• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          စင်ကာပူသည် မလေးရှား မဟုတ်

          by Karim Raslan
          28 July 2018
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          စင်ကာပူနှင့် မလေးရှားကို ဆက်သွယ်ထားသော နယ်စပ်တံတား

          စင်ကာပူနှင့် မလေးရှားကို ဆက်သွယ်ထားသော နယ်စပ်တံတား

          12.6k
          VIEWS
          Share on FacebookShare on Twitter

          မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက် Mahathir Mohamad က အာရှတွင် ကိုးကားစရာ အကောင်းဆုံး ခေါင်းဆောင် ဖြစ်ပါသည်။

          သူ၏ မဟာမိတ်အဖွဲ့ PakatanHarapan(PH) က ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိပြီး များမကြာမီ မေလအတွင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က စင်ကာပူနိုင်ငံသားများသည် “လွတ်လပ်ရေး ရရှိခဲ့သည့် အချိန်ကတည်းက အလားတူ ပါတီ၊ အလားတူ အစိုးရကိုသာ ရရှိခဲ့ခြင်းအတွက် ပင်ပန်းနေကြလောက်ပြီ” ဟု အရွှန်းဖောက်ခဲ့သည်။ စင်ကာပူနိုင်ငံမှ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) က ဆယ်စုနှစ် ၆ ခုနီးပါး အာဏာကို လက်ဝါးကြီး အုပ်ထားခဲ့သည်ကို သေသေချာချာ ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်ပါသည်။

          RelatedPosts

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          25 September 2023
          11k
          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          24 September 2023
          4.8k
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          24 September 2023
          819

          သမိုင်းက ကျနော်တို့ကို ပြောသည့် အတိုင်းဆိုလျှင် ဒေါက်တာ မဟာသီယာ မိုဟာမက်က စင်ကာပူ ပရိသတ် တယောက် မဟုတ်ပါ။

          အသက် ၉၃ နှစ် အရွယ် ဒေါက်တာ မဟာသီယာ မိုဟာမက်က အာဏာ ပြန်လည်ရရှိလာသည့် အချိန်တွင် စင်ကာပူ နိုင်ငံနှင့် ပတ်သက်၍ သူ၏ ပြောကြားချက်က အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်မှာလည်း နား လည်နိုင်စရာ ဖြစ်ပါသည်။

          စင်ကာပူနိုင်ငံတွင် ဖြစ်နိုင်သော အပြောင်းအလဲများ၏ စေ့ဆော်မှုကြောင့် ကျနော်တို့ Ceritalah အဖွဲ့က မလေးရှားနိုင်ငံ၏ သမိုင်းဝင် ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲအပေါ် စင်ကာပူနိုင်ငံသားများ မည်သို့ မြင်ကြသည် ကိုကြည့်ရန် ၊ (ထိုရွေးကောက်ပွဲက) သူတို့အပေါ်မည်သို့ သက်ရောက်မှုရှိလိမ့်မည်ဆိုသည်ကို သိရှိရန် ၂ နိုင်ငံကြားရှိ လမ်းကို ကျော်ဖြတ်၍ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။

          “PH အနိုင်ရသွားတာ စိတ်လှုပ်ရှားစရာပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကတော့ လက်ရှိ အနေအထား အတိုင်းပဲ မဲပေးကြမယ့် အသွင်မျိုး ရှိနေတုန်းပဲလို့ ကျနော် ထင်တယ်” ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် အရှေ့တောင်အာရှ လေ့လာရေး ကျောင်းသား ထရွိုင်ဖူး Try Foo က ပြောသည်။

          လွတ်လပ်သော မီဒီယာ ပလက်ဖောင်းတခုဖြစ်သည့် Mothership.SG ကို ပူးတွဲတည်ထောင်သူ တဦးဖြစ်သော မာတီနိုတန် Martino Tan ကလည်း “နာဂျစ်နဲ့ 1MDB လိုမျိုး အတိုက်အခံ နိုင်ဖို့ အကြောင်းရင်းတွေလည်း (ဒီမှာ) မရှိဘူးလေ” ဟု ရှင်းပြသည်။

          အမှန်တကယ်တွင်လည်း မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် အာဏာရ ပါတီဟောင်း Barisan Nasional(BN) မဟာမိတ် အဖွဲ့သည် အရေးပါသော အတားအဆီး ၃ ခုနှင့် ရင်ဆိုင်ခဲ့ကြရသည်။

          ပထမတခုမှာ BN ၏ အုပ်ချုပ်မှုအောက်တွင် အစားအစာနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် အတူ မလေးရှားနိုင်ငံ၏ စီးပွားရေးက တန်းတူညီမျှသော အခွင့်အရေးများကို မပေးနိုင်ခဲ့ ဆိုသည့် ခံစားမှုတခုက သူတို့ ကို ဖျစ်ညှစ်ခဲ့သည်။

          ဒုတိယအနေဖြင့် အများစုက မလိုချင်ကြသလို အနည်းငယ်မျှသာ နားလည် သဘောပေါက်ကြသည့် အရောင်းခွန် (GST ဟု ပိုသိကြသည်)က လူအများစု၏ နေ့စဉ် အခြေခံလိုအပ်ချက်များအပေါ် ဖိအားကို ပိုပြီး အရှိန်မြှင့် တိုးပွားလာစေသည်။ GST ကို ၂၀၁၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့်အခါ စားသုံးမှုအတွက် ပေးဆောင်ရသည့် ပြင်းထန်သော အခွန်အဖြစ် ပထမဆုံး ခံစားမိကြကာ ထိတ်လန့်၍ ဒေါသဖြစ်ခဲ့သော မလေးရှားပြည်သူ သန်းပေါင်းများစွာက အစိုးရ၏ သုံးစွဲမှုကို ပိုမို၍ စနစ်တကျ စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။

          GST စတင်သည့် ၂၀၁၅ ခုနှစ်တွင် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ပတ်သက်နေသော 1MDB ငွေကြေးအရှုပ်တော်ပုံက အများပြည်သူကြားတွင် ပေါက်ကွဲစေခဲ့သည်။ ထိုပြဿနာ ပေါ်ပေါက်လာခြင်းက အစိုးရအပေါ် ယုံကြည်အားထားမှု လျော့ကျနေခြင်းကို ထပ်မံ၍ ဆိုးဆိုးရွားရွား တိုက်စားစေခဲ့ပြီး လူထု၏ စိတ်တိုင်းမကျမှုများကို နောက်ထပ် အရှိန်မြှင့်ပေးခဲ့သည်။

          ထို့နောက် ဒေါက်တာ မဟာသီယာ မိုဟာမက် ဝင်လာသည်။ ၁၉၆၉ ခုနှစ်မှ စ၍ ရွေးကောက်ပွဲတွင် မည့်သည့် အချိန်ကမျှ မရှုံးနိမ့်ခဲ့ဖူးသည့် အသက် ၉၀ ကျော်အရွယ် ဒေါက်တာ မဟာသီယာ မိုဟာမက်က စီးပွားရေး လုပ်ငန်းများအပေါ် အခွန်အခများ လျှော့ချပေးရန် (အစိုးရ၏) ပျက်ကွက်မှု၊ GST စတင်ကောက်ခံခြင်းနှင့် နာဂျစ်ရာဇတ်၏ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို ရိုးရှင်းသော ဇာတ်ကြောင်းတခုပေါ်တွင် စုစည်း၍ အင်အားကောင်းသည့် ရွေးကောက်ပွဲ မက်ဆေ့ချ်တခု ဖြစ်လာအောင် ပုံဖော်ခဲ့သည်။

          စင်ကာပူနိုင်ငံတွင် အလားတူ ဖြစ်နိုင်ပါသလား။

          သေချာပါသည်။ စီးပွားရေးက သာမန် စင်ကာပူနိုင်ငံသားတို့၏ ဘဝကို ခက်ခဲအောင် စတင် ပြုလုပ်နေသည်မှာ မှန်ပါသည်။

          ကလေးတယောက်အမေ ကုမ္ပဏီဝန်ထမ်းတဦး ဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မယ်လစ်ဆာ ကျိုး Melissa Teoh (အမည်ရင်း မဟုတ်ပါ) ကဲ့သို့သောသူ အများအပြားက လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ရုန်းကိုင်နေကြရသည်။

          “အသက် ၄ နှစ် အရွယ် ကျမ ကလေးအတွက် မလေးရှားနိုင်ငံက နို့မှုန့်ဝယ်ပါတယ်။ အဲဒီမှာ တဗူးကို မလေးရှား ငွေ ၆၄ ရင်းဂစ်ပေးရတယ်။ ဒီမှာဆို စင်ကာပူ ၆၄ ဒေါ်လာကျတယ်။ ကျမတို့ လူနေမှုစရိတ်က အလွန်မြင့်နေ ပါတယ်။ ကျမတို့ရဲ့ ကလေးတွေ အတွက် စိုးရိမ်မိပါတယ်။”

          ၂၀၁၈ ခုနှစ် မတ်လတွင် The Economist Intelligence Unit က စင်ကာပူကို ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့ အဖြစ် သတ်မှတ်ခဲ့သည်။ မြို့ပေါင်း ၁၃၃ မြို့ထဲတွင် ဈေးအကြီးဆုံး အမှတ်စဉ် ၁ အဖြစ် ၅ နှစ်ဆက်တိုက် သတ်မှတ်ခြင်း ခံရသည်။ ဟောင်ကောင်၊ တိုကျို နှင့် ပါရီတို့၏ အထက်တွင် ရှိနေသည်။ စင်ကာပူနိုင်ငံ၏ GST မှာ ၇ ရာခိုင်နှုန်း ရှိပြီး မလေးရှားနှုန်းဟောင်း ဖြစ်သည့် ၆ ရာခိုင်နှုန်းထက် ပိုများနေသည်။

          သို့သော်လည်း ဝန်ကြီးချုပ် လီရှန်လွန်း Lee Hsien Loong ကြုံရသည့် နိုင်ငံရေး အကျပ်အတည်းက နာဂျစ်ရာဇတ်နှင့် နှိုင်းစာလျှင် သေးငယ်ပါသည်။

          ယနေ့ အချိန်အထိ လီရှန်လွန်း၏ အဆိုးဆုံး အရှုပ်မှာ (အရှုပ်ဟု ခေါ်မည်ဆိုလျှင်) စင်ကာပူနိုင်ငံကို တည်ထောင်သူ ဖြစ်သည့် သူ၏ ဖခင် လီကွမ်ယူ Lee Kuan Yew ၏ နေအိမ်ဟောင်း ဖြစ်သော အမှတ် ၃၈ Oxley လမ်းမှ အိမ်နှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အလယ်ပိုင်းက သူ၏ မွေးချင်းများဖြစ်သည့် လီရှန်ယန်း Lee Hsien Yang နှင့် ဒေါက်တာ လီဝေလင်း Lee Wei Ling တို့နှင့် အငြင်းပွားခဲ့ခြင်း ဖြစ်သည်။

          “မွေးချင်းတွေက လူသိရှင်ကြား အငြင်းပွားကြတဲ့အခါ ကျမ တကယ်ကို စိုးရိမ်မိတယ်။ ကျမတို့ လီကွမ်ယူကို ဆုံးရှုံးခဲ့ပြီးပြီ။ အစိုးရ ကျဆုံးသွားတော့မှာကို ကျမ စိုးရိမ်ခဲ့တယ်” ဟု မယ်လစ်ဆာ ကျိုး က ပြန်ပြောပြသည်။

          သို့သော်လည်း “ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အတိုက်အခံတွေထဲမှာ လူကြိုက်များတဲ့ပုံရိပ်၊ လူငယ်တွေ လူကြီးတွေကြားမှာ လူသိများတဲ့သူ၊ အစိုးရ အပြောင်းအလဲတခု ဖြစ်ဖို့အတွက် စင်ကာပူနိုင်ငံသားတွေကို စုစည်း ခေါ်ဆောင်သွားနိုင်မယ့်သူ မရှိပါဘူး” ဟု မာတီနိုတန်က သုံးသပ်သည်။

          အချို့ စင်ကာပူနိုင်ငံသားများက အတိုက်အခံခေါင်းဆောင်နှင့် အလုပ်သမားပါတီ (WP) ၏ အထွေထွေ အတွင်း ရေးမှူး ပရီတန် ဆင်း Pritam Singh အပေါ်တွင် မျှော်လင့်ကြသည်။

          သူက ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Aljuneid (အဖွဲ့လိုက် ကိုယ်စားပြုရသည့် မဲဆန္ဒနယ် GRC) တွင် မမျှော်လင့်ဘဲ အနိုင်ရခဲ့သည့် WP အဖွဲ့တွင် ပါဝင်သူ ဖြစ်သည်။ သို့သော်လည်း အသက် ၄၁ နှစ် အရွယ် ပရီတန် ဆင်းသည် ဒေါက်တာ မဟာသီယာ မိုဟာမက် အနေအထားမျိုး သို့မဟုတ် အောင်မြင်မှုမျိုး မရယူနိုင်သေးပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် WP က Aljuneid ကို ဆက်ထိန်းထားနိုင်ခဲ့သော်လည်း မဲ ၂ ရာခိုင်နှုန်းပင် မကွာဘဲ ပွတ်ခါ သီခါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

          ထို့ပြင် စင်ကာပူနိုင်ငံရေးက လူနေမှုစရိတ်များ မြင့်တက်လာခြင်းကလွဲလျှင် အပြောင်းအလဲအတွက် မဲဆန္ဒရှင်များကို စည်းရုံးရန် အကြောင်းအရာ ကင်းမဲ့နေသည်။

          ၂ နိုင်ငံကို ချည်နှောင်ထားသည့် အကြာင်းအရာ အများအပြားရှိနေသော်လည်း ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ စင်ကာပူက မလေးရှား မဟုတ်ပါ။

          မလေးရှားနိုင်ငံမှ မယုံနိုင်လောက်စရာ အပြောင်းအလဲ၏ မြင့်မားသော ခံစားမှုက မလေးရှားနိုင်ငံသားများနှင့် အရှေ့တောင် အာရှသားများအတွက် ဂုဏ်ယူနိုင်စရာတခု ဖြစ်သည်မှာ သေချာပါသည်။

          အငြင်းပွားဖွယ် သတင်းခေါင်းစဉ်များ သို့မဟုတ် ဆွဲအားကောင်းသည့် ပြိုင်ဘက်များ ရှိနေသည်ဆိုလျှင်ပင် စင်ကာပူနိုင်ငံ၏ အာဏာရပါတီ PAP က အချိန်မရွေး ဘယ်ကိုမှ ရောက်သွားမည် မဟုတ်သည့် အသွင်ရှိပါသည်။

          အနည်းဆုံးတော့ အခု လတ်တလော အချိန်တွင် ဖြစ်သည်။

          (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

          Your Thoughts …
          Tags: စင်ကာပူမလေးရှားရွေးကောက်ပွဲ
          Karim Raslan

          Karim Raslan

          Contributor

          Similar Picks:

          စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

          စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

          by ဧရာဝတီ
          8 September 2023
          11.6k

          စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

          စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

          စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

          by Gwen Robinson
          11 August 2023
          10.2k

          UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          by Justin Higginbottom
          13 September 2023
          9.6k

          ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

          ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

          ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

          by ဧရာဝတီ
          17 July 2023
          3.9k

          ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          by Han Fook Kwang
          14 September 2023
          3.5k

          ကိစ္စအများအပြားမှာ သဘောထား ကွဲလွဲနေနိုင်တဲ့ မဲဆန္ဒရှင်တွေဟာ စင်ကာပူရဲ့ ၉ ယောက်မြောက် သမ္မတ ဘယ်သူဖြစ်စေချင်တယ်ဆိုတဲ့ ကိစ္စမှာ သဘောတူညီမှု ရနိုင်ခဲ့ကြတယ်။

          မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ

          မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ

          by Maria Siow
          15 August 2023
          2.4k

          အရှေ့တီမောသည် အာဆီယံအတွင်း ဝင်ရောက်ရေးအတွက် ဆယ်စုနှစ်တခုကျော် ကြိုးစားခဲ့ပြီး လွန်ခဲ့သော နိုဝင်ဘာလတွင် ခွင့်ပြုချက်ရသည်။

          Next Post
          ကျားကောင်ရေမှာ လွန်ခဲ့သော ရာစုက ကောင်ရေ တစ်သိန်း ရှိရာမှ ယခု ကောင်ရေ ၄၀၀၀ ခန့်အထိ ကျဆင်းသွားသည် / WCS

          စစ်ပွဲများက ကျားထိန်းသိမ်းရေးကို ဟန့်တားနေ

          ၁၉၈၈ ဩဂုတ်လ ၂၆ ရက် ရွှေတိဂုံ ခြေရင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို မိန့်ခွန်းပြောကြားစဉ် / ထိန်ဝင်း

          ရှစ်လေးလုံး အရေးတော်ပုံ ရှားပါးဓာတ်ပုံများ ပြမည်

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          6 days ago
          12.9k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          5 days ago
          9k

          Most Read

          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved