• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အရှေ့တောင်အာရှက စီးပွားရေးများနှင့် သူ၏ ရွှေ့ပြောင်းအလုပ်သမားများ

by Simon Roughneen
19 March 2018
in ဆောင်းပါး
A A
မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ရာ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ ငါးနဲ့ ရေထွက်လုပ်ငန်းခွင် တခု / Reuters

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ရာ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ ငါးနဲ့ ရေထွက်လုပ်ငန်းခွင် တခု / Reuters

10.1k
VIEWS
Share on FacebookShare on Twitter

ဘန်ကောက်တရားရုံးတခုမှာ တွေ့ရသည့် အမှုတခုက အရှေ့တောင်အာရှမှ ရွှေ့ပြောင်းလုပ်သားများ၏ ဘဝကို အလေးထား အာရုံစိုက်မိစေခဲ့သည်။ သို့သော်လည်း မျှော်လင့်မထားသည့် အလှည့်အပြောင်းတခု ဖြစ်နေသည်။ ယခုတကြိမ်တွင် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသော အလုပ်ရှင်က ၎င်း၏ အလုပ်သမားဟောင်းများကို တရားစွဲဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးသည် ကြက်မွေးမြူရေးလုပ်ငန်းတခု ဖြစ်သည့် Thammasaket နှင့် ပတ်သက်၍ မှားယွင်းသော ပြောဆိုမှုများ ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်။ သူတို့က အစိုးရ အရာရှိများသို့ မှားယွင်းသော သတင်းအချက်အလက်များ ပေးခဲ့သည်ဟုလည်း စွပ်စွဲခံရသည်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
326
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
813
ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
1.2k

လုပ်ခလစာ လျော့နည်းခြင်းနှင့် နားချိန် လုံလောက်စွာ မပေးခြင်း စသည့် ဥပဒေချိုးဖောက်မှုများကြောင့် အလုပ်သမားများသို့ နစ်နာကြေးအဖြစ် ဘတ်ငွေ ၁.၇ သန်း (အမေရိကန်ဒေါ်လာ ၅၄၀၀၀) ပေးရန် အလုပ်သမားဝန်ကြီးဌာနက ယခင်က အမိန့်ထုတ်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း Thammasaket က နစ်နာကြေးပေးရန် ငြင်းဆန်နေခဲ့သည်။

“ဒါက အသရေဖျက်မှုပဲ” ဟု ကုမ္ပဏီ၏ ရှေ့နေက တရားခွင် ပထမနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တရားရုံးသို့ ပြောကြားခဲ့သည်။ ကုမ္ပဏီ အနီးတဝိုက်တွင် အစားအစာ ရောင်းချသည့် လမ်းဘေးဈေးသည်များကို တရားခွင်သို့ ခေါ်ဆောင်လာပြီး သက်သေထွက်ဆိုခိုင်းခဲ့သည်။

“မြန်မာအလုပ်သမားတွေ ဈေးကို ထွက်သွားတာ ကျနော်တို့ တွေ့ပါတယ်” ဟု ဈေးသည်တဦးက အလုပ်ရှင်သည် အလုပ်သမားများကို အားလပ်ချိန်လုံလောက်စွာ ပေးခဲ့သည် ဆိုသော ကုမ္ပဏီ၏ ချေပမှုကို ထောက်ခံသည့်အနေဖြင့် ပြောသည်။ “သူတို့ကို ကြည့်ရတာ တကယ် ပျော်နေပုံရပါတယ်” ဟုလည်း ဆိုသည်။

တရားပြိုင်များက သူတို့၏ နစ်နာမှုများအတွက် Thammasaket အကြောင်းကို တိုင်ကြားခဲ့ခြင်း ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ဤအမှုကြောင့် ဒေသအတွင်းမှ သန်းနှင့် ချီသော ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် လုပ်ငန်းခွင် အခြေအနေနှင့် ပတ်သက်၍ အခြေအတင် ငြင်းခုံမှုများ ပေါ်ပေါက်လာစေခဲ့သည်။ ဝမ်းနည်းဖွယ်ရာ ကောင်းသည်မှာ အခွင့်အရေးချိုးဖောက်မှုများက ပိုမို ရှင်းလင်း ထင်ရှားလာပြီး တခါတရံတွင် အသက်ပင် အန္တရာယ် ရှိနေ၏။

နိုင်ငံခြားသား အိမ်အကူ ၄၀၀၀၀၀ ခန့် အလုပ်လုပ်နေသော မလေးရှားနိုင်ငံတွင် Adelina Sao အမည်ရှိ အင်ဒိုနီးရှားသူ အမျိုးသမီးတဦး ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပီနန်ရှိ ဆေးရုံတရုံတွင် သေဆုံးသွားခဲ့သည်။ မလေးရှားနိုင်ငံတွင် ၂ နှစ် ကြာ အလုပ်လုပ်ပြီးနောက် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများ၊ ကိုယ်လက် အင်္ဂါများတွင် ရောဂါပိုးဝင်နေသည့် ဒဏ်ရာများဖြင့် သူ့ကို တွေ့ခဲ့ရသည်။ မိသားစု၏ အိမ်နီးချင်းများက Adelina Sao သေဆုံးရခြင်းမှာ သူ့ကို ဝရန်တာတွင် ခွေး၏ ဘေး၌ အိပ်ခိုင်းခဲ့သောကြောင့်ဟု စွပ်စွဲခဲ့ကြသည်။

တုန့်ပြန်သည့် အနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့နိုင်ငံသားများကို မလေးရှားနိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်ခြင်းမှ တားမြစ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ “ယာယီတားမြစ်မှုတခုက အရေးကြီးပါတယ်။ ဒါမှလည်း ကျနော်တို့က Adelina Sao လို ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ကာကွယ်ရေး ကျနော်တို့ရဲ့ အလုပ်သမားငှားရမ်းတဲ့ စနစ် (ရွှေ့ပြောင်းအလုပ်သမားများအတွက်) ကို ပြန်လည် ပြင်ဆင်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု မလေးရှားနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ် Rusdi Kirana က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြောသည်။

လတ်တလောနှစ်များ အတွင်းတွင် (အိမ်အကူတဦးကို အစာငတ်၍ သေအောင်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် မလေးရှား လင်မယား ၂ ယောက်ကို ၂၀၁၄ ခုနှစ်က သေဒဏ်ချမှတ်ခံခြင်း အပါအဝင်) အလားတူ ဖြစ်ရပ် အများအပြား ရှိခဲ့သော်လည်း မလေးရှား ဒုတိယ ဝန်ကြီးချုပ် Ahmad Zahid Hamidi က Adelina Sao ၏ အဖြစ်သည် သီးခြားကိစ္စတခုသာ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ တားမြစ်ပိတ်ပင်မှု ပြုလုပ်မည်မဟုတ်ဟု မျှော်လင့်ကြောင်း ပြောသည်။

အရှေ့တောင်အာရှ၏ ရွှေ့ပြောင်းလုပ်ကိုင်မှု အတိုင်းအတာနှင့် ၎င်းက ဖြစ်ထွန်းစေသော စီးပွားရေးများ၏ ကွာဟမှု အတွက် လွယ်ကူသော အဖြေ ရှိမနေပါ။

အရှေ့တောင်အာရှ ဒေသတွင်းတွင် ရွှေ့ပြောင်း အလုပ်သမား ၇ သန်း နီးပါးရှိသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) ၏ အဆိုအရ သိရသည်။ အများစုမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံများမှ ဖြစ်ပြီး သူတို့ အများဆုံး အလုပ်လုပ်ကြသည့် နေရာများမှာ စင်ကာပူ၊ ထိုင်း နှင့် မလေးရှားတို့ ဖြစ်သည်။ သူတို့က သူတို့၏ မိခင် နိုင်ငံများအတွက်ရော အိမ်ရှင်နိုင်ငံများ အတွက်ပါ မရှိမဖြစ် ဖြစ်လာနေသည်။

စင်ကာပူရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကြသည်/ Reuters

လူတဦးချင်း ပျမ်းမျှ GDP အမေရိကန် ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်ရှိသော မလေးရှား နိုင်ငံက တဦးချင်း GDP ဒေါ်လာ ၃၆၀၀ သာရှိသည့် အင်ဒိုနီးရှားနိုင်ငံမှ အလုပ်သမားများကို ဆွဲဆောင်နေသည့် သံလိုက်တခု ဖြစ်သည်။ တဦးချင်း GDP တွင် ကမ္ဘာ့ထိပ်တန်း ၁၀ စာရင်းဝင်သည့် စင်ကာပူနိုင်ငံက အခြားသော ဆင်းရဲနွမ်းပါးသည့် နိုင်ငံများမှ အလုပ်သမားများကိုသာမက မလေးရှားနိုင်ငံသားများကိုပင် ဆွဲဆောင်နေသည်။ စင်ကာပူ လုပ်သားအင်အားထု၏ ၃ ပုံ ၁ ပုံ မှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ကဲ့သို့သော ကဏ္ဍများက သူတို့အပေါ် ကြီးမားစွာ မှီခိုနေရသည်။

အဆိုပါ အလုပ်သမားများ လုပ်ရသည့် အလုပ်များမှာ “စင်ကာပူနိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေ … ဘာကြောင့်လဲ ဆိုတော့ အဲဒါတွေက ညစ်ပတ်တယ်၊ အန္တရယ်များတယ်၊ အဆင့်အတန်း နိမ့်တယ် ဒါမှမဟုတ် လစာနည်းတယ်” ဟု စင် ကာပူရောက် ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Transient Workers Count Too မှ သုတေသန ဆပ်ကော်မတီ ဥက္ကဌ John Gee က ပြောသည်။

အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် ဖြစ်လာသောအခါ အချို့အစိုးရများ၏ ထိန်းချုပ်မှု တင်းကျပ်လိုက်ခြင်းက မျှော်လင့် မထားသည့် အကျိုးဆက်များကို ရင်ဆိုင်ဖြေရှင်းဖို့ရန်သာ ဖြစ်လာသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်က ထိုင်းနိုင်ငံသည် အဓမ္မ အလုပ်ခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်းတို့နှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာများ၏ မီးမောင်းအောက်သို့ ရောက်ခဲ့ရသည်။ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းတွင် ဖြစ်သည်။ သတိပေးမှုများနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ၏ စစ်အစိုးရက လူကုန်ကူးခြင်းခံရရန် အလွယ်ကူဆုံး အားအနည်းဆုံး ဖြစ်သည့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို တားဆီးဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းတွင်း ရွှေ့ပြောင်းလုပ်သား အားလုံး အစိုးရထံတွင် မှတ်ပုံတင်ရန် လိုအပ်ပြီး အထောက်အထားမဲ့သည့် အလုပ်သမားများနှင့် အလုပ်ရှင်ကို ရာဇဝတ် ကြောင်းအရ အရေးယူနိုင်သည့် ဥပဒေတခု စတင် သက်ရောက်ခဲ့သည်။

သို့သော်လည်း ထိုဥပဒေကြောင့် အလုပ်သမားများ ထွက်ခွာသွားကြပြီး အလုပ်သမား ပြတ်တောက်သည့် ပြဿနာနှင့် ရုတ်တရက် ရင်ဆိုင်ခဲ့ရပြီး ဝန်ကြီးချုပ် Prayuth Chan-ocha က ဥပဒေ သက်ဝင်မည့် ကာလကို ၆ လ ဆိုင်းငံ့ပေးရသည် အထိ ဖြစ်သွားစေခဲ့သည်။

ထိုအချိန်တွင် ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကလည်း ဖိလစ်ပိုင် နိုင်ငံသားများ ကူဝိတ် နိုင်ငံသို့ သွားရောက် အလုပ် လုပ်ခြင်းကို တားမြစ်လိုက်သည်။ ဖိလစ်ပိုင် အိမ်အကူ အမျိုးသမီးတဦး ပျောက်ဆုံးသွားပြီး ၁ နှစ် ကျော်အကြာတွင် သူ့ အလုပ်ရှင်၏ တိုက်ခန်း၌ သေဆုံးနေကြောင်း တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

“ဖိလစ်ပိုင် လူမျိုးတိုင်းက ကောင်းကောင်းမွန်မွန် ဆက်ခံရမယ် ဆိုတာကို မြင်တွေ့ဖို့ ကျနော်တို့ ဒီမှာ ရှိနေကြခြင်း ဖြစ်ပါတယ်” ဟု Rodrigo Duterte က ကူဝိတ်နိုင်ငံမှ ပြန်လာသော အလုပ်သမားများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြော သည်။ အထောက်အထားမဲ့ ဖိလစ်ပိုင် နိုင်ငံသားများကို တရားဝင်လုပ်ကိုင်ရန် သို့မဟုတ် ပြန်ရန် ခွင့်ပြုသည့် ကူဝိတ်နိုင်ငံ၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်တခုအရ ၎င်းတို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ကူဝိတ်နိုင်ငံတွင် အလုပ်လုပ်နေသော ဖိလစ်ပိုင်နိုင်ငံသား ၂၅၀၀၀၀ ရှိသည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာနက ခန့်မှန်းထားပြီး ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှစ၍ ပြန် ရောက်လာသူ ၂၀၀၀ နီးပါး ရှိပြီ ဖြစ်သည်။

သို့သော်လည်း စီးပွားရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံက အလုပ်သမား အများအပြားကို မိခင်နိုင်ငံသို့ ပြန်ခေါ်ယူရန် မတတ်နိုင်ပါ။

၂၀၁၆ ခုနှစ်တွင် ပြည်ပ၌ အလုပ်လုပ်နေသော ဖိလစ်ပိုင်နိုင်ငံသား စုစုပေါင်း ၂.၂သန်း ရှိသည်ဟု သိရသည်။ စီးပွားရေးကို အဓိက မောင်းနှင်နေသည့် စားသုံးသူတို့၏ သုံးစွဲမှုကို လှုံ့ဆော်ပေးရန်နှင့် စီးပွားရေး ကျဆင်းစေမည့် ဖြစ်ရပ်များတွင် ခုသာခံသာ ဖြစ်စေနိုင်သော ဒေါ်လာအရံငွေကို တိုးမြှင့်ရန် ဖိလစ်ပိုင်နိုင်ငံက ပြည်ပရောက် နိုင်ငံသားများက ပြန်ပို့သည့် ငွေကြေးပေါ်တွင် မှီခိုနေရသည်။ ၂၀၁၇ ခုနှစ်တွင် ပြည်ပရောက်နိုင်ငံသားများ ပြန်ပို့သည့် ငွေက ၄.၃ ရာခိုင်နှုန်းတိုး၍ အမေရိကန်ဒေါ်လာ ၂၈.၁ ဘီလီယံ အထိ စံချိန်တင် တိုးလာခဲ့ပြီး ထိုပမာဏက ဖိလစ်ပိုင်နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှပါသည်။

ဖိလစ်ပိုင်နိုင်ငံက ကူဝိတ်နိုင်ငံမှ ကိစ္စအတွက် တုန့်ပြန်ခဲ့ခြင်းကဲ့သို့ပင် အင်ဒိုနီးရှားနိုင်ငံက မလေးရှားနိုင်ငံရောက် နိုင်ငံ သားများကို ပြန်ခေါ်မည်ဆိုပါက တားမြစ်ပိတ်ပင်မှုကြောင့် အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်ကိုင်ခြင်း သို့မဟုတ် လူကုန်ကူးခြင်းဆီသို့ပင် ဦးတည်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြသည်။

ကူဝိတ်မှ အိမ်ပြန်လာကြသော ဖိလစ်ပိုင် ရွှေ့ပြောင်းအလုပ်သမားများ/ Reuters

“ယာယီပိတ်ပင်တာက လက်ရှိပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူး။ အဲဒါက အခြေအနေကို ပိုတောင် ဆိုးသွားစေလိမ့်မယ်” ဟု ဂျကာတာ အခြေစိုက် NGO တခုဖြစ်သည့် Human Rights Working Group တွင် ရွှေ့ပြောင်း လုပ်သားဆိုင်ရာ ကိစ္စများ ဆောင်ရွက်နေသော Daniel Awigra က ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) က စုပေါင်းဆောင်ရွက်ရန် ကြိုးစားခဲ့ပါသည်။ ဆယ်စုနှစ်တခါကြာ ရပ်လိုက် ဆက်လိုက်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းတွင် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး ASEAN သဘောတူညီချက်ကို အဖွဲ့ဝင်နိုင်ငံများ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၇ ခုတွင် ကျင့်သုံးခဲ့သော အလားတူ ကျေညာချက်တခု၏ နောက်ဆက်တွဲ ဖြစ်သော အဆိုပါ သဘောတူညီချက်သည် ဖိလစ်ပိုင်နိုင်ငံက ASEAN ဥက္ကဌ အဖြစ် ဆောင်ရွက်သည့် နှစ်အတွင်းတွင် အမြင့်ဆုံးသော အောင်မြင်မှု ဖြစ်စေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါသဘောတူညီချက်သည် အားလုံးလိုက်နာကျင့်သုံးနိုင်သည့် အခြေအနေသို့ မရောက်ရှိသေးဘဲ အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရန်နှင့် ကာကွယ်တားဆီးရန် သို့မဟုတ် ရွှေ့ပြောင်း အခြေချမှုနှင့် ပတ်သက်၍ ၂ ဦး ၂ ဖက် သဘောတူညီချက်များအတွက် ညှိနှိုင်းဆွေးနွေးရန် သက်ဆိုင်ရာနိုင်ငံ တခုချင်းအလိုက် ဆောင်ရွက်နေရဆဲ ဖြစ်သည်။

“သဘောတူညီချက်မှာ နိုင်ငံ ဥပဒေတွေနဲ့ အညီ ဖြစ်ရမယ်လို့ သတိပေးတာမျိုး တိုးတက်မှု လက္ခဏာအချို့ ပါဝင်ပါတယ်” ဟု ILO ၏ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သော Nilim Baruah က ပြောသည်။ မည်သို့ပင် ဖြစ်စေ ဥပဒေနှင့် ညီညွတ်သော ကတိကဝတ်များ ဖြစ်လာနိုင်သည့် အတွက် ကြိုဆိုသင့်သော သဘောတူညီချက်တခု ဖြစ်သည် ဟု သူက ထပ်ပြောသည်။

တူညီသော စံနှုန်းသတ်မှတ်ချက်မရှိခြင်းက အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား နောက်ထပ် ဖမ်းဆီးမှုများ သို့မဟုတ် အချို့သော လုပ်ငန်းကဏ္ဍများနှင့် နိုင်ငံများတွင် အလုပ်လုပ်ကိုင်မှုကို တားမြစ်ခြင်းများ ရှိလာနိုင်သည်ဆိုသော အဓိပ္ပါယ်ဆောင်နေသည်။

နိုင်ငံရေး အဖြေများကို စောင့်မျှော်နေခြင်းအစား အချို့သော အလုပ်ရှင်များက သူတို့၏ ကိုယ်ပိုင် ရိုးရှင်းသော အဖြေများ ြ ရှာဖွေ ဖော်ထုတ် လုပ်ကိုင်ကြသည်။ နိုင်ငံခြားသား အလုပ်သမားများကို ပိုမိုကောင်းမွန်စွာဆက်ဆံခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်က The Guardian သတင်းစာ၏ သတင်းတပုဒ်တွင် ကျွန်လုပ်သားများကို အသုံးပြုသည့် လုပ်ငန်းရှင်များထံမှ ငါးများ ဝယ်ယူခဲ့သည်ဟု စွပ်စွဲခြင်းခံခဲ့ရသည့် Charoen Pokphand Foods (CPF) ၏ အပြောင်းအလဲက ဥပမာတခု ဖြစ်သည်။

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမာခရိုင်အတွင်းရှိ CPF ၏ အကြီးဆုံးသော အစားအစာ စက်ရုံတွင် အဖြူရောင် တူညီဝတ်စုံဝတ်၍ အပြာရောင်ဦးထုပ် ဆောင်းထားသော ကမ္ဘောဒီးယား အလုပ်သမားများက ၄ ကီလိုမီတာ ရှည်လျားသည့် ထုတ်လုပ်ရေး လမ်းကြောင်းတလျှောက်တွင် ကြက်သားများ ခုတ်နေကြသည်။ ထိုအသားများမှာ ကမ္ဘာတလွှားရှိ စားပွဲများပေါ်သို့ ရောက်ရှိသွားကြမည် ဖြစ်သည်။

စက်ရုံမှ အလုပ်သမား ၉၃၀၀ တွင် ကမ္ဘောဒီးယားနိုင်ငံသားက ၄၀ ရာခိုင်နှုန်း နီးပါးရှိပြီး လုပ်ငန်းတိုးချဲ့ ချင်သော်လည်း ထိုင်းအလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်နေရသော CPF အတွက် သူတို့က မရှိမဖြစ် လိုအပ်သူများ ဖြစ်ကြသည်။

“ခုခေတ်မှာ ထိုင်းလူမျိုး တွေက စက်ရုံတွေအစား ရှော့ပင်းမောတွေနဲ့ စားသောက်ဆိုင်တွေလိုမျိုး ဝန်ဆောင်မှုလုပ်ငန်း တွေမှာပဲ လုပ်ချင်ကြတော့တယ်” ဟု CPF ၏ မွေးမြုရေးထွက်ကုန် ပြင်ဆင်ထုတ်လုပ်ရေးဆိုင်ရာ ဒု ဥက္ကဌ Apichart Kaewking က ပြောသည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ သဘောတူညီချက်နှင့် အညီ ဖနွမ်းပင်တွင် အစိုးရထံ မှတ်ပုံတင်ထားသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ တဆင့် ၂၀၁၃ ခုနှစ်မှ စ၍ ရွှေ့ပြောင်းလုပ်သားများကို စက်ရုံက ငှုားရမ်းခန့်ထားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသားက ၄၀ ရာခိုင်နှုန်း နီးပါး ခန့်ထားတဲ့ CPF ကြက်စက်ရုံ/Nikkei Asian Review

ကမ္ဘောဒီးယား အလုပ်သမားများမှာ ထိုင်းအလုပ်သမားများနှင့် တန်းတူ လစာနှင့် သက်သာချောင်ချိရေး ထောက်ပံ့မှုများ ရရှိသည်။ ရေ၊ မီး စသည်တို့ အပါအဝင် အိပ်ဆောင်များတွင် အခမဲ့ နေထိုင်နိုင်ပြီး ဆက်သွယ်ရေး အဆင်ပြေအောင် ကူညီ ပေးရန် စကားပြန်တဦးကိုလည်း အသင့်ထားပေးသည်။

အပို ကုန်ကျစရိတ်ရှိသော်လည်း တန်သည်။ “ကမ္ဘောဒီးယား အလုပ်သမားတွေက ပိုက်ဆံရဖို့ အတွက် အချိန်ပို လုပ်ချင်ကြတယ်။ အလုပ်ထွက်ခဲတယ်။ ရွေးစရာ များတဲ့ ထိုင်းတွေလို မဟုတ်ဘူး” ဟု Apichart Kaewking က ပြောသည်။

ကမ္ဘောဒီးယား အလုပ်သမားများထဲတွင် လယ်သူမ ဟောင်းတဦး ဖြစ်သော Vannak Korm လည်း အပါအဝင် ဖြစ်သည်။ အသက် ၂၃ နှစ်အရွယ် ရှိပြီ ဖြစ်သော Vannak Korm က သူ၏ ခင်ပွန်းနှင့် အတူ CPF ၏ စက်ရုံသို့ လွန်ခဲ့သော ၇ လ က ရောက်လာခဲ့သည်။

“ကမ္ဘောဒီယားမှာ ကျမ မိသားစုနဲ့ အတူနေတာက ပိုပြီး သက်တောင့်သက်သာ ခံစားရပါတယ်။ ဒါပေမယ့် ဒီမှာက ပိုက်ဆံပိုရတယ်” ဟု သူက ပြောသည်။ အိမ်တွင် ရသည်ထက် အဆ ၅၀ နီးပါး ပိုရပါသည်။

သို့သော်လည်း စီးပွားရေးလုပ်ငန်းများ အားလုံးက ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေကို မြှင့်ပေးရန် ဆန္ဒရှိသည် သို့ မဟုတ် ရည်ရွယ်ကြသည် မဟုတ်ပါ။ အစိုးရက ကန့်သတ်မှုများ တင်းကျပ်လာသည်နှင့် အမျှ ရွှေ့ပြောင်းလုပ်သားများ အပေါ် မှီခိုနေရသည့် ကုမ္ပဏီများမှာ လုပ်ခလစာများ မြင့်မြင့်မားမား တိုးပေးရခြင်းနှင့် ရင်ဆိုင်လာရဖွယ် ရှိပါသည်။

ပြီးခဲ့သည့် ဧပြီမှ စက်တင်ဘာလ အတွင်းတွင် မလေးရှားနိုင်ငံမှ ပုဂ္ဂလိက ကဏ္ဍ၏ လစာက ယခင်က ပုံမှန်ရှိနေကျ နှုန်း ဖြစ်သည့် ၄ ရာခိုင်နှုန်းခန့်ထက် ပို၍ ၇ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားသည်။ မလေးရှားနိုင်ငံက တရားမဝင် နေထိုင်သူများနှင့် တရားမဝင် အလုပ်လုပ်သူ အများအပြားကို ဖမ်းဆီးခဲ့သည်။ နိုင်ငံခြား အလုပ်သမားများကို ငှားရမ်းသည့် ကုမ္ပဏီများထံမှ အခွန်ကောက်ခြင်းကိုလည်း ယခုနှစ်တွင် စတင်ခဲ့သည်။

နောက်ထပ် ထည့်သွင်းစဉ်းစားရမည့် အချက်တခုမှ ဒေသတွင်းမှ ဖွံ့ဖြိုးမှုနည်းသည့် စီးပွားရေးများ အလျှင်အမြန် တိုးတက် လာခြင်း ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာသည်နှင့်အမျှ အလုပ်သမားအချို့က အိမ်ပြန်ရန် ဆုံးဖြတ်လာ ကြသည်။ ထိုအပြောင်းအလဲကြောင့် ထိုင်း၊ မလေးရှား နှင့် စင်ကာပူ တို့တွင် အလွန် လိုအပ်သည့် အလုပ်သမားများ အဝေးသို့ ရောက်သွားနိုင်ပါသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရမည့် ဥပဒေသစ် စတင်သည့် အချိန်တွင် အသက် ၂၄ နှစ် အရွယ် အမျိုးသမီးတဦး ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုင်းနယ်စပ်အနီး ပွိုင်ပတ်ရှိ ဂျပန် စက်ရုံသစ်တခုတွင် အလုပ် ရခဲ့သည်။ ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ အလုပ်လုပ်ခဲ့သော်လည်း ပြန်မသွားချင်ပါ။

“ကမ္ဘောဒီးယားမှာ ကျမရဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေနဲ့ နီးနီးနားနားနေရတယ်။ လူနေမှုစရိတ်ကလည်း အများကြီး သက်သာတယ်။ ကျမ လစာက ထိုင်းမှာရတာထက် နည်းချင်နည်းမယ်။ ဒါပေမယ့် ကျမရဲ့ တရားဝင်ဖြစ်မှု ဒါမှမဟုတ် အာဏာပိုင်တွေက လိုက်ဖမ်းမှာကို စိုးရိမ်စရာ မလိုဘဲ စိတ်အေးလက်အေးနဲ့ အလုပ်လုပ်နိုင်တယ်” ဟု သူက ပြောသည်။

(Nikkei Asian Review ပါ Simon Roughneen ၏ Southeast Asia’s vulnerable migrants pose an economic dilemma ကို ဘာသာပြန်သည်)

Your Thoughts …
Tags: ရွှေ့ပြောင်းအလုပ်သမားအရှေ့တောင်အာရှ
Simon Roughneen

Simon Roughneen

Contributor

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

မြန်မာမှ လူမျိုးစု ယုံကြည်မှုကို တရုတ်က အကွက်ချ ရက်စက်

မြန်မာမှ လူမျိုးစု ယုံကြည်မှုကို တရုတ်က အကွက်ချ ရက်စက်

by Vaishali Basu Sharma
19 December 2024
6.4k

တရုတ်သေနင်္ဂဗျူဟာ၏ တုန်လှုပ်စရာအကောင်းဆုံး သွင်ပြင်မှာ မြန်မာပြည်တွင်း တည်ငြိမ်ရေးကို ဗြောင်ကျကျ ဂရုမစိုက်ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ

မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ

by David Hutt
19 December 2024
5.6k

စာရေးသူ စိတ်ပျက်ရသည့်အကြောင်း နှစ်ခုရှိသည်။ တခုမှာ ပြည်တွင်းအနေအထားအရဖြစ်ပြီး အခြားတခုမှာ ကမ္ဘာ့အနေအထားအရ ဖြစ်သည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

Next Post
အသုံးအဆောင် ပစ္စည်းတွေမှာ သင် သတိမထားမိတဲ့ အသုံးဝင်တဲ့ နည်းလမ်းတွေ ရှိပါတယ်

သင် သတိမထားမိတဲ့ နေ့စဉ် အသုံးအဆောင် ပစ္စည်းတွေရဲ့ အသုံးဝင်တဲ့ အချက် ၉ ချက်

မနှစ်က ထိုင်းသင်္ကြန် “Songkran” ပွဲတော်မှာ နိုင်ငံခြားသားများ ရေဆော့ ကစားနေစဉ်

ထိုင်းသင်္ကြန် “Songkran” ပွဲတော်အတွက် ခရီးသွားလုပ်ငန်းများ ကြိုတင်ပြင်ဆင်ကြပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate