ဆောင်းပါး

အရှေ့တောင်အာရှက အနုပညာပြတိုက်သစ်များ

Want create site? Find Free WordPress Themes and plugins.

ပြတိုက်များသည် ပြတင်းပေါက်ရော ကြေးမုံပြင်ပါ အမြဲတမ်း ဖြစ်ခဲ့သည်။ သူတို့က ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းသို့ ကြည့်ရန် မှန်ဘီလူးတခုကို ပေးသလို ကျနော်တို့၏ ကိုယ်ပိုင်ဘဝများကို ရောင်ပြန်ဟပ်နေပါသည်။

သူတို့က ယဉ်ကျေးမှုကို ပုံဖော်ရာတွင် ကြီးမားသော ကဏ္ဍတခုမှ ပါဝင်ခဲ့ကြသည်။ တခါတရံတွင် နိုင်ငံရေး ရည်ရွယ် ချက်လည်း ပါသည်။

တိုင်ပေမှ အမျိုးသားနန်းတော်ပြတိုက်(National Palace Museum) က ၎င်းသည် စစ်မှန်သော တရုတ်နိုင်ငံ ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံ၏ ဖွင့်ဆိုမှု တစိတ်တပိုင်းအဖြစ် ဖွဲ့စည်းထားသည်။ ဗီယက်နမ် အမျိုးသား အနုပညာပြတိုက် (Vietnam National Museum of Fine Arts) တွင် တိုင်းပြည်၏ အမျိုးသားရေး လက္ခဏာကို ဖော်ပြသော လက်ရာများကို တွေ့ရသည်။

အရှေ့တောင် အာရှတွင် ထိုကဲ့သို့သော ပြတိုက်များကို များသောအားဖြင့် နိုင်ငံတော်က လွှမ်းမိုးထားလေ့ရှိပြီး သတ်မှတ်ထားသော ဇာတ်ကြောင်းတခုဖြင့် တွန်းအားပေးလေ့ရှိသည်။ ထိုအခြေအနေက ဒေသတွင်းတွင် ယဉ်ကျေးမှု လှုပ်ရှားမှုတခု ကျယ်ပြန့်လာနေခြင်းနှင့် အတူ လျှင်မြန်စွာ ပြောင်းလဲလာနေသည်။

MAIIAM က ထိုင်းနိုင်ငံ တောင်ပိုင်းမှ ဘဝများကို ဖော်ပြထားသော ပြပွဲတခုကို ပြုလုပ်သည်/ ရဲနည်

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပုဂ္ဂလိကပိုင် ခေတ်ပြိုင်အနုပညာ စုဆောင်းမှုများကို အများပြည်သူအတွက် ဖွင့်လှစ်ပေးခြင်းက ပျံ့နှံ့လာခဲ့သည်။ ၎င်းတို့ထဲတွင် ဂျကာတာက The MACAN၊ ကွာလာလမ်ပူက Ilham Gallery၊ ဟိုချီမင်း စီးတီးက The Factory၊ ချင်းမိုင်က MAIIAM၊ မနီလာက Bellas Artes နှင့် Pinto Museum တို့ အပါအဝင် ဖြစ်သည်။

ဒေသတွင်းမှ အနုပညာရှင်များနှင့် သူတို့၏ ဒေသများ၊ သက်ဆိုင်သော အသံများကို ဖော်ပြသည့် အကြောင်းအရာ များကို မြှင့်တင်ရင်း အဆိုပါ ပြတိုက်များက အရှေ့တောင် အာရှ၏ အနုပညာနှင့် အရှေ့တောင်အာရှမှ အကြောင်း များကို မီးမောင်းထိုး ပေးနေသည်။

ဥပမာပြရလျှင် MAIIAM က ပတ်တနီ Patani ဒေသကို ကိုယ်စားပြု၍ ထိုင်းနိုင်ငံ တောင်ပိုင်းမှ ဘဝများကို ဖမ်းယူ ဖော်ပြထားသော ရုပ်ပုံများဖြင့် ပြပွဲတခုကို ရဲတင်းစွာ ပြုလုပ်ခဲ့သည်။ ပတ်တနီ ဒေသသည် မွတ်ဆလင်နှင့် ဗုဒ္ဓ ဘာသာဝင်များ ကြားမှ ကာလရှည်ကြာ တင်းမာမှုများဖြင့် ရစ်ပတ်ထားသည့် နေရာတခု ဖြစ်သည်။

ငွေကြေး ချမ်းသာကြွယ်ဝသူများ၏ ကျောထောက်နောက်ခံဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း အဆိုပါ ပြတိုက်သစ်များက အများပြည်သူထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးကို အဓိက ထားသည်။ (ဥပမာ MACAN ကို ဓာတုပစ္စည်းနှင့် ထောက်ပံ့ရေး ကုမ္ပဏီ တခုဖြစ်သည့် AKR Corporindo ၏ ဥက္ကဌ Haryanto Adikoesoemo က တည်ထောင်ခြင်း ဖြစ်ပြီး Pinto က St Luke ပုဂ္ဂလိက ကျန်းမာရေးစင်တာ၏ ဒါရိုက်တာဟောင်း ဒေါက်တာ Joven Cuanang ၏ စုဆောင်းမှုဖြစ်သည်။)

MACAN က အလွန်လူကြိုက်များသည့်အတွက် တခါတရံတွင် ပြတိုက်၌ လူပြည့်ကျပ်နေသည်

Ilham Gallery နှင့် Bellas Artes သို့ အခမဲ့ ဝင်ရောက်နိုင်ပြီး အခြားသော အနုပညာပြတိုက်များ၏ ဝင်ကြေးက လည်း သာမန် ရုပ်ရှင်လက်မှတ် တစောင်ထက် မပိုပါ။

ထိုနေရာများ အားလုံးတွင် ပုံမှန် ကျင်းပပေးနေသော အစီအစဉ်များလည်း ရှိသည်။ The MACAN က ဧည့်လမ်းညွှန် ဖြင့် လှည့်လည်ကြည့်ရှုခြင်းများ၊ ပုံဆွဲသည့် ကဏ္ဍများနှင့် မိသားစုများကို အဓိကထားသည့် အစီအစဉ်များဖြင့် ပညာရေးဘက် ပိုယိမ်းသည့် အစီအစဉ်တခု ရှိသည်။ Ilham ကမူ တေးဂီတ ဖျော်ဖြေမှုများ၊ ပညာရှင်များ၏ စကားဝိုင်းများ၊ ရုပ်ရှင် ရိုက်ကူးခြင်းများ အပါအဝင် ယဉ်ကျေးမှုနှင့်ဆိုင်သော လမ်းကြောင်းများဖြင့် ဆွဲဆောင်သည်။

စနစ်တကျ စီမံထားသော၊ စိတ်ကူးကောင်းကောင်းဖြင့် ပြင်ဆင်ထားသော ထိုပြတိုက်သစ်များက မြို့တော်၏ လွှမ်းမိုးမှုမှ ဝေးရာတွင် လေးလေးနက်နက် ဆင်ခြင် စဉ်းစားခြင်း ပြုနိုင်ခြင်းများကိုလည်း နေရာပေးသည်။

မနီလာမြို့တော် နှင့် ၁ နာရီ ခရီးအကွာတွင် ရှိသော Pinto အနုပညာပြတိုက်ကဲ့သို့သော အချို့သော ပြတိုက်များက စိတ်ချမ်းမြေ့စရာ သီတင်းပတ်ကုန် ရက်တခုကို ရှာဖွေနေသော စုံတွဲများအတွက် နေရာတခုလည်း ဖြစ်လာနေသည်။

မနီလာမြို့တော် နှင့် ၁ နာရီ ခရီးအကွာတွင် ရှိသော Pinto အနုပညာပြတိုက်

ထိုနည်းတူပင် တောက်ပြောင်သပ်ရပ်ပြီး ပျူငှာလှိုက်လှဲသော MACAN က အလွန်လူကြိုက်များသည့်အတွက် တခါတရံတွင် ပြတိုက်၌ လူပြည့်ကျပ်နေခြင်းကို ပြေလည်အောင် ဖြေရှင်းမှုများ ပြုလုပ်နေရသည်။

ဆိုရှယ် မီဒီယာကို ရူးသွပ်သည့် ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွင် အနုပညာ ပြခန်းများက ယဉ်ကျေးမှုတွင် ပါဝင် နိုင်ရန် ရှာဖွေနေသည့် Instagram စိတ်အားထက်သန်စွာ သုံးစွဲသူများအား ဆွဲဆောင်သည့် သံလိုက်တခု ဖြစ်နေ သည်မှာလည်း ထင်ရှားပါသည်။

ထိုသို့ တိုးတက်လာမှုများက ခေတ်ပြိုင် အနုပညာကို လူတစု အကြိုက် ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု သဘောထား တတ်လေ့ရှိသော ပတ်ဝန်းကျင်တခုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆင့်အတန်း ကွဲပြားမှုများက ကျန်ရှိနေဆဲ ဖြစ်သော်လည်း အဆိုပါ ပြတိုက်/ပြခန်းများ၏ နောက်ကွယ်တွင် ရှိနေသော အဖွဲ့များက သာမန်ပြည်သူများ လာရောက်နိုင်ရေး အရာရာတိုင်းတွင် အားထုတ်မှုများ ပြုလုပ်ခဲ့သည်။

အကောင်းဖက်က ကြည့်လျှင် ကျယ်ပြန့်သော တိုးတက်မှုတခု ဖြစ်သည်။ အစိုးရ စီစဉ်သည့် အနုပညာ အစီ အစဉ်များက ဘဏ္ဍာငွေ လုံလောက်မှု မရှိခြင်းနှင့် ကျွမ်းကျင်မှု အားနည်းခြင်းကဲ့သို့ အခြေအနေဆိုးမျိုး တွေ့ရဖွယ် ရှိသည်။ အမှတ်ရစရာတခုမှာ ပြီးခဲ့သည့် နှစ်က KL Biennale တွင် ပြုလုပ်ခဲ့သော ပြပွဲ၌ တင်းကျပ်သော စိစစ်ရေး စနစ်ကြောင့် အနုပညာရှင် ၇ ဦး ပြပွဲမှ နုတ်ထွက်သွားခဲ့ပြီး များစွာ နစ်နာဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ယှဉ်ကြည့်လျှင် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပိုလာခြင်းကို ပုဂ္ဂလိကပိုင်းမှ အဆိုပါ အားထုတ်မှုများက အားသစ်ဖြစ်စေခဲ့သည်။

ဥပမာ Bellas Artes က ယခုအချိန်တွင် ဖိလစ်ပိုင် အနုပညာရှင် Cian Dayrit ၏ လက်ရာများကို ပြသနေသည်။ Cian Dayrit ၏ လက်ရာများက Bataan (ဖိလစ်ပိုင် ပြည်နယ်တခု) မှ ကြီးမားစွာ ခွဲခြားဆက်ဆံခံနေရသည့် Ayta Magbukun တိုင်းရင်းသား အသိုင်းအဝိုင်း၏ သမိုင်းနှင့် ဒဏ္ဍာရီကို သရုပ်ဖော်ထားသည်။

ကွာလာလမ်ပူက Ilham Gallery

ပြီးခဲ့သည့် နှစ်တွင်လည်း Ilham Gallery က ရွှေ့ပြောင်းလုပ်သားများ အကြောင်းကို သရုပ်ဖော်သည့် လက်ရာများကို ပြသခဲ့သည်။ ရှေးရိုးစွဲ ပိုဆန်သည့် ပြတိုက်မှူးများဆိုလျှင် ဥပေက္ခာပြုကြမည် ဖြစ်သော အစွန်အဖျားမှ အသံများ အ တွက် နေရာ ပေးခဲ့သည်။

အဆိုပါ နေရာတခုတိုင်းက သူတို့၏ ကိုယ်ပိုင် စရိုက်လက္ခဏာ ရှိသလို အရှေ့တောင်အာရှ အတွင်းသို့ ကြည့်ရှု့ နိုင်ရန် အလွန် စွဲမက်ဖွယ်ကောင်းသော မှန်ပြောင်းများကိုလည်း ပေးသည်။ အဆိုပါ ဇာတ်ကြောင်းများက နှိုင်းယှဉ်၍ မရသော အရာများ မဟုတ်ကြပါ။ သူတို့က တခုနှင့် တခု တုန့်ပြန်နေကြပါသည်။ အကျိုးပြုနေကြပါသည်။

ဥပမာပြရလျှင် Pattani Semasa ပြပွဲက လာမည့် မတ်လတွင် ချင်းမိုင်မှ နေ၍ ကွာလာလမ်ပူမှ Ilham သို့ သွားရောက်ပြသမည် ဖြစ်သည်။ ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံသား မွတ်ဆလင်များနှင့် ပတ်သက်သည့် မေးခွန်းက အမြဲတမ်းလိုလို နိုင်ငံရေးအရ ထိရှလွယ်သည့် မလေးရှားနိုင်ငံတွင် အဆိုပါ လက်ရာများကို ကွဲပြား ခြားနားသော အမြင်ဖြင့် ကြည့်ကြလိမ့်မည် ဖြစ်သည်။

ပြတိုက်/ပြခန်းများနှင့် သူတို့၏ အစီအစဉ်များက ကျနော်တို့ကို “အရှေ့တောင် အာရှအတွက် မည်သို့ အဓိပ္ပါယ် ရှိ သနည်း” ဟု မေးရန် စိန်ခေါ်နေသည်။

ထိုနည်းတူပင် ၎င်းတို့က ကျနော်တို့၏ စုပေါင်းနေသော စရိုက်လက္ခဏာများကို ဒီမိုကရေစီ ဆန်လာစေသည်။

နိုင်ငံပိုင် ပြတိုက်များက နဂိုနေအတိုင်း အခိုင်အမာ ဆက်ရှိနေချိန်တွင် အသစ်ထပ်ပေါ်လာသည့် နေရာများက ကျနော်တို့ကို ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ရန် လှုပ်နှိုးခဲ့သည်။

စုံလင်ကွဲပြားသော အသံများကို ဖော်ထုတ်ပြသခြင်းအားဖြင့် နေရာသစ်များက ကျနော်တို့ဒေသတွင်းသို့ ပို၍ ကျယ် ပြန့်သော၊ အခြေခံကျသော၊ အခြေခိုင်သော အမြင်တခုကို ပေးပါသည်။

သူတို့က ကျနော်တို့ကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရန်၊ ကျေနပ် နှစ်သိမ့်မနေဘဲ အလေးအနက် စဉ်းစားရန် ကိုယ်ပိုင်သွင်ပြင် လက္ခဏာ အကြောင်းကို ခွဲခြမ်းစိတ်ဖြာသော ဓာတ်ခွဲခန်းများအဖြစ် တွန်းအားပေးနေပါတော့သည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading