• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၃)

by ဧရာဝတီ
18 July 2018
in ဆောင်းပါး
A A
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရားရုံးတွင် ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက်က တွေ့မြင်ရသည့် Xavier Justo ။ သူသည် အကျဉ်းထောင်တွင် အချုပ်ခံထားရသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရားရုံးတွင် ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက်က တွေ့မြင်ရသည့် Xavier Justo ။ သူသည် အကျဉ်းထောင်တွင် အချုပ်ခံထားရသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။

12.1k
VIEWS
Share on FacebookShare on Twitter

သို့သော်လည်း သူတို့ အပြင်းအထန် ဆွေးနွေးနေချိန်တွင် Patrick Mahony ၏ တယ်လီဖုန်း က မြည်လာသည်။ Tarek Obaid ဆက်ခြင်း ဖြစ်ပြီး ဆွစ်ဇာလန် ဖရန့်စ် ၅ သန်း (စတာလင်ပေါင် ၃.၈၅ သန်း) နှင့် အရ ညှိရန် Patrick Mahony ကို သူက ပြောခဲ့သည်။

သူ့စိတ်ထဲရှိသမျှ အားလုံးကို Patrick Mahony သို့ပြောပြခဲ့သော Xavier Justo က သူ၏စိတ်ခံစားမှု အနိမ့်ဆုံး အဆင့် သို့ ရောက်နေပြီ ဖြစ်ကြောင်း မျက်ရည်ဝဲရင်း ပြောခဲ့သည်။ နောက်တနေ့ရောက်သော အခါ သူ၏ အလုပ်နုတ်ထွက်မှု အတွက် ဆွစ်ဇာလန် ဖရန့်စ် ၄သန်း (စတာလင်ပေါင် ၃ သန်း) သာဖြစ်ကြောင်း သူ့ကို ပြောခဲ့သည်ဟု Xavier Justo က ဆိုသည်။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
711
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
350
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
3.3k

နာကျည်းစိတ်ကြောင့် Xavier Justo က PetroSaudi ဆာဗာမှ အချက်အလက်များကို ကူးယူခဲ့သည်။ အလုပ်က ထွက်ပြီး ၂ နှစ် ကျော်ကျော်အကြာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ တွင် Xavier Justo က သူ့အတွက် ကြမ္မာ ငင်စေ မည့် အီးမေးလ် တစောင်ကို Patrick Mahony ထံသို့ ပို့မိခဲ့သည်။

သူ့ကို ပေးရန်ရှိသည်များကို ပေးရန် နှင့် သူ့တွင် PetroSaudi နှင့် ပတ်သက်သည့် သတင်းအချက်အလက်ဖိုင် တခု ရှိကြောင်း သူကပြောသည်။ “တရားဝင် ဘက်ခြမ်းမှာတော့ ရုပ်ပြကောင်း အောင်လုပ်ထားပေမယ့် လက်တွေ့ကတော့ ကော်မရှင်၊ ကော်မရှင်၊ ကော်မရှင် ပဲ” ဟု သူက ရေးသားခဲ့သည်။

ဒေါသတကြီး ရောက်လာသည့် ပြန်စာတွင် Patrick Mahony က သူ့ကို ခြိမ်းခြောက်၍ ငွေညှစ်သည်ဟု Xavier Justo ကို စွပ်စွဲခဲ့သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းကို Patrick Mahony က “ခင်ဗျားရဲ့ ပျက်စီးခြင်းနဲ့အတူ ဒီအခြေ အနေ ဘယ်လို အဆုံးသတ်သွားမယ် ဆိုတာကို မြင်နေရတာက ကျနော့်ကို အရမ်းဒုက္ခပေးတယ်”ဟု ကြိုတင် သတိ ပေးခဲ့သည်။

လအနည်းငယ် ကြာသော အခါ 1MDB နှင့် ပတ်သက်၍ ဖော်ထုတ်ရေးသားမည့် ဂျာနယ်လစ်တဦးက မလေးရှားနိုင်ငံ မှ အလွန်ထူးခြားလှသော လုယက်မှု(အလွဲသုံးစားပြုလုပ်ခြင်း) တခုအကြောင်းကို လန်ဒန်တွင် တရုတ်စာ စားရင်း ပထမဆုံး ကြားသိခဲ့ရသည်။ Clare Rewcastle Brown နှင့် Bayswater ဟိုတယ်မှ စားသောက်ဆိုင်တခုတွင် တွေ့ဆုံ ခဲ့ သော အဆက် အသွယ်က PetroSaudi မှ အတွင်းရေး စာရွက်စာတမ်းများကို Screenshoot ဖမ်းယူထားသည့် ပုံများ ပြသခဲ့ သည်။

စာမျက်နှာ တခုတွင် “သဘောတူညီချက်နှင့် သက်ဆိုင်သော ထောင်နှင့်ချီသည့် စာရွက်စာတမ်းများ၊ အီးမေးလ်၊ ဖက်စ် နှင့် မှတ်တမ်းများ” ဟု ခေါင်းစဉ်တပ်၍ PetroSaudi နှင့် 1MDB တို့၏ သဘောတူညီချက်များကို ဖော်ပြထား သည်။ အမည်များ နှင့် သဘောတူညီချက်ကို Clare Rewcastle Brown က မှတ်မိနေခဲ့သည်။ သူ၏ နှလုံးက လျင်မြန် စွာ ခုန်လာခဲ့သည်။ “ကျမ ခေါင်းထဲမှာ ဗုံးတလုံး ပေါက်ကွဲသွားတယ်”ဟု Clare Rewcastle Brown က ပြန်ပြောပြ သည်။ အလွန်ကြီးမားသော သတင်းတခု ဖြစ်ကြောင်းကိုလည်း သူ ချက်ချင်း သိခဲ့သည်။

Clare Rewcastle Brown က ဗြိတိသျှ အသိုင်းအဝိုင်းအတွင်းမှ တော်လှန် ပုန်ကန်တတ်သူ တယောက်ဖြစ်သည်။ ယခု အခါ တချို့ အစိတ်အပိုင်းများက မလေးရှားနိုင်ငံနှင့် သက်ဆိုင်သွားပြီ ဖြစ်သော ဘော်နီယိုကျွန်းတွင် ဗြိတိသျှ အင်ပါယာ လက်ထက်က သူ့ကို မွေးဖွားခဲ့သည်။ သူ၏ ဖခင်မှာ ကိုလိုနီခေတ် ရဲဝန်ထမ်းတဦး ဖြစ်ပြီး ဒေသတွင်း ထောက်လှမ်းရေး ဌာန၏ အကြီးအကဲလည်း ဖြစ်သည်။

Clare Rewcastle Brown ၏ ခဲအိုမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Gordon Brown ဖြစ်သည်။ BBC သတင်းဌာနတွင် သတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ တွင် သူက သူ၏ မွေးရပ်မြေမှ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရန် ရည်ရွယ်သည့် ဝက်ဘ်ဆိုက်တခု ဖြစ်သော Sarawak Report ကို တည်ထောင်ခဲ့သည်။

လန်ဒန်မြို့လယ်မှ သူ၏ ကျဉ်းမြောင်းသော မီးဖိုဆောင်ထဲတွင် အလုပ်လုပ်ရင်း တိုင်းပြည်(မလေးရှား) ၏ မိုးသစ်တော များကို အမြတ်အစွန်း အတွက် လုယက်ဖျက်ဆီးနေကြသည့် သစ်နှင့် ရေနံ လုပ်ငန်းများမှ အကျင့်ပျက် ခြစားမှုများကို ဖော်ပြသည့် သတင်းများ တပုဒ်ပြီး တပုဒ် ရေးသားဖြန့်ချိခဲ့၏။ သူ၏ အီးမေးလ်ကို ဖောက်ထွင်း ဝင်ရောက်ခံခဲ့ရပြီး အသက် အန္တရာယ် ခြိမ်းခြောက်မှုများ ရရှိခဲ့သော်လည်း သူက ဂရုမစိုက်ဘဲ ဆက်လုပ်ခဲ့သည်။

 

Xavier Justo ၏ ဇနီးကို ဖုန်းဖြင့် ခေါ်၍ ပြောဆို ဆွေးနွေးမှု ပြုလုပ်သည် ဆိုသော ဘဏ်လုပ်ငန်းရှင် ဟောင်း Patrick Mahony

 

၂၀၁၃ ခုနှစ် အစောပိုင်းတွင် မလေးရှား နိုင်ငံရေးသမားများက Clare Rewcastle Brown ကို နိုင်ငံတော်၏ရန်သူ အဖြစ် တံဆိပ် တပ်ခဲ့ကြသည်။ သို့သော်လည်း သူက ကြောက်ရွံ့ရမည့် အစား ဂုဏ်ပြု ဆုတံဆိပ်တခု အဖြစ် သဘော ထားခဲ့သည်။ လူပုဂ္ဂိုလ် အရဆိုလျှင် Clare Rewcastle Brown က ဟာသဉာဏ်နှင့် တစွတ်ထိုးဟု ပြောရလုနီးပါး ရဲဝံ့ မှုကို ရောစပ်ထားသူ ဖြစ်သည်။ သူရွတ်နေကျ မန္တာန်မှာ “ကျမက သတင်းပဲလိုချင်ပါတယ်” ဟူ၍ ဖြစ်သည်။

Bayswater ဟိုတယ်တွင် တွေ့ဆုံခဲ့ပြီးနောက် 1MDB ၏ စာရွက်စာတမ်းများ ရရှိရန် လိုသည်ကို Clare Rewcastle Brown သိခဲ့သည်။ သို့သော်လည်း ပထမဆုံး အခက်အခဲမှာ PetroSaudi စာရွက်စာတမ်းများ၏ အရင်းအမြစ်က သတင်း အချက် အလက်အတွက် ငွေသန်းနှင့် ချီ၍ လိုချင်ကြောင်း သိသိသာသာ ဖော်ပြနေခြင်း ဖြစ်သည်။ သူ့မှာ မရှိ သော ငွေ ပမာဏ ဖြစ်သည်။

နောက်ထပ် အတားအဆီးတခုမှာ မလေးရှားရှိ မည်သည့် ဂျာနယ်လစ်ကမှ ထိုသတင်းကို မတို့ထိလိုကြခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က ရွေးကောက်ပွဲတွင် ပွတ်ခါသီခါ အနိုင်ရ၍ အာဏာပြန်လည် အား ကောင်း လာသည်။ PetroSaudi စာရွက်စာတမ်းများနှင့် ပတ်သက်၍ ကောလာဟလများက အမျိုးမျိုးထွက်နေ၏။ အချက်အလက်များ ပေါက်ကြားလာခြင်း၏ နောက်ကွယ်တွင် ရုရှားမာဖီးယားများ ရှိနေသည်ဟုတချို့က ပြောကြပြီး အခြားသူများကမူ သူ့အပေါ် ဝေဖန်သူများကို ထောင်ချောက်ဆင်ရန် အတွက် ဝန်ကြီးချုပ် နာဂျစ် က စနစ်တကျ စီစဉ် ထားသည့် ထောင်ချောက်တခု ဖြစ်နိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းကြသည်။

ကြောက်ရွံ့မှု မရှိသည့် Clare Rewcastle Brown က ထိုင်းနိုင်ငံရှိ သတင်းရင်းမြစ်နှင့် တွေ့ဆုံရန် သူ၏ အဆက် အသွယ် နှင့် စီစဉ်ခဲ့သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဘန်ကောက်မြို့ရှိ Plaza Athenee ဟိုတယ် ဧည့်ခန်း မ သို့ သူရောက် လာခဲ့သည်။ အရပ်ပုပု ထိပ်ပြောင်ပြောင် နှင့် မျက်မှန်တပ်ထားသော ဆွစ်ဇာလန် အမျိုးသား တယောက် နှင့် တွေ့ဆုံရန် မျှော်လင့် နေခဲ့ကြောင်း Clare Rewcastle Brown က သူ၏ ခင်ပွန်းကို ပြောခဲ့သည်။

သို့သော်လည်း ဟိုတယ်သို့ ရောက်လာသည့် Xavier Justo က အရပ် ၆ ပေနှင့် ၆ လက်မမြင့်သော သန်မာ ထွားကျိုင်း သူ တဦး ဖြစ်နေသည်။ ရုပ်ပိုင်းဆိုင်ရာ အရ အထင်ကြီးလောက်စရာ အလွန် ရည်မွန်သားနားသော အမျိုးသား တယောက်နှင့် ရင်ဆိုင် တွေ့ခဲ့ရသည်။ “ဘုရားသခင် ဒီလူက ကျမကို အမှုန့်ချေတော့မယ်”ဟု သူ တွေးခဲ့ သည်။

သို့သော်လည်း Clare Rewcastle Brown ကဲ့သို့ပင် ထိတ်လန့်နေခဲ့သည်ဟု Xavier Justo က ဝန်ခံခဲ့သည်။ Clare Rewcastle Brown ၏ အဆိုအရ Xavier Justo သည် အလွန်ပင် စိုးရိမ်ထိတ်လန့်နေခဲ့ပြီး “ကျနော်တို့ တွေ့နေရတဲ့ သူတွေက ညှာတာစိတ် မရှိဘူး။ ပိုက်ဆံတွေ အများကြီးရှိတယ်။ အာဏာလည်း အရမ်းရှိတယ်။ ကျနော်တို့ကို သူတို့ လုပ်ချင် သလို လုပ်နိုင်တယ်”ဟု ထပ်တလဲလဲ သတိပေးခဲ့ကြောင်း သိရသည်။

PetroSaudi နှင့် 1MDB သတင်း အချက်အလက်များ အတွက် အမေရိကန် ဒေါ်လာ ၂ သန်း လိုချင်ကြောင်းသူက Clare Rewcastle Brown ကို ပြောခဲ့သည်။ ထိုငွေသည် PetroSaudi မှ သူထွက်ခဲ့သည့် အချိန်က ရရှိခဲ့သင့်သောငွေ ဖြစ်သည် ဟုလည်း ပြောသည်။

တွေ့ဆုံချိန်တွင် သတင်းအချက်အလက် တချို့ ပေးခဲ့သော်လည်း ငွေမပေးလျှင် သတင်းမပေးနိုင်ဟု Xavier Justo က အခိုင်အမာပြောခဲ့သည်။ Clare Rewcastle Brown အနေဖြင့် စာရွက်စာတမ်းများ အတွက် ငွေပေးမည့် ချမ်းသာ ကြွယ်ဝသူ တဦး ရှာဖွေရန် လိုအပ်လာခဲ့သည်။

ထိုအချိန် ဝန်းကျင်ခန့်တွင် 1MDB နှင့် ပတ်သက်သည့် စိုးရိမ်မှုများက မလေးရှားနိုင်ငံတွင် စတင် ပျံ့နှံ့နေပြီ ဖြစ်သည်။ ဘဏ္ဍာရေး လေ့လာဆန်းစစ်သူများက အဆိုပါရန်ပုံငွေသည် ရယူထားသော ဒေါ်လာ ဘီလီယံနှင့် ချီသည့် ငွေများ အတွက် အတိုးများပေးရန် လုံလောက်သည့် ငွေကြေးများ ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း ထောက်ပြခဲ့ကြသည်။

 

1MDB ငွေကြေး အလွဲသုံးစားမှုနှင့် ပတ်သက်ပြီး ၎င်း၏ အာဏာ လုပ်ပိုင်ခွင့် အစွမ်းကိုသုံး၍ ကာကွယ်ခဲ့သည် ဆိုသော မလေးရှား ဝန်ကြီးချုပ် ဟောင်း နာဂျစ် ရာဇတ်

 

သန်းပေါင်း ရာချီသည့် ငွေများကိုရင်းနှီးမြှုပ်နှံမှုမှ မည်သို့မှ ပြန်လည်မရရှိနိုင်ဟု နားလည်ခဲ့ကြသည့် အနုပညာ လက်ရာ များ၊ ကျောက်မျက် ရတနာများ၊ အိမ်ခြံမြေ၊ လောင်းကစားနှင့် ပါတီပွဲများတွင် အသုံးပြုခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ် နာဂျစ် ၏ နိုင်ငံရေး အတိုက်အခံများက 1MDB ကို “1Malaysia’s Debt of Billions” ဟု အမည် ပြောင်းလဲသင့်ကြောင်း စွပ်စွဲ တိုက်ခိုက် လာကြသည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် နာဂျစ် အတွက် နောက်ထပ် နိုင်ငံရေး ထိုးနှက်ချက်တခု ဖြစ်လာသည်။ မလေးရှား ခေတ် သစ် နိုင်ငံရေး၏ သြဇာလွှမ်းမိုးသည့် ပုံရိပ်တခု ဖြစ်ပြီး မလေးရှားနိုင်ငံကို ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ ဝန်ကြီးချုပ် အဖြစ် အုပ်ချုပ်ခဲ့သော မဟာသီယာ မိုဟာမက် (Mahathir Mohamad) က သူတချိန်က မြေတောင် မြှောက်ပေးခဲ့ သည့် နာဂျစ် အပေါ် ထောက်ခံမှုကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြာင်း ကျေညာခဲ့သည်။

နောက်ပိုင်း ရက်သတ္တပတ်များတွင် မဟာသီယာ က ဝေဖန်မှုများ ပိုမိုကျယ်လောင်စွာ ပြုလုပ်လာခဲ့သည်။ 1MDB က မလေးရှားနိုင်ငံကို အန္တရာယ် ရှိလောက်အောင် မြင့်မားသည့် အကြွေးအဆင့်သို့ ရောက်အောင် လုပ်နေကြောင်း သတိ ပေး ခဲ့သည်။ ထိုသတိပေးချက်က လျစ်လျူရှုခြင်း ခံခဲ့ရသည်။ ရန်ပုံငွေ၏ ကြွေးမြီက ပိုမိုဖောင်းပွလာသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် 1MDB က အကြွေး ဒေါ်လာ ၁၁ ဘီလီယံ နီးပါး တင်နေခဲ့သည်။ ရန်ပုံငွေ အကြံပေးအဖွဲ့ ၏ ဥက္ကဌ ဖြစ်သော နာဂျစ် က စိုးရိမ်မှုမရှိသည့် အသွင်ရှိပြီး အကယ်၍ ရန်ပုံငွေက ဒေဝါလီ ခံလိုက်ရလျှင်ပင် အစိုးရ တွင် တာဝန်မရှိကြောင်း အစိုးရ သတင်း အေဂျင်စီသို့ ပြောကြားခဲ့သည်။

ပြဿနာ ပိုမိုနက်ရှိုင်း လာသည်နှင့် အမျှ Rewcastle Brown က PetroSaudi-1MDB စာရွက်စာတမ်းများ အတွက် Xavier Justo ကို ပိုက်ဆံပေးမည့်သူ ဆက်လက် ရှာဖွေနေခဲ့သည်။ အဆိုပါ အရှုပ်တော်ပုံနှင့် ပတ်သက်၍ စူးစမ်း လေ့လာမှု အရှိဆုံး သတင်းတချို့က မလေးရှားနိုင်ငံ၏ ရောင်းအကောင်းဆုံး အပတ်စဉ်ထုတ် စီးပွားရေး ဂျာနယ်ဖြစ် သည့် Edge တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်ကို သူသတိပြုမိ ခဲ့သည်။

ချမ်းသာကြွယ်ဝသည့် မဟာမိတ်တယောက် တွေ့ကောင်းတွေ့နိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် Clare Rewcastle Brown က Edge ၏ ပိုင်ရှင် Tong Kooi Ong နှင့် ဆက်သွယ်ခဲ့သည်။ Tong Kooi Ong မှာ စီးပွားဖြစ် ထုတ်လုပ်ရေး အများအပြား ကို ပိုင်ဆိုင်ထားသည့် ဘဏ်လုပ်ငန်းရှင်ဟောင်း မီဒီယာ သူဌေးကြီး တဦး ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် Clare Rewcastle Brown နှင့် Tong Kooi Ong တို့က စင်ကာပူရှိ ကြယ်ငါးပွင့် ဟိုတယ် တခု ဖြစ်သော Fullerton ၌ Xavier Justo နှင့်တွေ့ဆုံခဲ့ကြသည်။ Tong Kooi Ong က ကွန်ဖရင့် ခန်းမတခုကို ကြိုတင် စာရင်း ပေးခဲ့ပြီး IT ကျွမ်းကျင်သူ အများအပြားနှင့် Edge ၏ အယ်ဒီတာ ဖြစ်သူ Kay Tat တို့ကိုပါ ခေါ်သွားခဲ့ သည်။ ထိုတွေ့ ဆုံပွဲတွင် Xavier Justo က နောက် ၁၈ လအကြာတွင် အမေရိကန်တရားရေးဌာနမှ လိုက်မည့် လမ်းကြောင်း အတိုင်း 1MDB ဖက်စပ်လုပ်ငန်း နှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

မလေးရှားနိုင်ငံ စီးပွားရေး တိုးတက်မှု အတွက် ရည်ရွယ်ခဲ့သော ဒေါ်လာသန်းနှင့်ချီသည့် ငွေများက ဆေရှဲလ် (Seychelles) နိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီတခုသို့ လွှဲပြောင်းရောက်ရှိသွားသည့် အကြောင်းဖြစ်၏။ ငွေလွှဲ ပြောင်းခြင်းမျာ၏ အချက်အချာတွင် ရှိနေသူမှာ နာဂျစ် ၏ အကြံပေးနှင့် မိသားစု မိတ်ဆွေ Jho Low ဖြစ်သည်။

အလွန်ကြီးမားသော သတင်းဦး သတင်းထူး ဖြစ်ရန် အလားအလာ ရှိနေသည်။ Tong Kooi Ong က Xavier Justo ကို ဒေါ်လာ ၂ သန်းပေးရန် သဘောတူခဲ့သည်။ သတင်း အချက်အလက်များ ပါဝင်နေသော Disk များကို Clare Rewcastle Brown နှင့် Tong Kooi Ong တို့ ချက်ချင်း ရရှိခဲ့သည်။

 

1MDB ငွေများဖြင့် ဝယ်ယူ ထားသည် ဆိုသော ကမ္ဘာကျော် ပန်းချီဆရာ မိုနေး (Monet) ၏ ပန်းချီကား

 

သို့သော်လည်း ပိုက်ဆံကို ဘယ်တော့မှ မပေးခဲ့ရပါ။ Xavier Justo က ပိုက်ဆံကို ငွေသားနှင့် မလိုချင်ပါ။ သူ၏ ဘဏ် စာရင်း အတွင်းသို့ ငွေကြေး အမြောက်အများ လွှဲပြောင်းပေးခြင်းက သံသယ ဝင်စရာဖြစ်မည်ကိုလည်း သူက စိုးရိမ်ခဲ့ သည်။ Tong Kooi Ong က သူပိုင်ဆိုင်သော မိုနေး (Monets) ပန်းချီကားများထဲမှ တခုကို အပေါင် အဖြစ်ပေးထား မည် ဟု ကမ်းလှမ်း ခဲ့သော်လည်း Xavier Justo က ငြင်းဆန်ခဲ့သည်။ “မပေးပါနဲ့၊ ကျနော် ခင်ဗျားကို ယုံပါတယ်” ဟု သူက ပြောခဲ့သည်။

နောက်ဆုံးတွင် Clare Rewcastle Brown က သူ ၆လ ကျော်ကြာအောင် ခြေရာခံလိုက်ခဲ့သော အချက်အလက် များ ကို ရရှိခဲ့ပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Clare Rewcastle Brown က ပထမဆုံး သတင်းကြီးတပုဒ်ကို “ရာစုနှစ် ၏ လုယက်မှု (HEIST OF THE CENTURY!)” ဟု ခပ်ကြမ်းကြမ်း ခေါင်းစဉ်ပေး၍ အွန်လိုင်းတွင် တင်ခဲ့သည်။ အဆိုပါ သတင်းတွင် 1MDB ဖက်စပ်လုပ်ငန်းမှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်က နိုင်ငံခြား ကုမ္ပဏီ အမျိုးမျိုးနှင့် ဆွစ်ဇာ လန် ဘဏ်စာရင်း များသို့ မည်သို့ ရောက်ရှိသွားကြောင်း ဖော်ပြထားသည်။

သတင်း၏ သက်ရောက်မှုက တမ္ဘာလုံးသို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် နယူးယောက်မှ တိုက်ခန်းများနှင့် ပတ် သက် ၍ Jho Low က ငွေကြေး အမြောက်အများ သုံးစွဲခဲ့သည်ကို သတိပြုမိခဲ့ကြသော တရားဥပဒေ ထိန်းသိမ်း ရေး ပိုင်းမှ တာဝန်ရှိသူများက ယခုအခါတွင် Jho Low ၏ ချမ်းသာကြွယ်ဝမှု အရင်းအမြစ် ဖြစ်နိုင်ခြေ တခုကို ခိုင်ခိုင် မာမာ ရရှိခဲ့ပြီ ဖြစ်သည်။

သတင်းကို သုတေသနပြုလုပ်ရင်း Clare Rewcastle Brown က Sunday Times နှင့် ပူးပေါင်းခဲ့သည်။ အဆိုပါ သတင်း စာက သူ့အား Xavier Justo ပေးခဲ့သော ဖိုင်များကို Decrypt လုပ်ရာတွင် ကူညီပေးခဲ့သည်။ Sunday Times က မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် နှင့် တွေ့ဆုံ မေးမြန်းမှုတခု ပြုလုပ်ခဲ့သည်။

မဟာသီယာက စုံစမ်း စစ်ဆေးမှုတခု ချက်ချင်း ပြုလုပ်ရန်နှင့် အပြည့်အဝ စာရင်းစစ်ရန် တောင်းဆိုခဲ့သည်။

“ကျနော် မြင်သလောက် ဆိုရင် အကြောင်းပြချက် ကောင်းကောင်း မရှိဘဲနဲ့ ဒေါ်လာ သန်း ၇၀၀ နဲ့ ပတ်သက်လို့ တစုံ တယောက်က တစုံတရာ မိုက်မိုက်မဲမဲ လုပ်နေတာ ဖြစ်ရမယ်”ဟု မဟာသီယာ က ပြောသည်။

မလေးရှားနိုင်ငံတွင် တုံ့ပြန်မှုက လျင်မြန်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင် 1MDB ၏ စီမံခန့်ခွဲရေး အဖွဲ့က ဖက်စပ်လုပ်ငန်းမှ ၂၀၁၂ ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အကျိုးအမြတ် ဒေါ်လာ ၄၈၈ သန်းနှင့်အတူ ရင်းနှီး မြှုပ်နှံငွေကို အပြည့်အဝ ပြန်လည်ရရှိပြီး ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

PetroSaudi က အဆိုပါ ဒေါ်လာသန်း ၇၀၀ သည် PetroSaudi ပိုင် ကုမ္ပဏီများသို့ အားလုံး ရောက်ရှိသွားခြင်း ဖြစ် ကြောင်း ပြောကြား၍ သဘောတူညီချက်အရ ငွေပေးချေမှုများက Jho Low ထိန်းချုပ်ထားသည့် ကုမ္ပဏီများက ရရှိခြင်း မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။

Clare Rewcastle Brown ၏ သတင်း မပေါ်ပေါက်မီ ကလေးကပင် 1MDB ၏ ငွေချေးစာချုပ်များက များစွာ အဆင့် လျှော့ချခြင်း ခံခဲ့ရသည်။ 1MDB ၏ ဘဏ္ဍာရေးမှ အပေါက်တခုကို ပိတ်ဆို့နိုင်ရန် မလေးရှား အစိုးရ ရန်ပုံငွေများမှ နောက် ထပ် စတာလင် ပေါင် သန်း ၂၀၀ လိုအပ်လာပြီးနောက် မလွှဲမရှောင်သာသည့် အခြေအနေသို့ ရောက်ရှိ သွား သော ဝန်ကြီးချုပ် နာဂျစ် က မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်နှင့် လွှတ်တော် ငွေစာရင်း ကော်မတီကို စုံစမ်းစစ်ဆေးမှု တခု ပြုလုပ်ရန် အမိန့် ထုတ်ခဲ့သည်။

 

မလေးရှား ငွေကြေး အလွဲသုံးစားမှုနှင့် ပတ်သက်နေသည် ဆိုသော ဂျာနယ်လစ် Clare Rewcastle Brown

 

မကြာမီမှာပင် မလေးရှား ဗဟိုဘဏ်နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီတို့က 1MDB ကို စောင့်ကြည့် လာကြ သည်။ မလေးရှားနိုင်ငံ၏ ထိပ်တန်း ရဲအရာရှိကြီးများက ဝန်ကြီးချုပ်သည်လည်း စုံစမ်းစစ်ဆေးခြင်း ခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။

နာဂျစ် ရာဇတ် က အာဏာအပေါ်သူ၏ ချုပ်ကိုင်မှုကို တင်းကျပ်ခဲ့သည်။ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး အနေဖြင့် သူ့ တွင် ကြီးမားသော အခွင့် အာဏာ ရှိနေသည်။ ဧပြီလ အတွင်းတွင် အစိုးရက လွတ်လပ်စွာ ပြောဆိုခွင့် (အထူးသဖြင့် ဆိုရှယ်မီဒီယာတွင်) ကို ပြင်းထန်သော ပြစ်ဒဏ်များနှင့် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

PetroSaudi သဘောတူညီချက် အကြောင်းရေးသားခဲ့သော Tong Kooi Ong ၏ The Edge Media Group မှ အမှု ဆောင် ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။ အစိုးရက ဥပဒေသစ်တခုကိုလည်း စတင်မိတ်ဆက်ခဲ့သည်။ အကြမ်းဖက်သမား များ ကို ရည်ရွယ်သည့် အသွင်ရှိသော်လည်း သံသယ ရှိသူများကို အကန့်အသတ်မရှိ ဖမ်းဆီး ထိန်းသိမ်းရန် ထိုဥပဒေက ခွင့်ပြု ထားသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် Edge အပတ်စဉ်ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။

အရှုပ်တော်ပုံက ပိုမိုကြီးမားလာသည့် အသွင်ရှိသော်လည်း ဝန်ကြီးချုပ် နာဂျစ်ကိုမူ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါ။ ထို့နောက် မလေးရှား အစိုးရ စုံစမ်း စစ်ဆေးသူများ က 1MDB နှင့် ဆက်နွယ်မှုရှိသည့် ဘဏ်များ၊ အေဂျင်စီများ နှင့် ကုမ္ပဏီ များ ထံမှ ဒေါ်လာ ၆၈၁ သန်းကို ဝန်ကြီးချုပ် နာဂျစ် ၏ ကိုယ်ပိုင် ငွေစာရင်းများသို့ ၂၀၁၃ ခုနှစ်တွင် ထည့်သွင်း ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း Clare Rewcastle Brown နှင့် Wall Street ဂျာနယ်တို့က သတင်း ဖော်ပြခဲ့ကြသည်။ ရက် အနည်း ငယ် ကြာသည့်အခါ စုံစမ်းစစ်ဆေးသူများက 1MDB ရုံးများကို ဝင်ရောက် စီးနင်းခဲ့ကြသည်။

ယခုအခါ နာဂျစ် သည် သူထိန်းချုပ်သည့် မလေးရှား ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တခုမှ ဘီလီယံနှင့် ချီသော ဒေါ်လာများ ပျောက်ဆုံးသွားခဲ့သည့် စွပ်စွဲချက်များနှင့် ဆိုင်သည့် အကျင့်ပျက်ခြစားမှု ဖြစ်ရပ်တခု၏ အလယ်တွင် ရောက်ရှိနေ သည်။ တချိန်က နာဂျစ်ကို ထောက်ခံသူ တဦးဖြစ်ခဲ့သော ဒု ဝန်ကြီးချုပ် Muhyiddin Yassin က ရန်ပုံငွေနှင့် ပတ် သက် သည့် မေးခွန်းများကို ဖြေကြားပေးရန် သူ့ကို လူသိရှင်ကြား တောင်းဆိုလာခဲ့သည်။ နာဂျစ် ချောင်ပိတ်မိသွား သည့် အသွင်ဖြစ်သည်။ ။

The Guardian တွင် ဖော်ပြထားသည့် Randeep Ramesh ၏ 1MDB: The inside story of the world’s biggest financial scandal ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

ဆက်လက် ဖော်ပြပါမည်။

ဆက်စပ် ဖတ်ရှုရန် – ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၁)

ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၂)

Your Thoughts …
Tags: ငွေကြေး အလွဲသုံးစားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

1MDB ငွေကြေး အလွဲသုံးစားမှုတွင် ပါဝင် ဆက်စပ်သူများ / The Guardian

ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၁)

by ဧရာဝတီ
7 July 2018
15.2k

Xavier Justo သည် သူ၏ အလုပ်ရှင်ဟောင်း လန်ဒန်အခြေစိုက် လူသိနည်းသည့် ရေနံဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ် သော PetroSaudi ကို ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ပါသည်။

1MDB ငွေကြေး အလွဲသုံးစားမှုနှင့် ပတ်သက်ပြီး ၎င်း၏ အာဏာ လုပ်ပိုင်ခွင့် အစွမ်းကိုသုံး၍ ကာကွယ်ခဲ့သည် ဆိုသော မလေးရှား ဝန်ကြီးချုပ် ဟောင်း နာဂျစ် ရာဇတ် / The Guardian

ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၂)

by ဧရာဝတီ
11 July 2018
7.9k

ဆော်ဒီ အာရေးဗီးယား နိုင်ငံ၏ သံတမန်ရေး ထောက်ခံမှုကို အပြည့်အဝ အားကိုးနိုင်သော၊ ဆော်ဒီ တော်ဝင် မိသားစု ၏ ယာဉ်တခုသဖွယ် ဖြစ်သော ကုမ္ပဏီတခုက တံခါးဖွင့်ခြင်းကို ရတနာ သိုက်များက

ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၄)

ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၄)

by ဧရာဝတီ
21 July 2018
53.4k

သမိုင်းတွင် အမှန်တရားကို ဖော်ထုတ်ရန် အတွက် တကိုယ်ကောင်းမဆန်စွာ အန္တရာယ်ကို ရင်ဆိုင်ခဲ့သူ တဦး အဖြစ် ဖော်ပြခြင်း ခံရကောင်းမှ ခံရပါလိမ့်မည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရင်း လူမသိသူမသိ သူ့ကိုယ်သူ စတေး ခဲ့ရသည်။

Next Post
Huawei စမတ်ဖုန်းရဲ့ နည်းပညာ အသစ် GPU Turbo feature

GPU Turbo နည်းပညာအသစ် ရရှိမယ့် စမတ်ဖုန်းစာရင်းနဲ့ နေ့ရက်တို့ကို Huawei ကြေညာ

ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် နိဗ္ဗာန်ယာဉ်ဖြင့် မအူပင် ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံသို့ ရုပ်အလောင်းများ ပို့ဆောင် ပေးစဉ်  / မအူပင်မြို့ ကရုဏာ လူမှုကူညီရေး အသင်း

မအူပင်မြို့က ၂ လောင်းပြိုင် လူသတ်သမားကို ဖမ်းမိပြီ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate