မြေအိုးနှင့်ချက်သော ဒန်ပေါက်နှင့် သာမန်ဒန်ပေါက်တို့အကြားကွဲပြားခြားနားချက်ကို သင်သိပါ သလား။ အာဟာရပါဝင် မှုနှင့် အရသာကြောင့် ကွဲပြားခြားနားခြင်းဖြစ်သည်။
ထို့အတွက် ရှေးခေတ်လူသားများ မည်သည့်အတွက် အစားအစာအားလုံးကို ရွံ့ဖြင့်ပြုလုပ်သော မြေအိုးများတွင် ချက်ပြုတ် သည်ကို သင်အလွယ်တကူ နားလည်နိုင်မည်ဖြစ်သည်။
ဖန်နှင့် သတ္တုအိုးခွက်များ သုံးသောခေတ်တွင် မြေထည်အိုးခွက်များသည် ၎င်းတို့၏ ထူးခြားသော လက္ခဏာများကို ဆုံးရှုံး ခဲ့ရသော်လည်း ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု ပုံစံအရ မြေထည်အိုးခွက်များ အသုံးပြုသော အလေ့အထ သည် ပုံစံအရ ခေတ်မီသောနည်းဖြင့် ပြန်လည် ခေတ်စားလာသည်။
မြို့ပြမိသားစုများသည် မြေဖြင့်ပြုလုပ်ထားသော အိုးခွက်ပန်းကန်များကို အခါအားလျှှော်စွာ အသုံးပြုသည်ကို သင်မြင်တွေ့ ဖူးမည်ဖြစ်သည်။
သို့သော် မြေအိုးမြေခွက်များ အသုံးပြုသောအခါ သာမန်ထက် အချိန်ပိုမိုယူရသည့်အတွက် ပြဿနာမှာ ကျန်းမာရေးနှင့် ညီညွတ်သော ခေတ်သစ်မြေအိုးခွက် ရှိပါသလား ဟူသောမေးခွန်းဖြစ်သည်။
မရှိဟုဆိုလျှင် မည်သည့်အတွက် မြေအိုးမြေခွက်ဖြင့် ချက်ပြုတ်စားသောက်ရန် မည်သည့်အတွက် အကြံပြုမှုများ ရှိနေ သနည်းဆိုသည်ကို စူးစမ်းလေ့လာရမည်ဖြစ်သည်။
မြေအိုးမြေခွက်ဖြင့်ချက်ပြုတ်ခြင်း၏ အကျိုးကျေးဇူးများ
အာဟာရဆိုင်ရာနှင့် အရသာအရ ကြည့်လျှင် မြေအိုးခွက်များသည် ချက်ပြုတ်မှု ပုံစံအားလုံးအတွက် သင့်တော်သည်။ မြေ အိုးမြေခွက် အသုံးပြုခြင်းသည် ချက်ပြုတ်မှု လုပ်ငန်းစဉ်ကို နှေးကွေးစေသော ကြောင့် အစားအသောက်၏ အရသာနှင့် အရည်အသွေးကို တိုးတက်သကဲ့သို့ အာဟာရဓါတ်မျှတမှုကို လည်းဖြစ်စေသောကြောင့် အာယုဗေဒ ဆေးပညာကလည်း မြေအိုးမြေခွက် အသုံးပြုရန် အကြံပေးသည်။
ရွံ့၏ အပူတားနိုင်သော စွမ်းရည်ကြောင့် အပူနှင့် စိုထိုင်းဆကို မျှတစေပြီး အိုးတခုလုံးတွင် ပျံ့နှံ့စေကာ အာဟာရဓါတ် များ မပျက်စီးသကဲ့သို့ အစားအသောက်များကိုလည်း မီးကျွမ်းခြင်း မဖြစ်စေကြောင်း Sheraton ဟိုတယ်အုပ်စု၏ အမှုဆောင် စားဖိုမှူး ရာဂျ်ဒက် ကပူးကပြောသည်။
ခန္ဓာကိုယ်အတွက် ကျန်းမာရေး
သမားတော်ကြီး ဒေါက်တာ ဆာရက်စ် ဆယ်လီ၏ အဆိုအရ အိုးခွက်များ ပြုလုပ်သော ရွံ့စေးသည် အယ်ကာလိုင်းဖြစ်ပြီး ချက်ပြုတ်စဉ်အတွင်း အက်စစ်ဓါတ်ကို ပြေလျှော့စေကာ အစာကို ကြေညက် လွယ်စေသည်ဟုဆိုသည်။
ထို့အပြင် မြေအိုးမြေခွက်၌ ချက်ပြုတ်သော အစားအသောက်တွင် သံဓါတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဆာလ်ဖာ ကြွယ်ဝသည် သိရသည်။ ထို့အပြင် မြေအိုးအတွင်းမှ သဘာ၀ အစိုဓါတ်သည် အစားအစာကို ကောင်းစွာကျက်စေနိုင် သောကြောင့် ဆီအသုံးပြုရန်မလိုကြောင်းလည်း သူကပြောသည်။
သဘာ၀ အယ်လ်ကာလိုင်း
မြေအိုးလုပ်ရာတွင် အသုံးပြုသော ရွံ့သည် သဘာ၀ အယ်ကာလိုင်းဖြစ်ပြီး အပူပေးလိုက်သောအခါ အစားအစာအတွင်းရှိ အက်စစ်နှင့်ဓါတ်ပြုကာ အက်စစ်အဆင့် PH ကိုလျှော့ကျစေကာ အစာကြေညက် လွယ်စေသည်။ သံဓါတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဆာလ်ဖါကဲ့သို့သော အာဟာရဓါတ်များကို လည်း မပျက်စီးအောင် ထိန်းသိမ်းထားပေးသည်။
ဆီအသုံးပြုမှု နည်းပါးခြင်း
မြေအိုးဖြင့်ချက်ပြုတ်ခြင်း၏ လူသိနည်းသော အကျိုးကျေးဇူးတရပ်မှာ ဆီလိုအပ်ချက်လျှော့နည်း စေခြင်းဖြစ် သည်။ ဖြေးညှင်းသော ချက်ပြုတ်မှုဖြစ်စဉ်နှင့် အပူကိုခုခံခြင်းကြောင့် အစားအစာ အတွင်းမှ သဘာဝဆီနှင့် အစိုဓါတ်ကို ထိန်းသိမ်းထားနိုင် သည်။
အနံ့အရသာ ပိုမိုကောင်းမွန်ခြင်း
မြေအိုးများတွင် မမြင်နိုင်သော အပေါက်ငယ်များပါရှိသော သဘောသဘာဝကြောင့် ဟင်း၏ အရသာ ကိုတိုးစေပြီး အာဟာရဓါတ်များ မပျောက်ပျက်ရန် ထိန်းသိမ်းပေးနိုင်သည်။ အခြားအရာ များဖြင့်ပြု လုပ်ထားသော အိုးခွက်ပန်းကန် များသည် ထိုသို့လုပ်ဆောင်နိုင်ခြင်းမရှိပေ။
ဈေးသက်သာပြီး အလွယ်တကူ ရနိုင်ခြင်း
မြေအိုးမှာ လမ်းဘေးဆိုင်များတွင် အလွယ်တကူရနိုင်ပြီး၊ အခြားသောအရာများနှင့် လုပ်သည့် အိုးခွက်များနှင့် ယှဉ်လျှင် ဈေးကြီးမြင့်ခြင်းလည်းမရှိပေ။ ထို့အပြင် ချက်ပြုတ်ပုံမျိုးစုံအတွက် ပုစံမျိုးစုံ အရွယ်အစားမျိုးစုံလည်း ရနိုင်သည်။
စဉ့်အိုးများကိုရှောင်ရှားရမည်
စဉ့်ဆိုသည်က ဓါတုပစ္စည်းမျိုးစုံပါပြီး ကြွေလိုပေါင်းစပ်ထားတာကြောင့် အပူပေးသောအခါ အဆိပ်ငွေ့ များ ထုတ်လွှတ်ပြီး အဆိပ်မဖြစ်ကြောင်း တံဆိပ်ကပ်ထားသော်လည်း စဉ့်အများစု၌ ခဲဓါတ်ပါရှိသည်၊ မြေအိုးကို စဉ့်သုတ်လိုက်လျှင် ဟင်း ချက်လို့တာကလွဲ၍ မြေအိုး၏ ဂုဏ်သတ္တိများ အကုန်ပျောက် ကုန်နိုင်ကြောင်း Sheraton ဟိုတယ်အုပ်စု၏ အမှုဆောင် စားဖိုမှူး ရာဂျ်ဒက် ကပူးက ဆိုသည်။
Times Food မှ Why you must go back to cooking food in earthen pots ကို ဘာသာပြန်ဆိုသည်။