကိုင်ပြီး ဝင်လာ ကတည်းက ကျမတို့ အကုန်လုံး ဒုက္ခရောက်ရတယ်။ စားစရာ သောက်စရာလည်း ကျမတို့မှာ ခက်ခဲနေပြီ။ အခု ဟိုလည်း မသွားရဲ ဒီလည်း မသွားရဲ ရှေ့ဆက်...

ပလက်ဝမြို့အဝင်ဆိုင်းဘုတ် / အောင်ကျော်ထက် / ဧရာဝတီ

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)

by နန်းလွင်နှင်းပွင့်
25 March 2020
22.1k

ရပ်ရွာထဲမှာ အေးအေးချမ်းချမ်းနေလိုပြီး ရခိုင်လူမျိုးတွေရဲ့ တော်လှန်ရေးတိုက်ပွဲတွေထဲမှာ ခူမီးချင်းတွေက ကြားကနေ အထိနာနေတယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။

ပလက်ဝမြို့နယ်၌ လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင် တဦး / အောင်ကျော်ထက် / ဧရာဝတီ

ပလက်ဝ တိုက်ပွဲ အရပ်သား ၇ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

by နန်းလွင်နှင်းပွင့်
8 April 2020
89.7k

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲကြား အရပ်သား ၇ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိထားသည်ဟု

Next Post
နိုဝင်ဘာလ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ခိုလှုံကြသော မွတ်စလင်မိသားစု / Reuters

မွတ်စလင်များ ရခိုင်မြောက်ပိုင်းက ထွက်ခွာသွားရခြင်း အကြောင်းများ

ဂျက်စတင်ဘီဘာသီချင်းကို ကြိုက်သူများက စိတ်ဝေဒနာရှင်တွေဟုဆို

ဂျက်စတင်ဘီဘာသီချင်းကို ကြိုက်သူများက စိတ်ဝေဒနာရှင်တွေဟုဆို

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5.1k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate