ဆူးရင့် (၁၉၇၄ ခုနှစ် ဖွား)သည် ဗုဒ္ဓဘာသာဘုန်းကြီးတပါးဖြစ်ပြီး ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှေးခေတ်ထဲက ရှိခဲ့တဲ့ ပေါင်းစပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာကဝိတချို့ဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဖြစ်ပါ တယ်။
မေး။ ။ ဘယ်လိုဖြစ်ပြီး ဘုန်းကြီးဝတ်ဖြစ်သွားတာလဲ
ဖြေ။ ။ ဦးဇင်းကို စစ်ကိုင်းတိုင်းမှာ မွေးတယ်။ ဦးဇင်း အသက်ခြောက်နှစ်မှာ အမေဆုံးတယ်။ ဘုန်းကြီးကျောင်းတက်ခဲ့တယ်။ အသက် ဆယ့်သုံးနှစ်မှာ ကိုရင်ဖြစ်လာတယ်။ အဲဒီ့အသက် လောက်ပဲ ရှိသေးတဲ့ ကလေးတယောက်က ဘုန်းကြီးကျောင်းကို ကိုရင်အနေနဲ့ စဝင်ဖို့ဆိုတာက သိပ်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စ မဟုတ်ပါဘူး။ အဲဒါက ပျော်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။ ဦးဇင်းရဲ့ ဇာတိမြို့က ဘုန်းကြီးကျောင်းမှာ ကိုရင် အပါး လေးဆယ် ရှိခဲ့တယ်။ ကိုရင်တော်တော်များများလိုမျိုး လူထွက်တာမလုပ်ဖြစ်ဘဲ အသက် ဆယ့်ငါးနှစ်မှာ ဘုန်းကြီး တန်း ဝတ်ဖြစ်သွားတယ်။ အခု အသက်လေးဆယ် ကျော်ပြီ။
မေး။ ။ ကဗျာကကော
ဖြေ။ ။ အသက်ဆယ့်ငါးနှစ်မှာ ဘာသာရေးနဲ့ဆိုင်တဲ့ ကဗျာတွေ စရေးဖြစ်တယ်။ ပြီးတော့ ဂန္တဝင်ပုံစံဖြစ်တဲ့ ၁၄ ကြောင်းစပ်လင်္ကာတွေ ရေးတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ ဒီကို မော်ဒန် ဝါဒရောက်လာတယ်။ စစချင်းတော့ မော်ဒန်ပုံစံကို လွယ်လွယ်ကူးလို့မရဘူး။ ကာရန်တွေက ခေါင်းထဲမှာ တော်တော်ကို ခေါင်းမာမာနဲ့ ကပ်တွယ်နေသေးတာ။ ပြီးတော့ မော်ဒန်ကဗျာဆိုတာ ကဗျာမဟုတ်လို့ တောင် ဦးဇင်းက ထင်ခဲ့သေးတာ။ မော်ဒန်ကဗျာပုံစံတွေကို တဖြည်းဖြည်းနဲ့ စလက်ခံလာပြီး အသက် ဆယ့်ခုနှစ်နှစ်လောက်မှာ မော်ဒန်ကဗျာတွေကို စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီ့တုန်းကတော့ ပုံနှိပ်ဖော်ပြတာမျိုး မခံရသေးဘူး။
မေး။ ။ ဘုန်းကြီးတပါးဖြစ်ခြင်းရဲ့ အကြီးမားဆုံးသော အခက်အခဲက ဘာလဲ
ဖြေ။ ။ ဦးဇင်းအတွက်တော့ မခက်ခဲဘူး။ ဝတ်စရာ သင်္ကန်း၊ ဘုန်းပေးစရာ အစားအစာ၊ နေဖို့အတွက် နေရာ၊ နဲ့ ဆေးဝါးဆိုတဲ့ အခြေခံလိုအပ်ချက် လေးခုကို ရယူနိုင်နေတာပဲ။ ဦးဇင်းတို့ ဘုန်းကြီးကျောင်းအတွက်လည်း အလှူရှင်တွေ အများကြီး ရှိတယ်။ ဒါကြောင့် ဦးဇင်းကတော့ စာသင်လိုက်၊ စာရေးလိုက်နဲ့ အားရကျေနပ် တင်းတိမ်ရောင့်ရဲတယ်။ ဘုန်းကြီးက လောကီကိစ္စရပ်တွေနဲ့ အဆက်ဖြတ်ပြီးနေတယ်။ ဒါပေမယ့် ကဗျာဆရာတယောက် အနေနဲ့တော့ ဒီကိစ္စတွေနဲ့ လုံးပမ်းရတယ်။ အဲဒီ့တန်ဖိုးနှစ်ခုကို ကိုင်တွယ်ရတာ မလွယ်ဘူး။ ဒါတောင်မှ ဗုဒ္ဓမြတ်စွာဘုရားက စည်းကမ်းတင်းကြပ်တဲ့ ရေးစပ်ပုံတွေ၊ သီကုံးဟန်တွေနဲ့ သူ့ရဲ့ တရားဒေသနာတော်တွေကို ကဗျာအနေနဲ့ ရေးစပ်ခဲ့တယ်။
မေး။ ။ လှုံ့ဆော်မှုက စိတ်ကူးယဉ်မှုကို ဦးတည်သွားနိုင်ပြီး အဲ့ဒါက ဘုန်းကြီးတို့ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ အဲဒါကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းလဲ
ိတခါတလေမှာ အချစ်အကြောင်း ကဗျာတွေ ဖွဲ့နေရင်းနဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေထဲမှာ နစ်မြောနေမိတာ ရှိတယ်။ ဒါပေမယ့် ဦးဇင်းက တတိယလူနေရာကနေ ရေးတာ၊ ကာယကံရှင် နေရာကနေ ရေးတာ မဟုတ်ဘူး။ ဘုန်ကြီးတပါးဖြစ်နေပေမယ့် ဦးဇင်းကလည်း လူသားပါပဲ။
ဒါကြောင့် ဦးဇင်းမှာလည်း လူ့စိတ်ကူးအတွေးတွေက ရှိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုင်ရာလှုံ့ဆော် မှုကို အင်မတန်သေးသိမ်တဲ့ ကျူးလွန်မှုတစ်ခုလို့ပဲ ဦးဇင်းမြင်ပါတယ်။ သာမန်လူဝတ်ကြောင်ကဗျာဆရာတစ်ယောက်လိုတော့ ဘယ်လွတ်လပ်ပါ့မလဲ။ ဒါပေမယ့် လွတ် လပ်မှုအပေါ်မှာ ရှိနေတဲ့ အဲဒီ့ကန့်သတ်မှုတခုကို ကောင်းမွန်တဲ့ စိန်ခေါ်မှု တခုအနေနဲ့ပဲ ယူပါ တယ်။
မေး။ ။ ဦးဇင်းရဲ့ ကဗျာတွေထဲက တစ်ပုဒ်က “သံယောဇဉ်” လို့ ခေါ်တယ်နော်။ ခေါင်းစဉ် အကြောင်းကို ရှင်းပြပေးနိုင်မလား
ဖြေ။ ။ သံယောဇဉ်ဆိုတာက မိမိကိုယ်တိုင်နဲ့ အကြောင်းကိစ္စတခုခုကို ချည်ထားတဲ့ ကြိုးလို့ပဲ ပြောရမှာပေါ့။ အဲဒီ့ကြိုးကို ဖြတ်ချလိုက်နိုင်ပြီဆိုရင် လွတ်လပ်သွားမယ်။ ဒါပေမယ့် အဲဒီ့သံယောဇဉ် ကြိုးတွေနဲ့ ရှုပ်ထွေးနေမယ်ဆိုရင် ဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ဘူး။ အဲဒီ့အရာတွေကနေ လွတ်လပ်သွားအောင် ကိုယ့်ကိုကိုယ် ဖြတ်နိုင်မှရမယ်။ ပြောရရင်တော့ ကိုယ့်ကိုကိုယ် ကိုယ်ကပဲ ပြန်ချည်နှောင်ထားတဲ့ ကြိုးတွေပဲ ဖြစ်တယ်။ သံယောဇဉ်ကနေ ကိုယ့်ကိုကိုယ် လွတ်မြောက်လိုက်ခြင်းဆိုတာကတော့ ဗုဒ္ဓဘာသာ အယူအဆ ပါပဲ။ ဒါပေမယ့် ဒီအယူအဆက ဘယ်ဘာသာပဲဖြစ်ဖြစ် ကမ္ဘာတလွှားမှာ ရှိတဲ့ လူသားအားလုံး အတွက် သက်ဆိုင်ပါတယ်။
ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်တွေ စိတ်ရော ကိုယ်ပါ ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သ ပါတယ်။ ပျက်ယွင်းခြင်းမရှိတဲ့ အမှန်တရားကို ရောက်နိုင်ကြပါစေ။
သံယောဇဉ်
ဖြတ်သူက ဖြတ်
ဆက်သူက ဆက်
ဖြတ်/ဆက် ဆက်/ဖြတ်
ဒီစကား နှစ်လုံးမှာ
ဖြတ်သူသာ အောင်နိုင်ပြီး
ဆက်သူတွေ ကျရှုံးရတဲ့
ကြိုး
ဆူးရင့်
Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။
ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်”
အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ
သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ
ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ
ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ
မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ
ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”
မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း
မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ
မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ
မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ
ဟံလင်း သို့မဟုတ် တကယ်တမ်းက ဒီလို