• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ရခိုင်နိုင်ငံရေးမှာ စိတ်ဝင်စားစရာ ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲ

          by ထွန်းထွန်းနိုင်
          18 October 2018
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ရခိုင် အမျိုးသား ပါတီ (ANP) အောင်နိုင်ရေး စည်းရုံးမှု မြင်ကွင်း  / ANP Facebook

          ရခိုင် အမျိုးသား ပါတီ (ANP) အောင်နိုင်ရေး စည်းရုံးမှု မြင်ကွင်း / ANP Facebook

          11.2k
          VIEWS
          Share on FacebookShare on Twitter

          ပြီးခဲ့တဲ့ လပိုင်းက မြန်မာတနိုင်ငံလုံးက လစ်လပ် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ လစ်လပ် မဲဆန္ဒနယ်ထဲမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ် (၂) နေရာလည်း တခု အပါအဝင် ဖြစ်ပါတယ်။

          ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်ကို ယူခဲ့တဲ့ ရသေ့တောင် မြို့နယ် အမှတ် (၂) မှ ကိုယ်စားလှယ် ဦးဖိုးမင်းဟာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားတာကြောင့်မို့လို့ သူ့နေရာမှာ အစားထိုးဖို့ ကိုယ်စားလှယ် တဦး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

          RelatedPosts

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          502
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          9 December 2023
          534
          စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

          စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

          8 December 2023
          7.3k

          အဲဒီတော့ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ ရသေ့တောင် မြို့နယ်၊ မဲဆန္ဒနယ် ( ၂) အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက ဦးသိန်းမောင်၊ ရခိုင်အမျိုးသားပါတီ (ANP) က ဦးလှမြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးခင်သန်းမောင်နဲ့ တသီးပုဂ္ဂလ (တရားရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်ရဲ့သား) ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

          ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ် (၂) မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဒေါက်တာစန်းရွှေ၊ ရခိုင်အမျိုးသားပါတီ (ANP) က ဦးဖိုးမင်း၊ အမျိုးသား ဒီမိုကရေဒီအဖွဲ့ချုပ် (NLD) က ဦးဟန်သိန်းမောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးဦးသာဇံ၊ တသီးပုဂ္ဂလ ဦးဘသိန်းနဲ့ ဦးလှမောင်သိန်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

          ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ် (၂) မှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ် ဦးဖိုးမင်းက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၅၁၁၃၀ ဦး အနက် ၁၇၈၅၆ မဲနဲ့ ပြိုင်ဘက် ကိုယ်စားလှယ်တွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

          ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစန်းရွှေက ၆၃၇၉ မဲ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဘသိန်းက ၁၃၇၇ မဲ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးလှမောင်သိန်းက ၁၆၆၂ မဲ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ဦးဟန်သိန်းမောင်က ၆၅၆ မဲနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ် ဦးဦးသာဇံ ၈၀၇ မဲ အသီးသီး ရရှိခဲ့ပါတယ်။ မကြာခင် ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ် (၂) မှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၅၁၆၉၃ ခန့်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၅၁၁၃၀ ဦး ရှိခဲ့ပါတယ်။

          တကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) က မဲအများဆုံး အနိုင်ရရှိခဲ့တယ် ဆိုတာ ရခိုင်လူထု တိုက်တွန်းမှုကြောင့် RNDP နဲ့ ALD တို့ ANP ပါတီအဖြစ် ပေါင်းစည်းခဲ့ကြတာကြောင့်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ ရခိုင် အမျိုးသားပါတီ (ANP) ပါတီ ပြိုကွဲပြီးနောက် မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲဟာ ANP ပါတီအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တခု ဖြစ်လာခဲ့ပါတယ်။

          ဘာကြောင့်လဲ ဆိုတော့ အထူးသဖြင့် မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို ANP ပါတီ တခုတည်း မဟုတ်တော့ဘဲ၊ ANP ပါတီ ပြိုကွဲခဲ့ပြီးနောက် ALD ပါတီနဲ့ ANP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင် ဦးဆောင်တဲ့ အုပ်စုတို့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အရင်ကတော့ ရခိုင်အမျိုးသားပါတီ (ANP) ဟာ ဒေါက်တာ အေးမောင်ကို ရှေ့တန်းတင် ဗဟိုပြု ရခိုင်လူထုကို စည်းရုံးခဲ့ပြီး အထူးသဖြင့် သူ့ရဲ့ စကားပြော စွမ်းရည်ကြောင့် ရခိုင်လူထု ထောက်ခံမှု အကောင်းဆုံးပါတီတခု ဖြစ်ခဲ့ပါတယ်။

          ဒါပေမယ့် မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အဓိက ပြိုင်ဘက်ဟာ ဗမာပြည်မ ပါတီကြီးတခုဖြစ်တဲ့ NLD ပါတီ မဟုတ်တော့ပါဘူး။ ရခိုင်အမျိုးသားပါတီကနေ ခွဲထွက်လိုက်တဲ့ ALD ပါတီနဲ့ ဒေါက်တာအေးမောင်ရဲ့သား (တသီးပုဂ္ဂလ ကိုယ်စားလှယ်) ဦးတင်မောင်ဝင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။

          သားဖြစ်သူ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းဟာ လာမယ့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်မရရှိခဲ့ရင် ဒေါက်တာအေးမောင်ကိုယ်တိုင် ရခိုင်နိုင်ငံရေးလောက ကနေ ကျောခိုင်းသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် တရားရုံးမှာ ဒေါက်တာအေးမောင်ကို ရုံးထုတ်လာစဉ် ပြောဆိုလိုက်ပါတယ်။

          မကြာသေးခင်က ဒေါက်တာအေးမောင် ပြောဆိုလိုက်တဲ့ စကားကို ဝေဖန်သူတွေရှိသလို၊ ထောက်ခံသူတွေလည်း များစွာ ရှိနေကြပါတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်ဟာ ရခိုင် နိုင်ငံရေးထဲမှာ ထောက်ခံမှု အများဆုံးရရှိထားတဲ့ သူတဦး ဖြစ်တာကြောင့်မို့လို့ သူ့ရဲ့စကားဟာ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှု ရှိလာနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

          လက်ရှိ အချိန်မှာတော့ ရခိုင်အမျိုးသားပါတီ (ANP) ဟာ လာမယ့် ရသေ့တောင် ကြားဖြတ်မှာ ပြိုင်ဘက် ကိုယ်စားလှယ်တွေကို အနိုင်ရရှိဖို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ဦးခိုင်ပြည်စိုး၊ ဒေါ်အေးနုစိန်တို့ အပါအဝင် ပါတီအင်အားထု တရပ်လုံး အင်အားကို အသုံးပြု မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရခိုင် အမျိုးသားပါတီ (ANP) ရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောချက် ဗီဒီယိုဖိုင်တခုမှာ ဘင်္ဂါလီပြဿနာကို ရှေ့တန်းတင်ပြီး ရခိုင်လူထုကို စည်းရုံးနေတာကိုလည်း တွေ့ရပါတယ်။

          တကယ်တော့ လာမယ့် ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲဟာ ANP အတွက် ဒေါက်တာအေးမောင် နုတ်ထွက်စာ တင်ပြီးနောက် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီ (ANP) မှာ ဒေါက်တာအေးမောင် ပါတီဥက္ကဋ္ဌ တာဝန်ယူထားချိန်နဲ့ ပါတီဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်ပြီးနောက် ပါတီအပေါ် ရခိုင်လူထုရဲ့ ထောက်ခံမှုကို စမ်းသပ်တဲ့ ပွဲလို့ သုံးသပ်နိုင်ပါတယ်။

          တကယ်လို့ ANP အနေနဲ့ မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပါတီရဲ့ ပုံရိပ်ကို များစွာကျဆင်းစေနိုင်သလို၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

          ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲအများဆုံး အနိုင်ရရှိခဲ့ပြီး အဲဒီ အနိုင်ရတဲ့ အထဲမှာ ရခိုင်ပြည်နယ် တောင်ပိုင်းက အထူးသဖြင့် တောင်ကုတ်၊ ဂွ၊ သံတွဲ မြို့နယ်တွေမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ဦးဆောင် ဖွဲ့စည်းထားတဲ့ ပါတီတခု ဖြစ်တာကြောင့်မို့လို့ မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲဟာ NLD ပါတီအတွက် အရေးမကြီးပါဘူး။

          ဒါပေမယ့် လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလမှာတော့ NLD ဗဟိုက ဝန်းရံမှုတွေနဲ့ ရခိုင်အမျိုးသားပါတီ (ANP) က အားကောင်းတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီလူငယ်တွေကို ရှေ့တန်းတင် မဲဆွယ်ဟောပြောချက်တွေ ပြုလုပ်နေပါတယ်။

          တကယ်လို့ ရခိုင်နိုင်ငံရေးပါတီ အကွဲအပြဲတွေကြားမှာ NLD ပါတီ အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ ရခိုင်နိုင်ငံရေးပါတီတွေ မညီညွတ်တဲ့ ရလဒ်လို့ပဲ ပြောရမှာပါ။

          ဒါ့အပြင် ရခိုင်အမျိုးသားပါတီ (ANP) ကနေ သဘောထား ကွဲလွဲမှုတွေကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ ယခင် ALD ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည် မှတ်ပုံတင်ခဲ့ပါတယ်။

          ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရရှိခဲ့ပြီး သမိုင်းတလျှောက်လုံးမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန် လာခဲ့တာကြောင့် သမိုင်း အစဉ်အလာ ကြီးမာတဲ့ ပါတီ တခုဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်၊ အခု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ လာမယ့်နိုင်ဝင်ဘာလ (၃) ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင် မဲဆန္ဒနယ် (၂) အပါအဝင် ရန်ကုန်တိုင်း ဒေသကြီးမှာလည်း (၂) နေရာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

          လက်ရှိအချိန်မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အတူ ပါတီဝင်တွေလည်း မဲဆွယ်စည်းရုံရေးတွေကို စတင်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ရခိုင် ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ် (၂) မှာ မဲဆွယ်စည်းရုံရေးကို အင်တိုက်အားတိုက် ပြုလုပ် နေတာကို တွေ့ရပါတယ်။

          ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲဟာ ALD ပါတီအတွက် အသစ်တဖန် ရှင်သန်နိုးထလာဖို့၊ ပါတီအင်အား တည်ဆောက်ဖို့ အခွင့်ကောင်း တရပ် ဖြစ်လိမ့်မယ်။ ALD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတခု ဖြစ်ခဲ့တာကြောင့် အခု ကြားဖြတ် ရွေးကောက်ပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲလို ရခိုင်လူထု ထောက်ခံမှုကို ရရှိနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

          အားလုံးခြုံငုံ သုံးသပ်ရရင်တော့ ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာပေမယ့် ကိုယ်စားလှယ်လောင်း တဦးချင်းစီရဲ့ နိုင်ငံရေးခံယူချက်တွေ၊ နိုင်ငံရေး သဘောထားအမြင်တွေ၊ မူဝါဒတွေနဲ့ ပြည်သူတွေအပေါ် ကတိကဝတ် ပေးတာတွေကိုလည်း မတွေ့ရ သေးပါဘူး။ ပြောရမယ် ဆိုရင်တော့ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲဟာ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ANP ကနေ ခွဲထွက်လိုက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ ANP ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင် အုပ်စုတို့အကြား အင်အားပြိုင်တဲ့ပွဲလို့ ပြောရမှာ ဖြစ်ပါတယ်။

          အဲဒီတော့ မကြာခင် ကျင်းပပြုလုပ်မယ့် ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၅ သောင်းကျော်သာ ရှိတာကြောင့်မို့လို့ ဘယ်သူနိုင်မယ်၊ ဘယ်ပါတီနိုင်မယ် ဆိုတာကတော့ ပါတီ အင်အားကောင်းမှုနဲ့ မဲဆွယ်စည်းရုံးရေးကို မဟာဗျူဟာကျကျ ပြုလုပ်တဲ့ ပါတီကသာ အနိုင် ရရှိလိမ့်မယ်လို့ သုံးသပ် တင်ပြလိုက်ရပါတယ်။

          (ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာသုံးသပ် နေသူတဦးဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ ရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သည်)

          Your Thoughts …
          Tags: ရသေ့တောင် ကြားဖြတ် ANP ပါတီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုလား
          ထွန်းထွန်းနိုင်

          ထွန်းထွန်းနိုင်

          ...

          Similar Picks:

          No Content Available
          Next Post
          Waterzonic ပွဲဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ EDM ပွဲတခုပါ

          ရန်ကုန်မြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် Waterzonic 2018 EDM ပွဲ

          တပ်မတော် နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးအပြီး၂၀၁၇ ခုနှစ်တွင် ဘင်္ဂါလီ ၇ သိန်းကျော် မြန်မာနိုင်ငံမှ ထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေ ကြရဆဲ ဖြစ် / www.swissinfo.ch

          ဆွစ်ဇာလန်က တပ်မတော် ထိပ်တန်းအရာရှိများ အပေါ် အရေးယူ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          14.2k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          11.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved