• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တက္ကသိုလ်ဟူသည်

by တူးတူးသာ
6 August 2018
in ဆောင်းပါး
A A
ရန်ကုန် တက္ကသိုလ် အဓိပတိ လမ်းနဲ့ ဘွဲ့နှင်းသဘင် / ဧရာဝတီ

ရန်ကုန် တက္ကသိုလ် အဓိပတိ လမ်းနဲ့ ဘွဲ့နှင်းသဘင် / ဧရာဝတီ

9.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကြီးမှူးကျင်းပတဲ့ “တက္ကသိုလ်ဟူသည်” ခေါင်းစဉ်နဲ့ စာပေ စကားဝိုင်းကနေ ပါဝင်တဲ့ စာရေးဆရာ၊ ဆရာမတွေရဲ့ သူတို့ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ် အတွေ့အကြုံနဲ့ ဖြစ်စေ ချင်တဲ့ တက္ကသိုလ် အခင်းအကျင်းတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

တချိန်တုန်းက တက္ကသိုလ်

RelatedPosts

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
781
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
212
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
3.7k

ပါဝင်ဆွေးနွေးတဲ့ စာရေးဆရာ၊ ဆရာမတွေကတော့ ပန်မြန်မာအဖွဲ့ဝင်တွေ ဖြစ်ကြပြီး ဦးဆောင်ဆွေးနွေးသူ အဖြစ် စာရေး ဆရာစောဝေနဲ့အတူ စာရေးဆရာမ ခင်မြဇင်၊ စာရေးဆရာမ ခင်သန္တာ၊ စာရေးဆရာ ဟန်ဇော်နဲ့ စာရေးဆရာ နေဘုန်းလတ် တို့ ဖြစ်ပါတယ်။

ဆရာမ ခင်မြဇင်က သူဖြတ်သန်းခဲ့တဲ့ သူ့ခေတ်သူ့အချိန် ဖြစ်တဲ့ ၁၉၇၅၊ ၇၆ ဝန်းကျင်က ရန်ကုန် တက္ကသိုလ် အကြောင်း ကို အရင်ဆုံး ဆွေးနွေးပါတယ်။

အဲဒီတုန်းက တက္ကသိုလ်ဟာ မဆလ အာဏာရှင်စနစ်အောက်က ရုန်းကန်လှုပ်ရှားနေရတာကို ဆရာမရဲ့ ပြောပြချက် တွေ ကနေ သိရပါတယ်။

ပန်းပေါင်းစုံဖူးပွင့်ရာ ရန်ကုန်တက္ကသိုလ်ကြီးဟာ အဲဒီကာလမှာ အနုပညာအသင်း၊ ဂီတခန်း၊ ပန်းချီခန်းတွေနဲ့ ပျော်စရာ ကောင်း ခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ နံရံကပ်စာစောင်၊ တက္ကသိုလ် မဂ္ဂဇင်း တွေ ကနေ တဆင့် ဒီနေ့ နာမည်ကြီးနေတဲ့ အနုပညာရှင်များစွာကို အဲဒီခေတ်က သန္ဓေတည်နိုင်ခဲ့ပါတယ်။

စာရေးဆရာမင်းလူ၊ ပန်းချီစံမင်း၊ ပန်းချီမျိုးမြင့်၊ ပန်းချီမမွှေး၊ စာရေးဆရာ သားကြီးမောင်ဇေယျ၊ မောင်မောင်စနေ စတဲ့ သူတွေဟာ အမျိုးသားစာပေ ဆုရှင် စာရေးဆရာမ ခင်မြဇင်နဲ့ တစ်ခေတ်တည်း ဖြတ်သန်းခဲ့သူတွေပါ။

ဆရာမ ခင်မြဇင်က စီးပွားရေးတက္ကသိုလ်ကျောင်းသူ ဖြစ်တဲ့အတွက် သူဖြတ်သန်းခဲ့တဲ့ ခေတ်ရဲ့ စီးပွားရေး တက္ကသိုလ် မဂ္ဂဇင်း အကြောင်း ပြောပြပါသေးတယ်။

အာဏာရှင် မဆလ အစိုးရ လက်အောက်မှာ တက္ကသိုလ်က ပန်းချီပြပွဲတွေ၊ မဂ္ဂဇင်းတွေဟာ စိစစ်ရေးရဲ့ ဓားချက်နဲ့ မကင်း ခဲ့ ပါဘူး။ မဂ္ဂဇင်းအဖုံးက သရုပ်ဖော်ပုံကို အာဏာပိုင်တွေက အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ပြီး မဂ္ဂဇင်းထုတ်ဝေခွင့်ကို ပိတ်ပင်ခဲ့ပါ တယ်။ ထုတ်ဝေခွင့်ပြန်ပေးတဲ့ အခါမှာ မဂ္ဂဇင်းကို မျက်နှာဖုံးသရုပ်ဖော်ပုံ ထည့်ခွင့် မပေးတဲ့အတွက် အနက် ရောင် ပြောင်ပေါ်မှာ စီးပွားရေးတက္ကသိုလ် တံဆိပ် အနီရောင်နဲ့ မဂ္ဂဇင်း ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။

တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပန်းချီပြပွဲ တွေမှာလည်း သုံးထားတဲ့ အရောင်တွေကို အမျိုးမျိုး အဓိပ္ပာယ် ကောက်ကြတာကြောင့် ပန်းချီကားတွေကို လွတ်လပ်စွာ ရေးဆွဲခွင့်၊ ပြသခွင့် မရခဲ့ကြပါဘူး။

အာဏာရှင် အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ တက္ကသိုလ် ကျောင်းသားတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ ဖြတ်သန်း ခဲ့ကြ၊ အနုပညာ ဝါသနာပါသူတွေက အနုပညာလောကထဲမှာ ကြော်ကြားတဲ့ အနုပညာရှင်တွေ အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြတာ ကို ဆရာမခင်မြဇင်ရဲ့ အတွေ့အကြုံကနေ သိရပါတယ်။

တက္ကသိုလ် ဟူသည် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြတဲ့ ဆရာ၊ ဆရာမများ / တူးတူးသာ

ဦးဆောင်ဆွေးနွေးတဲ့ စာရေးဆရာ စောဝေက ဆရာမ ခင်မြဇင်ရဲ့ ဆွေးနွေးမှု အပြီးမှာ “ဆရာမရဲ့ ပြောပြချက်ကို နားထောင် အပြီးမှာ ခေတ်ကြပ်ကြီးထဲမှာတောင် တက္ကသိုလ် ကျောင်းသားတွေဟာ အနုပညာကို ရတဲ့နည်းနဲ့ ဖန်တီး ခဲ့ကြ တယ်” လို့ ဆိုပါတယ်။

ဆရာမ ခင်မြဇင် အလှည့်အပြီးမှာ ဆရာဟန်ဇော် အလှည့် ဖြစ်ပါတယ်။

ဆရာဟန်ဇော်တို့ ခေတ်ကတော့ တက္ကသိုလ်ဆိုတာ တကယ့်ကို မှောင်မိုက်နေတဲ့ အခြေအနေ တခုလို့ ဆိုရမှာပါ။ သူ့ ခေတ် မှာ အဝေးသင် (စိတ်ပညာ) ကျောင်းသားတဦး အဖြစ်သူ ခံယူခဲ့တယ်။ ဆရာဟန်ဇော် အနေနဲ့ စိတ်ပညာ ယူရ တာ ကတော့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ အလွှမ်းမိုးခံခဲ့ရတယ် လို့ပဲ ဆိုရမှာပါ။

အဝေးသင် ကျောင်းသား ဘဝမှာတောင်သူဟာ တက္ကသိုလ်က အနုပညာအသင်း စတဲ့ အသင်းတွေမှာ ပါဝင်ခဲ့ပေမယ့် သူတို့ ကျောင်းသားဘဝက အမြင့်ဆုံးလှုပ်ရှားမှုဟာ ဆရာကန်တော့ပွဲလောက်ပဲလို့ ပြောပြပါတယ်။

“မှတ်တမ်းတွေကို ပြန်ကြည့်ရင်တွေ့ရပါလိမ့်မယ်။ ကျနော်က ကျောင်းမှာ ဘာအသင်း ညာအသင်းတွေရဲ့ အတွင်းရေး မှူး၊ ဥက္ကဋ္ဌ စတာတွေ တာဝန်ယူထားရပေမယ့် ကျနော်တို့ခေတ်က ဘာမှကို လုပ်ခွင့်မရတဲ့ အနေထားပါ” လို့ သူက ပြောပါ တယ်။

သဘောကတော့ အသင်းတွေရှိတယ်၊ တာဝန်တွေလည်း ရှိခဲ့တယ်၊ ဒါပေမယ့် ဘာမှ မလုပ်ခဲ့ရဘူး ဆိုတာပါပဲ။ အဲဒီ အချိန်က ၁၉၉၇၊ ၉၈ ဝန်းကျင်ကာလ၊ နအဖ စစ်အစိုးရ လက်ထက် ဖြစ်ပါတယ်။

အဝေးသင်နဲ့ စိတ်ပညာကို သင်ယူခဲ့ပြီးတဲ့ ဆရာဟန်ဇော်ဟာ ယဉ်ကျေးမှုတက္ကသိုလ်မှာ Digital Art ဒီပလိုမာ ပထမ ဆုံး အသုတ်ကို တက်ရောက်သင်ယူခဲ့ပါတယ်။ နောက်တော့ ၂၀၀၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဒီပလိုမာ သင်တန်း တွေ စဖွင့်တော့ သူဟာ စိတ်ပညာ ဒီပလိုမာတန်းကို တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အရှိန်အဝါကြီးမားမှု၊ ငယ်ငယ်ကတည်းက ဖတ်ခဲ့ရတဲ့ စာအုပ်တွေရဲ့ လွှမ်းမိုးမှုကြောင့် ရန်ကုန် တက္ကသိုလ်ကြီးမှာ စိတ်ပညာ ဒီပလိုမာတန်းကို တနှစ်ပိုပြီး တက်ရအောင် စာမေးပွဲ တနှစ် မဖြေဘဲတောင် နေခဲ့သူပါ။

ဆရာဟန်ဇော်ရဲ့ ဆွေးနွေးချက်ကို အကျဉ်းချုပ်ပြီးဆိုရရင် ခေတ်ကိုချုပ်ကိုင်ထားတဲ့ အာဏာပိုင်တွေရဲ့ တားဆီးမှုတွေ ကြားက ကိုယ်လိုရာ ပန်းတိုင်ကို အရောက်လှမ်းနိုင်သူလို့ ဦးဆောင်ဆွေးနွေးသူ ဆရာစောဝေက ဆိုပါတယ်။

သူတို့ရဲ့ ဆွေးနွေးချက်တွေကို နားထောင်ရင်း ကျမကိုယ်တိုင် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝကို သတိမရဘဲ မနေနိုင်အောင်ပါပဲ။ တက္ကသိုလ်ကို ဆုံးအောင် တက်ခွင့်မရဘဲ ငယ်ငယ်က မျှော်လင့်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဝင်းကြီး ကို ကျောခိုင်းလို့ ဂျီတီအိုင်ကျောင်းသူဘဝကို ခံယူရင်း ရတဲ့နေရာကနေ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသူငယ်ဘဝကို ပြန်လည် လွမ်းဆွတ်မိပါတယ်။

နောက်တယောက် အလှည့်ကျသူကတော့ ဆရာမ ခင်သန္တာ ဖြစ်ပါတယ်။ ဆရာမ ခင်သန္တာကတော့ ဟင်္သာတ တက္ကသိုလ်မှာ တက်ခဲ့ရတာပါ။ သူကျောင်းတက်ခဲ့တဲ့ ကာလက ၁၉၉၃ ဝန်းကျင်ကာလပါ။ အဲဒီတုန်းက ၁၉၈၈ အရေးအခင်းကြီးပြီးခါစ ကျောင်းတွေ ပိတ်လိုက်ပြီး ပြန်ဖွင့်တော့ ၄ နှစ်သင်ရမယ့်စာကို ၂ နှစ်တည်း သင်ပြီး ဘွဲ့ယူ ခဲ့ရတဲ့ ခေတ်နဲ့ ကြုံကြိုက်ခဲ့ပါတယ်။

ဒါပေမယ့် ဆရာမတို့ခေတ်က ဆရာကောင်းတွေ ကြုံခဲ့ရပါတယ်။ ဆရာမက သူတို့ ခေတ်က တက္ကသိုလ်အကြောင်း ပြော ရာမှာ စာသင်ကောင်းတဲ့ အင်္ဂလိပ်စာ ဆရာတယောက်ရဲ့ အဆောင်ရှေ့မှာ ကျောင်းသူတွေ ဂစ်တာသွားတီး သီဆိုခဲ့တဲ့ အကြောင်းပါ အမှတ်ရ ထည့်သွင်းပြောသွား ပါသေးတယ်။ အဲဒီ ဆရာကတော့ အခု အင်္ဂလိပ်စာ ဆရာ တယောက်လည်း ဖြစ်တဲ့ ကဗျာဆရာ ဇေယျာလင်းပါ။

ကျောင်းထဲမှာ ကဗျာစာအုပ်ထုတ်ဖို့ ကြိုးစား၊ နံရံကပ်စာစောင်၊ အနုပညာကိစ္စတွေ လုပ်ဖို့ကြိုးစား ကြပေမယ့် လုပ်ခွင့် မရ ကြပါဘူး။ ကျောင်းသူကျောင်းသားတွေ ဒီဘိတ်လုပ်ကြမယ် ဆိုတော့ လုပ်မယ့် ဒီဘိတ်ကို မော်ကွန်းထိန်းဆီ ကြိုတင်ရမယ် ဆိုတာမျိုးလုပ်လာတော့ ဒီဘိတ် အစီအစဉ်လည်း ပျက်သွားခဲ့ ပါတယ်။

ကျောင်းထဲမှာ လုပ်စရာမရှိ၊ ကျောင်းသားတွေအတွက် ပျော်စရာ မရှိတဲ့ သူတို့ ကျောင်းသူကျောင်းသား တွေဟာ ကျောင်း ပြင် မှာ ပျော်စရာ ကြံဖန်ရှာကြပါတော့တယ်။ ထန်းတောထဲမှာ အချိန်ကုန်ကြ၊ ကျောင်းပြင်ပက ကျောင်းနဲ့ မဆိုင်တဲ့ လေလွင့်မှုတွေနဲ့ ရှုပ်ထွေးကုန်ကြပါတယ်။

“တကယ်တော့ ကျောင်းဝင်းထဲမှာ ကျောင်းသားတွေအတွက် လုပ်စရာတွေရှိရင် ဘယ်သူမှ ကျောင်းပြင်ထွက်ပြီး ပျော်စရာ ရှာစရာ အကြောင်းမရှိဘူး” လို့ ဆရာမ ခင်သန္တာက ပြောပါတယ်။
ဘယ်လောက်ထိ ဖြစ်သွားလဲဆိုရင် အဲဒီကာလက ဧရာဝတီတိုင်း တိုင်းမှူးဟာ ယာဉ်တွေကို စစ်တဲ့အခါ မှတ်ပုံတင် စစ်ပါ တယ်၊ မှတ်ပုံတင် စစ်တာနဲ့ နာမည်ကြီးတဲ့ တိုင်းမှူးပေါ့။ အဲဒီမှာ သူတို့ကျောင်းက ကျောင်းသားတွေဟာလည်း အရက်မူးပြီး လာသမျှကားကို တားပြီး မှတ်ပုံတင် စစ်ကြပါတော့တယ်။ တစ်ရက်တော့ အဲဒီကျောင်းသားတွေ တားပြီး စစ်မိတဲ့ကားက တိုင်းမှူးရဲ့ ကားဖြစ်နေပြီး အဲဒီတိုင်းမှူး ကိုယ်တိုင် မှတ်ပုံတင် ပါမလာပါဘူး။ တိုင်းမှူးက ကျောင်းသား တွေကို ဖမ်းချုပ်ခိုင်းခဲ့ ပေမယ့် နောက်ဆုံး ပြန်လွှတ်ပေးရတဲ့ အထိ ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
နောက်တခုကတော့ သူတို့ တက္ကသိုလ်ကျောင်းသူဘဝတုန်းက စာသင်ကောင်းတဲ့ ဆရာမတယောက် အကြောင်း ကို လည်း ထည့်သွင်း ပြောပြခဲ့ပါသေးတယ်။

ပထဝီ ဘာသာရပ်နဲ့ ကျောင်းတက်တဲ့ ဆရာမ ခင်သန္တာတို့ဟာ Human Geography ဆိုတဲ့ အလွန် ပျင်းစရာကောင်း တဲ့ ဘာသာရပ်တခုကို သင်ယူခဲ့ရပါတယ်။ အဲဒီ ဘာသာရပ်ကို သင်တဲ့ ဆရာမက ကောင်းလွန်း လို့ ပျင်းစရာကောင်း တဲ့ ဘာသာရပ်အချိန်ကို မပျင်းနိုင်ဘဲ ဆရာမရဲ့ အတန်းပြည့်လျှံနေအောင် ကျောင်းသားတွေ တက်ကြတယ်လို့ ဆိုပါ တယ်။

စာသင်ကောင်းတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆိုရင် ကျောင်းသားတွေဟာ မပျင်းဘဲ၊ အတန်းမလစ်ဘဲ တက်ကြမှာပဲလို့ ဆရာမ က ပြောပါတယ်။

ခေတ်အဆက်ဆက် ကျောင်းသားတွေကို အာဏာရှင်တွေက အညွန့်ချိုးခဲ့ပေမယ့် ကျောင်းသားတွေဟာ ရတဲ့နည်းနဲ့ တော် လှန်တယ်၊ ကျောင်းသားတွေဟာ ဘယ်တော့မှ မညံ့ကြဘူးဆိုတာ ဆရာမ ခင်သန္တာရဲ့ ဆွေးနွေးမှုကနေ ကောက်နုတ်နိုင်ပါ တယ်။

ဆရာနေဘုန်းလတ်အလှည့် ကျပြန်တော့ တမျိုးထူးခြားတဲ့ ရသတမျိုးကို ရရှိပြန်ပါတယ်။

ဆရာနေဘုန်းလတ်ဟာ အင်ဂျင်နီယာ တက္ကသိုလ် (TU) တက်ခွင့်ရသူ တယောက်ပါ။ ဒါပေမယ့် သူတို့ခေတ်မှာ တစ်ချိန် က နာမည်ကျော် သြဇာကြီးခဲ့တဲ့ RIT၊ နောက်တော့ YIT လို့ ခေါ်တဲ့ ခဝဲခြံက ကျောင်းကြီးမှာ တက်ခွင့် မရခဲ့ပါဘူး။ သန်လျင် က GTC မှာပဲ တက်ခဲ့ရတာပါ။ ကောလိပ်အဆင့်ပဲ ပေးခဲ့တဲ့ ကျောင်းကို ကျောင်းသားတွေ ဆန္ဒပြကြလို့ GTU အဖြစ် အဆင့်မြှင့် ပေးခဲ့တာပါ။ တကယ်တော့ သူလုပ်ချင်တာ အင်ဂျင်နီယာတယောက် မဟုတ်ဘဲ စာရေးဆရာတယောက် မဟုတ်ရင် နိုင်ငံရေးသမားတယောက် ဖြစ်ချင်ခဲ့တာတဲ့။

ရွေးချယ်ခွင့်နည်းပါးခဲ့တဲ့၊ လူငယ်တွေကို ရွေးချယ်ခွင့် သိပ်မပေးတဲ့ ခေတ်ကြီးမှာ ဆရာနေဘုန်းလတ်ဟာ မိဘ၊ အသိုင်း အဝိုင်း၊ သူရရှိခဲ့တဲ့ ရမှတ်တွေနဲ့ သန်လျင်က အင်ဂျင်နီယာကောလိပ်မှာ တက်ခဲ့ရပါတယ်။ သန်လျင်ကနေ တဆင့် လှိုင်သာယာမှာလည်း သွားတက်ခဲ့ရပါသေးတယ်။ သူတို့ခေတ်မှာ တက္ကသိုလ်ဘွဲ့မပေးဘဲ ဒီပလိုမာပဲ ပေးလို့ ဘွဲ့ပေးဖို့ ဆန္ဒပြ ကြတာတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ GTC ကနေ GTU ဖြစ်သွားခဲ့ပါတယ်။

ဆရာနေဘုန်းလတ်ဟာ သူ့ရဲ့ တက္ကသိုလ် အတွေ့အကြုံကို မယ်မယ်ရရ မပြောပြခဲ့ပါဘူး။ ပြောပြစရာလည်း ထူးခြားမှု မရှိ လို့ပါလို့ သူက ဆိုပါတယ်။

ကျောင်းထဲမှာ အနုပညာ အလုပ်တွေ၊ ပွဲတွေလုပ်တယ်ဆိုတာ ကျောင်းသားတွေရဲ့ Management တိုးတက် စေဖို့ ဖြစ် တယ် လို့ သူက ပြောပါတယ်။ တက္ကသိုလ်မှာ စီစဉ်ခဲ့တဲ့၊ လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်တွေဟာ အပြင်လောက ရောက်တဲ့ အခါ ပြန်ပြီး အသုံးချနိုင်တယ်ဆိုတာကတော့ ငြင်းစရာမရှိအောင်ပါပဲ။

ဆရာနေဘုန်းလတ်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလမှာ ဘလော့ဂါတယောက် အဖြစ် လုပ်ဆောင်ခဲ့ပြီး ထောင်ဒဏ် အနှစ် ၂၀ ချခံခဲ့ရသူ ဖြစ်ပါတယ်။

သူက “လူငယ်တယောက်ဟာ သူဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ ဆိုတာကို သေချာသိဖို့တော့ လိုတယ်” လို့ ပြောပါ တယ်။

လူငယ်တွေက သူဘာဖြစ်ချင်တယ် ဆိုတာကို သေချာသိဖို့လိုသလို၊ နိုင်ငံတော်ဘက် ကလည်း အခွင့်အလမ်းတွေ ဖန်တီး ပေးဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

“အခုတော့ မြန်မာပြည်မှာက စာရေးဆရာဖြစ်ချင်လို့ ကျောင်းမရှိ၊ နိုင်ငံရေးသမား ဖြစ်ချင်တော့ကော ကျောင်းမရှိ၊ တက္ကသိုလ်မှာ စာရေးမယ်၊ နိုင်ငံရေးလုပ်မယ် ဆိုတော့လည်း ကန့်သတ်ခံခဲ့ရတယ်” လို့ ဆရာနေဘုန်းလတ်က ဆိုပါတယ်။

တကယ်တော့ တက္ကသိုလ်ဆိုတာဟာ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို၊ စာတခုတည်းသင်တာ မဟုတ်ဘဲ လူငယ် တယောက် ဘဝကြီးထဲကို ရောက်မသွားခင် ဘဝထဲမှာ ဘယ်လိုနေထိုင်ရမယ် ဆိုတာကို ကြိုတင် အစမ်းလေ့ကျင့် ပေးရာ နေရာတခုပါ။

အကြိမ်ကြိမ် အစမ်းလေ့ကျင့်ခဲ့ပြီး တကယ့်ဘဝကြီးထဲ ရောက်သွားချိန်မှာ ပေါင်းသင်းဆက်ဆံရေး၊ စီမံခန့်ခွဲမှု၊ ဖြန့်ကျက် တွေးခေါ်မှု စတဲ့ တက္ကသိုလ်ကရလာတဲ့ အလေ့အထတွေကို ဆင့်ပွားပြီး ဆက်လက်ရှင်သန် နိုင်ရမှာပါ။

ခေတ်ကျပ်ကြီး၊ ခေတ်ပျက်ကြီးထဲမှာ ဆယ်တန်းအောင်တော့ရော ဘာဖြစ်မှာလဲ၊ တက္ကသိုလ်က ဘွဲ့ရ တော့ကော ဘာဖြစ် လာမှာလဲလို့ မေးစရာ ရှိပေမယ့် ဆယ်တန်းအောင်ပြီးမှ တက်ခွင့်ရတဲ့ တက္ကသိုလ် ဆိုတာဟာ ဘယ်ခေတ်မှာ ပဲ ဖြစ်ဖြစ်၊ ဘယ်လိုဖိနှိပ်မှု အောက်မှာပဲဖြစ်ဖြစ် အညွန့်တလူလူ လူငယ်တွေအတွက် လာမယ့်အနာဂတ် ဘဝခရီးလမ်း အတွက် အစမ်း လေ့ကျင့်ရာ နေရာတခုပဲ ဆိုတာ ဆရာ၊ ဆရာမတွေရဲ့ ဆွေးနွေးမှုတွေကနေ ရပါတယ်။

လူငယ်တွေ အတွက်ကတော့ တက္ကသိုလ်ဆိုတာဟာ နေပူကျဲကျဲအောက်က စုတ်ချာနေတဲ့ တဲကြီးတတဲ ဖြစ်ပါစေ အပူ အပင်နည်းပါးတဲ့အချိန်မို့ ပျော်စရာကောင်းနေကြမှာပါပဲ။ အခက်အခဲတွေ၊ အတားအဆီးတွေ ကပဲ သူတို့အတွက် ပျော်စရာ စွန့်စားခန်းတွေ ဖြစ်နေမယ်လို့ ယုံကြည်မိပါတယ်။ ကျမတို့ ဂျီတီအိုင် တက်စဉ်ကလည်း အနေအထိုင် အစား အသောက် ဆင်းရဲတဲ့ အဆောင်သူဘဝကို ကြုံခဲ့ရပေမယ့် ပျော်စရာ ကောင်းခဲ့တာ ဒီနေ့အထိ ဘဝရဲ့ အပျော်ဆုံး အချိန် ဟာ ဂျီတီအိုင် ကျောင်းတက်နေချိန် လို့တောင် ပြောနိုင်ပါတယ်။

ဆရာနေဘုန်းလတ်ကတော့ လာမယ့်အနာဂတ် တက္ကသိုလ်တွေ တိုးတက်လာဖို့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ Mindset ကိုပါ ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။

ဆယ်တန်းအောင်လို့ ဒီများများပါပြီး အမှတ်ကောင်းခဲ့ရင် ဆရာဝန်လုပ်၊ အင်ဂျင်နီယာလုပ် ဆိုတဲ့ ခေတ်က ကုန်သွား ပါပြီ။ ဒါပေမယ့် ကျောင်းသားမိဘတွေထဲမှာ ရှေးရိုးစွဲ အတွေးတွေ ကျန်ရှိနေတုန်းပါပဲ။ ဆရာဝန် အမှတ်မီပေမယ့် ကျောင်းသား က သူ့ဝါသနာအရ အရှေ့တိုင်းပညာကို လေ့လာချင်သူဆိုရင် လေ့လာခွင့် ပေးရပါမယ်။ အခုအချိန်အထိ အလုပ်အကိုင် အခွင့်အလမ်းရဖို့ ဆိုတဲ့စိတ်နဲ့ ကလေးတွေ မသွားချင်တဲ့ ကျောင်းတွေကို အတင်းတက်ခိုင်းတာမျိုး မိဘဆွေမျိုး အသိုင်းအဝိုင်းက စဉ်းစားသင့်ပါပြီ။

သူတို့ဖြစ်စေချင်တဲ့ တက္ကသိုလ်

ဆရာ၊ ဆရာမ လေးယောက် ဆွေးနွေးပြီးချိန်မှာတော့ ဒီဆရာ၊ ဆရာမတွေ အနေနဲ့ အနာဂတ်မှာ ဖြစ်စေချင်တဲ့ တက္ကသိုလ် တွေက ဘယ်လိုတက္ကသိုလ်တွေ ဖြစ်မလဲလို့ ဆရာစောဝေက မေးခွန်းထုတ်ပါတယ်။

ဆရာနေဘုန်းလတ်က အရင်ဆုံး စပြောတာကတော့ တက္ကသိုလ်ဆိုတာ ဗျူရိုကရေစီ ယန္တရားအတွက် လူတွေ မွေးထုတ် ပေးတဲ့ နေရာမဖြစ်သင့်ဘူး၊ စာချည်းသင်ဖို့ မဖြစ်သင့်ဘူး။ သင်ယူရမှာတွေက –

Text Book ကိုသာမဟုတ်ဘဲ
– လွတ်လပ်မှုဆိုတာဘာလဲ သင်ယူရမယ်
– တာဝန်ယူမှု တာဝန်ခံမှုကို သင်ယူရမယ်
– မကြောက်တရားကို သင်ယူရမယ်
– တော်လှန်တဲ့စိတ်ကို သင်ယူရမယ် (ဒီနေရာမှာ တာဝန်ယူ တာဝန်ခံမှုလည်း ရှိရပါမယ်)
– လူလူချင်းဆက်ဆံရေးကို သင်ယူရမယ်
– အမှားအမှန်ခွဲခြားနိုင်မှုကို သင်ယူရမယ်လို့ ပြောသွားပါတယ်။

အချုပ်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် Confidence ရှိတဲ့ လူငယ်တွေကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်တွေ ဖြစ်လာ စေချင်တယ်လို့ ဆရာနေဘုန်းလတ်က ဆိုပါတယ်။

ဆရာမ ခင်သန္တာကတော့ တက္ကသိုလ်ဆိုတာ အရောင်အသွေးမတူတဲ့ ပန်းတွေစုစည်းဖူးပွင့်နေတဲ့ ဥယျာဉ်ကြီး ဖြစ်သင့် တယ်လို့ ပြောပါတယ်။ ဥယျာဉ်နဲ့ ရောင်းစားဖို့ စိုက်ထားတဲ့ပန်းခြံ မတူပါဘူး။ ရောင်းစားဖို့ စိုက်ထားတဲ့ ပန်းခြံကတော့ ပန်းတမျိုးတည်း၊ တရောင်တည်းကို စိုက်လည်းဖြစ်ပေမယ့် ဥယျာဉ်ကျတော့ တမျိုးစီ၊ တရောင်စီ ကွဲပြားလှပနေတဲ့ အနေအထားပါ။

ဆရာမက ဆရာနေဘုန်းလတ်ရဲ့ ဖြစ်စေချင်တဲ့ တက္ကသိုလ်ကို ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
– ဝေဖန်သုံးသပ်နိုင်စွမ်းကို သင်ယူနိုင်ဖို့
– တီထွင်ဖန်တီးနိုင်မှုကို သင်ယူနိုင်ဖို့ ဆိုတာတွေဖြစ်ပါတယ်။

ပညာရှင်တယောက်ရဲ့ ဆိုရိုးစကားကိုလည်း ဆရာမ ခင်သန္တာက ကိုးကား ပြောဆိုခဲ့ပါတယ် အဲဒါကတော့ “ငါ့ကိုပြော ရင်မေ့လိုက်မယ်၊ ငါ့ကိုသင်ရင်မှတ်ထားမယ်၊ ငါ့ကိုလုပ်ခွင့်ပေးမှ တတ်မြောက်မယ်” ဆိုတဲ့ စကားပါ။ ဆိုလို တာက တော့ တက္ကသိုလ် ကျောင်းသားတွေကို လုပ်ခွင့်ပေးမှသာ တတ်မြောက်မယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ဆရာဟန်ဇော်ကတော့ မြန်မာပြည်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိ ဆရာကြီး ဦးဖေမောင်တင်ကြောင့် ခေတ်စမ်း စာပေ ဆိုတာပေါ်ပေါက်လာတာကို ဥပမာပေး ပြောသွားပါတယ်။ အဓိကတော့ တက္ကသိုလ်မှာ သုတေသနတွေ လုပ်ခွင့် ပေးဖို့ပါ။

သူက “တက္ကသိုလ်ဆိုတာ လွတ်လပ်တဲ့ အဆောက်အအုံ ဖြစ်ဖို့လိုတယ်” လို့ ပြောပါတယ်။

တက္ကသိုလ်တခုဆိုတာ အဲဒီကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်တဲ့ နေရာဖြစ်ရမယ်၊ လွတ်လပ်တဲ့နေရာ၊ ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်တဲ့ နေရာ ဖြစ်ရမယ့်အပြင်၊ အဲဒီလို သင်ယူ နိုင်ဖို့ သင့်တင့်တဲ့ ပတ်ဝန်းကျင်ကို (ဒီနေရာမှာ ကိုလိုနီ အစိုးရက နယ်ချဲ့ပညာရေးကို ပျိုးထောင်ခဲ့ပေမယ့် ရန်ကုန် တက္ကသိုလ်ကို တက္ကသိုလ်နဲ့တူအောင် လှပ ငြိမ်းချမ်းတဲ့၊ အဆင့်မြင့်တဲ့နေရာတခု အဖြစ် ဖန်တီးပေးခဲ့တယ် ဆိုတဲ့ ဥပမာ ပေးခဲ့ပါတယ်) ဖန်တီးပေးရမယ်လို့ ဆိုပါတယ်။

“တက္ကသိုလ်တခုမှာ လွတ်လပ်တဲ့ သုတေသန ပြုခွင့်မရဘူးဆိုရင် ဇရပ်နဲ့တူတယ်” ဆိုတဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်း ရဲ့ စကားကို ကိုးကားရင်း ဆရာဟန်ဇော် ဖြစ်စေချင်တဲ့ တက္ကသိုလ်ကို ပုံဖော်ခဲ့ပါတယ်။

ဆရာမ ခင်မြဇင်ကတော့ စာကြည့်တိုက်တွေ၊ ပန်းချီပြခန်း၊ အနုပညာခန်းတွေနဲ့ “ဆရာ ဆရာမတွေ သင်ပေးတာသာ မက ဘဲ ကိုယ့်အတတ်ပညာကို ကိုယ့်ဘာသာ ရှာဖွေနိုင်တဲ့ တက္ကသိုလ် ဖြစ်သင့်တယ်” လို့ သူရောက်ခဲ့ဖူးတဲ့ နိုင်ငံတကာ က တက္ကသိုလ်တွေနဲ့ နှိုင်းယှဉ်ပြောသွားပါတယ်။

တက္ကသိုလ်က ဆရာတယောက် သူ့တပည့်တွေ စာတမ်းရေးဖို့ တက္ကသိုလ် စာကြည့်တိုက်ကို သွားတာ ကြုံဖူးတဲ့ အကြောင်း၊ ကျောင်းသားတွေက သူတို့စာတမ်း သူတို့ဘာသာ ပြုစုတာမဟုတ်ဘဲ ဆရာက ကိုယ်စား ပြုစုပေးတာဟာ ဝမ်းနည်းဖို့ ကောင်းကြောင်း ဆရာမ ခင်မြဇင်က ပြောသွားပါတယ်။

နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ အမေး၊ အဖြေကဏ္ဍမှာတော့ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ က ဆရာ၊ ဆရာမတွေကို မေးမြန်းကြတာပါ။

တက္ကသိုလ် ဟူသည် စကားဝိုင်းကို တက်ရောက်လာကြတဲ့ ကျောင်းသူ ကျောင်းသားတွေ / တူးတူးသာ

အဲဒီလိုမေးတဲ့ အထဲက စတုတ္ထနှစ် ကျောင်းသားတယောက်က ဆရာနေဘုန်းလတ်ကို မေးတဲ့ မေးခွန်းက စဉ်းစားစရာ ဖြစ်နေပါတယ်။

ဝါသနာမပါဘဲ မိဘ အဝန်းအဝိုင်းကြောင့် ရေကြောင်းတက္ကသိုလ် တက်ခဲ့ရသူ၊ သူက ပရဟိတ အလုပ်တွေ လုပ်ချင်သူ ဖြစ်တော့ ကျောင်းနဲ့ပတ်သက်တဲ့ ပရဟိတလုပ်ငန်းတွေလည်း ဝင်လုပ်ရင်း သူဝါသနာမပါတဲ့ ကျောင်းစာရဲ့ ဖိအားကို တခါတလေ ခံနိုင်ရည်မရှိတာကြောင့် အင်ဂျင်နီယာ ဘာသာရပ်ကို ဝါသနာမပါဘဲ တက်ရောက်သင်ယူခဲ့တဲ့ ဆရာ နေဘုန်းလတ်ကို ဒီဖိအားတွေ ဘယ်လို ကျော်လွှားခဲ့လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

အခြေအနေအရ ဒီအလုပ်ကို လုပ်ခဲ့ရပြီ ဆိုတဲ့အခါမှာ ကိုယ်ရတဲ့အခွင့်အရေးတွေကို လက်လွှတ်မခံဘဲ ဖြစ်သင့်တာကို လုပ်ရင်း ကိုယ်ဖြစ်ချင်တာကိုလည်း လုပ်လို့ရကြောင်း၊ သူကိုယ်တိုင်လည်း စင်ကာပူမှာ အင်ဂျင်နီယာအလုပ်ကို လုပ်ရင်း က သူဝါသနာပါတဲ့ စာရေးတဲ့အလုပ် (ဘလော့ဂါအဖြစ်) လုပ်နိုင်ခဲ့ကြောင်း ဆရာနေဘုန်းလတ်က ရှင်းပြပါ တယ်။

အဲဒီနေရာမှာ ဆရာစောဝေက စိတ်ဖိစီးမှု ဖြစ်လာရင် ရသစာပေ များများဖတ်ပါလို့ အကြံပေးပါတယ်။

နောက်ဆုံးနှစ် ကျောင်းသူတယောက်ကတော့ မေးခွန်းမဟုတ်ဘဲ ဆွေးနွေးပွဲအတွက် ကျေးဇူးတင်ကြောင်းနဲ့ သူလည်း ရသစာပေတွေ ဖတ်ရှုရတာ ကြိုက်ကြောင်း၊ စာဖတ်နေရရင် စိတ်ဖိစီးမှုတွေ လျော့ကျကြောင်း ပြောခဲ့ပါတယ်။

တက္ကသိုလ်ဟူသည် ဆိုတဲ့ ဆွေးနွေးပွဲဟာ ခေတ်မတူတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်း စာရေးဆရာ၊ ဆရာမတွေရဲ့ တက္ကသိုလ် အတွေ့အကြုံတွေကို မျှဝေခြင်းသာမက၊ လာမယ့်အနာဂတ် တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားမိဘတွေ အတွက် စဉ်းစား ဆင်ချင်စရာ၊ လေ့လာသင့်တဲ့ အချက်တွေ၊ စဉ်းစားစရာတွေ ချန်ထားပေးခဲ့တာ ဖြစ်ပါတယ်။

မတူကွဲပြားတဲ့ တက္ကသိုလ်တွေ တက်ခဲ့တဲ့ တခြားသော စာရေးဆရာ၊ ဆရာမတွေနဲ့ ဒီလိုပဲ တက္ကသိုလ်တွေမှာ ကျောင်း သား တွေ ကိုယ်တိုင်စီစဉ်တဲ့ ဆွေးနွေးပွဲတွေကို မကြာခဏ ပြုလုပ်ပေးမယ်၊ ပြုလုပ်ခွင့်လည်း ရမယ်ဆိုရင် အနာဂတ် တက္ကသိုလ်တွေရဲ့ တိုးတက်မှုအတွက် အပြုသဘောဆောင်နိုင်မယ်လို့ ယူဆကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။ ။

Your Thoughts …
Tags: တက္ကသိုလ်
တူးတူးသာ

တူးတူးသာ

ဧရာဝတီ

Similar Picks:

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

by ဧရာဝတီ
7 November 2024
5.4k

တိုက်ပွဲအတွင်း စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရာချီကြဲချနေသောကြောင့် မြို့တွင်း ပိတ်မိနေသည့်မြို့ခံများ ထွက်ပြေးလျက်ရှိကြောင်း

အလွယ်ဆုံး နှင့် အခက်ဆုံး

အလွယ်ဆုံး နှင့် အခက်ဆုံး

by အောင်သင်း
15 March 2025
1.6k

သူ့ ဌာနန္တရ မှာ ဝိသမ အခွင့်အရေးကို ယူမည်ဆိုပါလျှင် ဆူဆူဖြိုးဖြိုးကြီး ရရှိနိုင်သော နေရာမျိုး ဖြစ်ပါသည်။ ပတ်ဝန်းကျင်သည် သူ၏ စာရိတ္တ မဏ္ဍိုင်ကို ယိမ်းယိုင်စေခြင်းငှာ မတတ်နိုင်ခဲ့။

နေပြည်တော်က အခွင့်ထူးခံ တက္ကသိုလ် (ရုပ်/သံ)

နေပြည်တော်က အခွင့်ထူးခံ တက္ကသိုလ် (ရုပ်/သံ)

by ဇော်မြတ်ခန့်
12 September 2024
1k

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Naypyitaw State Academy (NSA) ဟာ နိုင်ငံဝန်ထမ်းသားသမီးတွေကို ဦးစားပေးမှာဖြစ်တယ်လို့ တရားဝင်ကြေညာ ထားပါတယ်။

စုပေါင်း ဘုံဗိမာန်သို့ ခရီး

စုပေါင်း ဘုံဗိမာန်သို့ ခရီး

by အထောက်တော် လှအောင်
25 November 2023
577

စီကာ ပတ်ကုံး မက်တတ်သည့် ဆောင်းတွင်း အိပ်မက် အကြောင်းကို ကျနော် ပြန်တွေးရင်း စိတ်ကူး ယဉ်ယဉ်ဖြင့် ပြုံးမိပါသည်။ ကျနော်ကား ဆောင်းတွင်း အိပ်မက်၏ အရသာကို ခံစားရင်း ကြည်နူး နှစ်သိမ့်လျက်…

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေသည့် ကျောင်းသားအရေအတွက် ယခုနှစ်တွင် ၂၀၁၉ ခုနှစ်က အရေအတွက်ထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်

စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်

by ဖီးနစ်
21 June 2023
12.4k

စစ်ကောင်စီအစိုးရမှ ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ အောင်စာရင်းများနှင့် အမှတ်စာရင်းများ ထွက်လာခဲ့သည်။

သတိုးသီရိသုဓမ္မ ဂျေ အက်စ် ဖာနီဗယ်

အစိုးရအဆက်ဆက် ရိုက်ချိုးခဲ့တဲ့ ဖာနီဗယ့် အိပ်မက်

by ဖီးနစ်
22 October 2022
6.3k

ဖာနီဗယ်ဟာ ၁၉၀၂ ခုနှစ်မှာ အိုင်စီအက်စ် ဝန်ထမ်းဖြစ်လာပြီး စစ်ကြိုခေတ် ထင်ရှားတဲ့ နိုင်ငံခြားသားများအနက် မြန်မာနိုင်ငံကို အစောဆုံး ရောက်လာတဲ့သူ ဖြစ်ပါတယ်။

Next Post
လယ်ယာလုပ်ငန်းသုံး ကျွဲနွားများ / ဧရာဝတီ

ကျွဲ ၊ နွားများ ပြည်ပ တင်ပို့မှု ကန့်သတ်ရေးအဆို ရှုံးနိမ့်

ကြောင်ချစ်သူတွေအတွက်Temari no Ouchi cat cafe

တိရစ္ဆာန်ချစ်သူတွေ ဂျပန်နိုင်ငံကိုရောက်ရင် သွားလည်သင့်တဲ့ နေရာ (၄) ခု

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.5k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate