• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အထပ်မြင့် အဆောက်အုံတွေ ခြိမ်းခြောက်ခံနေရတဲ့ ကလောမြို့

by ထွန်းထွန်း
5 June 2018
in ဆောင်းပါး
A A
အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့ ကလောမြို့  / ဧရာဝတီ

အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့ ကလောမြို့ / ဧရာဝတီ

8.9k
VIEWS
Share on FacebookShare on Twitter

ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေ၊ ထင်းရှူးတောတွေနဲ့ သဘာဝပတ်ဝန်းကျင် အလှတွေ ပိုင်ဆိုင်ထားတဲ့ တောင်စခန်းမြို့လေး ကလောဟာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အထင်ကရမြို့လေးတမြို့ဖြစ်ပါတယ်။

တနှစ်ပတ်လုံးမှာ ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်သာရှိတဲ့ အေးမြတဲ့ရာသီဥတု ပိုင်ဆိုင်ထားပြီး လတ်ဆတ်တဲ့ ဒေသထွက် သီးနှံအစား အစာတွေ၊ ဒီနေ့ထိ မပျက်ဆီးသေးဘဲ ကျန်ရှိနေသေးတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေနဲ့ ထင်ရှားတဲ့ ကလောမြို့လေးဟာ ပြည်တွင်း၊ ပြည်ပ ခရီးသည်းတွေ အတွက် စိတ်ဝင်စားစရာကောင်းတဲ့မြို့ဖြစ်ပါတယ်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
487
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
585
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.4k

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ကလောမြို့တွင်း ဘယ်နေရာက ကြည့်ကြည့် တောင်ပတ်ဝိုင်းပြီး စိမ်းလန်းစိုပြေနေတဲ့ တောတောင် ရှုခင်းတွေကို သဘာဝ ပန်းချီကားကြီး တချပ်လို ကြည့်ရှုခံစားနိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ ခပ်စိပ်စိပ်တိုးထွက်လာတဲ့ အထပ်မြင့် အဆောက်အအုံတွေကြောင့် ဒီမြင်ကွင်းတွေကို ဆုံးရှုံးလာရနေပါပြီ။

အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့ ကလောမြို့ / ဧရာဝတီ

“ကလောဟာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအပေါ် ရပ်တည်နေတဲ့မြို့လေးပါ။ သဘာဝအလှတွေကို တန်ဖိုးထား အနားယူ လေ့လာမယ့် ခရီးသွားတွေကို အနှောက်အယှက်ဖြစ်စေမယ့် အထပ်မြင့် အဆောက် အအုံတွေကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်လာမှာ စိုးရိမ်ပါတယ်” လို့ ကလောမြို့ခံ ဦးသိန်ဇော် ကဆိုပါတယ်။

ကလောမြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ၂၀၁၂ – ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ Reinforced Concrete (RC) ၃ ထပ်ကနေ ၅ ထပ်အထိ အဆောက်အအုံ ၁၉ လုံး တည်ဆောက်ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်း တင်ပြ စိစစ်ဆဲ အထပ်မြင့် အဆောက်အအုံမှာလည်း ၄ လုံးရှိနေပါတယ်။

အခုဆိုရင် ကလောမြို့ပေါ်မှာ ဟိုတယ်နဲ့ တည်းခိုခန်း အခန်းပေါင်း ၇၅၀ ခန့်ရှိပြီး နောက်ထပ်တည်ဆောက်နေဆဲ အခန်းတွေ ပြီးရင် အခန်းပေါင်း ၁၀၀၀ ခန့်အထိ ရှိလာမယ့် အခြေအနေပါ။

အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့ ကလောမြို့ / ဧရာဝတီ

၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ်ခရီးသွား ၁ သောင်းဝန်းကျင် လာရောက်လေ့ရှိပြီး တနှစ်ကို ရက်ပေါင်း ၄၀ ခန့်သာ အခန်းပြည့်တဲ့ အတွက် လက်ရှိရှိနေတဲ့ ဟိုတယ်အခန်း အရေအတွက်ဟာ လိုအပ်မှုမရှိသေးဘူးလို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်လှယ် ဒေါ်ပြုံးကေသီနိုင် က ထောက်ပြပါတယ်။

တချို့ဒေသခံတွေက အထပ်မြင့်တိုက်တွေ များပြားလာတာဟာ စီးပွားရေးကောင်းမွန်မှုကြောင့်လို့ အကောင်းမြင် ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။

ဒီတောင်စခန်းမြို့လေးမှာ ရေပြဿနာလည်းရှိပါတယ်။ မြို့မှာအခြေစိုက်ထားတဲ့ တပ်မတော် သင်တန်းကျောင်းတွေ ဖွင့်ချိန်ဆိုရင် ရေကို မြို့ခံလူထုနဲ့ သင်တန်းကျောင်းတွေ မျှဝေသုံးရပါတယ်။ ရေရရှိရေးမှာ ပြဿနာရှိနေသလို ရေဆိုး ပြန်စွန့်ထုတ်ရာမှာလည်း ပြဿနာရှိနေပြန်ပါတယ်။

အခုနှစ်ပိုင်းတွေမှာ ကလောမြို့ပေါ် ၁၅ ရပ်ကွက်ထဲမှာ မိုးရွာရင် ရေဝပ်ရေမြုပ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ဘူးလို့ ကလောမြို့ သာယာလှပရေးနဲ့ သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရရှိစေချင်သူတွေက ဆိုကြပါတယ်။

ဒီလိုအခြေအနေမှာ အထပ်မြင့် အဆောက်အအုံတွေ များလာတာနဲ့အမျှ ရေလိုအပ်ချက် များပြားမှာဖြစ်သလို သုံးစွဲစွန့်ထုတ်မှု ကလည်း မြင့်တက်လာမှာမလွဲပါ။ လက်ရှိအခြေအနေမှာတော့ အထပ်မြင့် စီမံကိန်းတွေဟာ ကလောမြို့ရဲ့ လှပတဲ့တောတောင် ရှုခင်းတွေ အပြိုင် လုယက်ရင်း စီးပွားရေးအကျိုးအမြတ်အတွက် သူ့ထက်ငါအပြိုင် တည်ဆောက်သလိုဖြစ်နေပါတယ်။

အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့ ကလောမြို့ / ဧရာဝတီ

ကလောမြို့ကို လာရောက်လည်ပတ်သူတွေဟာ ပျမ်းမျှနှစ်ရက်ခန့်သာ နေထိုင်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ဒီအပေါ်အခြေခံပြီး ခရီးသွားတွေ ရက်ကြာကြာ နေထိုင်ချင်လာအောင် လည်ပတ်စရာတွေ လေ့လာရေး ခရီးတွေကို ရှိပြီးအရင်းအမြစ်တွေအပေါ် အခြေခံပြီး ခရီးသွားလုပ်ငန်းအပေါ်မှာသာ ပိုမိုရင်းနှီးမြုပ်နှံကြဖို့ ဒေသခံတွေ တချို့က ရှေ့ကိုမျှော်တွေးပြီး ပြောဆိုနေကြပါတယ်။

ကလောမြို့ရဲ့ ပတ်ဝန်းကျင်မှာ ငှက်မျိုးစိတ်ပေါင်း ၂၇၆ မျိုးကို မှတ်တမ်းတင်ထားနိုင်သလို စစ်ကြိုခေတ် အဆောက် အအုံပေါင်းက ၂၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် ကလော-အင်းလေး trekking ခရီးစဉ်၊ ဆင်တွေရဲ့ ဘာဝကို လေ့လာနိုင်မယ့် ဆင်စခန်း၊ သဘာဝကျောက်လိုဏ်ဂူ စတာတွေအပြင် ဒေသခံ တိုင်းရင်းသား လူမျိုးစုရွာတွေကို လည်ပတ်နိုင်ပါသေးတယ်။

သဘာဝ ခရီးသွားလုပ်ငန်း အောင်မြင်ဖို့ အတွက် ကြိုးပမ်းရာမှာလည်း ဒေသခံတွေအပေါ် အသိပညာပေး လုပ်ငန်းများ ဖြန့်ဝေမှု လက်ရှိအခြေအနေထက် အရှိန်မြင့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကလောမြို့ခံ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်ရဲပြည့် က ဆိုပါတယ်။

အမြင်ကျယ်တဲ့ ဒေသခံတချို့က ဒီလို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမျိုးတွေကို အခြေခံပြီး အစီအစဉ် အသစ်တွေ ချဲ့ထွင်စေချင်နေကြတာပါ။

“အနာဂတ် ရင်းနှီးမြုပ်နှံမှုတွေဟာ ခရီးသွားလုပ်ငန်းအပေါ်မှာပဲ ဖြစ်စေချင်တယ်။ သဘာဝပတ်ဝန်ကျင်နဲ့ မြို့ရဲ့ အမွေအနှစ် တွေကို ထိန်းသိမ်းရာရောက်သလို အခြေခံလူထုအထိ အကျိုးသက်ရောက်မှုရှိလို့ပါပဲ” လို့ ဒေါ်ပြုံးကေသီနိုင် က ဆိုပါတယ်။

ကလောမြို့နဲ့အနီးဆုံးမှာ ရှိနေတဲ့ အောင်ပန်းနဲ့ ဟဲဟိုးတို့ဟာလည်း ရာသီဥတုကောင်းမွန်ပြီး နေချင့်စဖွယ်မြို့လေးတွေ ဖြစ်ပါတယ်။

အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့ ကလောမြို့ / ဧရာဝတီ

ဟဲဟိုးမြို့ဆိုရင် စိုက်ပျိုးရေးနဲ့ ကျော်ကြားသလို ဒေသထွက် သီးနှံတွေဟာ မန္တလေးအပါအဝင် မြို့ကြီးတွေအထိ တင်ပို့လျက် ရှိပါတယ်။ အောင်ပန်းမြို့ ဆိုရင်လည်း ကုန်စည်စီးဆင်းရာ လမ်းကြောင်းပေါ်က အရေးပါတဲ့ မြို့တမြို့ဖြစ်သလို လှပတဲ့ တောင်တန်းမြို့လေးလို့လည်း ဆိုနိုင်ပါတယ်။

ဒီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ပြုလုပ်မယ့် တနိုင်ငံလုံးဆိုင်ရာ ခရီးသွားဖိုရမ်ကို ကလောမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဖိုရမ်ကနေ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ အစီအစဉ်ကောင်းတွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်နေကြပါတယ်။

“မြို့ပြရဲ့ဖွံ့ဖြိုးမှုစီမံကိန်းမှာ ကိုလိုနီခေတ်လက်ရာ အနေအထားတွေ မပျက်စေချင်ဘူး။ ခရီးသွားလုပ်ငန်းရဲ့ လှုပ်ရှားမှုပိုင်းကို ပိုလုပ်ဖို့ လိုနေတယ်” လို့ ကလောမြို့ခံ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်ရဲပြည့် က ပြောပါတယ်။

ကလောမြို့ရဲ့ပတ်ဝန်ကျင် လေ့လာစရာတွေနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်း အသစ်တွေဖော်ဆောင်မယ့်သူတွေ အနေနဲ့ ခွင့်ပြုချက် တင်ရမယ့်ကိစ္စတွေမှာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကဆိုပါတယ်။

ကလောမြို့ခံတွေကတော့ အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့အတွက်ကြောင့် မြို့အလှပျက်ပြီး ခရီးသွားလုပ်ငန်း အပေါ် ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်နေကြကြောင်းနဲ့ တလျှောက်လုံး ထိန်းသိမ်းလာခဲ့တဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Your Thoughts …
Tags: ကလောမြို့
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ကလောမြို့ ရေဘေး အခြေအနေဆိုး (ရုပ်/သံ)

ကလောမြို့ ရေဘေး အခြေအနေဆိုး (ရုပ်/သံ)

by ယဉ်မွန်
14 September 2024
568

ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်လည်ပတ်လေ့ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ဟာ ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များပြားသလို၊ လူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေနဲ့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။

ကလောမြို့မှာ ကျင်းပတဲ့ မီးရှော်တိုင်ပွဲတော်  / ဇော်ဇော် / ဧရာဝတီ

ကလောမြို့မှာ တန်ဆောင်တိုင်အချိန် ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်

by ညီညီသူ
8 November 2019
12.8k

မြန်မာနိုင်ငံအရပ်ရပ်က လာရောက်ကြသူတွေသာမက နိုင်ငံခြားသားခရီးသွားတွေပါ ဒီပွဲတော်ကို ဆင်နွှဲလေ့ ရှိကြပါတယ်။ ကလောမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄,၂၉၇ ပေခန့် ရှိတဲ့ မြို့တမြို့ပါ။

Next Post
သရုပ်ဆောင် မေပန်းချီ  / ချစ်ပိုး / ဧရာဝတီ

“အချစ်နဲ့ ပတ်သက်ပြီး တင်းတိမ်ရောင့်ရဲတယ်” ဆိုတဲ့ မေပန်းချီ

စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

မြန်မာ့စီးပွားရေး စိတ်မပူရန် စီမံ/ဘဏ္ဍာ ဝန်ကြီးအသစ်ပြော

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate