ဆောင်းပါး

အန္တရာယ်နဲ့ စစ်ပွဲကို ကိုယ်စားပြုနေတဲ့ ဟစ်ပီတို့ အခြေချခဲ့တဲ့ လွတ်လပ်မှု လမ်းကြောင်း

Want create site? Find Free WordPress Themes and plugins.

၁၉၅၀ ခုနှစ် အလယ်တဝိုက်ကနေ ၁၉၇၀ ခုနှစ်တအထိ လူအများအပြားဟာ တချိန်က ပါရှားလို့ ခေါ်ခဲ့ကြတဲ့ အီရန်ဒေသတဝိုက်မှာ လှည့်လည်သွားလာဖို့ အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။

အဲဒီအချိန်က အရင်းရှင်စနစ်ကြီးစိုးတဲ့ အနောက်ကမ္ဘာနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေလိုတဲ့ အမေရိကန် ဟစ်ပီအုပ်စုကြီး တွေဟာ မေတ္တာတရားနဲ့ လွတ်လပ်မှုရှိတဲ့ နေရာတွေကို ရှာဖွေခဲ့ရာမှာ လမ်းကြောင်း ကတော့ များသောအားဖြင့် လန်ဒန် ဒါမှမဟုတ် အမ်စတာဒမ် စတဲ့ ဥရောပ မြို့တော်တခုခုမှ စတင်ပြီး လမ်းတလျှောက်မှာ ရှိတဲ့ ဂျာမနီ၊ သြစထြီးယား၊ ဟန်ဂေရီ၊ ယူဂိုဆလားဗီးယား၊ ဂရိနဲ့ တူရကီကို ဖြတ် ကာ အရှေ့အလယ်ပိုင်းကို ရောက်ပြီးနောက်မှာ အိန္ဒိယမှာ ရက်ရှည်နေပြီး နောက်ဆုံး ရပ်နားရာက တော့ နီပေါပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့သော ဟစ်ပီကြီးတွေကတော့ အရှေ့တောင်အာရှက ထိုင်းနဲ့ ဗီယက်နမ်အထိအောင် ခြေဆန့်ခဲ့ကြပါတယ်။

ဒီလိုရှည်လျားလှတဲ့ ဟစ်ပီတို့ရဲ့ လွတ်လပ်မှုနှင့်အသိပညာရှာဖွေမှုရဲ့ သင်္ကေတဖြစ်ခဲ့ လမ်းကြောင်း ကြီး တလျှောက်မှာတော့ အခုအခါမှာ မြို့ပျက်ကြီးတွေ၊ ဧည်သည်တွေအတွက် အန္တရာယ်များတဲ့ အတွက် ပိတ်ပင်တားမြစ်ထားတဲ့ ဒေသတွေဖြစ်နေပါပြီ။

အေးငြိမ်းရာနဲ့ လွတ်လပ်မှုကို လိုလားတဲ့ ဟစ်ပီတွေဟာ Beatnik လို့ခေါ်တဲ့ ၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေ  အတွင်းက ပေါ်ခဲ့ကြတဲ့ စမတ်ကျကျ ဝတ်စားတဲ့ အစဉ်အလာ နဲ့ စည်းကမ်းကလနားတွေကို ချိုး ဖောက်ပစ်ပယ်သူတွေဖြစ်ပြီး ကီရူယတ်ရဲ့ လမ်းပေါ်မှာ ဝတ္တုကို သမ္မာကျမ်းစာသဖွယ် မှတ်ယူသလို  ဘတ်စ်ကားကြီးတွေနဲ့ အမေရိကန်တနှံတလျား သွားလာကာ စိတ်ကြိုက်နေရာရောက်လေတိုင်း စတည်းချ လွတ်လပ်မှုကို ရှာရင်း ရှာဖွေတွေ့ရှိသမျှ မည်သည့် မူးယစ်ဆေးဝါးကို မဆို မှီဝဲကာ အသိပညာရှာဖွေကြသူတွေပါ။

ဟစ်ပီတို့ ခရီးသွားခဲ့သည့် လမ်းကြောင်းပြ မြေပုံ

၁၉၆၀ ခုနှစ်များလောက်မှာတော့ သူတို့ရဲ့ အာရုံဟာ အရှေ့တိုင်းဘက်ကို လှည့်သွားပြီး သမုဒ္ဒရာဖြတ် ကာ ဂင်းစ်ဘတ်ရဲ့ စိတ်ကူးယဉ် ရွှေမြို့တော် ဗာရာဏသီကို သွားခဲ့တာကြောင့် ဟစ်ပီတို့အတွက် တော့ ဗာရာဏသီဟာ နှစ်အတန်ကြာ မက္ကာဖြစ်ခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ လူငယ်တွေကို လွှမ်းမိုးထားနိုင်တဲ့ ဂျွန်လင်နွန်ရဲ့ The beatles အဖွဲ့သားတွေဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ တောရကျောင်းတွေ ပြောင်းရွေ့လာတဲ့အတွက် အိန္ဒိယဟာ ဟစ်ပီတွေ အတွက် လူကြိုက်များရာ ဒေသဖြစ်လာပါတယ်။

အဲဒီဒေသတွဟာ ပြည်တွင်း လူနေမှုစရိတ်နဲ့ နှိုင်းယှဉ်ပါက ကုန်ကျစရိတ်နည်းတဲ့အတွက် အမေရိက က ဟစ်ပီလူငယ်ဟာ ဒီလိုဝေးလံတဲ့ ခရီးကို သွားလာနိုင်ပါတယ်၊ ဥရောပမြို့ကြီးတွေကလွှဲပြီး ယူဂို ဆလားဗီယားမှသည် နီပေါအထိ ခရီးစဉ်တလျှောက်လုံးဟာ အမေရိကန်တွေအတွက် မယုံနိုင် လောက်အောင်ပဲ စရိတ်နည်းတဲ့အတွက် ခရီးစဉ်တလျှောက် သင့်တင့် လျှောက်ပတ်အောင် နေနိုင်ခဲ့ ပါတယ်။

အဲဒီတုန်းက ကားကြုံစီးရတာလည်း များစွာ ဘေးကင်းလုံခြုံသလို၊ ဟစ်ပီအများအပြားဟာ ခရီးစဉ် တလျှောက် ဂျာမန်လုပ် ဗောက်စ်ဝက်ဂွန် ဗင်ကားနဲ့ သွားလာကြတဲ့အတွက် မြန်မာအများအပြားက ပေါင်မုန့်ကားလို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန်ဟာ ဟစ်ပီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။

တချို့ဟစ်ပီတွေဟာ ဆိုရင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ ဒါမှမဟုတ် ဥရောပက ငွေကြေးထောက် ပံတဲ့ ဖွံဖြိုး တိုးတက်ရေး စီမံကိန်းတွေမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ရင်းကနေ သာမန် ကမ္ဘာလှည့် ခရီးသွားတွေထက်တောင် ဒေသခံတွေနဲ့ ပိုမို အတူနေနိုင်ခဲ့ကြပါတယ်။

မှတ်စုမှတ်ရာ အတိုအထွာများအရ ဟစ်ပီတွေရဲ့ ခရီးစဉ်မှာ ဆေးခြောက်လည်းပါပြီး အမ်စတာဒမ်နဲ့ လန်ဒန်မှာ ဆေးခြောက်ရှူရာမှ အာဖဂန်နစ္စတန်မှာလည်း လျှော်ပင်အစေးနဲ့ အိန္ဒိယနဲ့ နီပေါမှာတော့ ရရာကို ရှူတယ်လို့ ဆိုပါတယ်။

ဟစ်ပီတိုရဲ့ လမ်းကြောင်းဟာ ပိုးထည်နဲ့ ဟင်းခတ်အမွှေးအကြိုင်ကို မရှာဘဲ လွတ်လပ်မှုနဲ့ မေတ္တာ တရားကို အန္တိမ ရည်မှန်းချက်အနေနဲ့ ရှာဖွေတဲ့ တခြားပိုးလမ်းကြီးတခုလို့ ဆိုရမှာပါ။

ဟစ်ပီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်း ကား

ဒီခရီးလမ်းဟာ ရုပ်ဝတ္ထုဝါဒ ကြီးထွားလာတာကြောင့် မွန်းကျပ်တယ်လို့ ခံစားရတဲ့ အမေရိကန်တွေရဲ့  ဝိဉာဉ်ရှာဖွေရေးခရီး တမျိုးဖြစ်ပြီး၊ မိမိကိုယ် မိမိ ရှာဖွေရင်း မူးယစ်ဆေးတမျိုးမျိုးကို သုံးကာ ဒါမှ မဟုတ် ဘာသာရေးအမျိုးမျိုးကို  စူးစမ်းလေ့လာကာ စိတ်ပိုင်းအသိဖွံ့ဖြိုးရေးကို ရှာဖွေတဲ့ ခရီးတခုပါ။

ဒါ မကောင်းဆိုရွား အနောက်တိုင်းကမ္ဘာကနေ ပိုမိုလူသားဆန်တဲ့ ကမ္ဘာ့အရှေ့ခြမ်းကို ထွက်ပြေးလွတ် မြောက်ခြင်းလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် Huffington Post မှာ ဖော်ပြတဲ့ ခရစ်ရှန်ကားလ် ရဲ့ “ဟစ်ပီလမ်းကြောင်းမှာ အာဖဂန် နစ္စတန်ဟာ ခရီးတထောက် ကွန်းခိုရာဖြစ်စဉ်က” ဆိုတဲ့ ဆောင်းပါးမှာ အာဖဂန်ဟာ အဲဒီတုန်းက ဘယ်လိုနေရာဖြစ်ခဲ့တယ်ဆိုတာကို ပြန်ပြောင်း သတိရခြင်းများနဲ့ အတူ သရုပ်ဖော်ထားပြီး အဲဒီတုန်း က အခြေအနေကို ဒီကနေ့ ပြန်ဖတ်ရတဲ့အခါမှာတော့ နာကျင်စွာ ခံစားရပါတယ်။

အဲဒီတုန်းက အာဖဂန်ဟာ ခေတ်မီတိုးတက်ရေးခေတ်မှာ သူစိမ်းတရံ နိုင်ငံခြားသား တွေနဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးလိုသူများ နေထိုင်ရာလို့ ဆိုထားပြီး၊ အဲဒီတုန်းက မြို့တော် ကာဘူးလ်ဟာဆိုရင် အမေရိကန် ဉာဏ် အလင်းရှာလိုသူတွေ ရက်ပေါင်းများစွာ အလွယ်တကူ လှည့်ပတ်သွားလာနိုင်တဲ့ နေရာတခုဖြစ်ကာ စီဂီဟိုတယ်မှာဆိုရင် ဟစ်ပီအများအပြား တည်းခိုတဲ့အတွက် ဟစ်ပီလမ်း ကြောင်း မှာ သမိုင်းဝင်နေရာဖြစ်ခဲ့ပါတယ်။

ဒီလို အာဖဂန်နစ္စတန်ဟာ လှပတဲ့ ခရီးတထောက် ခိုနားရာ နေရာဖြစ်ခဲ့ပြီး ခေတ်မီခြင်းနဲ့ ပတ်သက်တဲ့ စူးစမ်းလိုတဲံ သဘောထားရှိသလို ချမ်းသာကြွယ်ဝလိုတဲ့ အဲဒီနိုင်ငံသားများရဲ့ စိတ်ဓာတ်ကို ၁၉၇၉ ခုနှစ် ရုရှားကျူးကျော်မှုက ရိုက်ချိုးခဲ့တာကို ဖတ်ရတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။

၁၉၇၃ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဒေသခံတွေနဲ့ ဟစ်ပီများ

သူတို့ကို သူတို့ ရဲရင့်သူတွေလို့ ခေါ်ဆိုခဲ့ကြတဲ့ အမေရိကန်ဆံရှည်လူငယ်တွေဟာ သူတို့ရဲ့ ခရီးစဉ်ကို ချစ်မြတ်နိုးရာမှာ တူညီကြပြီး၊ ဒီခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို ဂိုအာကမ်းခြေက ဆိုင် တွေ၊ ခတ္တမန္ဒူက ဟိုစတယ် လို့ခေါ်တဲ့ အခန်းကျဉ်းတွေ၊ ဒါမှမဟုတ် ကက်ရှ်မီးယားက လမ်းတွေမှာ အချင်းချင်း တွေ့ကြဖို့ အချိန်းအချက် ကတိတွေကို အစ္စတန်ဘူလ် က ပူတင်းဆိုင်နံရတွေမှာ အဲဒီတုန်းက ရေးကာ ဆက်သွယ်ခဲ့ပါတယ်။

အဲဒီ အမေရိကန် ဟစ်ပီတွေဟာ အိန္ဒိယကနေ အရှေ့တောင်အာရှအထိ ရှည်လျားတဲ့ မြင့်မြတ်တဲ့ ခရီးစဉ်တခုကို ရှာဖွေတွေ့ရှိသူများ ဖြစ်ရုံသာမက ဒေသခံများအတွက် အခြားသော လူသားအခြေပြု စီးပွားရေးတခုကိုလည်း ထူထောင်ပေးခဲ့ပါတယ်။ ဒေသခံတွေဟာ ဟစ်ပီတွေအတွက် အကုန်အကျ နည်းတဲ့ ဘတ်စ်ကားခရီးစဉ်တွေ အဆောင်တွေကို စီစဉ်ပေးခဲ့ပါတယ်။

အိန္ဒိယနဲ့  နီပေါတို့မှာ နိုင်ငံခြားသားများအတွက် သီးသန့် လူ့နယ်လွန် ဝိဉာဉ်နိုးကြားမှုကို အထူးပြု လုပ် ဆောင်ပေးတဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း ရှိပါတယ်။ ခတ္တမန္ဒူမှာ ဒေသခံတွေက ထူးခြား ဆန်းကျယ်လမ်းလို့ အမည်ပေးထားတဲ့ လမ်းဟာ ထိုခေတ် ဟစ်ပီ ဝိဉာဉ်ရေးခရီးသည်များ အတွက် အထူးဆောင်ရွက်ပေးသောလမ်းလို့ ဆိုရမှာပါ။

အဲဒီအချိန်မှာ ကံအကြောင်းမလှချင်တော့ ၁၉၇၉ ခုနှစ် နောက်ပိုင်းမှာတော့ အခြေအနေတွေ ပြောင်း ကုန်ပါတယ်၊ ဆိုဗီယက် ကျူးကျော်မှုနဲ့ အီရန်တော်လှန်ရေးတွေကြောင့် အာဖဂန်နစ္စတန်ဟာ တခါး ပိတ်သွားပြီး ၁၉၇၃ ခုနှစ် အာရပ်- အစ္စရေး စစ်ပွဲကြောင့် လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်တို့မှာလည်း အနောက်နိုင်ငံသား တွေ ပြည်ဝင်ခွင်ကို တင်းကျပ်လိုက်ပါတယ်။

၁၉၇၅ ခုနှစ် လက်ဘနွန် ပြည်တွင်းစစ်နဲ့ အတူ ဒေသတခုလုံး တင်းမာမှု မြင့်မားနေတဲ့ အတွက် ခရီး သွားလာမှုဟာ အရင်လောက် ဘေးကင်းလုံခြုံမှု မရှိတော့သလို ကက်ရှ်မီးယားနဲ့ ချစ်ထရယ်လို နေရာ တွေဟာ မတည်မငြိမ်မှုတွေ ဖြစ်လာတဲ့အတွက် အရင်လောက် နွေးထွေးကြိုဆိုမှု မရှိတော့ပါဘူး။

တနေ့နေ့မှာ ဆက်လက်တည်ရှိတော့မှာ မဟုတ်ဖူးလို့ ဘယ်သူကမှ မထင်ခဲ့တဲ့ လောကတခုကို ဟစ်ပီ များဟာ နောက်ဆုံး ရထားနဲ့ သွားရောက်ခဲ့ကြတယ်လို့ ဆိုရမှာပါ၊  သူတို့ဖန်တီးထားခဲ့တဲ့ ခရီးစဉ်ရဲ့ ထက်ဝက်ခန့်ဟာ နိုင်ငံရေးနဲ့ အကြမ်းဖက်ဝါဒကြောင့် သမိုင်းမျာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။

နီပေါ မြို့တော် ခတ္တမန္ဒူမြို့ ဆိုင်တဆိုင်

ဆယ်စုနှစ် ၂ခုအတွင်း အရှေ့တိုင်းကို သွားရောက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို အိန္ဒိယတိုက်ငယ်၊ နီပေါနဲ့ တောင်အာရှ ဝိဉာဉ်ရှာဖွေရေး ခရီးရဲ့ ရှေ့ဆောင်လမ်းပြများအဖြစ် သတ်မှတ်ခဲ့ပေမယ့် သူတို့ရဲ့ နေထိုင်ပြုမူမှုနဲ့ ရိုးသားဖြူစင်မှုကတော့ ထူးခြားပါတယ်။

ဟစ်ပီတို့က အဓိက ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဟာ နောက်ဆုံးမှာတော့  တကမ္ဘာ လုံး ဆက်စပ်လာတဲ့ စီးပွာေးရး အကျိုးအမြတ်ရှာသူတွေကြောင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများဟာ မျိုးတုံးပျောက်ကွယ်ကုန်ပါပြီ။

အဲ့ဒီနောက်မှတော့ တချို့နေရာတွေကတော့ ဓာတ်ပုံအရိုက်ခံခြင်းဟာ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် အန္တိမ ရည်မှန်းချက်ဖြစ်လာသလို ဒေသခံများဟာလည်း သူတို့ ဒေသကိုလာတဲ့ ဧည့်သည်တွေ အကြောင်းကို စိတ်ဝင် စားမှု မရှိတော့ဘဲ အနောက်နိုင်ငံတွေရဲ့ ငွေကနေ အကျိုးအမြတ်ရှာတဲ့ စနစ်တခုကို ထူထောင်လာကြပါတယ်။

ခရီးသွားလာခြင်းဟာ များပြားလှတဲ့ ယဉ်ကျေးမှုများရဲ့ တာဝန်တပိုင်း ဖြစ်လာတဲ့အတွက် ဘယ်နေရာ ကို သွားသွား ကိုယ်အိမ်မှာ ကိုယ်နေသလို ခံစားရသူများ ရှိလာပါတယ်၊ ခရီးသွားလုပ်ငန်းက နယ်မချဲ့ ရသေးတဲ့ အံ့ဖွယ်နေရာများရှိနေသေးတာကိုက ကံကောင်းထောက်မမှု တခုလို့ ဆိုရမှာပါ၊ အဲဒီနေရာ တွေကို စောင့်ရှောက်ဖို့ အထူးဂရုပြုကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

The Vintage News တွင် ဖော်ပြခဲ့သည့် Tijana Radeska ရေးသားသော The Hippie Trail, once a symbol of freedom and enlightenment, today is synonymous with danger and war ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading