• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် အီလစ်များ

by မောင်မောင်စိုး
30 August 2018
in ဆောင်းပါး
A A
အီလစ် အစုအဖွဲ့သုံးစု၏ ပူးပေါင်းခြင်းသည် NLD ခေါင်းဆောင်မှုကို ပုခုံးခြင်းယှဉ်လာနိုင်မည်လား  / Reuters

အီလစ် အစုအဖွဲ့သုံးစု၏ ပူးပေါင်းခြင်းသည် NLD ခေါင်းဆောင်မှုကို ပုခုံးခြင်းယှဉ်လာနိုင်မည်လား / Reuters

11.5k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲတို့နှင့်အတူ မြန်မာ့နိုင်ငံရေးအရွေ့တခု အစပြုသည်ဟု ဆိုကြသည်။ ထိုအရွေ့အား လက်ခံကျေနပ်သူများ ရှိသကဲ့သို့ လက်မခံနိုင်သူများလည်း အများအပြားရှိသည်။

မည်သို့ပင် ဖြစ်စေ တပ်မတော်နှင့် တပ်မတော်က ကျောထောက်နောက်ခံပြုထားသော အင်အားစုများက ဤအရွေ့ကို လက်ခံကာကွယ်နေသကဲ့သို့ မြန်မာပြည်သူ အများစု၏ ထောက်ခံမှု ရရှိထားသော NLD သည်လည်း နိုင်ငံရေးထွက်ပေါက်တခုအဖြစ် ရွေးချယ်ခဲ့သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.3k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.3k

၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် ပြည်တွင်းနိုင်ငံရေး၌ အခြေခံဥပဒေဆိုင်ရာ အကြပ်အတည်း တခု စတင်ခဲ့သည်။ ၎င်းမှာ လူထုက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာနှင့် ၂၀၀၈ အခြေခံဥပဒေအရ ရရှိထားသော တပ်မတော်၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာတို့ အကြား ပွတ်တိုက်မှု စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရတာဝန်ကို ကြံ့ခိုင်ရေးအစိုးရ လွှဲပေးစဉ်က မသိသာခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၏ ပုံသဏ္ဍာန်အမှန်ကို ပွင့်လင်းစွာတွေ့မြင်နိုင်ခဲ့သည်။

နိုင်ငံရေးအကြပ်အတည်းနှင့် ကြုံလျှင် ထွက်ပေါက်ရရန် အစုအဖွဲ့အသီးသီးက ကြိုးစားကြသည်မှာ ဓမ္မတာ ဖြစ်သည်။ လောလောဆယ် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကာလတွင် ပေါ်ထွက်လာသည့် အီလစ်များ (Elite) ၏ စဉ်းစားမှုများ၊ စုစည်းလာမှုများ ဖြစ်ပေါ်လာနေသည်ကို တွေ့ရပါသည်။

အီလစ် (Elite) ဆိုသည်မှာ

အီလစ် ဆိုသည်မှာ လူ့အလွှာတခုမှ လက်ရွေးစင်များဖြစ်ကြသည် ဟုလည်း ဆိုကြပါသည်။ ထိုအီလစ်များကို မနှစ်မြို့သူများကတော့ ၎င်းတို့အား ရေပေါ်ဆီများဟုလည်း ဆိုကြသည်။ မည်သို့ဆိုစေ အီလစ်ဆိုသည်မှာ လက်ရွေးစင် လူ့အလွှာတခုအဖြစ် လူ့အဖွဲ့အစည်း၌ တည်ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ၎င်းတို့အား နှစ်သက်သည်၊ သို့မဟုတ် မနှစ်သက်သည်က အပိုင်းတပိုင်းဖြစ်ပေလိမ့်မည်။

အီလစ်များသည် ၎င်းတို့တည်ရှိရာ လူ့အလွှာ၊ အစုအဖွဲ့၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့် လုပ်နိုင်စွမ်းကို ဆုပ်ကိုင် ပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။

အီလစ်များ

လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အီလစ်အုပ်စုများသည် အောက်ပါလူ့အလွှာ အစုအဖွဲ့များမှ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ ပထမ တွေ့ရသည့် အလွှာအစုအဖွဲ့မှာ စစ်ဗိုလ်အစုအဖွဲ့မှ ဖြစ်သည်။ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီး ကတည်းက စစ်ဗိုလ်များသည် မြန်မာပြည်နိုင်ငံရေးတွင် အရေးပါသည့် အစုအဖွဲ့အဖြစ် စတင်ခဲ့သည်။ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကလည်း စစ်ဗိုလ်များ၏ မရှိမဖြစ် ကဏ္ဍကို အသိမှတ်ပြု ဖော်ပြထားခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏အာဏာ အဆောက်အအုံကဏ္ဍ၊ အုပ်ချုပ်ရေး၊ လုံခြုံရေး ကဏ္ဍတို့တွင် စစ်ဗိုလ်များသည် အရေးပါသော အလွှာတခု၊ အုပ်စုတစုအဖြစ် ရပ်တည်နေသည်ကို ငြင်းပယ်၍ မရနိုင်ပေ။

နောက်ထပ် အီလစ်များ ထွက်ပေါ်ရာ အလွှာ၊ အစုအဖွဲ့တခုမှာ ပညာတတ်အလွှာ အစုအဖွဲ့မှဖြစ်သည်။ ပြည်တွင်း၌၎င်း နိုင်ငံတကာ၌လည်းကောင်း နိုင်ငံရေးသိပ္ပံပညာ၊ လူမှုရေး သိပ္ပံပညာ၊ စီးပွားရေးနှင့်စီမံခန့်ခွဲမှု ပညာတို့တွင် ကျွမ်းကျင် တတ်မြောက်ခဲ့ကြသည့် ပညာတတ်အလွှာ အစုအဖွဲ့များ ပေါ်ထွက် လာသည်။ ၎င်းတို့သည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ကြည့်မြင်နိုင်စွမ်း ရှိသော၊ လေ့လာ သုံးသပ်နိုင်စွမ်း ရှိသော ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသော၊ ပြောရဲဆိုရဲရှိသော ပညာတတ်များ အဖြစ် ထွက်ပေါ် လာခဲ့သည်။

သူတို့သည် စစ်ဗိုလ်များကဲ့သို့ အုပ်ချုပ်ရေးအာဏာ မရှိသော်လည်း ၎င်းတို့ တတ်ကျွမ်းသည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအရ လိုလားထောက်ခံသူ၊ ပရိသတ်အနည်းနှင့်အများ ရှိကြသည်။ နိုင်ငံရေး အလားအလာများကို မျှော်တွေးသုံးသပ် တွက်ချက်နိုင်စွမ်း ရှိကြသည်။

တတိယအီလစ်များ ထွက်ပေါ်ရာ အလွှာ၊ အုပ်စုတစုမှာ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်။ ထိုသူများသည် ငွေကြေး ချမ်းသာသူများ ဖြစ်ကြသည့် အားလျော်စွာ ဆင်းရဲမွဲတေသော မြန်မာပြည် လူ့အဖွဲ့အစည်း အဆင့်ဆင့် အတွင်းရှိ အများနှင့် သက်ဆိုင်သော ပရဟိတ လုပ်ငန်းများ၊ ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေး လုပ်ငန်းများအတွက် မတည်လှူဒါန်းခြင်း၊ ငွေကြေး မတည်၍ ကမကထ ပြုခြင်းများကြောင့် လူ့အဖွဲ့အစည်း အဆင့်ဆင့်တွင် နေရာမပေးမဖြစ် အပေးခံရသူများ ဖြစ်ပြီး လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း အတွင်း အရေးပါသည့် နေရာရနေသူများ ဖြစ်သည်။

အိမ်ဦးခန်းတွင် နေရာပေးခံရသူများဟု ဆိုနိုင်သည်။ ထိုအလွှာ၊ အစုအဖွဲ့သည် လူ့အဖွဲ့အစည်း အတွင်း သာရေးနာရေး ကိစ္စများတွင် ငွေကြေးလှူဒါန်းနိုင်သူ၊ မတည်နိုင်သူ လူကုံထံများ အဖြစ် နေရာရကြသကဲ့သို့ စီးပွားရေး လုပ်ငန်းများတွင်လည်း အသီးသီးအသက ဦးဆောင်နေကြသူများ ဖြစ်ကြသည့် ငွေကြေး ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်များလည်း ဖြစ်ကြသည်။

အထက်ပါ အုပ်ချုပ်ရေး၊ ပညာရပ်ဆိုင်ရာနှင့် လူမှုရေး၊ စီးပွားရေး ဆိုင်ရာ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် များသည် လက်ရှိ မြန်မာပြည်လူ့အဖွဲ့အစည်းတွင် အရေးပါသော အခွင့်အာဏာများ ရှိနေသည်။ သို့မဟုတ် ဦးစားပေး ခံနေရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးတွင်လည်း အိမ်ဦးခန်းတွင် နေရာရနေကြသည်။ ထိုအလွှာ၊ အစုအဖွဲ့ဝင် အများစုသည် အီလစ်များ မဟုတ်ကြဘဲ မှန်တမ်းကျကျ ဖြတ်သန်းကြသော်လည်း ထိုအလွှာ၊ အစုအဖွဲ့များတွင် ရှေ့တန်း ရောက်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ မိမိ အလွှာ၊ အစုအဖွဲ့၏ အရေးပါမှုကို ဆုပ်ကိုင်ဆန့်ထုတ် နိုင်သူများသည် ၎င်းတို့အလွှာ၊ အစုအဖွဲ့၏ လက်ရွေးစင်များအဖြစ် ပေါ်ထွက်လာ ပေတော့သည်။ ထိုသူတို့အား အီလစ်များဟု ခေါ်ဆိုကြသည်။

အီလစ် ဘာကို ကိုယ်စားပြုသလဲ

အီလစ်တို့ကို နှစ်မြို့ခြင်းမရှိသူတို့က ရေပေါ်ဆီဟု ဆိုကြခြင်းမှာ ၎င်းအီလစ်များ၏ ကိုယ်စားပြု ရပ်ခံမှု ကြောင့်လည်း ဖြစ်သည်။ အီလစ်များသည် အလုပ်သမားများ၊ လယ်သမားများ၊ အခြေခံ လူတန်းစားများ၊ ဒီမိုကရက်တစ် အင်အားစုများကို ကိုယ်စားပြု ထွက်ပေါ်လာခြင်း မဟုတ်ပေ။ လူ့အဖွဲ့အစည်းအတွင်း အထူး အခွင့်အရေးရသည့် သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသည့် သို့မဟုတ် လုပ်နိုင်စွမ်းရှိသည့် အလွှာအုပ်စုများမှ ပေါ်ထွက် လာသည့် လက်ရွေးစင်များဖြစ်၍ ရေပေါ်ဆီများ ဟုဆိုခြင်းဖြစ်သည်။

နိုင်ငံရေးအရ ၎င်းတို့၏ ကိုယ်စားပြု ထွက်ပေါ်လာမှုကို ကြည့်ပြီး အီလစ်များကို ရေပေါ်ဆီများဟု ခေါ်ဆိုနိုင်သော်လည်း ၎င်းတို့၏ လုပ်ကိုင်နိုင်မှု၊ လုပ်ကိုင်နိုင်စွမ်းနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ သြဇာသက်ရောက်မှုကို ဂရုပြုရန်လိုအပ်သကဲ့သို့ ၎င်းတို့၏ လုပ်နိုင်စွမ်းကို သတိပြုရန် လိုအပ်ပါသည်။

အပြောင်းအလဲနှင့်အကျပ်အတည်း

၂၀၀၈ အခြေခံဥပဒေသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက်ဟု ယူဆခဲ့ကြသည်။ ၂၀၁၁ ခုနှစ် ကြံ့ခိုင်ရေးပါတီ အာဏာရစဉ်က မသိသာခဲ့သော်လည်း ၂၀၁၅ ခုနှစ် NLD အစိုးရ ဖြစ်လာသောအခါ ထွက်ပေါက်ဟု ယူဆခဲ့သည့် ဖွဲ့စည်းပုံသည်ပင်လျှင် အကြပ်အတည်း ပြန်ဖြစ်လာကြောင်း တွေ့ရှိနေရသည်။

နိုင်ငံတကာကလည်း အစိုးရနှစ်ရပ်ရှိသော တိုင်းပြည်ဟု ဆိုလာကြသည်။ တချိန်တည်း၌ NLD အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေး အကြပ်အတည်းများရှိလာ ချိန်တွင် နိုင်ငံရေး နယ်ပယ်တွင် ပါဝင်ပတ်သက်နေသူများသည် ဤအကြပ်အတည်းမှ ထွက်ပေါက်ရှာကြသည်။ ပြောင်းလဲဖို့ စဉ်းစားကြသည်။ ဝေဖန်သုံးသပ်ကြသည်။

ဤသို့သော အခြေအနေတွင် အထက်ပါ မတူသောအလွှာ၊ အစုအဖွဲ့ ၃ ခုမှ ပေါ်ထွက်လာသည့် အီလစ် များသည် စဉ်းစား သုံးသပ်လုပ်ဆောင်မှုများ နီးနီးကပ်ကပ် ဖြစ်လာသည်ကို တွေ့နေရပေသည်။

၎င်းအီလစ် သုံးစုသည် သီးခြားစီရှိပါက လုပ်နိုင်စွမ်း အကန့်အသတ် ရှိသော်လည်း ၎င်းတို့၏ မတူသည့် လုပ်နိုင်စွမ်းများ ပူးပေါင်းပါက အင်အားစုတရပ် ဖြစ်ပေါ်လာနိုင်သည်က အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အီလစ်များသည် ၎င်းတို့၏ လုပ်နိုင်စွမ်းအပေါ် စဉ်းစားလာပေတော့သည်။

အဆိုပါ အီလစ်များအနေနှင့် မြန်မာပြည်တွင် အစိုးရနှစ်ရပ် ဖြစ်မနေဘဲ ကျစ်ကျစ်လစ်လစ် ရှိသည့် တခုတည်းသော နိုင်ငံတော်အစိုးရ ရှိမှသာ ဤအကျပ်အတည်းမှ ထွက်နိုင်မည်ဟု စဉ်းစားလာကြသည်။ သို့မှသာ စီးပွားရေးအရလည်း ဖွံ့ဖြိုး တိုးတက်နိုင်မည်ဟု စဉ်းစားလာကြသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားလည်း အဆုံးသတ်နိုင်လိမ့်မည်ဟု ယူဆလာကြသည်။

ထို့အပြင် လက်ရှိ မြန်မာပြည် အပြောင်းအလဲတွင် အီလစ်အုပ်စု သုံးစုအနေဖြင့် ဘေးရောက် နေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့သည် လုပ်နိုင်စွမ်းရှိသလောက် နေရာပေးခြင်း မခံရဟူ၍ လည်းကောင်း၊ လုပ်ကိုင်ခွင့် မရဟူ၍ လည်းကောင်း ယူဆလျက်ရှိရာ ၎င်းတို့ ပေါင်းစပ်လုပ်ကိုင်လျှင် အင်အားတရပ်ဖြစ်လာနိုင်သည်ဟု စဉ်းစား လာသည်မှာ မလွှဲမရှောင်သာ ကိစ္စတရပ်ဖြစ်လာခဲ့သည်။

NLD နှင့် အီလစ်များ

အမှန်မှာ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲကို ဦးဆောင်သည့်အခန်းတွင် နေရာရနေသည်က NLD ဖြစ်သည်။ NLD နှင့် နိုင်ငံရေး အယူအဆမတူသော ပြည်မမှ နိုင်ငံရေးပါတီများ၊ ရွေးချယ်သည့် နိုင်ငံရေး လမ်းကြောင်း မတူသည့် ပြည်မမှ နိုင်ငံရေးအင်အားစုများ ရှိနေပါသည်။ သို့သော် အဆိုပါအင်အားစုများသည် လူထုထောက်ခံမှု မရရှိကြပေ။ အဓိကအားဖြင့် ၎င်းတို့သည် NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူထုအပေါ် လွှမ်းမိုးသည့် ပုဂ္ဂိုလ်ရေးသြဇာကို မယှဉ်နိုင်ကြပေရာ လူအများစု၏ ထောက်ခံမှုကို ရယူနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ ၎င်းတို့သည် NLD ၏ ပြိုင်ဘက်များ ဖြစ်မလာခဲ့ပေ။ ဂရုပြုရမည့် ဖျက်မြင်းအဆင့်ပင် ရောက်မလာခဲ့ပေ။

ထို့အပြင် အာဏာရပါတီမှ အတိုက်အခံပါတီ ဖြစ်လာသည့် ကြံ့ခိုင်ရေးပါတီမှာလည်း နလံထူရန် ခက်ခဲ နေခဲ့သည်။

ဖော်ပြပါ အီလစ်အုပ်စု သုံးစုသည် အထက်တွင် ဖော်ပြထားသကဲ့သို့ လူထုအခြေပြု နိုင်ငံရေးပါတီများ၊ အင်အားစု များနှင့် ကွာခြားသည်။ ၎င်းတို့သည် အထက်တွင်ဖော်ပြသကဲ့သို့ လူထုလူတန်းစား များအား ကိုယ်စားပြုကြသူများ မဟုတ်သကဲ့သို့ လူထုအင်အားထက် ၎င်းတို့၏ အရေးပါမှုနှင့် လုပ်နိုင်စွမ်းအပေါ် အခြေပြု ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့အပြင် သီးခြား လုပ်နိုင်စွမ်းရှိသည့် အီလစ်အစုအဖွဲ့ သုံးစု၏ အင်အားအပေါ် အခြေပြု၍ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ အီလစ် အစုအဖွဲ့သုံးစု၏ ပူးပေါင်းခြင်းသည် NLD ခေါင်းဆောင်မှုကို ပုခုံးခြင်းယှဉ်လာနိုင်သည့် အင်အားစုအဖြစ် သို့မဟုတ်ပါက သတိထား လောက်သည့် ဖျက်မြင်းအဖြစ် ပေါ်ထွက်လာနိုင်ဖွယ် ရှိနေပေသည်။

ထို့အပြင် မြန်မာပြည်၏ အရေးပါသည့် ပြဿနာတခုမှာ တိုင်းရင်းသားအရေးဖြစ်သည်။ ထိုပြဿနာနှင့် ပတ်သက်၍ အီလစ်တို့ မည်သို့ကိုင်တွယ်ချဉ်းကပ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား ပညာတတ်များ၊ စီးပွားရေး သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများထဲမှ အီလစ်တချို့လည်း ထွက်ပေါ်လာဖွယ်ရှိပြီး အဆိုပါ အီလစ်များသည် ပြည်မရှိ အီလစ်များနှင့် ပူးပေါင်းရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။

သို့ဖြစ်ရာ လက်ရှိ မြန်မာပြည်နိုင်ငံရေး အကျပ်အတည်းတွင် NLD ၏ ခေါင်းဆောင်မှုကို ယှဉ်နိုင်မည့် နိုင်ငံရေး ပါတီ၊ နိုင်ငံရေးအင်အားစုထက် အီလစ်အင်အားစုများ ပေါ်ထွက်လာသည်ကို လက်တွေ့ကျကျ တွေ့မြင် နေရပေသည်။ ဤသည်ကား ပကတိ နိုင်ငံရေးအခြေအနေ ဖြစ်သည်။ ဤအခြေအနေ ကောင်းသည်ဆိုးသည်၊ သို့မဟုတ် တိုင်းပြည်အတွက် သင့်လျော်သည် မသင့်လျော်သည်က ပြဿနာ၏ အခြားဘက်က ဖြစ်သည်။

လက်တွေ့တွင် အမှန်တကယ် ဖြစ်ပျက်နေသည်ကို မျက်မှောက်ပြုရမည်က ပြဿနာ၏ ဘက်တဘက် ဖြစ်ပြီး မည်သို့ ကြည့်မြင်ရပ်တည်မည်၊ သို့မဟုတ် ဖြေရှင်းမည်က ပြဿနာ၏ဘက် တဘက်ဖြစ်သည်။

မည်သို့ ဖြစ်စေကာမူ ယနေ့ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲပြဿနာ၊ အကြပ်အတည်းပြဿနာကို စဉ်းစား သုံးသပ်မည်ဆိုပါက အထူးသဖြင့် များမကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလတွင် အဆိုပါ အီလစ်အုပ်စုများ၊ အင်အားစုများ၏ အနေအထားကို ထည့်သွင်းတွက်ချက်ထားရန် လိုအပ် ပေလိမ့်မည်။

(စာရေးသူသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကို အထူးပြု လေ့လာသုံးသပ်သူ သုတေသီတဦးဖြစ်သည်။)

Your Thoughts …
Tags: နိုင်ငံရေး အပြောင်းအလဲအီလစ်များ
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

No Content Available
Next Post
သရုပ်ဆောင် အိချောပို  / Amazing Grace

“ဒီအသက်အရွယ်ထိ ရည်းစားမထားဖူးဘူးရယ်တော့ မဟုတ်ပါဘူး”

သူ့အတွေးသူ့အမြင်

သူ့အတွေးသူ့အမြင်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate