• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သက်ငယ်မုဒိမ်းကို အစိုးရ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အချက်ပေးလိုက်တဲ့ မန္တလေး ဆူပူမှု

by ဒီလှိုင်းဝင်း
20 March 2018
in ဆောင်းပါး
A A
လူစုလူဝေးကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ / ဇော်ဇော်

လူစုလူဝေးကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ / ဇော်ဇော်

18.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အနှံ့အပြား၌ ခပ်စိပ်စပ် ဖြစ်လာသည့် သက်ငယ်မုဒိမ်းမှုများကို ထိရောက်သော ပြစ်မှု ပြစ်ဒဏ်ပေးရေး အပြင် ကျူးလွန်တရားခံများအား အချိန်မဆွဲဘဲ ပြစ်ဒဏ်ချမှတ်ရေးမှာ အစိုးရမှ မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေ သော ကိစ္စရပ် ဖြစ်ကြောင်း မန္တလေးမြို့ ဆူပူ ရုန်းရင်းဆန်ခတ် ဖြစ်မှုက မီးမောင်းထိုးပြလိုက်သည်။

သက်ငယ်မုဒိမ်းမှုတွင် ဖမ်းဆီးခံထားရသော သံသယ တရားခံကို ထုတ်ပေးရန် တောင်းဆို ဆူပူအုံကြွမှုသည် မန္တလေး အောင်မြေသာစံမြို့နယ် အမှတ် ၄ နယ်မြေရဲစခန်း၌ မတ်လ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။ ရဲစခန်းရှေ့ ဆူပူ ဆဲဆို အော်ဟစ်နေသော လူအုပ်ကြီးမှာ တဖြည်း ဖြည်းများပြားလာခဲ့ကာ နီးစပ်ရာ အဆောက်အအုံ ကားများနှင့် ရဲစခန်းဝင်းအတွင်း ပစ်ပေါက် ဖျက်ဆီးမှုများ ပြုလုပ်လာ ကြသဖြင့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် မိုးပေါ်ထောင်ကာ ပစ်ဖောက် လူစုခွဲရသည်အထိ ဖြစ်ပွားခဲ့သည်။

RelatedPosts

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
538

“ကလေး မုဒိမ်းကို ဒေါသဖြစ်တာက တပိုင်း၊ ရဲတပ်ဖွဲ့ လုံခြုံရေးတို့ကို အသုံးမကျဘူးဆိုပြီး ဒေါသဖြစ်နေတာက တပိုင်း၊ အဲဒါတွေအကုန်ရောပြီး ပြည်သူက ပေါက်ကွဲကုန်တာလို့ မြင်တယ်” ဟု အထက်မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရား လွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောသည်။

မန္တလေးမြို့တွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်းမှ ပရဟိတအသင်းများနှင့် အညတရ လူငယ်များပူးပေါင်း၍ သက်ငယ်မုဒိန်းလျော့နည်းပပျောက်ရေးအတွက် အသိပညာပေးသရုပ်ဖော်ပြသခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းနေ့၌ပင် အသက် ၇ နှစ်အရွယ် မိန်းကလေး တဦးအား အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးမှ ဓမ္မတာနှင့် ဆန့်ကျင်ပြီး မဖွယ်မရာ ပြုလုပ်ခံရမှု တိုင်ကြားချက် ပေါ်ပေါက်လာခဲ့ ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ် အမရဋ္ဌာနီ အရှေ့ရပ်ကွက် အကွက်(၃၂) တွင် ငွေဖလားခေါက်ဆွဲစက် အလုပ်သမား ကျော်စိုးဆိုသူမှ ၎င်းနေအိမ် ရှေ့ရပ်ထားသည့်ကားပေါ်တွင် ထိုမိန်းကလေး၏ စအိုပေါက်အား လက်ချောင်းဖြင့် ထိုးနှိုက်ခဲ့ခြင်းဟု မန္တလေးမြို့ အမှတ် ၄ နယ်မြေရဲ စခန်း၏ မှတ်တမ်းများ အရ သိရသည်။

အဆိုပါ‌ဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူမှ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမစပ်ယှက်မှုပြုလုပ်ခဲ့သူကို မတ် ၁၈ ရက် ညပိုင်း၌ သက် ဆိုင်ရာနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သက်ငယ်မုဒိမ်းတွေကို ထိရောက်တဲ့ပြစ်ဒဏ်မပေးနိုင်တာ။ အောင်ဝင်းခိုင် အခုအချိန်အထိ ဘယ်နေမှန်းမသိဘူး၊ ထမင်းဝ အောင်စားထားဆိုတဲ့ သူတွေကို ဖမ်းမပေးနိုင်ဘူး။ လူသတ်မှုတွေ မပေါ်ဘူး။ အဲဒီလိုဟာတွေကို ပြည်သူတွေ မခံမရပ်နိုင်နဲ့ ဒေါသတွေဖြစ်နေကြတာဆိုတော့ အဲဒီညက အကုန်စုပြီး လာပေါက်ကွဲကုန်ကြတာပါ” ဟု ရှေ့နေကြီး ဦးသိန်းသန်းဦးက ဆက်လက် ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ်(၄) နယ်မြေရဲစခန်းမှ ကျူးလွန်ခဲ့သော ကျော်စိုး (၄၈)နှစ် (ဘ)ဦးအောင်တင်အား (ပ) ၄၉/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပါ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု ပုဒ်မ ၃၇၇ ဖြင့် ဖမ်းဆီး၍ အမှုဖွင့် အရေးယူခဲ့သည်။

ယင်းသက်ငယ်မုဒိမ်းဖြစ်စဉ်ကြောင့် အမှတ် ၄ နယ်မြေရဲစခန်းအား ပြည်သူ ၁ ထောင်ကျော်ခန့်က ဝိုင်းဝန်း၍ ကျုးလွန်သူ တရားခံအား ထုတ်ပေးရန်တောင်းဆိုခဲ့ပြီး လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များအား ခဲ၊ ပုလင်းများနှင့် ပစ်ပေါက်ခြင်း၊ တာဝန်ဝတ္တရားနှောင့်ယှက်ခြင်းများကို ပြုလုပ်ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့မှ အချိန်မီထိန်းသိမ်းနိုင်ခဲ့သလို အခြားရဲစခန်းများမှလည်း လာရောက်ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်ခဲ့ကြကာ သေနတ် ပစ်ဖောက်ကာ လူစုခွဲခဲ့ရခြင်း ဖြစ်သည်။

“သေနတ်ဖောက်တာ လေးချက် ဆက်တိုက်ဖောက်ခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ကလည်း လူအုပ်ကြီးကို ထိန်းဖို့အ တွက်ပဲ ဦးစားပေးနေရတယ်။ အဲဒီလိုဖောက်တဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်နဲ့ တောင်ပြေး မြောက်ပြေးနဲ့ ပြေးကုန်ကြတယ်။ ထပ်ပြီး ဆူပူမှုတွေလုပ်လာလို့ နောက်ထပ်လေးချက် ထပ်ဖောက်သံကို ကြားခဲ့ရတယ်” ဟု အမရဋ္ဌာနီ အရှေ့ ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်းက ပြောသည်။

အဆိုပါဖြစ်စဉ်ညက လူစုလူဝေးကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရာ ည ၁၂ နာရီဝန်းကျင်၌ ထိန်းသိမ်းနိုင်ခဲ့ ကြောင်း သိရသည်။

အမရဋ္ဌာနီ အနောက်ရပ်ကွက်မှ ရာအိမ်မှူး ဦးပေါလူကလည်း “ည ၈ နာရီခွဲလောက်က လူအုပ်စုက တရားခံကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာကြောင့် သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့တယ်။ အဲဒီလို ဆူပူမှုတွေကြောင့် ရုံးအပိုင်ခုံတွေ ကျိုးကြေခဲ့ တယ်။ ရာအိမ်မှူး တယောက်မျက်ခုံးကွဲသွားတယ် စခန်းထဲက ကားမှန်တွေလည်း ကွဲသွားတယ်။ အဲဒီလူတွေက ရပ်ကွက် ထဲက လူတွေမဟုတ်ဘူး” ဟု သူကြုံတွေ့ခဲ့သည့် အဖြစ်ပျက်များကို ပြန်ပြောပြသည်။

ယင်း ဆူပူမှုတွင် ပါဝင်ခဲ့သည့် သူတချို့အား အမှုဖွင့်အရေးယူထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဆူပူရုန်း ရင်းဆန်ခတ်ဖြစ်ပွားမှု၌ ၁၁ ဦး အမှုဖွင့်အရေးယူထားရာတွင် အောင်မြေသာစံမြို့နယ်အတွင်းနေ ၁၀ ဦးနှင့် ပုသိမ် ကြီးမြို့နယ်မှ တဦး စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ၄ ဦးကို ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) ဖြင့် လည်းကောင်း ကျန် ၇ ဦးကို တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၄၊ ဆဲဆို ခြင်းများပြုလုပ်ခဲ့သည့်အတွက် ပုဒ်မ ၂၉၄၊ ခဲများ ပုလင်းများဖြင် ပစ်ပေါက်သည့်အတွက် ပုဒ်မ ၃၃၆ လူအများ ပါဝင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးထားကြောင်း သိရသည်။

“ထိန်းသိမ်းထားတဲ့ အထဲမှာ လူကတော့ မျိုးစုံပါပဲ။ ကောလဟလတွေကို ယုံကြည်ပြီးတော့ အမျိုးမျိုးထင်တာတွေ ပါတယ်။ တချို့ကျတော့လည်း ဥပဒေကို နားမလည်တဲ့ လူငယ်တွေ ပါကောင်းပါနိုင်တာပေါ့။ ပြစ်မှုကျူးလွန်တဲ့သူကို ပြစ်မှုအရ အ ရေးယူမှာပဲ။ ဒါကို မင်းမဲ့တိုင်းပြည်လို တရားခံကို ထုတ်ပေး ဘာလုပ်မယ် ညာလုပ်မယ် လုပ်လို့မရဘူး။ သူတို့ အားလုံးက လည်း အမရဌာနီ ရပ်ကွက်က မဟုတ်ပါဘူး။ နယ်ဘက်က ဆိုတာမျိုးတွေ မပါဘူး။ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံဆောင် တာ မဟုတ်ဘူးလို့ သုံးသပ်နိုင်ပါတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမျိုးအောင်က ဆက်လက် ပြောသည်။

ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က “မနေ့က ပထမ သက်ငယ်မုဒိမ်းအတွက် ပညာပေး တွေလုပ်တယ်။ နောက်နာရီပိုင်းအတွင်းမှာပဲ သက်ငယ်မုဒိမ်းမှုဖြစ်တယ်ဆိုတော့ အဲဒီမှာ လူထုက တော်တော်လေး အုံအုံ ကြွကြွတွေ ဖြစ်ပြီးတော့ တရားခံ ထုတ်ပေးဖို့ ပြောကြတယ်။ ဒီအပေါ်မှာ ဥပဒေအရ လုပ်ဆောင်နေပြီပဲ။ ဒါကို လူထုက Emotion (စိတ်ခံစားချက်)တွေ ပါကုန်တာ သိပ်တော့ မကောင်းဘူးဗျ။ တရား ဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သလို ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

ယင်းသို့ ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုများမှာ မူးယစ်ဆေးဝါးများကြောင့် စိတ်မထိန်းနိုင်ကြဘဲ ကျူးလွန်ခြင်း ဖြစ်ကြောင်း မန္တလေး ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသက မိန့်ကြားသည်။

“သက်ငယ်မုဒိမ်းကျူးလွန်သူက အသိဉာဏ်မဲ့မှုကြောင့် ကျုးလွန်တယ်လို့ ပြောရမှာပေါ့လေ။ သက်ငယ်မုဒိမ်းဖြစ်နေတာ တွေက မူးရူးသောက်စားပြီးတော့ လူစိတ်ပျောက်နေကြတာမျိုးတွေ မူးယစ်ဆေးဝါးတွေကြောင့် လူစိတ်ပျောက်ကုန်ပြီး ဆုတ်ခေတ်ရဲ့သဘောအရ ဒီလို ယုတ်ညံတဲ့စိတ်ဓာတ်တွေ ဖြစ်လာကြတာပဲ” ဟု ဆရာတော်က မိန့်သည်။

လူမှုကွန်ယက် မီဒီယာ၌ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကောလဟလများ ထုတ်လွှင့်နေခြင်းကို သတိထားကြရန်လည်း တိုက်တွန်းသည်။

“အဲဒီလိုအခြေအနေက သတင်းတခုကို သေချာမသိပဲ အွန်လိုင်းပေါ်က လွှင့်တတ်ကြတယ်။ အဲဒီလိုထုတ်လွှင့်လိုက်တာနဲ့ ပဋိပက္ခတွေဖြစ် အစိုးရက ထိန်းမနိုင်သိမ်းမရတွေ ဖြစ်စေဖို့ တမင်လုပ်ကြတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ လည်း သတိလေးထားပြီး ယုံကြည်ကြစေချင်ပါတယ်” ဟု မစိုးရိမ်ကျောင်းတိုက် ဆရာတော် မိန့်ကြားသည်။

တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦးက ယင်းသို့ လူထုအုံကြွမှု ဖြစ်စဉ်ကြောင့် မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်းနှင့် တိုင်းပြည် မငြိမ်မသက်ဖြစ်နိုင်သည့် အန္တရာယ်များရှိနေသည် ဟုဆိုသည်။

“ရုန်းရင်းဆန်ခတ်ဖြစ်တာကို ထိန်းရမှာပဲ။ အဲဒီကနေ မလိုလားအပ်ဘဲ မြောက်ဦးဖြစ်စဉ်လို ဖြစ်လာမှာ စိုးရိမ်တယ်။ တမင်တကာ ဖန်တီးပြီးတော့ တိုင်းပြည်မငြိမ်မသက်ပါဘူးဆိုပြီး ပြချင်တဲ့သူတွေရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။

“နောက်တခုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ပခရီးစဉ်သွားတိုင်း ပြဿနာတက်တယ်။ ဒါတွေဟာ သိပ်ကို တိုက်ဆိုင် လွန်းနေတယ်ဆိုတော့ ကြိုတင်ထိန်းသိမ်းမှုတွေတော့ ရဲတပ်ဖွဲ့အနေနဲ့ မဖြစ်မနေ လုပ်ကို လုပ်ရလိမ့်မယ်။ဒါမှ ပြဿနာက ကြီးထွားမလာမှာ။ ရာဇဝတ် ကျင့်ထုံးဥပဒေမှာလည်း အကုန် လုပ်ပိုင်ခွင့် အခွင့် အာဏာ ပေးထားပြီးသားပါ။ ရိုက်တာ နှက် တာ မလုပ်ဘဲနဲ့ တရားသဖြင့် ဖမ်းခွင့်ရှိပါတယ်” ဟု ဦးသိန်းသန်းဦးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် သက်ငယ်မုဒိမ်းမှုများ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး တချို့ သက်ငယ်မုဒိမ်းမှုများ၌ အရွယ်မ ရောက်သေးသော ကလေးငယ်များအား မုဒိမ်းကျင့်ပြီးနောက် အသေသတ်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားမှု များလာသည်ကို တွေ့ရှိရသည်။

သက်ငယ်မုဒိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းအပေါ် အစိုးရအနေနှင့် ဘာတွေလုပ်သင့်လဲ၊ ဘာတွေနှိုးဆော်ပေးသင့် သလဲနှင့် အသိပညာပေးမှုအပိုင်းနှင့် ပတ်သက်ပြီး လွှတ်တော်၌ မေးခွန်းထုတ်သွားဖို့ ရှိကြောင်း ချမ်းမြသာစည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ဆိုသည်။

ယခုအခါ ကျူးလွန်ခံရသူ မိန်းကလေးငယ်မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိနေသည်။

အဆိုပါ သက်ငယ်မုဒိမ်း အမှုခိုင်မာအောင် အမှုဖွင့်တည်ဆောက်နေလျက်ရှိနေသည်ဟု နယ်မြေ ရဲစခန်းမှ ဆိုထားပြီး ကျူး လွန်သူ တရားခံကလည်း အမှန်တကယ် ကျူးလွန်ကြောင်းကို ဝန်ခံထွက်ဆိုထားသည်။

“ကလေးမလေးက ဘာမှမဖြစ်ပါဘူး။ လက်ရှိအချိန်မှာ ကျန်းမာရေးက ကောင်းမွန်ပါတယ်။ ဥပဒေနဲ့အညီ ဆေးစစ်ပြီးတော့ ဥပဒေနဲ့အညီ တရားစွဲဆိုတင်ပို့သွားမယ်။ တရားရုံးကလည်း ဥပဒေနဲ့အညီ စီရင်ချက်ချပါလိမ့်မယ်။ တရားခံကလည်း ငြင်းဆိုထားတာမရှိပါဘူး၊ ဥပဒေကြောင်းအရ တရားစီရင်တာကို သူခံရမှာပါ” ဟု ဒုတိယ ရဲမှူးကြီးမျိုးအောင်က အမှုအခြေ အနေအား ရှင်းပြသည်။

ရာဇသတ်ကြီး ဥပဒေအရ မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ်အနှစ် ၂၀ သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ် တမျိုးမျိုး ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားပြီး လက်ရှိ သက်ငယ်မုဒိမ်းမှုများ တနှစ်ထက် တနှစ် များပြား လာသည့်အတွက် ကျူးလွန်သူများအား သေဒဏ်ပေးရေးကို မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများက လက်မှတ် ကောက်ခံ တောင်းဆိုမှုများကို ယခုနှစ်ပိုင်းအတွင်း ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း တိုင်းနှင့် ပြည်နယ်များအားလုံးထဲမှ မုဒိမ်းမှုအများဆုံးဖြစ်ပွားခဲ့သည့် တိုင်းနှင့် ပြည်နယ် ၅ ခုမှာ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုအထဲမှ မန္တလေးတိုင်းအတွင်း၌ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်းပြုကျင့်ခံရသည့် အမှုများအနေနှင့် ၂၀၁၆ ခုနှစ်တွင် ၇၅ မှု၊ ၂၀၁၇ ခုနှစ်တွင် ၁၀၈ မှု ရှိခဲ့သည်။

မြန်မာတနိုင်ငံလုံး မုဒိမ်းမှု စုစုပေါင်းအနေနှင့် ၂၀၁၆ ခုနှစ်တွင် ၁၁၀၀ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၁၄၀၅ မှု ဖြစ်ပွားခဲ့ခြင်း ကြောင့် ၂၀၁၇ ခုနှစ်၌ အမှုပေါင်း ၃၀၀ ကျော် တိုးလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Your Thoughts …
Tags: မန္တလေး ရုန်းရင်းဆန်ခတ်ဖြစ်စဉ်သက်ငယ်မုဒိမ်း
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

သက်ငယ်မုဒိမ်း  သံသယရှိသူ NLD ပါတီဝင်

NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ

by ဧရာဝတီ
9 May 2023
10.3k

၅ နှစ်သမီးငယ်၏ ပြောပြချက်များကြောင့် မိခင်ဖြစ်သူသည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က CDM သူနာပြု ဆရာမထံ သွားရောက်ပြီး ကလေး၏ အပြင်ပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မိန်းမကိုယ်အား လက်ဖြင့်ထိုးသွင်းခြင်း၊ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု...

စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ

ဒုတိယတန်းကျောင်းသူအား ပျူစောထီးခေါင်းဆောင်က အဓမ္မပြုကျင့်ရန်ကြံစည်မှု

by ဧရာဝတီ
4 July 2022
12.8k

လျော်ကြေး ကျပ်သိန်း ၃၀ ကို ကာယကံရှင် မိသားစုကို ပေးအပ်ခဲ့ ရာတွင် နတ်အင်း ပျုစောထီးအဖွဲ့က ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ငွေကျပ် ၉ သိန်း ဖြတ်ယူခဲ့ပြီးနောက်၂၁ သိန်းသာ လျော် ကြေးပေးခဲ့ကာ ကလေးမိဘနှင့်...

ပြီးခဲ့သည့် နှစ်အတွင်းက ရန်ကုန်တိုင်းအတွင်းရှိ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးငယ် တဦး / အောင်ကျော်ထက် / ဧရာဝတီ

၁၂ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သူအား ဖမ်းဆီး

by ထက်ခေါင်လင်း
6 July 2020
48k

ကျူးလွန်သူမှာ ပထွေးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဝဏ္ဏ ဖြစ်ပြီး ထိုသူကို သက်ငယ် မုဒိန်းမှု၊ လူခိုးမှု ပုဒ်မတို့ဖြင့် ဖမ်းဆီး အရေး ယူထားကြောင်း သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ကဆိုသည်။

သရုပ်ဆောင် ဖွေးဖွေး / Phway Phway's Facebook

“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော

by ယုဖြူဟန်
1 July 2019
13.7k

“တရား မျှမျှတတနဲ့ အမှန်ကို အမှန် ပေါ်ပေါက်စေချင်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံရမှာပဲလေ။ မခံနိုင်ရင် အစကတည်းက မလုပ်နဲ့ပေါ့။ ရှင်းရှင်းလေးပဲ။

ဒါရိုက်တာ ညိုမင်းလွင် / ဧရာဝတီ

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

by ချစ်ပိုး
1 July 2019
20.7k

“Sex Education သင်ပေးဖို့ မြန်မာနိုင်ငံမှာက အမေနဲ့ သားတို့၊ အဖေနဲ့ သမီးတို့ ခွဲခြားပြီး ကန့်လိုက်တော့ ဒီစကားက အဖေရှေ့မှာ မပြောရဘူးတို့၊ အမေရှေ့မှာ မပြောရဘူးတို့ ပါလာတာပေါ့။

လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်  / အဲမလီ / ဧရာဝတီ

သက်ငယ်မုဒိမ်းမှာ များသောအားဖြင့် ရင်းနှီးတဲ့သူကပဲ လုပ်တာ

by ထက်ခေါင်လင်း
16 July 2020
25.9k

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်၏ လူမှုဝန်ထမ်း ဦးစီးဌာနမှ Case Manager ဖြစ်သူ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်ကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Next Post
တောင်ကိုရီးယာနိုင်ငံက  ဖြစ်ရပ်မှန် ရုပ်ရှင် “Hope (2013)”

တောင်ကိုရီးယာနိုင်ငံက ရွံရှာစက်ဆုပ်ဖွယ် သက်ငယ် မုဒိမ်းမှု ဖြစ်ရပ်မှန် ရုပ်ရှင် “Hope (2013)”

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် စီမံကိန်း / ကျော်ခ / ဧရာဝတီ

စစ်ကိုင်းတိုင်းအတွင်း စီမံကိန်းမလုပ်သည့် မြေများပြန်သိမ်းရေး အထူးအဖွဲ့များဖွဲ့စည်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate