• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပဋိပက္ခ အလွန် ယ‌နေ့မိတ္ထီလာ

by စိုးရာဇာထွန်း
23 January 2018
in ဆောင်းပါး
A A
ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း ‌တွေဟာ ပုံမှန် စု‌ဝေး‌ဆွေး‌နွေးကြပြီး မိတ္ထီလာ‌ရှေ့ရေး အတွက်‌‌ဆွေး‌နွေးလျက် ရှိကြောင်း  / စိုးရာဇာထွန်း / Myanmar Now)

ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း ‌တွေဟာ ပုံမှန် စု‌ဝေး‌ဆွေး‌နွေးကြပြီး မိတ္ထီလာ‌ရှေ့ရေး အတွက်‌‌ဆွေး‌နွေးလျက် ရှိကြောင်း / စိုးရာဇာထွန်း / Myanmar Now)

27.4k
VIEWS
Share on FacebookShare on Twitter

ပဋိပက္ခဒေသဖြစ်ခဲ့တဲ့ မိတ္ထီလာဟာ ရာခိုင်နှုန်‌းပြည့်နီးပါး ‌အေးချမ်‌း‌နေပါပြီ။

ကုန်‌‌ရောင်‌း ကုန်သွယ်မှု‌တွေ ပုံမှန်လည်ပတ်၊ မွတ်စလင်ဆိုင်၊ ဗမာဆိုင် မခွဲခြားဘဲ ‌ဈေး‌ရောင်‌း၊ ‌ဈေးဝယ်၊ သွားလာလှုပ်ရှား နေကြပါတယ်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.3k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
847

ဆိုင်ကယ် ကယ်ရီဆွဲ‌နေသူ တွေ၊ ‌ဘောလုံး ကန်‌‌နေကြသူ‌တွေ၊ နာမည်ကျော် မိတ္ထီလာ ကန်‌‌ပေါင်‌‌ပေါ် လမ်‌း‌လျှောက် နေကြ သူတွေကို ‌တွေ့ရပါတယ်။

အ‌ခြေအ‌နေ‌တွေ တည်ငြိမ်လာဖို့ မိတ္ထီလာမှာရှိတဲ့ အဖွဲ့အစည်‌း ‌ခေါင်‌း‌ဆောင်‌‌တွေ၊ ဘာသာ‌‌ရေး ခေါင်‌း‌ဆောင်‌‌တွေက ခက်ခက်ခဲခဲ တည်‌‌ဆောက်ခဲ့ကြ ရတယ်လို့ ၈၈ ငြိမ်‌းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ မိတ္ထီလာ တာဝန်ခံ ဦးထိန်မင်‌းခိုင်က ဆိုပါတယ်။

“မိတ္ထီလာမှာ ၂ဝ၁၃ ပဋိပက္ခ အကြီးကြီးဖြစ်တယ်၊ လူ‌တွေ‌သေတယ်၊ အိုးအိမ်‌‌တွေ ဆုံးရှုံးတယ်၊ စီးပွား‌ရေး ပျက်စီးသွားတယ်။ အဲ့ဒီလိုမျိုး အဖြစ်အပျက်မျိုးကို မိတ္ထီလာသူ၊ မိတ္ထီလာသား အ‌နေနဲ့ ဒီဟာကို‌တော့ ဘယ်သူမှ ထပ်ပြီး‌တော့ မကြုံချင်ကြ တော့ဘူး။ ဖြစ်လာရင် ဆုံးရှုံးမှုဟာ အတူတကွ ကြုံကြရတယ်။ ပဋိပက္ခကို တားဆီးမယ်‌့သူ‌တွေ အဲ့ဒီနောက်ပိုင်‌း စုစည်‌း မိလာတယ်” လို့ ဦးထိန်မင်းခိုင်က မိတ္ထီလာ ငြိမ်‌း/ပွင်‌့ရုံးမှာ ထိုင်ရင်‌း ရှင်‌းပြပါတယ်။

ဦးထိန်မင်းခိုင် အပါအဝင် မကြာသေးခင်က တွေ့ဆုံခဲ့ရတဲ့ ဒေသခံ အများအပြားက မိတ္ထီလာ ပြန်လည်တည်ငြိမ်လာခြင်း အကြောင်းရင်းထဲမှာ ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့တွေ ညီညီညွတ်ညွတ် ဆောင်ရွက်ခြင်းကလည်း အရေးပါတဲ့ အချက်တခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း‌တွေဟာ ပုံမှန် စု‌ဝေး‌ဆွေး‌နွေးကြပြီး မိတ္ထီလာ‌ရှေ့ရေး အတွက်‌‌ဆွေး‌နွေးလျက် ရှိကြောင်း ရတနာ‌မောင် ရပ်ကွက် ဟိန္ဒူ မယ်‌‌တော်ကြီး‌ကျောင်‌း အတွင်‌း‌ရေးမှူး ဦးဘိုက ပြောပါတယ်။

“ဘာသာ‌ပေါင်‌းစုံ သင်‌့သင်‌့မြတ်‌မြတ်နဲ့ပဲ အတူတူတွဲပြီး ‌နေ‌နေကြ၊ သူဟာသူ ထိန်‌းသွားကြတာ‌ပေါ့။ အားလုံး ‌အေး‌အေး ချမ်‌းချမ်‌းပဲ ရှိတယ်” လို့ ဦးဘိုက ဆိုပါတယ်။

၂ဝ၁၃ ပဋိပက္ခအတွင်‌း မွတ်စလင် ၈ဝဝ‌ကျော်ကို ဘုန်းကြီးကျောင်းထဲ ခိုလှုံခွင့်ပေးပြီး ကူညီ၊ ကယ်တင်ခဲ့တဲ့ ဦးဝိသုဒ္ဓက မညီညွှတ်တဲ့ အနေအထားဟာ အနိဋ္ဌာရုံတွေ ဖြစ်ပေါ်စေတယ်လို့ မိန့်ပါတယ်။

“ကွဲပြား‌နေတဲ့ ဥစ္စာကို တို့က စည်‌းလုံးသွားတဲ့ အခါကျ‌တော့ ဒါက‌တော့ ညီညွှတ်တဲ့ဟာက မြင်ရတဲ့သူလည်‌း စိတ်ချမ်‌းသာ သလို၊ တဦးနဲ့တဦး ချစ်ချစ် ခင်ခင်‌‌နေ‌တော့ သူတို့လည်‌း အကျိုးရတာ‌ပေါ့ကွာ” လို့ ရတနာဦး‌ကျောင်‌းမှာ သွား‌ရောက် တေ‌ွ့ဆုံ စဉ် မိန့်ပါတယ်။

ဦးဝိသုဒ္ဓဟာ မိတ္ထီလာ ပြန်လည် နာလန်ထူရေး အတွက် အဓိက‌နေရာက‌နေ အကူအညီများစွာ ပေးခဲ့သူပါ။

မိတ္ထီလာ ပဋိပက္ခအတွင်‌း ၄၃ ဦး‌သေဆုံး၊ ၈၆ ဦး ဒဏ်ရာရ၊ ၉,ဝဝဝ ကျော် ကယ်ဆယ်‌‌ရေး စခန်‌း‌တွေမှာ ‌နေထိုင်ခဲ့ရပါ တယ်။ ဧက ၄ဝ ‌ကျော် မီ‌း‌လောင်‌ပြင်မှာ မီးဘေးသင့်အိမ် ၁၂ဝ ကျော်ခဲ့ပါတယ်။ ပြည်ထဲ‌ရေးဌာနနဲ့ မန္တလေးတိုင်‌း‌ဒေသကြီး အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် ဒီ ပဋိပက္ခဟာ ၁၅ မြို့နယ်ထိ ပျံနှံ့ခဲ့တယ်၊ ဖမ်းဆီး အရေးယူခဲ့တဲ့ အရေအတွက် ၆၈ ဦး ရှိခဲ့ပါတယ်။

အရပ်ဘက် လူမှု အဖွဲ့အစည်‌‌းတွေ၊ ဘာသာ‌ပေါင်‌းစုံ အဖွဲ့‌တွေနဲ့ ပူး‌ပေါင်‌း ဆောင်ရွက်လျက် ရှိရာမှာ လက်ရှိမှာ‌တော့ တည်ငြိမ်‌‌အေးချမ်‌း ‌နေပါပြီ။/ စိုးရာဇာထွန်း/Myanmar Now

လက်ရှိ အခြေအနေ

မိတ္ထီလာ ပြန်လည် အေးချမ်‌း‌နေ‌ပေမယ်‌့ ဗလီတချို့ ပိတ်ထားဆဲပါ။ မွတ်စလင် လူကြီးပိုင်‌း တချို့က‌တော့ ဘာသာ‌ရေးအဆောက်အအုံတွေ ပိတ်ပင်ခံထားရခြင်းဟာ အခြေအနေဆိုးကို တွန်းပိုု့သလို ဖြစ်နေတယ်လို့ မှတ်ချက်ပေးကြပါတယ်။ ဒိုဘီကုန်‌း ရပ်ကွက်က ဗလီဆိုရင် ‌သောကြာ‌နေ့ ရောက်တိုင်‌း မနက်နဲ့ ‌နေ့လယ် နှစ်ပိုင်‌းခွဲပြီး ဝတ်‌ပြု‌နေကြတာ ‌တွေ့ရ ပါတယ်။

သီရိမင်္ဂလာနယ်‌‌မြေ ၁၆ နေ ဦးငယ်‌‌လေး အပါအဝင် မွတ်စလင် အများအပြားက မိတ္ထီလာမှာ ဗလီ ၁၃ လုံးရှိပြီး ၅ လုံးသာ ဖွင်‌့ခွင်‌့‌ပေးထားတယ်၊ ဝတ်‌ပြုရာမှာ လူဦး‌ရေ များလွန်‌းတာ‌ကြောင်‌့ အခက်အခဲ ရှိနေတယ်လို့ ဆိုကြပါတယ်။

“(ဗလီ) မရှိဘူး ဆိုရင် ဒီလူ‌တွေဟာ ထိန်‌းသိမ်‌းလို့ မရဘူး။ အရက်ဆိုင်လည်‌း ‌ရောက်မှာပဲ။ ဖဲဝိုင်‌းကိုလည်‌း ‌ရောက်မှာပဲ။ ဗလီ‌လေးတခု၊ ဘုရား‌ကျောင်‌းကန်‌‌လေး တခု ရှိတယ်‌‌ဟေ့ ဆိုရင် ဒီဥစ္စာကို ထိန်‌းသွားလိမ်‌့မယ်”လို့ ဦးငယ်လေးက ပြောပြ ပါတယ်။

ဗလီ အများအပြား ပိတ်ထားတာနဲ့ ပတ်သက်ပြီး မိတ္ထီလာ အုပ်ချုပ်‌‌ရေးပိုင်‌းကို သွား‌ရောက်‌‌မေးမြန်‌း‌ပေမယ်‌့ တစုံတရာ မှတ်ချက်‌‌ပေး ‌ဖြေကြားခြင်‌း မရှိကြပါဘူး။

ရန်မျိုး‌အောင် ၁၄ နယ်‌‌မြေက ဦး‌ဇော်မိုး အပါအဝင် မွတ်စလင် တချို့ကတော့ သူတို့‌နေအိမ်မှာ သွားရောက် နေထိုင်ဖို့ အခြေအနေ မရှိကြသေးပါဘူး။

“ကျနော့် နေရာ‌လေးကို ‌အေးချမ်‌းစွာနဲ့ ပြန်‌‌နေချင်တာ‌ပေါ့။ ပြန်‌‌ရောင်‌းရင်‌‌တော့ ‌ရောင်‌းလို့ရတယ်။ ‌နေရင်‌‌တော့ လုံခြုံရေး တာဝန် မယူဘူးဆိုတဲ့ ပုံစံမျိုးလို ဖြစ်‌‌နေတယ်” လို့ ဦးဇော်မိုးက ပြောပါတယ်။
သူနဲ့အတူ မွတ်စလင် ၅၈ ဦးထိ အိမ်ရာ ပြန်မရ‌သေးဘူးလို့လည်း ပြောဆိုပါတယ်။

မွတ်စလင် အများစုရှိတဲ့ သီရိမင်္ဂလာ ရပ်ကွက်မှာ‌တော့ ဒေသခံတွေ ပြန်လည် အ‌ခြေခ‌ျ ‌နေထိုင်‌‌နေတာ ‌တွေ့ရပါတယ်။

မွတ်စလင်‌‌တွေနဲ့ ဗုဒ္ဓဘာသာ‌‌တွေ အများဆုံး ပြန်လည်‌‌နေရာ ချထား‌ပေးတဲ့ ချမ်‌း‌အေးသာယာ ရပ်ကွက်မှာတော့ အခက်အခဲ မရှိပါဘူး။ ဒီ‌နေရာမှာ မွတ်စလင် ၄,ဝဝဝ ‌‌ကျော်၊ ဗုဒ္ဓဘာသာဝင် ၁,ဝဝဝ ‌‌ကျော် ထိ ‌ပြန်‌ရောက်လာပြီ ဖြစ်ကြောင်း ‌‌နေရာချထား‌ရေးမှာ ပါဝင်ခဲ့တဲ့ ဦးသန်‌းမိုးက ရှင်းပြပါတယ်။

“ချမ်‌း‌အေးသာယာက အကုန်‌‌နေတယ်။ ဗုဒ္ဓဘာသာ‌ရော၊ မွတ်စလင်‌‌ရော အကုန်‌ပြန်‌‌နေတယ်။ အရင် ပုံမှန်အတိုင်‌းပဲ‌ပေါ့။ သူတို့လည်‌း သူတို့အပိုင်‌းမှာ သူတို့‌ပြောတယ်။ ကျနော်တို့လည်‌း ကျနော်တိုု့ ပတ်သက်ရာ ပတ်သက်‌‌ကြောင်‌း သာ‌ရေး၊ နား‌ရေးလည်‌း ဖိတ်တယ်။ ကျနော်တို့လည်‌း သွားတယ်” လို့ ဦးသန်းမိုးက သူ့အိမ်မှာ‌တွေ့ဆုံစဉ်‌‌ပြောပါတယ်။

ဦးသန်းမိုးတို့ ရပ်ကွက်နဲ့ တချို့ရပ်ကွက်က မွတ်စလင်‌‌တွေဟာ လွတ်လပ်‌‌ရေး‌‌နေ့ အထိမ်‌းအမှတ်အဖြစ်‌‌ဘောလုံးပွဲတွေကို ကြိုတင် ကျင်‌းပခဲ့တာ ‌တွေ့ရပါတယ်။

မိတ္ထီလာ ပြန်လည် အေးချမ်‌း‌နေ‌ပေမယ်‌့ဗလီတချို့ ပိတ်ထားဆဲပါ။/ စိုးရာဇာထွန်း/Myanmar Now

ဒါက လက်ရှိ မိတ္ထီလာရဲ့ တပိုင်‌းတစ ပုံရိပ်ပါ။

ဘာသာ‌ပေါင်‌းစုံ ညီညွှတ်‌‌ရေးကို ‌ရှေးရှုတဲ့ အစီအစဉ်တွေလည်‌း ရှိပါတယ်။ ပြီးခဲ့တဲ့ တန်ဆောင်တိုင် မီး‌မျှောပွဲ‌တော်ကစလို့ ဘာသာ‌ပေါင်‌းစုံ ပွဲ‌တော်‌‌တွေ မိတ္ထီလာမှာ လုပ်‌ဖြစ်လာကြပါတယ်။

တဘာသာချင်‌းစီ အလိုက် ဘာသာ‌ရေး အ‌ဆောက်အအုံ တခုစီမှာ အလှည်‌့ကျ‌တွေ့ဆုံကြပြီး ဒေသဖွံ့ဖြိုး‌ရေး အစီအစဉ် တွေ ကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ အရပ်ဘက် အဖွဲ့အစည်‌း‌တွေကလည်း ဘာသာ‌ပေါင်‌းစုံ ယှဉ်တွဲ‌နေထိုင်‌‌ရေး အသိပညာ‌တွေ ‌ဖြန့်‌ဖြူး ‌ပေး‌နေတာပါ။

မိတ္ထီလာမှာ သတင်‌းလိုက်ခဲ့စဉ် လမ်‌းပြ ပို့‌ဆောင်ခဲ့သူတွေထဲက မွတ်စလင် လူငယ်တဦးကတော့ သူ့ အ‌ပေါင်‌းအသင်‌း တွေက သူ့ကို ယ‌နေ့အထိ အ‌ခေါ်အ‌ပြော မလုပ်ဘူးလို့ ဆိုင်ကယ်‌‌မောင်‌းရင်‌း ရင်ဖွင်‌့‌ပြောပြပါတယ်။

မကြာသေးခင်က ဖွဲ့စည်‌းခဲ့တဲ့ Equity for All (EfP) မှ အဓိကအဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုသီဟသင်‌းလှိုင် က‌တော့ လူငယ်တချို့ ဟာလည်‌း ဘာသာ‌ပေါင်‌းစုံက လူငယ်‌‌တွေနဲ့ စုစည်‌းကာ မြို့တည်ငြိမ်ဖို့ တတ်နိုင်သ‌လောက် ကူညီ‌နေတယ်လို့ ဆိုပါ တယ်။ သူတို့အဖွဲ့က အင်တာနက် လူမှုကွန်ရက်က‌နေ ဒေသတွင်း သတင်‌းမှား‌တွေ့ရှိရင် ပူး‌ပေါင်‌း ဖြေရှင်‌းနေတာပါ။

“အ‌ခြေအ‌နေမှန်ကို လူငယ်အချင်‌းချင်‌းကြားမှာ ကူညီနိုင်တဲ့ အ‌ခြေအ‌နေမှာ‌တော့ ရှိတယ်” လို့လည်း ပြောပြပါတယ်။

လူငယ်တချို့လည်‌း ညပိုင်‌း‌တွေမှာ မိတ္ထီလာကန်‌‌ဘောင်မှာ အပန်‌‌းဖြေကြတာ ‌တွေ့ရပါတယ်။ မြို့ရဲ့အထင်ကရ ဓမ္မသုခ ‌ရွှေ စည်‌း ခုံ ဘုရားဟာလည်‌း လာ‌ရောက်ဖူး‌မြော် သူ‌တွေနဲ့ စည်ကားပါတယ်။ မြို့ထဲပိုင်‌းမှာ ရုပ်ရှင်ရုံ ဖွင်‌့ထားပြီမို့ မြို့ညပိုင်‌း ဟာ ယခင်ထက် ပိုစည်လာပါပြီ။

ဒါက မိတ္ထီလာမြို့ အေးချမ်‌းမှုနဲ့ တိုက်ရိုက် ဆက်စပ်‌‌နေတယ်လို့ မိတ္ထီလာ NLD သတင်‌းပြန်ကြား‌ရေး တာဝန်ခံ ကိုချမ်‌းငြိမ်‌းထွန်‌း က ဆိုပါတယ်။

ရုပ်ရှင်ရုံ ပြန်ဖွင်‌့ထားတာ‌ကြောင်‌့ ညပိုင်‌း ၁ဝ ရီခွဲထိတိုင် မြို့ပေါ်မှာ လူစည်‌းကားလျက် ရှိပါတယ်။ မိုဘိုင်‌းဖုန်းဆိုင်၊ အထည်ဆိုင်၊ စက်ပစ္စည်‌းဆိုင်၊ လျှပ်စစ်ဆိုင်၊ ထမင်‌းဆိုင်၊ စား‌သောက်ဆိုင်‌‌တွေဟာလည်‌း အဲ့ဒီအချိန်ထိ ဖွင်‌့ထားတာ ကို ‌တွေ့ရ ပါတယ်။

မိတ္ထီလာဟာ ၂ဝ၁၃ ပဋိပက္ခပြီး‌နောက်ပိုင်‌း ပဋိပက္ခတခုမှ ထပ်‌ဖြစ်‌‌ပေါ်ခဲ့ခြင်‌း မရှိပါဘူး။/ စိုးရာဇာထွန်း/Myanmar Now

ရခိုင်ဒေသနဲ့ နှိုင်းယှဉ်ခြင်း

မိတ္ထီလာဟာ ၂ဝ၁၃ ပဋိပက္ခပြီး‌နောက်ပိုင်‌း ပဋိပက္ခတခုမှ ထပ်‌ဖြစ်‌‌ပေါ်ခဲ့ခြင်‌း မရှိပါဘူး။ အရပ်ဘက် လူမှု အဖွဲ့အစည်‌‌းတွေ၊ ဘာသာ‌ပေါင်‌းစုံ အဖွဲ့‌တွေနဲ့ ပူး‌ပေါင်‌း ဆောင်ရွက်လျက် ရှိရာမှာ လက်ရှိမှာ‌တော့ တည်ငြိမ်‌‌အေးချမ်‌း ‌နေပါပြီ။

ရခိုင်‌ပြည်နယ် မှာ‌တော့ ၂ဝ၁၂ ပဋီပက္ခ ပြီးတည်‌းက ယ‌နေ့အထိ ဆက်တိုက်‌ဖြစ်ခဲ့ပါတယ်။ ယ‌နေ့ထိ ရခိုင်‌ပြည်နယ် မြောက်ပိုင်‌းဟာ မတည်ငြိမ်နိုင်‌‌သေးပါဘူး။ မိတ္ထီလာနဲ့ ရခိုင်အ‌ရေးက ဘာ‌ကြောင်‌့ မတူတာလဲ။ RfP ရဲ့ အဖွဲ့ဝင်‌‌ဒေါ်ဝင်‌းမာဦး က ဒေသခံတွေက စိတ်သွားတိုင်း ကိုယ်ပါဖို့ အခြေအနေ ပေးသေးဟန် မတူဘူးလို့ သုံးသပ်ပါတယ်။

“ငြိမ်‌းချမ်‌း‌ရေး ဖော်‌‌ဆောင် စိတ်ပဲရှိမယ်၊ လက်‌‌တွေ့မှာ သူတို့ မလုပ်နိုင်ဘူး။ စိတ်က‌တော့ ငြိမ်‌းငြိမ်‌းချမ်‌းချမ်‌း ‌နေချင်တယ်။ ဒါ‌ပေမယ်‌့ ဒီအဖွဲ့‌တွေမပါတဲ့ ငြိမ်‌းချမ်‌း‌ရေး၊ ဟိုဘက်ကလည်‌း ဟိုအဖွဲ့မပါတဲ့ ငြိမ်‌းချမ်‌း‌ရေး၊ အဲ့ဒီလိုမျိုး သ‌ဘောတရား တွေ‌တော့ ရှိလိမ်‌့မယ်” လို့ ဒေါ်ဝင်းမာဦးက ဆိုပါတယ်။

သူက မိတ္ထီလာ ငြိမ်‌းချမ်‌း‌ရေး အတွက် ခရစ်ယာန် ဘာသာဝင် တဦးအ‌နေနဲ့ ပူး‌ပေါင်‌း ကူညီ‌နေသူပါ။

“(မိတ္ထီလာမှာတော့) ငြိမ်‌းချမ်‌း‌ရေးဘက်ကို ဦးတည်‌‌နေပါတယ်။ ဒါ‌ပေမယ်‌့ အစွန်‌း‌ရောက်တဲ့ စိတ်ခံစားချက်‌‌တော့ ရှိ‌နေ‌သေး တယ်” လို့ သုံးသပ်ပါတယ်။

မိတ္ထီလာမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ ဦးဥတ္တရက ဘာသာနှစ်ခုကြား ငြိမ်‌းချမ်‌းစွာ ယှဉ်တွဲ‌နေထိုင်‌‌ရေးက မဖြစ်နိုင်စရာ အ‌ကြောင်‌း မရှိဘူးလို့ မိန့်ပါတယ်။

“အစွန်‌းမ‌ရောက်ရင်‌‌ပေါ့။ အစွန်‌း‌ရောက်ရင်‌‌တော့ ‌နေလို့မရဘူး” လို့ ဦးဥတ္တရက သူ သီတင်းသုံးနေတဲ့ မိတ္ထီလာမြို့ ဝေယံဘုံသာ ကျောင်‌းမှာ တွေ့ဆုံစဉ် မိန့်ပါတယ်။

ရခိုင်‌ပြည်နယ်မှာ‌တော့ ၂ဝ၁၂ ခုနှစ်ကစလို့ ပဋိပက္ခ‌တွေဟာ ယ‌နေ့အထိ မပြီး‌သေးပါဘူး။ ရိုဟင်ဂျာ လွတ်‌‌မြောက်‌‌ရေး တပ်မ‌တော် (ARSA)ကို အစိုးရက အကြမ်‌းဖက် အဖွဲ့လို့ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့လ‌တွေက စလို့ လုံခြုံရေး တပ်ဖွဲ့‌တွေနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။

မိတ္ထီလာလို ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း‌တွေ ရခိုု်င်‌ပြည်မှာ မရှိပါဘူး။ ပြီးခဲ့တဲ့ လပိုင်‌း‌တွေထဲမှာ‌တော့ ပြည်နယ် အစိုးရက ဦးစီးကျင်‌းပတဲ့ ငြိမ်‌းချမ်‌း‌ရေး ဆုတောင်‌းပွဲ‌တွေကို ရခိုင်‌ပြည်နယ် တချို့ မြို့တွေမှာ ကျင်‌းပခဲ့ပါတယ်။ ဒီပွဲ‌တွေမှာ ဘာသာ ပေါင်‌းစုံက အဖွဲ့အစည်‌း‌တွေ‌တော့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါ‌ကြောင်‌့ ပဋိပက္ခ ‌ဖြေရှင်‌းရာမှာ အားနည်‌းချက်‌‌တွေ ရှိတာလို့ သုံးသပ် ကြပါတယ်။

မိတ္ထီလာက‌တော့ ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း‌တွေနဲ့ ပူး‌ပေါင်‌း ဆောင်ရွက်‌‌နေကြပါပြီ။

ပြီးခဲ့တဲ့ ‌အောက်တိုဘာလ အတွင်‌းက‌တော့ မိတ္ထီလာမှာ ရိုဟင်ဂျာ ဆန့်ကျင်‌‌ရေး လှုပ်ရှားမှုတခုကို လွှတ်‌‌တော် အမတ် ဟောင်‌း‌တွေ ဖြစ်တဲ့ ဦးလှ‌ဆွေ၊ ‌ဒေါ်ခင်ဝိုင်‌းကြည် တို့က ဦး‌ဆောင်ခဲ့ပါတယ်။ ဒီအ‌ပေါ် မိတ္ထီလာ လူမှု အဖွဲ့အစည်‌း‌တွေက သတိထား စောင်‌့ကြည်‌့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပဋိပက္ခ မဖြစ်ခဲ့တဲ့အတိုင်‌း ‌အေးချမ်‌း‌နေတဲ့ မိတ္ထီလာက ဘုန်‌းဘုန်‌းဦးပိန် လို့ လူသိများတဲ့ ဦးဝိသုဒ္ဓက ညီညွတ်ရေးက အရေးပါတယ်လို့ မိန့်ကြားပါတယ်။

“မင်‌းနဲ့ ငါနဲ့ ရန်‌ဖြစ်‌‌နေရင် မင်‌းလည်‌း စိတ်ဆင်‌းရဲ၊ ငါလည်‌း စိတ်ဆင်‌းရဲမှာ‌ပေါ့‌နော်။ မင်‌းနဲ့ ငါနဲ့ ညီညွှတ်‌‌တော့ မင်‌းလည်‌း စိတ်ချမ်‌းသာ၊ ကိုယ်လည်‌း စိတ်ချမ်‌းသာ။ အဲ့ဒီတော့ မင်‌းနဲ့ငါနဲ့ ဆက်နွယ်‌‌နေတဲ့ ပုဂ္ဂိုလ်‌တွေ ကလည်‌းပဲ ‌ပျော်ရွှင်‌‌နေတာ မြင်‌‌တော့ အ‌ပျော်ကူးတာ‌ပေါ့ကွာ။ ညီညွှတ်ကြ‌လေ ပို‌ကောင်‌း‌လေ‌ပေါ့”လို့ မိန့်ပါတယ်။

မိတ္ထီလာမှာ မွတ်စလင် အများအပြားဟာ နိုင်ငံသား‌‌တွေ ဖြစ်တာ‌ကြောင်‌့ ဒေသရဲ့ပဋိပက္ခဟာ တည်ငြိမ်လာခဲ့တာ ဖြစ် တယ်လို့ မိတ္ထီလာက အဖွဲ့အစည်‌း ခေါင်‌း‌ဆောင်‌‌‌တွေက သုံးသပ်ကြပါတယ်။

မိတ္ထီလာ တည်ငြိမ်မှုနဲ့ပတ်သက်ပြီး ၈၈ ငြိမ်‌း/ပွင်‌့ တာဝန်ခံ ဦးထိန်မင်‌းခိုင်ကလည်း အလားတူ သုံးသပ်ပါတယ်
“ဟိုဟာက ခိုးဝင် ဘင်္ဂါလီကိစ္စပဲ သုံးသပ်တယ်။ မိတ္ထီလာမှာ ဖြစ်တဲ့ဟာက ကိုယ်‌့‌မောင်နှမ အချင်‌းချင်‌း အခန့်မသင်‌့လို့မို့ ရန်‌ဖြစ်တဲ့ သ‌ဘောတရားလို့ပဲ လက်ခံတယ်။ ဒီလူ‌တွေသည် ‌ဆွေမျိုး၊ ‌မောင်နှမ ဖြစ်‌‌နေတဲ့ အတွက်‌‌ကြောင်‌့မို့ ဒါ‌တွေသည် တနေ့‌နေ့၊ တချိန်ချိန်မှာ ပြန်ပြီး‌တော့ ‌ပြေလည်ရမယ်။ ပြန်လည်ပြီး‌တော့မှ လက်တွဲရမယ်။ အဲ့ဒါ‌ကြောင်‌့မို့ ‌ပြေလည်မှုကို တည်‌‌ဆောက်လို့ရတယ်” လို့ ဦးထိန်မင်းခိုင်က ဆိုပါတယ်။

မိတ္ထီလာဟာ အ‌ခြေအ‌နေ‌ကောင်‌း‌တွေနဲ့ ခရီးဆက်‌‌နေပါတယ်။ ဒါက မိတ္ထီလာမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်း‌တွေရဲ့ ညီညွှတ်မှု ပြယုဂ်ပါ။ အခြားမြို့တွေ အတွက် အ‌ကောင်‌းဆုံး ဥပမာတခု ဖြစ်‌‌စေပါတယ်လို့ သူက ဆက်ပြော‌‌ပေးပါတယ်။

“၂ဝ၁၃ မိတ္ထီလာ ပဋိပက္ခကို နမူနာ ယူ‌စေချင်တယ်၊ မြို့တိုင်‌း၊ မြို့တိုင်‌းကနေပြီး‌တော့မှ အဲ့ဒီလို ပြဿနာဖြစ်ရင် အဲ့ဒီလို ဆုံးရှုံး ရပါသလား ဆိုပြီး‌တော့မှ နမူနာ ယူ‌စေချင်ပါတယ်။ ပြဿနာဖြစ်ရာ လွယ်‌‌ပေမယ်‌့ ဒီပြဿနာကို ‌ဖြေရှင်‌းဖို့ရာ ကြ တော့ အချိန်အင်မတန် ယူရတယ် ဆိုတဲ့အ‌ကြောင်‌း သ‌ဘော ပေါက်‌‌စေချင်တယ်၊ နားလည်‌‌စေချင်တယ်။ မဖြစ်‌‌အောင်လည်‌း တားကြ‌စေချင်တယ်‌‌ပေါ့”လို့ ဦးထိန်ဝင်‌းခိုင်က ပြောဆိုလိုက်ပါတယ်။ ။

စိုးရာဇာထွန်းသည် Myanmar Now သတင်းအေဂျင်စီ ၏ အလွတ် သတင်းထောက် တဦး ဖြစ်ပါသည်။

Your Thoughts …
Tags: မိတ္ထီလာ ပဋိပက္ခ
စိုးရာဇာထွန်း

စိုးရာဇာထွန်း

...

Similar Picks:

No Content Available
Next Post
ရခိုင်-ဗမာ သွေးကွဲစေနိုင်သည့် အသုံးအနှုန်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူလျက်ရှိ / State Counselor Office / Facebook

မြောက်ဦးဖြစ်စဉ်ကြောင့် လူမျိုးရေး သွေးကွဲမည်ကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပူ

ခြင်သေဖို့ အဓိက

ခြင်သေဖို့ အဓိက

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate