• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဓာတ်ပုံများက ပြောသော ၂၀၁၇

by ဧရာဝတီ
29 December 2017
in ဆောင်းပါး
A A
၂၀၁၇ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မသန်စွမ်း ဘောလုံးကွင်းနှင့် မသန်စွမ်း အားကစားရုံများတွင် ၂၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ  ပြိုင်ပွဲဝင်တဦး ယှဉ်ပြိုင်နေစဉ်  / သက်ထွန်းနိုင် / ဧရာဝတီ

၂၀၁၇ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မသန်စွမ်း ဘောလုံးကွင်းနှင့် မသန်စွမ်း အားကစားရုံများတွင် ၂၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်တဦး ယှဉ်ပြိုင်နေစဉ် / သက်ထွန်းနိုင် / ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

၂၀၁၇ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီဓာတ်ပုံဆရာများ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများထဲမှ အကောင်းဆုံးဟု အယ်ဒီတာအဖွဲ့က သတ်မှတ်ယူဆသောပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.1k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
589

ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ၂၀၁၇ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များသည် တရုတ်နယ်စပ် အနီး ရှအိယန်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းတွင် အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေသည့် ရေခဲမှုန်များကြားတွင် နေထိုင်နေရသည်။ ပုံမှာ ယင်း ဒုက္ခသည် စခန်း အတွင်း သွားလာနေသည့် စစ်ဘေးရှောင် အဘိုးအိုတဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ၂၀၁၇ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များသည် တရုတ်နယ်စပ် အနီး ရှအိယန်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းတွင် အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေသည့် ရေခဲမှုန်များကြားတွင် နေထိုင်နေရသည်။ ပုံမှာ ယင်း ဒုက္ခသည် စခန်း အတွင်း ထမင်းစားနေသည့် ကလေးငယ်တဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်သမား ကြည်လင်း၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော NLD ဥပဒေအကြံပေး ဦးကိုနီ၏ အသုဘဈာပန အခမ်းအနား ဇန်နဝါရီလ ၃၀ ရက်မြင်ကွင်း (ဓာတ်ပုံ- ဧရာဝတီ)

၂၀၁၇ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ တရုတ်ဘုံကျောင်း တခု၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်၌ ပျော်ရွင်စွာ ဆော့ကစားနေသော ကလေးငယ်တဦး (ဓာတ်ပုံ- ဧရာဝတီ)

ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ၂၀၁၇ မတ်လ ၂၅ ရက်နေ့က ဖျော်ဖြေခဲ့သော အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့မှ အမျိုးသမီး တဦး၏ ပြကွက်တခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဧရာဝတီ)

၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော ၇၂ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ချီတက်အလေးပြုကြသည့် တပ်မတော်သားများ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တာမွေမြို့နယ် အတွင်း ကျင်းပသော ဟိန္ဒူ ဘာသာရေး မီးနင်းပွဲတော်တွင် ပါဝင်ဆင်နွဲနေသည့် ရိုးရာမီးနင်းပူဇော်နေသော ယုံကြည်သူ ဟိန္ဒူဘာသာဝင်တဦး (ဓာတ်ပုံ- ဧရာဝတီ)

၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ၁၃၇၉ ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အတွင်းဝန်ရုံးသို့ ဝင်ရောက်လေ့လာရန် တန်းစီ စောင့်ဆိုင်းနေကြသော ပြည်သူများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ)

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်းရှိ ငါးရံ့ခြောက် လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမတဦး (ဓာတ်ပုံ-ချမ်းစွန်း/ဧရာဝတီ)

မောင်တောမြို့နယ် တောင်ပိုင်းရှိ ရွှေ့ပြောင်းသွားသည့် မွတ်စလင် ဘာသာဝင်များ နေထိုင်ခဲ့သော ဂေါ်ဒူသာရ ကျေးရွာကို အမည်မသိ လူတစုက နေအိမ်များကို ၂၀၁၇ စက်တင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်ပြင်တွင် တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

 

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သတင်းယူရင်း စက်တင်ဘာလ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် သေဆုံးသွားသည့် ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျီနာဂါအိ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် ပန်းစည်းချခြင်း အခမ်းအနားကို ၎င်း သေနတ်မှန်သေဆုံးခဲ့သော ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် သတင်းထောက်အချို့က ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာအတွင်း တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် အလောင်းများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ သတင်းယူခွင့်ပြုခဲ့သည်။ (ဓာတ်ပုံ-မင်းအောင်ခိုင်/ဧရာဝတီ)

မြန်မာ့တောဆင်ရိုင်များ သတ်ဖြတ်ခြင်းအား တားဆီးကာကွယ်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆင်ရုပ်များဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုနယ်မြေ အမျိုးသားလုံခြုံရေးကို ခြိမိးခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို ဦးဆောင် ဟောပြောနေသော ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

၂၀၁၇ ခုနှစ် ဇူလိုင်လက ရှမ်းပြည်မြောက်ပိုုင်း နမ့်ဆန်မြို့နယ် အတွင်း TNLA က ဦးစီးပြုလုုပ်သည့် မူးယစ်ဆေးဝါး တိုုက်ဖျက်ရေးနေ့ အခမ်းအနားသိုု့ သွားရောက်သတင်းယူပြီး အပြန်တွင် ဧရာဝတီသတင်းဌာန နှင့် DVB သတင်းဌာတို့မှ သတင်းထောက်များကိုု တပ်မတော်က မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံသတင်ထောက်များ သီပေါတရားရုံုးသိုု့ စစ်ဆေးရန် ရုံုးထုုတ်လာစဉ် (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှုကိုု ကန့်ကွက်ခြင်း နှင့် ပုုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုုး လှုပ်ရှားမှုကို ရန်ကုုန်မြို့ မြို့တော်ခန်းမရှေ့တွင် ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့က သတင်း မီဒီယာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်း ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

ရန်ကုန်မြို့ ဒဂုံမြို့နယ် အတွင်း ဂျူဗလီဟောတည်ရှိရာ စစ်သမိုင်းပြတိုက်ဟောင်း အဆောက်အအုံအား ဆင့်မြင့်ဟိုတယ် စီမံကိန်းဖော်ဆောင်ရန် ဖြိုဖျက်ရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်နေသည်ကို ၂၀၁၇ သြဂုတ် ၁၄ ရက်နေ့က တွေ့ရသည်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ)

၂၀၁၇ အောက်တိုဘာလ၂၉ ရက်နေ့တွင်ပြုလုပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲတွင် ထောက်ခံချီတက်လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးရှိ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင်သည်ဟု လူသိများသော ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 4 အဆင့် သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ကြရသည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

၂၀၁၇ အောက်တိုဘာလ ၂ ရက်မှ ၆ ရက်အထိ ၅ ရက်တိုင်ကျင်းပခဲ့သော နှစ်စဉ် ကျင်းပသော ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို တွေ့ရစဉ် (ဓာတ်ပုံ – ချမ်းစွန်း/ဧရာဝတီ)

၂၀၁၇ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည့် ONE Championship ၏ အထူးအစီအစဉ် Hero’s Dream ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ကင်မရွန်းနွယ်ဖွားဟဲဗီးဝိတ်ကစားသမား အန်ဂယ်လာနီတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ- သက်ထွန်းနိုင်/ဧရာဝတီ)

၂၀၁၇ စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့ရှိ တောင်သမာန်အင်းတွင် နိုင်ငံခြားသားများ စုုပေါင်းကာ ငှက်လေစီးခြင်းနှင့် ဦးပိန်တံတား၏ နေဝင်ချိန်ကိုု ကြည့်ရှုနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောက်ဆည်ဆင်ပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

မန္တလေးမြို့တွင် ၂၀၁၇ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုုပ်ခဲ့သည့် ပရဟိတဆိုုင်ကယ်ပွဲတော်တွင် ဆိုုက်ကယ်စတန့်ပြသနေသည့် လူငယ်တဦး (ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁ မဟာရွှေမြင်တင်ဘုရား အနီး၌ တည်ထားကိုးကွယ်သော နဂါး ၉ ကောင် ရေထွက်စေတီတော်မြတ်ကြီးနှင့် နတ်ရေကန် ကန်တော်မင်္ဂလာတွင် ၁၄ ကြိမ်မြောက် အလင်းတိုင် ၁၄၀၀၀ ပူဇော်ပွဲကို ၂၀၁၇ နိုဝင်ဘာလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

၂၀၁၇ နိုဝင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်တောင်ပိုုင်း ကလောမြို့တွင် မီးလျော်တိုုင်လွှတ်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC-2) ကို ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျာင်းခွဲ အဖြစ် ဖွင့်လှစ်ထားရာမှ ရန်ကုန်တက္ကသိုလ်ကျောင်သားများ တက်ရောက်ရန် အတွက် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်လွှဲပြောင်းခဲ့ပြီး၊ အဆိုပါ ကျောင်းဆောင်အချို့ပြင်ဆင်နေမှုများကို ၂၀၁၇ နိုဝင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရသည်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ)

၂၀၁၇ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မသန်စွမ်း ဘောလုံးကွင်းနှင့် မသန်စွမ်း အားကစားရုံများတွင် ၂၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်တဦး ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ)

၂၀၁၇ နိုုဝင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုုးပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားအနီးတွင် ၂၀၁၇ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၈ ရက်ကြာ ပြသထားသည့် Myanmar LED Beautiful World Festival ပြပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု ဒိုင်းစုကျေးရွာအနီး အမှတ် ၅၃၂ ကွင်း၊ လယ်ကွင်းပြင်တွင် ဓာတ်ဆီ ဒီဇယ်လောင်စာ ပီပါများထားရှိသည့် နေရာ၌ မီးလောင်မှုဖြစ်ပွားရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နေစဉ်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ)

Your Thoughts …
Tags: Years End Review
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ဒီတပတ်ဖတ်စရာ

ဒီတပတ် ဖတ်စရာ

ယနေ့ ကယားပြည်နယ် လွိုင်ကော်မြို့၌ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံ လူငယ်များ ငြိမ်းချမ်းရေး စကားဝိုင်း / နိုင်ငံတော် အတိုင်ပင်ခံရုံး

အစိုးရ တာဝန်ရှိသူများ မမှန်ကန်သည့် လုပ်ရပ် ရှိပါက တိုင်ကြားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.8k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate