ဆောင်းပါး

အဘိုးအဘွားတွေ ပြန်ပြောပြတဲ့ ခေတ်ဟောင်းထဲက အတာသင်္ကြန်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေ ရပ်ကွက်ထဲက လမ်းထိပ်တွေမှာ ဒုန်းဒုန်းဒိုင်းဒိုင်း တီးလုံး သံစဉ်မြူး ကြွကြွ စည်းချက် အလိုက် နေပူပူ အချိန်မှာ ရေစိုစိုနဲ့ ကခုန်ကြ ပျော်မြူးကြ လည်ပတ်ကြတဲ့ သင်္ကြန်ကာလကို ရောက်ရှိလာပါပြီ။

မဏ္ဍပ်ထိုင် ရေကစားကြမယ့်သူတွေ အမိုးဖွင့်ကားနဲ့ ရေပက်ခံထွက်ကြမယ့် လူကြီး လူငယ်တွေကတော့ ခေတ်ပေါ် ဖက် ရှင် မျိုးစုံနဲ့ ပြင်ဆင်ပြီး ရန်ကုန်မြို့ကို ပတ်ဖို့ အသင့်အနေအထားပါပဲ။

ဆယ်စုနှစ်များစွာက သင်္ကြန်ကာလတွေကို ဖြတ်သန်းခဲ့တဲ့ အဘိုး အဘွားတွေကတော့ သင်္ကြန်ကာလဆိုရင် အိမ်ထဲမှာ နေ ကြမယ့် သူတွေရှိသလို ဗုဒ္ဓဘာသာဝင် အဘိုးအဘွား အများစုကတော့ ဓလေ့ထုံးတမ်းအရ သင်္ကြန်ကာလမှာ ဘုန်းကြီး ကျောင်းတွေဆီသွားပြီး ဥပုသ် သီတင်းသီလခံယူရင်း မြန်မာ့ရိုးရာနှစ်ကူးမှာ ဘုရား တရားလုပ်ရင်း ဖြတ်သန်းကြမှာပါ။

ဗိုလ်တထောင်မြို့နယ်မှာနေတဲ့ အသက် ၈၀ ကျော် အဘွား ဒေါ်ခင်ရီကတော့ “သင်္ကြန်ကာလက  နွေရာသီဆိုတော့ နေပူ တယ်။ အပူပြင်းတယ်။ ကျန်းမာရေးအရ သင်္ကြန်မှာ ရေစိုမခံတာလည်း ၆ နှစ်လောက်ရှိပြီ။  ပြီးတော့ ခုခေတ်သင်္ကြန် ဆို တာ လမ်းပေါ်မှာ ထွက်တာ ကားတွေနဲ့ သွားတာက ကလေးတွေပဲ ပျော်ကြတဲ့ ပွဲလေ။ အဘွားတို့ကတော့ လိုက်မမီတော့ ဘူး” လို့ ပြောပါတယ်။

နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ ရေလောင်းပြီး ဆေးကြောကြတယ်ဆိုတဲ့ ယုံကြည်မှု ဓလေ့အရ တဦးနဲ့ တဦး ရေလောင်းရင်း ဖြတ်သန်းကြတဲ့ ၄ ရက်တာ သင်္ကြန်ကာလမှာ အသက်ရွယ်ကြီးနေပြီ ဖြစ်တဲ့ အဘိုး အဘွားတွေက တော့ ဥပုသ် သီလဆောက်တည်ရင်း ကုသိုလ်ယူကြပါတယ်။

လူ့ပြည်ကို သိကြားမင်း ဆင်းလာမှာ ဖြစ်တာကြောင့် ဆိုတဲ့ အယူနဲ့ အတာအိုးလေးတွေမှာ အုန်းရွက်၊ သြဇာရွက်၊ ကံ့ကော် ရွက်၊ ဆီးရွက်၊ သပြေ၊ မာလကာရွက်၊ မြေဇာ၊ ဒန်းပန်း စတဲ့ နေ့နံအလိုက် ၇ နေ့နံပါအောင် စုစည်းထားတဲ့ ပန်းစည်းတွေကို ထိုးပြီး ကြိုဆိုတဲ့ ဓလေ့ကိုလည်း ပြုလုပ် ကြပါတယ်။

သင်္ကြန် ၄ ရက်လုံး အတာအိုးနဲ့ ကြိုဆိုပြီးတဲ့နောက် နှစ်ဆန်း ၁ ရက်နေ့မှာတော့ သဲဖြူ၊ အပ်ချည်ကြိုးတွေ ထပ်ဖြည့်ပြီး ရပ် ကွက်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ အတာအိုးနဲ့ အတာပန်းကနေ ပရိတ်အိုးနဲ့ ပရိတ်ပန်းအဖြစ် အသွင်ပြောင်း ပြီး မိမိတို့ နေအိမ် ပတ်ပတ်လည်မှာ ပရိတ်ပန်း ပရိတ်သဲတွေ ဖြန်းပက်ကာရံကာ အန္တရာယ်ကင်းအောင်လည်း လုပ်ဆောင် ကြပါ တယ်။

ခေတ်သစ် သင်္ကြန်မှာ ပျော်ရွှင်စွာ ဆင်နွှဲနေတဲ့ လူငယ်များ (ဓာတ်ပုံ – ဧရာဝတီ)

ဒါဟာ ခေတ်အဆက်ဆက်က လက်ဆင့်ကမ်း လာကြတာဖြစ်ပြီး မြေအိုးနဲ့ လုပ်ထားတဲ့ အတာအိုးမှာ အတာပန်းထည့် သင်္ကြန်ကြို ကြတဲ့ ဓလေ့တခု ဖြစ်ပါတယ်။

အဘွား ခင်ရီကတော့ သင်္ကြန်ကြိုဆိုတဲ့ အတာအိုးကို အသင့်ပြင်ထားပြီးပါပြီ။

သင်္ကြန်ကာလမှာ လုပ်စားလေ့ရှိတဲ့ ဖယောင်းနံ့သင်းတဲ့ ရေ၊ ထမင်းဖြူ၊ ငါးခြောက်မွှကြော်၊ သရက်သီးကြော်တို့နဲ့ တွဲဖက် စားရတဲ့ သင်္ကြန်ထမင်းကိုလည်း အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးနီးစပ်တွေကို အလှူပေးဖို့ ဒီနှစ်တော့ စီစဉ်ထားတယ် လို့ လည်း အဘွားခင်ရီက ပြောပါတယ်။

“သင်္ကြန် ထမင်းကို စစားဘူးတာ ကျမ ၆ တန်းနှစ်မှာ အမေ လုပ်ကျွေးတာပါ။ အခု အသက်ကြီးလို့ မြေးတွေ မြစ်တွေ ရလာ ပြီ။ အိမ်မှာပဲ တရားဘာဝနာပွားရင်းနဲ့ တယောက်တည်း တွေးနေတဲ့ အချိန်က ပိုများလာတယ်။ ဒီတော့ ငယ်ငယ်က အ ကြောင်းတွေ ပြန်တွေးမိတာ။ ခုလို သင်္ကြန်ဆို ပိုတွေးမိတာပေါ့။ ဒါနဲ့ သတိရပြီး လှူဖို့ လုပ်ဖြစ်တာပါ” လို့လည်း အဘွား ခင်ရီက ပြောပါတယ်။

ထပ်ပြီး သူငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ပွဲတော်တွေ အကြောင်းလည်း ပြောပြပါသေးတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က အဘွား ခင်ရီ ဖြတ်သန်းခဲ့တဲ့ သင်္ကြန်ကာလဆိုရင် ရေပက်ခံ ထွက်ကြပေမယ့် လူငယ်တွေက ခေတ်ကာလအရ မြန်မာရိုးရာ ထဘီ၊ရင်ဖုံး၊ ယောကျ်ားလေး ဆိုရင်လည်း ရှပ်အင်္ကျီ၊ ပုဆိုး၊ တချို့များကတော့ တိုက်ပုံ အင်္ကျီလေးတွေပါ ထပ်ဝတ်ပြီး သင်္ကြန်လည်ကြတဲ့ အကြောင်းကို ပြောပြပါတယ်။

သင်္ကြန် ရေကစားကြတဲ့ အခါလည်း ရေခွက်တွေနဲ့ ရေလောင်းမယ့်သူက ရေအလောင်းခံရမယ့် သူကို ညင်ညင်သာသာပဲ လောင်းကြသလို စတုဒီသာတွေမှာ လူငယ်တွေက လုပ်အားပေးတာတွေနဲ့ ရိုးရာဓလေ့နဲ့အညီ ပျော်ခဲ့ရတယ်လို့ လွန်လေ ပြီးတဲ့ သင်္ကြန်ကာလတွေကို မှန်းဆပြီး ဆိုပါတယ်။

“မဏ္ဍပ်တွေမှာ ရေပိုက်တွေနဲ့ ပက်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် ဒီခေတ်လို မိန်းကလေးတွေကို ရေပိုက်ပြင်းပြင်း ကြီးတွေနဲ့ မသင့်တော်တဲ့ နေရာတွေကို ထိုးပက်တာမျိုး၊ ဖလားတို့ ပုံးတို့နဲ့ လောင်းရင်လည်း အိနြေ္ဒပျက် လောက်အောင် ခေါင်းကနေ ဝုန်းခနဲ လောင်းချတာမျိုးကတော့ အဘွားတို့ခေတ်က ပြုမူသူ ရှားတယ်” လို့လည်း အဘွား ခင်ရီက ပြောပါ တယ်။

ခေတ်သစ် ရန်ကုန် သင်္ကြန် မြင်ကွင်း တခု (ဓာတ်ပုံ – ဧရာဝတီ)

လွန်ခဲ့တဲ့ ၆ နှစ်ခန့် ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ်တွေကို ကြည့်ဖို့ မြေးတွေက မှန်လုံကားနဲ့ ရှေ့ခန်းမှာ အ ဘွား ခင်ရီကို ခေါ်တင်သွားဖူးပါတယ်။ လမ်းမှာ မဏ္ဍပ်တွေနားရောက်ရင် ကားပိတ်တာတွေ၊ မူးပြီး လမ်းပေါ်မှာ ကခုန်နေ တဲ့ လူငယ်အမျိုးသားတွေ သရုပ်ပျက်လောက်တဲ့ထိ မဏ္ဍပ်ပေါ်မှာ စကပ်တိုတို၊ ကိုယ်လုံးပေါ် အဝတ်အစားတွေနဲ့ က ခုန် နေကြတဲ့ အမျိုးသမီးငယ်လေးတွေကို တွေ့ပြီး ခေတ်ကာလအလိုက် ပြောင်းလဲလာတဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို မြင်တွေ့ခဲ့ ရတယ်လို့ အဘွား ခင်ရီက ကြုံရပုံကို ပြောပြပါတယ်။

“သူ့ခေတ် သူ့ခါ တိုးတက်မှုကို အဘွားတို့ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ ရိုးရာ အရ ရှိခဲ့တဲ့ ထိန်းသိမ်း ရမယ့် ဓလေ့၊ လူမျိုးတမျိုးရဲ့ ကျက်သရေ ဂုဏ်တခုလို့ အဘွားက မြင်တယ်။ ဒီတော့ တိုင်းတပါးသားက မြင်ရင် မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာကို အမြင်လွဲနိုင်တယ်။ အဘွားကတော့ ရိုးရာလေးတွေကိုလည်း လူငယ်တွေကို ထိန်းသိမ်း စေချင် တယ်” လို့ အဘွား ခင်ရီက ပြောပါတယ်။

သင်္ကြန်ကာလတိုင်းမှာ မြို့တမြို့စီတိုင်းရဲ့ မြို့တော်ဝန် မဏ္ဍပ်နဲ့ အစိုးရ ဌာနဆိုင်ရာ မဏ္ဍပ်တွေမှာတော့ ဖွင့်ပွဲရက်တွေနဲ့ ညပိုင်းတွေမှာ ရိုးရာ သင်္ကြန် ယိမ်းအကတွေနဲ့ ဖျော်ဖြေလေ့ ရှိပေမယ့် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေမှာတော့ ခေတ်လူငယ် တွေ အကြိုက် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဖွင့်ပွဲ ပြုလုပ်ကြပြီး ကခုန်ကြ သီချင်းတွေ ဆိုကြနဲ့ လုပ်ကြတာ ပို များပါတယ်။

သင်္ကြန်ဆိုပြီး တွေးလိုက်တာနဲ့ အတွေးထဲကို ချက်ချင်း ရောက်လာတာကတော့ မြန်မာ့ရိုးရာအကတွေ မဟုတ်ပါဘူး။ လမ်း တွေပေါ် ကားတွေပေါ်မှာ ကခုန်ရင်း ပျော်မြူးနေကြတဲ့ လူတွေကိုပဲ အများဆုံး တွေးမိကြမှာပါ။

အဘွားခင်ရီရဲ့ အိမ်နီးနားချင်း မိတ်ဆွေဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် အဘိုး ဦးကျင်မြိုင်ကတော့ သင်္ကြန်ကာလ ရောက် ရင် မြေးတွေ  အိမ်ရှေ့ရေထွက်ပက်တာကို စောင့်ကြည့်ရင်း သူသိမ်းထားတဲ့ တခေတ်တခါက နာမည်ကြီးတဲ့ အဆိုတော် ဇော်ဝမ်း၊ ဂရေဟမ်၊ စည်သူလွင်တို့ရဲ့ သင်္ကြန်သီချင်းတွေကို လှည့်ပတ်ဖွင့်တာပဲလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုစီက သင်္ကြန်ချိန်ခါအတွက် ဖွဲ့ဆိုကြတဲ့ သီချင်းတွေထဲကို ဗုံ၊ စောင်း၊ သင်္ကြန်ရိုးရာ တီးလုံးတွေနဲ့ တီးခတ်ပြီး သီချင်း စာသားတွေကလည်း ရိုးရာကို ပေါ်လွင်အောင် ရေးဖွဲ့ ထားကြတာတွေပါ။

ဒီခေတ် သင်္ကြန်ကာလရောက်ရင် မဏ္ဍပ်တွေမှာ ဖွင့်လို့ ကြားနေရတဲ့ လူငယ်သီချင်းတွေကိုတော့ အဘိုး ဦးကျင်မြိုင်က လူကြီးပီပီမို့ မကြိုက်ပါဘူး။ သင်္ကြန်ရောက်ရင် အခြား အဘိုးအဘွားတွေလို ဘုန်းကြီးကျောင်းကို တကူးတက သွားပြီး ဥပုသ်သီလ ယူလေ့မရှိတဲ့ အဘိုး ဦးကျင်မြိုင်ကတော့ သင်္ကြန်သီချင်းတွေ ဖွင့်ရင်း မြေးတွေကို ထိန်းရင်းနဲ့ပဲ ဒီနှစ်သင်္ကြန် ကို ဖြတ်သန်းမှာပါ။

“တို့ သင်္ကြန်ရိုးရာသီချင်းဆိုတာ ခေတ်စားခဲ့တဲ့ ဆရာမြို့မငြိမ်းတို့ သီချင်းဆိုရင် ခေတ်ပေါ်တီးဝိုင်းနဲ့ မဟုတ်ဘူး။ ဗုံ တီးခတ် တဲ့ မြန်မာ့ဆိုင်းဝိုင်း သံစဉ်တွေပါ ပါတယ်။ တို့ခေတ်တုန်းက သီချင်းတွေကို သိပ်ကြိုက်တယ်ကွာ။ အဘိုးကြီးဆိုတော့ အဘိုးကြီး ခေတ်က သီချင်းပဲ ကြိုက်တယ်ဆိုလည်း မှန်ပါတယ်။ ခုလူငယ်တွေ သီချင်းတော့ တို့လည်း နားမလည်ဘူးလေ။ မြန်မာ့ ရိုးရာလည်း မပါပါဘူး” လို့ ဦးကျင်မြိုင်က ပြောပါတယ်။

ဦးကျင်မြိုင် အကြိုက်ဆုံးသီချင်းကတော့ “သံသာချိုမြမြ ဆိုတေးလေးတွေ မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ ယဉ်ကျေးသူတွေ မနှစ်ကပဲ လောင်းခဲ့တာတွေ အေးအေးမြမြ မမေ့တဲ့နိုင်ပေ” ဆိုတဲ့ စာသားနဲ့ ဖွဲ့ဆိုထားတဲ့ မြူမှောင်ဝေကင်း သင်္ကြန်သီချင်း လို့လည်း ပြောပြပါသေးတယ်။

ခေတ်ဟောင်း သင်္ကြန် ဆင်နွှဲနေတဲ့ အဖွဲ့ တဖွဲ့ (ဓာတ်ပုံ – စာရေးဆရာ ဆူးငှက် ဖေ့စ်ဘုတ်)

ခေတ်အလိုက် ပြောင်းလဲလာတဲ့ သင်္ကြန်ကာလမှာ မြေးတွေကိုထိန်းပြီး သင်္ကြန်သီချင်းဟောင်းတွေနဲ့ ဖြတ်သန်းမယ့် ဦးကျင်မြိုင်က လူကြီးမို့ ခေတ်လူငယ်တွေကြိုက်တဲ့ ဖက်ရှင်စတိုင်လ်တွေ သီချင်းတွေကို မကြိုက်ပေမယ့် လူငယ်တွေမှာ လည်း ခေတ်နဲ့အညီ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရွေးချယ်ခွင့်တွေ ရှိတာကြောင့် အပြစ်ပြောလို့ မရဘူးလို့လည်း သူက ဆိုပါ တယ်။

မန္တလေးမှာ မွေး၊ မန္တလေးမှာပဲ ကြီးပြင်းပြီး အိမ်ထောင်ကျလို့ အသက် ၃၀အရွယ်မှာမှ ရန်ကုန်မှာ အခြေချရင်း လက်ရှိမှာ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဘွား မြင့်မြင့်ခင်က သူ့အတွက်တော့ အကြိုက်ဆုံးမြန်မာ့ရိုးရာပွဲတွေထဲမှာ မန္တလေးသင်္ကြန် ပွဲတော်က တခု အပါအဝင်ပဲလို့ ပြောပါတယ်။

သူ့ရဲ့ ဇာတိမန္တလေးမြို့မှာ ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကာလ အကြောင်းတွေကိုလည်း ပြန်ပြောပြပါတယ်။

သင်္ကြန်အကြိုနေ့ မနက်ကစောစောဆို နန်းတော်ရှေ့ ကျုံးမြို့ရိုးတလျောက်မှာ ဖြူဖြူ၊ ပြာပြာ၊ နီနီ၊ ဝါဝါ၊ စိမ်းစိမ်း စတဲ့ အရောင်စုံ မြန်မာဝတ်စုံနဲ့ မိန်းကလေးတွေ ခေါင်းမှာလည်း ပိတောက်ပန်းတွေ ကျစ်ဆံမြီးကျစ် ဆင်တူ ပြင်ဆင်ထုံးဖွဲ့မှု တွေနဲ့ သင်္ကြန်ယိမ်းအက ကကြတာတွေက မြန်မာ့ရိုးရာသင်္ကြန်စစ်စစ်ကို ပြသနေတဲ့ ပြယုဂ်တခုပဲလို့ အဘွား မြင့်မြင့်ခင် က ပြောပါတယ်။

သင်္ကြန်မတိုင်ခင် ကာလတွေမှာ ဆိုရင်လည်း လူငယ်တွေ တီးဝိုင်း အနုပညာ လေ့လာလိုက်စားတဲ့ အဖွဲ့တွေက ရေသဘင် လှည့်ကားတွေနဲ့ လှည့်လည်ဖျော်ဖြေဖို့ အကတိုက်ကြတာတွေ ရှိကြတယ်လို့ အဘွားမြင့်မြင့်ခင်က ဆိုပါတယ်။

လူငယ်တွေက ရေသဘင်လှည့်ကားတွေနဲ့ သင်္ကြန်ရိုးရာ မဏ္ဍပ်ပုံစံ ကားကို ပြင်ဆင်ပြီး အမျိုးသမီး ရေသဘင်အဖွဲ့၊ အမျိုး သား ရေသဘင်အဖွဲ့၊ ဒါမှမဟုတ် မြို့နယ်၊ အသင်းအဖွဲ့ တခုခု စတဲ့ ရေသဘင်ကားတွေ လှည့်ကြ၊ မြို့ထဲ ရပ်ကွက်ထဲက ကလေး၊ လူကြီး၊ လူငယ်တွေကလည်း ရေသဘင်ကားတွေ လမ်းက ဖြတ်ရင် အပြေးအလွှား ထွက်ကြည့်ကြနဲ့ ပျော်စရာ ကောင်းတဲ့ သင်္ကြန်ကာလတွေကို ဖြတ်သန်းဖူးတယ်လို့လည်း အဘွား မြင့်မြင့်ခင်က ပြောပြပါသေးတယ်။

ဆက်ပြီး သူက “ရန်ကုန်မှာတော့ မတွေ့ရဘူး။ အဘွားတို့ လူငယ်တုန်းက မန္တလေးမှာသင်္ကြန်ဆို ကျုံးရှေ့မှာ မိန်းကလေး တွေ ယိမ်းကတာ လှမှလှပဲ။ မြန်မာ့ရိုးရာ သင်္ကြန်စစ်စစ်ပဲ။ နေ့လယ်ကျတော့ ရေပက်ကြ ပျော်ကြပေါ့။ ညဆို သင်္ကြန်ကား တွေလာပြီ။ သိပ်လှတာ။ ငွေရောင်ငန်းကြီးနဲ့ ငွေငန်းမြို့မကား ကလည်း နာမည်ကြီးပဲ”လို့ ပြောပြပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်နဲ့ ပတ်သက်ပြီး လူကြီးတွေ လက်ဆင့်ကမ်း ပြောပြတတ်တဲ့ ရာဇဝင်တခုကတော့ ပုဂံပြည့်ရှင် မင်းကြီး နရသီဟပတေ့ မင်းရဲ့ ချစ်မြတ်နိုးရတဲ့ မိဖုရား စောလုံ အကြောင်းကိုလည်း အဘွား မြင့်မြင့်ခင်က ပြန်ပြောပြပါတယ်။

၂၀၁၆ ခုနှစ်က ခေတ်သစ် သင်္ကြန် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ် (ဓာတ်ပုံ – ဧရာဝတီ)

ပုဂံခေတ်ကာ နရသီဟပတေ့မင်းကြီးလက်ထက် နန်းတော်ကနေ  ဧရာဝတီမြစ်ကမ်းထိ အကာအရံတွေနဲ့ အခမ်းအနား ပြင် ဆင်ပြီး နန်းတွင်းသင်္ကြန်ကျင်းပရာမှာ ဥပုဘ်သီလဆောက်တည်ပြီး အိနြေ္ဒကြီး၊ အရှက်အကြောက်ကြီးလှတဲ့ မိဖုရား စော လုံကို မင်းကြီးက စနောက်ခဲ့တာကြောင့် နန်းတော်တွင်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တွေနဲ့ကြုံတွေ့ခဲ့ရတာပါ။

ဥပုသ်သီလဆောက်တည်ပြီး တည်တည်ငြိမ်ငြိမ် နေနေတဲ့ မိဖုရားစောလုံကို သင်္ကြန်ပွဲတော်ကို လာစေဖို့ နရသီဟပတေ့ မင်းကြီးက ဖိတ်ခေါ်ပြီး မောင်းမတော် တဦးကိုလည်း စောလုံကို ရေတွေ ရွှဲရွှဲစိုအောင် လောင်းဖို့ ခိုင်းစေထားပါတယ်။

မောင်းမတော်ကလည်း သင်္ကြန်ပွဲတော်ကို ရောက်လာတဲ့ မိဖုရားစောလုံကို ရေအပက် တကိုယ်လုံးရွှဲစိုပြီး ပြိုလဲမလို ဖြစ် သွားတဲ့အပြင် မင်းကြီးအပါအဝင် မိဖုရားတွေ မောင်းမမိဿံတွေ ဝိုင်းရယ်မောကြတာကို ခံရတဲ့ မိဖုရားစောလုံ ၁ ယောက် ဒေါသဖြစ်ပြီး မင်းကြီးပွဲတော်အုပ်ထဲ အဆိပ်ခတ်သတ်ဖို့ ကြံခဲ့ပြန်ပါတယ်။

မင်းကြီးပွဲတော်အုပ်တည်တဲ့အခါ မိဖုရားစောလုံ ဆက်သတဲ့ ပွဲတော်အုပ်ကို ဘေးနားမှာ ရှိတဲ့ ခွေးကို ကျွေးရင်း ခွေးသေ သွားတာကြောင့် အမျက်ဒေါသဖြစ်ပြီး မိဖုရားစောလုံကို မီးရှို့သတ်ခဲ့တဲ့ အဖြစ်အပျက်က သင်္ကြန်မှာ စနောက် ရင်းကနေ စခဲ့တဲ့ ပုဂံခေတ်ခါက ဇာတ်လမ်းလေးတခုပါ။

အဘွားမြင့်မြင့်ခင်က “သင်္ကြန်မှာ အစနောက် မသန်ရဘူး။ ကျီစားသန်က ရန်များတတ်တယ် ဆိုတဲ့ ဥပမာကို မိဖုရား စောလုံ အကြောင်းက ပြသလို သင်္ကြန်တွင်းမှာ ရိုးရာဓလေ့အရ ရေကစားတဲ့အခါ ယဉ်ကျေးမှုနဲ့ ထိန်းသိမ်းတဲ့အခါ ယဉ်ကျေးမှု အရပဲ ရေလောင်းရမယ်။ တခါတလေမှာ ချစ်ခင်လို့စနောက်ရင်တောင် တဖက်သားအတွက် ခံစားချက်နဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်စေတယ်ဆိုတဲ့ သင်ခန်းစာ ယူစရာလည်း ဖြစ်တယ်” လို့ ဆိုပါတယ်။

အဘွား မြင့်မြင့်ခင်တို့ ငယ်ငယ်တုန်းက မိဖုရားစောလုံ အကြောင်းတွေကို လူကြီးမိဘတွေက ပြန်လည် ပြောပြသလို သင်္ကြန် ကာလရောက်တိုင်းမှာလည်း ရန်မဖြစ်ဖို့ သူငယ်ချင်းတွေ ယဉ်ယဉ်ကျေးကျေးနဲ့ ပျော်ကြဖို့ အစအနောက် မသန် ဖို့ကိုလည်း အမြဲ ဥပမာပေး ဆုံးမလေ့ရှိတာလို့ ပြောပါတယ်။

အဘွားမြင့်မြင့်ခင်ကလည်း သူ့သားသမီးတွေ မြေးတွေကို မိဖုရားစောလုံအကြောင်း လက်ဆင့်ကမ်းပြောပြပြီး သင်္ကြန်ကာ လ လည်ပတ်ရင်း အစအနောက်မသန်ဖို့ မှာလေ့ရှိတယ်လို့ သိရပါတယ်။

ခေတ်အဆက်ဆက် ရိုးရာဓလေ့အရ ကျင်းပတဲ့ သင်္ကြန်ကာလမှာ ရေပက်ကြ ပျော်ပါးကြရင်း နှစ်သစ်ကို ကလေး၊ လူကြီး၊ လူငယ် အားလုံး ဘေးမသီ ရန်မခဘဲ ဖြတ်သန်းနိုင်ဖို့ကိုလည်း အဘွားမြင့်မြင့်ခင်က နှစ်သစ် ဆုတောင်းအဖြစ် ဆုတောင်း ပေးပါတယ် လို့ ပြောပါတယ်။

အဘွားမြင့်မြင့်ခင်က “ကလေးတွေ ပျော်တာလည်း ပျော်ကြ၊ ရိုးရာကိုလည်း ထိန်းကြပြီး ဒီနှစ်မှာ ရန်မဖြစ်ကြနဲ့ နော်” လို့ လည်း အမှာစကား ပါးလိုက်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading