• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကြားဖြတ် ရွေးကောက်ပွဲ၊ ဒေါက်တာ အေးမောင် နှင့် ရခိုင် နိုင်ငံရေး

by မင်းအောင်ခိုင်
9 October 2018
in ဆောင်းပါး
A A
ဒေါက်တာ အေးမောင်၏ သား တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ် စည်းရုံးမှု / ဦးကျော်ဇောဦး Facebook

ဒေါက်တာ အေးမောင်၏ သား တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ် စည်းရုံးမှု / ဦးကျော်ဇောဦး Facebook

14.1k
VIEWS
Share on FacebookShare on Twitter

ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရသေ့တောင် မြို့နယ်အတွင်းရှိ ဒေသခံ ရခိုင်ပါတီ အချင်းချင်းကြား ယှဉ်ပြိင်မှု ပိုမို ပြင်းထန်လာနေသည်။

လက်တွေ့ မြေပြင်တွင် ယှဉ်ပြိုင်မှု ပြင်းထန်သည့် နည်းတူ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင်လည်း တဖက် နှင့် တဖက် ပွတ်တိုက်မှုများက ပိုမို လှိုင်းထန်နေသည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.5k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.4k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k

ရခိုင် အမျိုးသား ပါတီ (ANP) သည် ရသေ့တောင် မဲဆန္ဒနယ်အတွက် ကျောက်တန်း၊ မြို့မ၊ မူစဲကမ်း စသည့် နယ်မြေ ၃ ခု သတ်မှတ် ကွင်းဆင်း စည်းရုံးမှုများ လုပ်ဆောင်နေပြီး ရွေးကောက်ပွဲ နှစ်ကြိမ် ဆက်တိုက် အနိုင်ရထားသည့် ၎င်း ၏ အမာခံ နယ်မြေ မဆုံးရှုံးစေရန် အင်တိုက်အားတိုက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပါတီ၏ အမာခံ နယ်မြေဖြစ်သည့် ရသေ့တောင် မြို့နယ်တွင် လွယ်လင့်တကူဖြင့် ပြိုင်ဘက် တခြားပါတီ ကိုယ်စား လှယ် လောင်းများကို အနိုင်ရရန် မျှော်မှန်းထားကြောင်း ANP ပါတီ ကိုယ်စားလှယ်လောင်း ဦးလှမြင့်က ပြောသည်။

ဦးလှမြင့်က“ကျနော်တို့ ANP က ရသေ့တောင်မှာ အင်အားကြီးတယ်။ အမာခံတွေလည်း ရှိတယ်။ မဲဆန္ဒရှင် ပြည်သူ တွေ ကလည်း လှိုက်လှိုက်လဲှလှဲ ကြိုဆိုကြတဲ့အတွက် ကျနော်ကတော့ လွယ်လင့်တကူ အနိုင်ရရှိမယ်လို့ ယူဆထား ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရသေ့တောင် မြို့နယ်၌ ပါတီ ၃ ပါတီမှ ကိုယ်စားလှယ် လောင်းများ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁ ဦး၊ စုစုပေါင်း ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။

ကိုယ်စားလှယ် လစ်လပ်နေသည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ၂ တွင် ANP ပါတီမှ ဦးလှမြင့်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ် (ALD) မှ ဦးသိန်းမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးခင်မောင်သန်းနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဦးတင်မောင်ဝင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကလည်း “စည်းရုံးရေး ကွင်းဆင်းတဲ့ နေရာမှာ ရခိုင် အမျိုးသား ပါတီ အနေနဲ့ ကျေနပ်လောက်တဲ့ အခြေအနေကို တွေ့ရှိရပါတယ်။ အောင်မြင်မှု ရရှိမယ် လို့လည်း အလေး အနက် ယုံကြည်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ရသေ့တောင်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ် သည့် ဒေါက်တာ အေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းကမူ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍ မီဒီယာများသို့ တစုံတရာ ထုတ်ဖော် ပြောကြားမှု မရှိသေးပေ။

ဒေါက်တာ အေးမောင်၏ သား တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ် စည်းရုံးမှု / ဦးကျော်ဇောဦး Facebook

သို့သော် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် ANP ပါတီ ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ်အမတ် ဦးကျော်လွင်နှင့် စစ်တွေ မဲဆန္ဒနယ်မှ ပြည်နယ် အမတ် ဦးကျော်ဇောဦး တို့က လိုက်ပါ ကူညီဆောင်လျက် ရှိသည်ကို မြင်တွေ့နေရ သည်။

ဦးတင်မောင်ဝင်း အနေဖြင့် လက်ရှိ အခြေအနေအရ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရန် ၇၀ ရာခိုင်နှုန်း သေချာသလောက် ရှိနေသည်ဟု လိုက်လံကူညီပေးနေသူ ကျောက်ဖြူအမတ် ဦးကျော်လွင်က ခန့်မှန်းထားသည်။

ဦးကျော်လွင်က“အခြေအနေ ကောင်းတယ်ဆိုတာက ပွဲတက်ရောက်လာသူ များတာကို ပြောတာ မဟုတ်ပါဘူး။ ပွဲ လာသူတိုင်း အားလုံး မဲပေးချင်မှ ပေးမယ်။ လာရောက် နားထောင်သူများလည်း ပါမယ်။ အခု အခြေအနေ ကောင်း တာ ကတော့ ပြည်သူတွေ ကိုယ်တိုင်က ကျနော်တို့ သွားရောက်တဲ့ ရွာတိုင်းမှာ လှိုက်လှိုက်လှဲလဲှ ကြိုဆို လက်ခံကြပါ တယ်။ စည်တီးပြီး အောင်သပြေ ညောင်ရေအိုးတွေနဲ့ ကြိုဆိုကြတော့ ကျနော်တို့အတွက် ယုံကြည်မှုကို ပိုများ စေပါ တယ်”ဟု ဧရာဝတီကို ပြောသည်။

ဒေါက်တာ အေးမောင်၏ သားအကြီးဖြစ်သူ ဦးတင်မောင်ဝင်းသည် ပါတီသစ်ထောင်ရန် မှတ်ပုံတင်ခွင့် မကျသေးသည့် အတွက် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ဖမ်းဆီး တရားစွဲခံနေရသည့် ဒေါက်တာ အေးမောင်က သားဖြစ်သူ ရွေးကောက်ပွဲဝင်ရန် တာဝန်ပေးထားသည့် အတွက် ရသေ့တောင်ဒေသခံ ပြည်သူများက မဲမပေးခဲ့လျှင် ၎င်းအနေဖြင့် နိုင်ငံရေးလောကမှ ကျောခိုင်း ထွက်ခွာ သွားရန်သာ ရှိကြောင်း ပြောဆိုထားသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရက စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ စစ်တွေမြို့နယ် တရားရုံးတွင် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည် အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါက်တာ အေးမောင်သည် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည် အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုရင်ဆိုင် နေရသည်။

ရခိုင်ပြည်နယ် အတွင်း သမိုင်းအစဉ်အလာ ကြီးသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီနှင့် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ဘက်မှလည်း ကွင်းဆင်း မဲဆွယ်စည်းရုံးမှုများကို အင်တိုက် အားတိုက် လုပ်ဆောင် နေကြောင်း သိရသည်။

ALD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က “ကျနော်တို့ အကောင်းဘက်ကို မျော်လင့်ထားပါတယ်။ ALD ပါတီ အနိုင်ရရှိခဲ့မယ်ဆိုရင် ပါတီက ထိန်းကျောင်းပြီးတော့ ပြည်သူနဲ့ ကိုယ်စားလှယ်၊ ပြည်သူနဲ့ ပါတီ ဆိုတဲ့ လမ်းကြောင်း သစ် တခုကို ချသွားမယ်။ ပြည်သူ့အသံဟာ ပါတီ အသံ ဖြစ်ရမယ်”ဟု ဧရာဝတီကို ပြောသည်။

NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးခင်သန်းမောင်ကမူ စည်းရုံးရေး ခရီးစဉ်များတွင် ပြည်သူများ၏ စိတ်ဝင်စားမှု ကို မြင်တွေ့နေရသည့် အတွက် ၎င်းအနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ထားကြောင်း ပြောသည်။

ဦးခင်မောင်သန်းက“ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ရသေ့တောင် ကြားဖြတ်မှာ ကိုယ်စားလှယ် ၄ ဦး ဝင်ပြိုင်တာဆိုတော့ အားလုံးဟာ ကျနော့် ပြိုင်ဘက် ပါပဲ” ဟု ဆိုသည်။

သူသည် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် NLD ပါတီသို့ ဝင်ရောက်ခဲ့သော သာမန် ပါတီဝင်တဦးဖြစ်ပြီး မြန်မာ့ စီးပွားရေး ဘဏ် ကြီးကြပ်ရေးမှူး (အငြိမ်းစား) ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှု အခြေအနေနှင့် ပတ်သက်၍ ရသေ့တောင် ဒေသခံများနှင့် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ပါတီများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဒေါက်တာ အေးမောင်၏ သားဖြစ်သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းမှာ တစ်ပြေးနေပြီး ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးလှမြင့်တို့နှင့် အဓိက ယှဉ်ပြိုင် နေရသည်ဟု ဆိုသည်။

ရခိုင် အမျိုးသား ပါတီ (ANP) အောင်နိုင်ရေး စည်းရုံးမှု မြင်ကွင်း / ANP Facebook

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနေ ဦးမောင်စောဝင်းက“အခြေအနေကတော့ ဒေါက်တာ အေးမောင် သားက ရှေ့ကနေ ပြေးနေတယ်။ အဖေဖြစ်သူ ဖမ်းဆီးခံနေရတယ် ဆိုတော့ ပြည်သူတွေက သူ့ကို (ဦးတင်မောင်ဝင်း) ကရုဏာ သက်ကြတယ်”ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ၎င်းက ဒေသတွင်းရှိ သံဃာတော်များနှင့် ကျေးလက်နေ ပြည်သူများမှာ ဒေါက်တာ အေးမောင်၏ စွမ်းဆောင်ရည်ကို သဘောကျသဖြင့် ၎င်း၏ သားဖြစ်သူကို ထောက်ခံအားပေးကြကြောင်းလည်း ဆိုသည်။

ကိုယ်စားလှယ် လစ်လပ်နေသည့် ရသေ့တောင် မဲဆန္ဒနယ်သည် ANP ပါတီ၏ အမာခံနယ်မြေ တခုဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင်လည်း ပြိုင်ဘက်ပါတီများကို ကျော်ဖြတ်၍ ANP က အနိုင်ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ပါတီအမာခံ ကျေးရွာများတွင် ယှဉ်ပြိုင်ကြမည့် ANP ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်၏ သား ဦးတင်မောင်ဝင်းနှင့် ANP ပါတီ ကိုယ်စားလှယ်တို့အနက် မည်သူ့ကို မဲပေးရွေးချယ်ရမည် ဆိုသည်ကိုမူ ဝေခွဲမရ ဖြစ်နေကြောင်း ဆိုကြသည်။

ထို့ပြင် တချို့သော ကျေးရွာအုပ်စုများတွင် ရွာသားများကြား အုပ်စုကွဲမှုများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း သိရပြီး ရသေ့တောင် မြို့နယ် မဲဆန္ဒနယ် (၂) တွင် မဲပေးနိုင်သူ ဦးရေမှာ လက်ရှိ ပြုစုထားသော စာရင်းများအရ ၅ သောင်း ကျော် ရှိကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲ မကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှာမူ တိုင်းရင်းသားပါတီများကို ဦးစားပေးသည့် အနေဖြင့် ရသေ့ တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုလုပ်ဟု သတင်းမီဒီယာများသို့ ပြောကြားထားသည်။

ယင်းအတွက် USDP ပါတီ၏ အမာခံ မဲပြားမှာ မည်သည့် ပါတီသို့ တစုတစည်းတည်း ရောက်ရှိသွားမည်လဲ ဆိုသည့် အချက်သည် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

ယခု လစ်လပ်နေသည့် ရသေ့တောင် မဲဆန္ဒနယ် (၂) တွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက USDP ပါတီမှ ဒေါက်တာစန်းရွှေနှင့် ANP ပါတီမှ ဦးဖိုးမင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ရသေ့တောင် ဒေသခံဖြစ်ပြီး ဆရာဝန် တဦးလည်း ဖြစ်သူ USDP မှ ဒေါက်တာ စန်းရွှေသည် မြို့၏ သာရေးနာရေး ကိစ္စများတွင် ဝင်ရောက် ပါဝင် လုပ်ကိုင်လေ့ရှိသူ ဖြစ်သည်။

၎င်းဖွင့်လှစ်ထားသည့် ဆေးခန်းတွင် ဆင်းရဲနွမ်းပါးသည့် ဒေသခံများကို အခမဲ့ ကုသပေးတတ်သည့် အတွက် ဒေါက်တာ စန်းရွှေ ဆိုလျှင် တနယ်လုံးက အားပေး ထောက်ခံကြကြောင်းနှင့် ရွေးကောက်ပွဲ အနိုင်ရရန် ၉၀ ရာခိုင်နှုန်း ရှိသည်ဟု သုံးသပ်မှုများ ရှိသည်။

ရခိုင် အမျိုးသား ပါတီ (ANP) အောင်နိုင်ရေး စည်းရုံးမှု မြင်ကွင်း / ANP Facebook

သို့သော် ANP ပါတီ၏ ပြည်နယ်လွှတ်တော် သိမ်းပိုက်နိုင်ရေး ဆိုသည့် စည်းရုံး ဟောပြောချက်များကြောင့် ဒေါက်တာ စန်းရွှေ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါက်တာ စန်းရွှေက ဦးဖိုးမင်းကို အနိုင်ဖြတ်ပြီးသား ။ ဒါပေပဲ့ ရွေးကောက်ပွဲ နီးကပ်လာတဲ့အခါ အဖြေက ပြောင်းပြန် ဖြစ်သွားတယ်။ မဲဆန္ဒရှင်ပြည်တွေက ဒေါက်တာ စန်းရွှေကို ပုဂ္ဂိုလ်ရေး လေးစားကြတယ်။ ဒေါက်တာ စန်းရွေကို ဒေသ ခံတွေ အားလုံးက မဲပေးဖို့ လုပ်ထားပြီးသား။ နောက်ပိုင်း ပြောင်းပြန်ဖြစ်သွားတယ်”ဟု ရသေ့တောင် မြို့နယ် စေတီ ပြင် ကျေးရွာနေ ဦးမောင်စောဝင်းက ပြီးခဲ့သော ရွေးကောက်ပွဲကာလ ဖြစ်ပျက်ခဲ့မှု အခြေအနေများကို ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီမှ ဦးဖိုးမင်း အနိုင်ရရှိခဲ့သော်လည်း ၎င်း ကွယ်လွန်သွားသည့်၍ လစ်လပ် ကိုယ် စားလှယ် နေရာအတွက် ထပ်မံ ရွေးကောက်ပွဲ ပြုလုပ်ရခြင်း ဖြစ်သည်။

ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲတွင် အမတ် ၁ နေရာသည် ကျန်ရှိနေသည့် အစိုးရသက်တမ်းနှင့် တိုင်းတာပါ က အလုပ်လုပ်ပိုင်ခွင့်အချိန် များများစားစား မကျန်တော့သလို ပါတီများအတွက်လည်း အမတ် တနေရာ ပိုရရှိရုံမှလွဲ၍ မည်သို့သော ထူးခြား ပြောင်းလဲမှုများ ဖြစ်လာနိုင်တော့မည် မဟုတ်ဟု သုံးသပ်မှုများလည်း ရှိသည်။

သို့သော် ယင်း အမတ် ၁ နေရာသည် ရခိုင်ပါတီများအတွက် အသက်တမျှ အရေးကြီးပြီး ၂၀၂၀ ရွေးကောက်ပွဲ အကြို အဖြစ် ခြေစမ်းနေကြခြင်းပင် ဖြစ်သည်။

အာဏာရ NLD ပါတီသည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ANP ပါတီ၏ အမာခံ ခံတပ်ဖြစ်သည့် ရသေ့တောင် မဲဆန္ဒ နယ် တွင် ထိုးဖောက် အနိုင်ရရှိရန် ဆန္ဒုပြင်းပြနေသလို သမိုင်းအစဉ်အလာ ကြီးခဲ့သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကလည်း အသစ်တဖန် နိုးထရှင်သန်ရန် ရုန်းကန်လာခြင်းလည်း ဖြစ်သည်။

လက်ရှိ အခြေအနေအရ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ အေးမောင်၏ သားမှာ တစ်ပြေးနေသည့် အတွက် ANP အနေဖြင့် တချိန်က လုပ်ဖော်ကိုင်ဘက်များ ဖြစ်ကြသည့် ဒေါက်တာအေးမောင် ဘက်တော်သားများ၏ နိုင်ငံရေး ဗျူဟာကို တားဆီးနိုင်မလား ဆိုသည်ကိုမူ စောင့်ကြည်ရဦးမည် ဖြစ်သည်။

ရသေ့တောင်တွင် ANP ပါတီနှင့် ဒေါက်တာ အေးမောင်၏ သား တို့အနက် တဖက်ဖက်က ရှုံးခဲ့ပါက နိုင်ငံရေးလောက လမ်းဆုံးသို့ ရောက်သွားနိုင်သည့်အတွက် နှစ်ဘက်စလုံးက အသေအကျေ ခုခံ ကာကွယ်ကြရတော့မည် ဖြစ်သည်။

သားဖြစ်သူ ဦးတင်မောင်ဝင်း ပွဲဦးထွက် ယှဉ်ပြိုင်မှုတွင် ကျဆုံးပါက ဒေါက်တာ အေးမောင်အနေဖြင့် နိုင်ငံရေးလောက ကို ကျောခိုင်းထွက်ခွာမည်ဟု ပြောဆိုထားသည့်အတွက် ဦးတင်မောင်ဝင်း ရှုံးနိမ့်ပါက သူ၏ နိုင်ငံရေးမှာ လမ်းဆုံး နိုင်ဖွယ် ရှိသည်။

သို့မဟုတ် အင်အားကြီး ANP ကသာ ရှုံးနိမ့်ခဲ့ပါက ဒေါက်တာ အေးမောင် ဘက်တော်သားများ စုပေါင်းပါဝင်မည့် ပါတီ အသစ် တခုက ရခိုင်ပြည်နယ်တွင် အင်အား ကြီးထွားလာတော့မည် ဖြစ်သည်။

ပါတီ တခုတည်း၏ အရိပ်အောက်တွင် ခိုလှုံခဲ့ကြသူများ ဖြစ်သဖြင့် တဖက်နှင့် တဖက် ခံစစ်၊ တိုက်စစ် နည်းဗျူဟာများ တူညီနေနိုင်သည့် အတွက် ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ယှဉ်ပြိုင်မှု ပိုမို ပြင်းထန်လာနိုင်ခြေ ရှိကြောင်း ခန့်မှန်းမိပါသည်။ ။

Your Thoughts …
Tags: ကြားဖြတ် ရွေးကောက်ပွဲ နှင့် ရခိုင် နိုင်ငံရေး
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

No Content Available
Next Post
မှုခင်းများနဲ့ ရန်ကုန် (ရုပ်/သံ)

မှုခင်းများနဲ့ ရန်ကုန် (ရုပ်/သံ)

အစိုးရဆီမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ SME လုပ်ငန်းရှင် ၆၇၇၉၈  ဦးရှိပြီး အဲဒီအထဲကမှ ချေးငွေရရှိသူ ၃၀၀ ခန့်ရှိ / Reuters

SME တွေ ချေးငွေရဖို့ ဘာလို့ခက်နေလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate