• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အောင်လအန်ဆန် ခရာကီကို ဘယ်လို ကျော်ဖြတ်မလဲ

by ဆလိုင်းသန့်စင်
26 October 2018
in ဆောင်းပါး
A A
ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ရွှေခါးပတ် အတွက် အောင်လအန်ဆန် နှင့် ခရာကီတို့ ထိုးသတ်မည့် "ONE; PURSUIT OF GREATNESS"ပွဲစဉ် / ဓာတ်ပုံ - ONE Championship

ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ရွှေခါးပတ် အတွက် အောင်လအန်ဆန် နှင့် ခရာကီတို့ ထိုးသတ်မည့် "ONE; PURSUIT OF GREATNESS"ပွဲစဉ် / ဓာတ်ပုံ - ONE Championship

20.9k
VIEWS
Share on FacebookShare on Twitter

မြန်မာတို့၏ အချစ်တော် MMA ဖိုက်တာ အောင်လအန်ဆန် အနေဖြင့် ဝမ်းချန်ပီယံရှစ်၏ MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံဘွဲ့ ဆက်လက် ထိမ်းသိမ်းနိုင်ဖို့ ဒီတကြိမ် ကျော်ဖြတ်ရမည့်သူက ဝမ်းချန်ပီယံရှစ် ကဲ့သို့ပင် MMA နှင့် မွေ့ထိုင်း အားကစားပွဲများကို ကမ္ဘာတလွှား စီစဉ်ကျင်းပနေသည့် ဖီးနစ် (Phoenix Fighting Championship) ၏ မစ်ဒယ်ဝိတ် ချန်ပီယံ မိုဟာမက် ခရာကီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ဂျပန်နိုင်ငံသားဖိုက်တာ ဟာဆီဂါဝါကို နောက်ဆုံးအချီ ဖြစ်သည့် ၅ ချီ မြောက်တွင် အလဲထိုး ဖြင့် အနိုင်ယူပြီး မြန်မာ့မြေပေါ်တွင် ရှုံးပွဲမရှိ မှတ်တမ်းတခု ထပ်မံရေးထိုးကာ သူ၏ MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် အဖြစ် အောင်လအန်ဆန်း ကာကွယ် ထိမ်းသိမ်းနိုင်ခဲ့သည်။

RelatedPosts

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
784
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
2k
တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရဲ့ ပထမနေ့ရက်များ

တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရဲ့ ပထမနေ့ရက်များ

7 July 2025
603

ချန်ပီယံဘွဲ့ ကာကွယ်ပြီး မကြာခင်မှာပင် MMA ၉ ပွဲ ဆက်တိုက် အနိုင်ယူကာ ရှုံးပွဲမရှိ မှတ်တမ်း ရေးထိုးထား သည့် အသက် ၂၇ အရွယ် လက်ဘနွန်နိုင်ငံသား ကရာကီက အောင်လအန်ဆန်ကို ထပ်မံ စိန်ခေါ်လာသည့် နောက်မှာတော့ မစ်ဒယ်ဝိတ် ချန်ပီယံ ၂ ဦး၏ ရေကုန်ရေခန်း ထိုးသတ်မည့်ပွဲစဉ်ကို ဝမ်းချန်ပီယံရှစ်အဖွဲ့ က မြန်မာ့ မြေပေါ်တွင် စီစဉ်ခဲ့ သည်။

မိုဟာမက် ခရာကီဆိုသူက အရှေ့အလယ်ပိုင်းဒေသ၏ အကောင်းဆုံး MMA ဖိုက်တာတဦး ဖြစ်ပြီး ဂျူဂျစ်ဆု(ပြိုင်ဘက်ကို ချုပ်ကိုင်ကာ အနိုင်ယူသည့်ပညာ) ကျွမ်းကျင်ကာ လျှင်မြတ်ဖြတ်လတ် သန်မာသူ ဖြစ်သည်။

သူ၏ MMA ဖိုက်တာဘဝကို Desert Force MMA အားကစားပြိုင်ပွဲ၌ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ၇ ပွဲ ဆက် တိုက် အနိုင်ရရှိခဲ့ပြီး Desert Force ၏ လိုက်ဟဲဗီးဝိတ် နှင့် မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ပြိုင်ဘက်ကို လျှင်မြန်စွာ ပွဲသိမ်းနိုင်ပြီး စနစ်ကျသည့် တိုက်ခိုက်မှုများကြောင့် ခရာကီမှာ အရှေ့အလယ်ပိုင်း၏ နာမည်ကျော် ဖိုက်တာတဦး ဖြစ်လာခဲ့ပြီး ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာရရှိခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ဖီးနစ် MMA ပြိုင်ပွဲသို့ ပြောင်းလဲထိုးသတ်ပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိတွင် ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် လက်မှတ်ရေးထိုးကာ မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်နှင့် ထိုးသတ် ရန် စိန်ခေါ်လာခြင်း ဖြစ်သည်။

လက်ဘနွန်ဖိုက်တာ ခရာကီက သူထိုးသတ်ခဲ့သည့် နိုင်ပွဲ ၉ ပွဲတွင် ၃ ပွဲကို အလဲထိုးဖြင့် အနိုင်ယူခဲ့သူ ဖြစ်ပြီး ၅ ပွဲက သူ၏ ချုပ်ကွက်များကြောင့် ပြိုင်ဘက်များက အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ် ၈ ပွဲစလုံးတွင် ပြိုင်ဘက်များကို ပထမအချီမှာပင် ပွဲသိမ်းခဲ့သူ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထိုးသတ်သည့် အီဘရာဟင် အယ်ဆာဝီနှင့်ပွဲစဉ် တပွဲတည်းသာ နောက်ဆုံး ၅ ချီ အထိ ထိုးသတ် ကာ ဒိုင်၏ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပြီး Desert Force အဖွဲ့၏ မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

ထူးခြားချက် တခုအနေဖြင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို လုယူရန် ပထမဦးဆုံး စိန်ခေါ် ခဲ့ သည့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါမှာ ယခင်က ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲတွင် တကြိမ်တခါမှ ထိုးသတ်ဖူးခြင်း မရှိခဲ့ ပေ။ အောင်လနှင့် ထိုးသောပွဲစဉ်မှာ ဟာဆီဂါဝါ၏ ပထမဆုံးသော ဝမ်းချန်ပီယံရှစ်ပွဲစဉ် ဖြစ်ခဲ့သည်။

ယခုလည်း အလား တူပင် မိုဟာမက် ခရာကီမှာ ယခင်က ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုးသတ်ခဲ့ဖူးခြင်း မရှိဘဲ အောင်လ နှင့် ပွဲစဉ်မှာ သူ၏ ပထမဆုံးသော ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲ ဖြစ်သည်။

လက်ဘနွန်သား ခရာကီမှာ ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကဲ့သို့ပင် ၎င်း၏ ပထမဆုံးသော ဝမ်းချန်ပီယံရှစ် ပွဲစဉ် တွင် မြန်မာ့မြေ ပေါ်၌ ရှုံးပွဲမရှိ မှတ်တမ်း စိုက်ထူထားသည့် ဝမ်းချန်ပီယံရှစ် ချန်ပီယံခါးပတ် ၂ ခုပိုင်ရှင် အောင်လ အန်ဆန် ကို ထိုးသတ်ရန် ရွေးချယ်ခဲ့သည့်အတွက် ခရာကီ၏ MMA ဖိုက်တာ သက်တမ်းတလျှောက် အခက်ခဲ ဆုံး ပြိုင်ဘက်တဦးကို ရင်ဆိုင်ရမည်မှာ ကျိန်းသေနေပြီ ဖြစ်သည်။

ချန်ပီယံ အောင်လနှင့် ထိုးသတ်ရန် ခရာကီ အနေဖြင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ ထိပ်တန်း နည်းပြ များနှင့် လေ့ကျင့်ထားပြီး အောင်လအန်ဆန် ထိုးသတ်ထားသည့် ပွဲစဉ်များ အားလုံးကိုလည်း ကြည့်ရှု ထားကာ အနိုင်ရရန် ၉၉ ရာခိုင်နှုန်းသေချာကြောင်း ခရာကီက ရန်ကုန်မြို့တွင် အောက်တိုဘာလ၂၄ ရက် နေ့ က ပြုလုပ်သည့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

“ဒီပွဲက တချီတည်းနဲ့လည်း ပြီးနိုင်တယ်။ ၅ ချီအထိလည်း ဖြစ်သွားနိုင်ပါတယ်။ အနိုင်ရဖို့ကို ၉၉ ရာခိုင်နှုန်း မျှော်လင့် ထား ပါတယ်”ဟု မိုဟာမက် ခရာကီက ပွဲကြို ရှင်းလင်းပွဲတွင် ပြောဆိုသည်။

အောင်လအန်ဆန် အတွက်တော့ ခရာကီနှင့်ပွဲက သူ၏ MMA ကစားသမား ဘဝတလျှောက် ၃၄ ပွဲမြောက် ထိုးသတ် မည့် ပွဲစဉ်ဖြစ်သည်။

အောင်လအနေဖြင့် အရှေ့အလယ်ပိုင်းမှ MMA ဖိုက်တာများနှင့် ထိုးသတ်ဖူးသည့် အတွေ့အကြုံ ရှိထားသော် လည်း ခရာကီ လို ဂျူဂျစ်ဆု (ပြိုင်ဘက်ကိုမလှုပ်နိုင်အောင်ချုပ်သည့်ပညာ) နှင့် လက်သီး၊ တံတောင်ချက်များ ပူးတွဲ အသုံးပြုသည့် တိုက်ခိုက် ရေးသမားကို ဘယ်လိုနည်းလမ်းဖြင့် ယှဉ်ပြိုင် ထိုးသတ်သွားမလဲ ဆိုတာ စိတ်ဝင် စားဖို့ ကောင်းနေသည်။

ခရာကီအနေဖြင့် ၎င်းထိုးသတ်ခဲ့သည့် ပွဲစဉ်များတွင် ပြိုင်ဘက်ကို ဂျူဂျစ်ဆုနည်းဖြင့် ဝင်ရောက်ဖမ်းချုပ်ပြီး အပေါ် စီးမှ မိုး၍ လက်သီးချက်၊ တံတောင် ရိုက်ချက်များဖြင့် ထုထောင်းကာ အဆုံးသတ်လေ့ ရှိသလို အလစ် အငိုက် တွင် ဂျူဂျစ်ဆု နည်းဖြင့် ချုပ်ကိုင်၍ ပြိုင်ဘက်ကို အနိုင်ယူလေ့ရှိသည်။ သူ၏နိုင်ပွဲ ၉ ပွဲတွင် ၅ ပွဲက ပြိုင်ဘက်ကို ချုပ်ကိုင်၍ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ဂျူဂျစ်ဆုပညာ ထူးချွန်ပြီး ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်အနိုင်ယူလေ့ ရှိသည့်အတွက်“မြန်မာ့ စပါးအုံး မြွေ”ဟု နာမည်ကျော်သည့် အောင်လအန်ဆန် အနေဖြင့် ခရာကီကို ဂျူဂျစ်ဆုနည်းဖြင့် သူချုပ်ကိုယ်ချုပ် အပြန်အလှန် ချုပ်လေ မလား၊ အချုပ်မခံဘဲ လက်သီးချက်၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်ကိုခွာ၍ ထိုးသတ် လေ မလား၊ စိတ်ဝင်စားဖို့တော့ အရမ်းကောင်းသည်။

အောင်လကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အ၀ ရှိနေပြီး သူ့ကို အနိုင်ယူမယ်လို့ ကြုံးဝါး ထားသည့် ပြိုင်ဘက် ခရာကီ ကို ၃ ချီအတွင်း အနိုင်ယူ ထိုးသတ်သွားမည်ဟု ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ပြိုင်ဘက်ကို ၃ ချီအတွင်း နိုင်မယ်လို့ ယုံကြည်တယ်။ ဒီပွဲက ကြမ်းတမ်းမယ့် ပွဲစဉ်တပွဲ ဖြစ်လာမှာပါ။ ကျနော် ကတော့ ၁၀၀ ရာခိုင်နှုန်း နိုင်မယ်လို့ ယုံကြည်တယ်။ ဒီပွဲကို စိတ်ရောကိုယ်ရော နှစ်ပြီး အကောင်းဆုံး ကြိုးစား ထားလို့ ပရိသတ်တွေ စိုးရိမ်မှု မရှိပါနဲ့လို့ ပြောချင်ပါတယ်”ဟု အောင်လအန်ဆန်က ပြောဆိုသွားသည်။

မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန်/ဓာတ်ပုံ – ONE Championship

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ အောက်တိုဘာ ၂၆ ရက်နေ့ ညတွင်ကျင်းပမည့် “ONE ; PURSUIT OF GREATNESS” ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အန် ဆန် အနေဖြင့် ခရာကီ ကို အနိုင်ရခဲ့ပါက နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်မည် ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဘွဲ့ကို စွန့်လွှတ်ရမည်ဖြစ်ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

အောင်လအန်ဆန် နှင့် ခရာကီတို့၏ ကစားသမားဘ၀ ထိုးသတ်မှုမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာ တို့ ၏ အချစ်တော် အောင်လက လက်ဘနွန် ဖိုက်တာထက် များစွာသာလွန်နေသည်။

အောင်လအန်ဆန်သည် ၂၀၀၅ ခုနှစ်ကစတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်း တလျှေက် ၃၃ ပွဲထိုး၊ ၂၃ ပွဲနိုင်၊ ၁၀ ပွဲရှုံး ရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် “ONE; LIGHT OF A NATION” ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည် ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် “ONE; QUEST FOR GOLD” ပြိုင်ပွဲတွင် ၎င်းထိုးသတ် နေ သည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံ ရှစ် ၏ ပထမဆုံး သော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန် အဖြစ် မှတ်တမ်း သစ် ရေးထိုးထားခဲ့သူ ဖြစ်သည်။

အောင်လ အနေဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံခန်းမတွင် ၂၀၁၆ ခုနှစ် မတ်လက မိုဟာမက်အလီ ကို ထိုးသတ် အနိုင်ယူခဲ့ပြီး ယင်းနှစ် အောက်တိုဘာလတွင် မိုက်ကယ် ပတ်စ်တာနက်နှင့် ထိုးသတ်ရာ အနိုင်ရရှိခဲ့ သည်။

ထို့နောက် ၂၀၁၇ ဇွန်လတွင် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှက်ကို အနိုင်ယူခဲ့ပြီး နိုဝင်ဘာလ တွင်လည်း ၎င်းထက် ဝိတ်တန်းမြင့်သည့် ဟဲဗီးဝိတ် ဖိုက်တာ အလိန်း ငလာနီကို အလဲထိုးဖြင့် အနိုင်ယူခဲ့သူဖြစ် သည်။

ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလတွင် ဘရာဇီးဖိုက်တာ မာချာဒိုကို အနိုင်ယူခဲ့ပြီး ဇွန်လတွင် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ် ချန်ပီယံ ရွှေခါးပတ် ကာကွယ်ပွဲတွင် ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုး အနိုင်ယူထားသူ ဖြစ် သည်။

ထို့ကြောင့် အောင်လအန်ဆန် အနေဖြင့် ၎င်း၏ မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် ၆ ပွဲထိုး၊ ၆ ပွဲနိုင်ရလဒ် ဖြင့် ရွှေခါးပတ် ၂ ခု ရယူကာ ရာနှုန်းပြည့် အနိုင်ရထားသည့် စံချိန်ကို ရေးထိုးထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပမည့် “ONE ; PURSUIT OF GREATNESS” ပြိုင်ပွဲ၌ ချန်ပီယံ အောင်လအန်ဆန် နှင့် ခရာကီ တို့ပွဲစဉ်မှာ အဓိကပွဲစဉ်ဖြစ်ပြီး ယင်းပွဲမတိုင်ခင် မြန်မာပြည်မှ MMA ဖိုက်တာ ဖိုးသော် နှင့် မလေးရှား ဖိုက်တာ MIMMA ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း ကီယာနူး ဆပ်ဘာ (Keanu Subba) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

MMA ၆ ပွဲဆက်တိုက် အနိုင်ရထားသူ ဖိုးသော် အတွက် ပြည်ပကစားသမား တဦးနှင့် ဒုတိယအကြိမ် ယှဉ်ပြိုင် ထိုးသတ် ခြင်း ဖြစ်ပြီး ကီယာနူး ဆပ်ဘာမှာ ဝမ်းချန်ပီယံရှစ်၏ ဖယ်သာဝိတ်တန်းတွင် အလားအလာ အရှိဆုံးနှင့် အမြင့်ဆုံးအဆင့် သတ်မှတ်ခံရသူ ဖိုက်တာတဦး ဖြစ်သည့် အတွက် အဆိုပါ တွဲဆိုင်းကလည်း ပရိသတ်များ အတွက် ဖျော်ဖြေမှုအပြည့် ပေးနိုင် မည့် ပွဲစဉ်တပွဲ ဖြစ်လာရန် ရှိနေသည်။

အဓိက ပွဲစဉ်ဖြစ်သည့် အောင်လနှင့် ခရာကီပွဲကတော့ အောင်လ၏ စကားတခွန်းကြောင့် ပို၍ ပွဲဆူစေခဲ့သည်။ မြန်မာ့မြေပေါ် တွင် ပြိုင်ဘက်တိုင်းကို အနိုင်ယူထားသည့် အောင်လအန်ဆန်ကို အနိုင်ယူ ထိုးသတ်မည်ဟု ကြုံးဝါး ထားသည့် လက်ဘနွန် သား ခရာကီကို အောင်လက ခပ်ပြတ်ပြတ်ပင် “၃ ချီအတွင်း အနိုင်ထိုးမည်”ဟု ပြောဆိုခဲ့သည့် အတွက် အဆိုပါ စကား တခွန်း က မြန်မာ တနိုင်ငံလုံးရှိ ပရိသတ်များကို အမြင့်မားဆုံး ဖမ်းစား ထား ခဲ့ပြီ ဖြစ်သည်။

အောင်လက ပြောလျှင် ကတိတည်သည်ဟု ဆိုရမည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သူ့ထက် ဝိတ်တန်း တဆင့်မြင့် သည့် ဟဲဗီးဝိတ်ဖိုက်တာ လူသန်ကြီး ငလာ့နီနှင့် ထိုးသတ်မည့် ပွဲကြိုရှင်းလင်းပွဲတွင် ငလာ့နီကို ၂ ချီအတွင်း အနိုင်ထိုးမည်ဟု ကြိုတင် ပြောဆိုခဲ့သဖြင့် ပရိသတ်များ အားလုံး မယုံမရဲဖြင့် အံ့သြခဲ့ရ သည်။

တကယ်တမ်း ထိုးသတ်ချိန်တွင် ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်မှာပင် ဟဲဗီးဝိတ်ဖိုက်တာ ငလာ့နီကို အောင်လက မြန်မာ့ စပါးအုံးမြွေဟု နာမည်ကြီးစေခဲ့သည့် ချုပ်ကွက်ဖြင့် အနိုင်ယူပြခဲ့သည်။

ယခုလည်း မစ်ဒယ်ဝိတ်ချန်ပီယံ ရွှေခါးပတ် ကာကွယ်ရမည့် ပွဲစဉ်မှာပင် ရှုံးပွဲမရှိသည့် ခရာကီကို ၃ ချီအတွင်း အနိုင်ယူပြမည် ဟု အောင်လ ပြောဆိုခဲ့ပြန်သည်။

၉ ပွဲဆက် အနိုင်ရထားပြီး ရှုံးပွဲမရှိသည့် ခရာကီက မြန်မာ့မြေပေါ်တွင် အနိုင်ယူဖို့ ခက်ခဲလွန်းသည့် အောင်လကို အနိုင် ထိုးသတ်၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လွဲှပြောင်းယူသွားမလား၊ မြန်မာတို့၏ အချစ်တော် အောင်လအန် ဆန် ကပဲ သူ့စကားအတိုင်း ခရာကီကို ၃ ချီအတွင်း အလဲထိုး၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းသွား မလား အောက်တိုဘာ ၂၆ ရက်နေ့ည ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ရုံ ၌ကျင်းပမည့် “ONE ; PURSUIT OF GREATNESS” ပြိုင်ပွဲတွင် စောင့်ကြည့်ရမည် ဖြစ်ပါသည်။ ။

Your Thoughts …
Tags: အောင်လအန်ဆန် နှင့် ခရာကီ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
၂၀၁၈ အရှေ့တောင်အာရှရဲ့ ထိပ်တန်းစမတ်စီးတီး ၁၀ မြို့စာရင်းထဲမှာ ထည့်သွင်းခံရတဲ့ မန္တလေးမြို့ရဲ့ ညမြင်ကွင်း / ဇော်ဇော်

မန္တလေးကို နမူနာထား၍

ကိုယ့်ပေါင်ကိုယ်ထောင်း

ကိုယ့်ပေါင်ကိုယ်ထောင်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.2k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate