• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖမ်းဆီးခံ သတင်းထောက်များ၏ မိသားစုတွေ မျှော်လင့်ချက်ဖြင့် ရုန်းကန်နေရ

by ငြိမ်းငြိမ်း
6 July 2018
in ဆောင်းပါး
A A
Reuters သတင်းထောက်နှစ်ဦးကို စွဲချက်တင်သင့်၊ မတင်သင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဆုံးဖြတ်မည် / မျိုးမင်းစိုး

Reuters သတင်းထောက်နှစ်ဦးကို စွဲချက်တင်သင့်၊ မတင်သင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဆုံးဖြတ်မည် / မျိုးမင်းစိုး

7.4k
VIEWS
Share on FacebookShare on Twitter

ခင်ပွန်းဖြစ်သူ ကိုဝလုံးနှင့် သူ၏လုပ်ဖေါ်ကိုင်ဖက် ကိုကျော်စိုးဦးတို့ကို စွဲဆိုထားသော အမှုကို ရင်တွင်လွယ်ထားရသော သမီးဖြစ်သူအား မီးမဖွားမှီ ပလပ်ပေးနိုင်စေရန် မျှော်လင့်ရင်း ကိုယ်ဝန်သည် မပန်းအိ စိတ်ကို တင်းထားရသည်။ ဒီဇင်ဘာ ၁၂ ရက်နေ့က ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် သူမ ခင်ပွန်းနှင့် လုပ်ဖော်ကိုင်ဖက်တို့ အဖမ်းခံရပီး တလကျော်ကြမှ သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရခြင်း ဖြစ်သည်။

ထို သတင်းသမားနှစ်ဦး ထိန်းသိမ်းခံရချိန်မှစတင်ပြီး သူမ ခင်ပွန်းဖြစ်သူကို တရားရုံးထုတ်ချိန်တွင် သွားရောက်တွေ့ဆုံသလို အင်းစိန်ထောင်တွင်လည်း အပတ်စဉ် ထောင်ဝင်စာ သွားရောက် တွေ့ဆုံသည်။ တရားရုံးထုတ်ချိန်တွင် နာရီပိုင်းသာ တွေ့ဆုံရပြီး ထောင်စာတွေ့ဆုံချိန်မှာလည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီးနောက် ခွင့်ပြုချိန် မိနစ် ၃၀ သာ တွေ့ခွင့်ရရှိသည်။

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
492
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.3k

“ဒီကလေးက ကျနော် ထောင်ထဲရောက်ပီးမှ ရှိနေမှန်း သိရတယ်။ ဘာပဲပြောပြော ကျနော် ထောင်ထဲရောက်မှ သူ့ကြောင့် ထောင်ထဲမှာ စိတ်အားတင်းထားနိုင်သလို ခွန်အားတိုးရတယ်။ စိတ်ဓါတ်မကျအောင်လည်း ကိုယ့်ကိုယ့်ကို အားပေးနိုင်ခဲ့တယ်” ဟု ကိုဝလုံးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ ကိုဝလုံး၏ အမည်ရင်းမှာ ကိုသက်ဦးမောင်ဖြစ်သော်လည်း သူ့ကို သူ၏ ကလောင်အမည်ဖြင့်သာ လူသိများကြသည်။

ရန်ကုန်တွင် ရဲအဖွဲ့က ဖိတ်ခေါ်သော ညစာမှ ပြန်လည်ထွက်ခွာလာစဉ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လှို့ဝှက်စာရွက် စာတမ်းများပိုင်ဆိုင်သည်ဟု စွပ်စွဲကာ သူတို့နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စွဲချက်တင်ခဲ့သည်။ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် အပြစ်တွေ့ရှိပါက ထောင် ၁၄ နှစ်အထိ ကျခံရနိုင်သည်။

လွန်ခဲ့သော စက်တင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦးအား အစုလိုက်သတ်ဖြတ်မှုကို စုံစမ်းနေစဉ်ကာလတွင် ၎င်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့၏ သတင်းပေးပို့ချက်များကို အခြေခံပြီး Reuters သတင်းဌာနက ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် တရားမဲ့ သတ်ဖြတ်ခြင်းအတွက် စစ်သား ၇ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ ချမှတ်ကြောင်း တပ်မတော်က ဧပြီလတွင် ကြေညာခဲ့သည်။

ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးသည် ထို Reuters သတင်းထောက်နှစ်ဦးကို စွဲချက်တင်သင့်၊ မတင်သင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။

သတင်းထောက်နှစ်ဦးလုံး၏ မိသားစုများကမူ တရားရုံးက အမှုကို ပလပ်မည်ဟု မျှော်လင့်နေကြသည်။

“အခုလာမယ့် တရားရုံးချိန်းမှာ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကလည်း တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မယ်လို့ ယုံကြည်တယ်။ တောက်လျှောက်လည်း ဆုတောင်းတယ်” ဟု မပန်းအိက ဆိုသည်။

သူမတွင် ကိုယ်ဝန်ရှိနေပြီဟူသည့် သတင်းသည် အခက်အခဲများကြားမှပင် မိသားစုအတွက် ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးခဲ့သည်ဟု သူမက ပြောသည်။

“ကိုဝလုံးကိုယ်တိုင်က ဘာပြောလဲဆိုတော့ သူ့အတွက် အနာဂတ် ရှိသွားပီတဲ့။ သူ့သမီးလေးက သူ့ဘဝရဲ့ နတ်သမီးလေးတဲ့” ဟုလည်း သူမက ပြန်ပြောပြခဲ့သည်။

သူ၏ သားဖြစ်သူသည် မည်သည့်အမှားအယွင်းမျှကျူးလွန်ခဲ့ခြင်းမရှိသောကြောင့် လာမည့်ရုံးချိန်းအတွက် အကောင်းမြင်ထားကြောင်း ကိုဝလုံး၏ ဖခင် ဦးတင်မြင့်ကလည်းပြောသည်။ ရုံးချိန်းတိုင်းသို့ မသွားနိုင်ခဲ့သော်လည်း စိတ်ဓါတ်ခိုင်မာရန် သူ၏သားကြီးဖြစ်သူကို တွေ့တိုင်းအားပေးစကားပြောကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ခုလို ကိုယ်တွေ့ကြုံလာရတော့ အတော်လေးပဲ မြင်လည်းမမြင်ချင်ဘူး။ ဒါပေမယ့် စိတ်ဓါတ်မကျအောင် သူ့တော့ အားပေးစကားတော့ ပြောပြရတယ်။ ဒီလို ဖြစ်လာလိမ့်မယ်လည်း မထင်ဘူး။ မမျှော်လင့်ပဲနဲ့ ဖြစ်လာရတဲ့ ပြဿနာဆိုတော့ ဒါတွေက အတော်လေး ခံစားရပါတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ဦးတင်မြင့်က ပြောသည်။

ကိုဝလုံး၏ သမီးသည် သူ၏ ပထမဆုံး မြေး ဖြစ်လာမည်ဖြစ်သည်။

“ဦးစိတ်ထဲမှာတော့ ဝမ်းသာဝမ်းနည်းဖြစ်မိတာပေါ့။ မြေးဦးလေးဆိုတော့ ဦးတို့မှာ အရမ်းကို မျှော်လင့်နေတာ အခုတော့ သူ့အဖေက အချုပ်ထဲမှာရောက်နေတယ်ဆိုတော့ ပြောမပြတတ်အောင် ဝမ်းနည်းတယ်” ဟုလည်း ကြေကွဲစွာ ပြောသည်။

တရားရုံးတွင် တွေ့ဆုံသောအခါ မိသားစုဝင်များအားလုံးသည် အများပြည်သူရှေ့တွင် ပြုံးရွှင်နေကြသော်လည်း ထိုအပြုံးများမှာ တဦးနှင့်တဦး စိတ်ဓါတ်မြှင့်တင်ပေးရန်အတွက်သာ ဖြစ်သည်ဟု မပန်းအိပြောသည်။

“သူနဲ့အမနဲ့ တွေ့တဲ့အချိန် ပြုံးပျော်နေတယ်ဆိုတာ သူလည်း ကိုယ်စိတ်ဆင်းရဲမှာစိုးလို့ ဟန်ဆောင်နေရတယ်။ ကိုယ်လည်း သူ စိတ်ဆင်းရဲမှာ စိုးလို့ ဟန်ဆောင်နေရတယ်။ ဒါပေမယ် ကျမတို့နှစ်ယောက်လုံး ဘယ်လိုခံစားနေရတယ်ဆိုတာကို တဦးနဲ့တဦး သိကြတယ်” ဟုလည်း မပန်းအိပြောသည်။

“ကလေးမမွေးခင် သူ့ကို ပြန်လွတ်လာစေချင်တယ်” ဟု မျက်ရည်စက်များအကြားမှ မပန်းအိက ဆိုသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် နိုင်ငံတော်၏ ရန်သူများမဟုတ်ဘဲ သတင်းသမားများ၊ အမှန်တရားကို ယုံကြည်သော ဖခင်များ၊ လူလူချင်း လေးစားသူများနှင့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သူများဖြစ်ကြောင်း သူတို့နှစ်ဦးလုံး၏ မိသားစုဝင်များက ပြောသည်။

သူကြုံရသည့် အတွေ့အကြုံမျိုး သမီးဖြစ်သူကို မကြုံတွေ့စေလိုကြောင်း ကိုကျော်စိုးဦးက ဧရာဝတီ သတင်းဌာနသို့ လွန်ခဲ့သောလက ရုံးချိန်းတခုတွင် ပြောခဲ့သည်။

“ကျနော်တို့က မတရားတဲ့ ဥပဒေတွေနဲ့ ရင်ဆိုင်နေရတာ။ နောက် ပညာရေးစနစ်ပေါ့။ အဲဒီလို ပညာရေးစနစ်တွေ မတရားတဲ့ ဥပဒေတွေက ဖြစ်လာမယ့်ဒဏ်တွေ သမီးလေးကို မခံစားစေချင်ဘူး။ ပီးတော့ တဦးကိုတဦး အထင်သေးခွဲခြားတဲ့ လူမျိုးရေးအမုန်းတရားတွေ ကျနော့်သမီးလေးဆီ မရောက်စေချင်ဘူး” ဟု ၎င်းက ပြောဆိုခဲ့သည်။

ယခုလတွင် သုံးနှစ်ပြည့်တော့မည်ဖြစ်သော သူ၏သမီးလေးသည် ရုံးချိန်းတိုင်းသို့ ရောက်လာတတ်သည်။ ထိုအချိန်လေးကသာ သူတို့သားအဖနှစ်ယေက် အတူကစားရန် တခုတည်းသော အခွင့်အရေးဖြစ်သည်။

သုံးပတ်အတွင် ကျရောက်တော့မည့် သမီးဖြစ်သူ၏ မွေးနေ့အမီ ကိုကျော်စိုးဦး ပြန်လွတ်ပါစေဟု မျှော်လင့်နေကြောင်း သူ၏ဇနီးဖြစ်သူ မချစ်စုဝင်းကလည်း ပြောသည်။

ကိုကျော်စိုးဦးစိတ်မပူစေရန် တွေ့ဆုံခွင့်ရသည့်အချိန်တိုင်း ပြုံးနေရသည်ဟုပြောရင်း “သမီးက ငိုပြီး သူ့အဖေကို မေးတဲ့အခါ ဝမ်းမနည်းဘဲ ဘယ်လိုနေနိုင်မှာလဲ” ဟု သူမ ဆက်ပြောသည်။

သူမသည် ကိုကျော်စိုးဦးထံ နေ့တိုင်းနီးပါး ထောင်ဝင်စာသွားတွေ့ပြီး အိမ်ထမင်း၊ အိမ်ဟင်းများ ပို့ပေးသည်။

“ကျမတို့ တိုက်ခန်းတခန်းမှာ နေရင်တောင် အပြင်သွားချင်စိတ် ပေါ်လာတာပဲ။ သူဆို ဘယ်လောက်မွန်းကြပ်မလဲ။ အပြင်လည်း မသွားရဘူး။ သူကတော့ အမြဲပဲ အဆင်ပြေတယ်ပဲ ပြောတယ်” ဟု သူမက ပြောသည်။

ထောင်ဝင်စာတွေ့ဆုံချိန်နှင့် ရုံးထုတ်ချိန်အကြားတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် စာဖတ်ခြင်း၊နှင့် သစ်ပင်ပန်းပင်စိုက်ပျိုးခြင်း လုပ်ကာ ဖြတ်သန်းကြသည်ဟု သိရသည်။

“ကိုဝလုံးက တပတ်တပတ် တပတ်ကို စာအုပ် ၅ အုပ်လောက် ဖတ်တယ်။ ပီးတော့ အပင်စိုက်တယ်။ သူ့ကို ပျိုးပင်လေးတွေ မျိုးစေ့လေးတွေ ပို့ပေးရတယ်။ ဘာလို့ ဒီဟာတွေ စိုက်နေရလဲပြောတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ကောင်းတာတခုတော့ ထားခဲ့ချင်တယ်တဲ့” ဟုလည်း ဆက်လက်ရှင်းပြသည်။

၂၀၁၇ ခုနှစ်အတွင်းတွင် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ၊ မတရားသင်းဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေအပါအဝင် ဥပဒေအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသော သတင်းသမားစုစုပေါင်း ၁၁ ဦးရှိခဲ့သည်။

ထိုအမှုများအနက် ၈ မှုကို ပလပ်လိုက်သော်လည်း ရိုက်တာ သတင်းထောက်နှစ်ဦးနှင့် Myanmar Now သတင်းဌာနမှ အယ်ဒီတာတဦးတို့ကို စွဲဆိုထားသော အမှုများကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။

(အင်္ဂလိပ်ဘာသာဖြင့် Families of Detained Reuters Reporters Struggle to Stay Positive  တွင် ဖတ်ရှုပါ။)

Your Thoughts …
Tags: ကိုဝလုံးနှင့် ကိုကျော်စိုးဦးဖမ်းဆီးခံ သတင်းထောက်များမိသားစု
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

တိုင်းပြည်စီးပွားရေး အောက်သို့ ထိုးဆင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကမူ စီးပွားရေးအင်ပါယာချဲ့ထွင်နေသည်

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

by ဧရာဝတီ
29 August 2022
16k

တိုင်းပြည်စီးပွားရေး အောက်သို့ ထိုးဆင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကမူ စီးပွားရေးအင်ပါယာချဲ့ထွင်နေသည်။

မုန်လာဥ

မုန်လာဥ

by ရွာစား စိန်တင်ဟန်
30 September 2023
1k

တချို့ကမူ “ဆရာငြိမ်းသည် သူ့မိဘပစ္စည်း ထိုင်သုံးနေသည်”... တချို့ကျပြန်တော့ “ဆရာငြိမ်းသည် သူ့အိမ်အတွက် ဘာမျှ မပူတဲ့သူ”ဟု ဆိုကြပြန်သည်။

တပ်မိသားစုတွေ ပြင်ဦးလွင်ကို စွန့်ခွာ (ရုပ်/သံ)

တပ်မိသားစုတွေ ပြင်ဦးလွင်ကို စွန့်ခွာ (ရုပ်/သံ)

by ဇော်မြတ်ခန့်
8 August 2024
332

စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် (DSA) ရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က တပ်မိသားစုဝင်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ မြို့ခံတချို့ဟာ လုံခြုံရေးစိုးရိမ်တာကြောင့် မြို့ကို စွန့်ခွာနေကြပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု 

အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

by ဧရာဝတီ
21 October 2021
10.7k

စစ်အာဏာသိမ်းခေါင်းဆောင် မိသားစုက စီမံသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် NUG က ပြည်သူလူထုကို တိုက်တွန်းထားသည်။

မိသားစုလိုက် ခရီးသွားတာ ကလေးတွေအတွက်တော့ ပျော်ရွှင်စရာ အချိန်တွေပါ

မိသားစုနဲ့အတူ ခရီးသွားခြင်း

by ညီညီသူ
21 March 2019
4.2k

မိသားစုလိုက် ခရီးထွက်တာက မိသားစုဝင်တွေ အချင်းချင်းကြားမှာ ပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်သလို ကလေးတွေကို အချိန်ပေးတဲ့ အနေနဲ့ မိသားစုလိုက် ခရီးထွက်သင့်ပါတယ်။

ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဘေးမှာ အနီးကပ်နေပြီး ပြုစုစောင့်ရှောက်တတ်ကြတာ မိခင်ပါ

မိသားစုတခုမှာ သားသမီးတွေအပေါ် မိခင်ရဲ့လွှမ်းမိုးမှု ပိုများရတဲ့ အကြောင်းရင်း

by Aurora
10 June 2018
9.8k

အဖေ၊ အမေ၊ သား၊ သမီး မိသားစုဝင်တွေအားလုံးကို လေ့လာကြည့်တဲ့အခါ အမေ့ရဲ့ စိတ်အခြေအနေ တွေကို နားလည် အပေးနိုင်ဆုံးက သမီးတွေဖြစ်သလို၊ တွေးခေါ်စဉ်းစားပုံတွေကလည်း တူနေတတ်ကြပါတယ်။

Next Post
အရောင် ၅ ရောင်နဲ့ အသစ် ထွက်ရှိလာမယ့် iPhones မော်ဒယ်အသစ်များ

iPhones မော်ဒယ်အသစ်တွေကို အရောင် ၅ ရောင်အထိ ထုတ်ဖို့ရှိတဲ့ Apple

Prometheus ဇာတ်ကားမှာ သရုပ်ဆောင်မယ့် မင်းသမီး Ha Ji Won

“Prometheus” သည်းထိတ်ရင်ဖို ဒရာမာမှာ ပါဝင်မယ့် မင်းသမီး Ha Ji Won

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate