• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက နုတ်ထွက်မှု KNU သဘောထားကွဲမှုကို ရောင်ပြန်ဟပ်

by ချစ်မင်းထွန်း
31 October 2018
in ဆောင်းပါး
A A
၂၀၁၇ ခုနှစ် ဩဂုတ်က ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော KNLA တပ်ဖွဲ့ဝင်များ / ငြိမ်းငြိမ်း

၂၀၁၇ ခုနှစ် ဩဂုတ်က ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော KNLA တပ်ဖွဲ့ဝင်များ / ငြိမ်းငြိမ်း

21.4k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးနှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးတို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တွေ့ဆုံ ဆွေးနွေး အဖြေရှာခဲ့ကြသည်။

အဆိုပါ ၁၀+၁၀ ထိပ်သီး အစည်းအဝေးတွင် ခွဲမထွက်ရနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တခုတည်းသော တပ်မတော် ကို သဘောတူရေးဆိုသည့် အချက်များ အပါအဝင် တခြားသော အချက်တချို့ကို ဆွေးနွေးခဲ့ကြသည်။

RelatedPosts

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
255
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
763

ထိုတွေ့ဆုံ ဆွေးနွေးမှုတွင် တခုတည်းသော တပ်မတော် ထားရှိရေးကို မူအရ သဘောတူညီကြောင်း ဆွေးနွေး ပွဲအပြီး ကိုယ်စားလှယ်များက ပြောဆိုလာခဲ့ကြသလို ခွဲမထွက်ရေးကိစ္စမှာ နောက်ဆက်လက် ဆွေးနွေးသွားရန် သဘောထား ရှိခဲ့ကြကြောင်း ဆိုခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ခွဲမထွက်ရေးကိစ္စကို တပ်မတော်ထံ ဘာကြောင့် အာမခံချက် ပေးရမည်နည်း၊ ရှမ်းပြည်နယ်လူထု သဘောထား ဆန္ဒခံယူပွဲဖြစ်သာ ဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ တခုတည်းသော တပ်မတော် ကို မူအားဖြင့် လက်ခံသော်လည်း တပ်မတော်က အာဏာမသိမ်းဘူးဟု မည်သို့ အာမခံမည်နည်း စသဖြင့် ပြော ဆိုလာသည်။ (ဧရာဝတီနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ် သီးသန့် အင်တာဗျူး တွင် ဖတ်ပါ။)

ဤသို့ အခြေအနေတွင် တဆက်တည်း ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သည့် အဖွဲ့အစည်း တခုဖြစ်သော ကရင် အမျိုးသား အစည်းအရုံး(KNU)မှ ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၂၇ ရက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတစောင် ပေးပို့ခဲ့သည်။

ထိုစာထဲတွင် KNU က လတ်တလောကျင်းပပြုလုပ်မည့် အစည်းအဝေးများ တက်ရောက်ပါဝင်မှုများအား ယာယီ ဆိုင်းငံ့ထားမည်ဟု ဖော်ပြထားသည်။ ယင်းစာအပြင် နောက်ထပ်ထုတ်ပြန်သော ကြေညာစာအရပါ KNU သည် နှင့် RCSS/SSA အလားတူ အဖွဲ့အစည်း တခုလုံး တညီတညွတ်တည်း ဖြစ်ရန်နှင့် ကရင်လူထု၏ သဘောထား ရယူရန် လုံလောက်သည့် အချိန်ကာလတခု လိုကြောင်း သိရသည်။

မည်သို့ဆိုစေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အဖွဲ့ဖြစ်သည့် KNU က ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း အပေါ် စိုးရိမ်မှုများ ပျံ့ပွားသွားစေခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများ၊ လေ့လာ စောင့်ကြည့်သူများ၊ လူထု၊ စာနယ်ဇင်းသမားများ စသည့် အစုအဖွဲ့များအကြား ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အခြေအနေကောင်းတော့ဘူးလား၊ ရှေ့ဆက်မဖြစ်နိုင်တော့ဘူးလား၊ KNU အတွင်း အကွဲအပြဲများ ဖြစ်နေ ခြင်းလား စသဖြင့် မတူညီသော ထင်ကြေးများ ပေးနေကြသည်။

“အကဲခတ်ရတာတော့ KNU အဖွဲ့အစည်း အတွင်းမှာ ကျေကျေလည်လည် မရှိသေးတဲ့ ကိစ္စ ဖြစ်မယ်၊ အဖွဲ့ အစည်း အတွင်း ပြဿနာလို့ ယူဆရတယ်။ သူတို့ အဖွဲ့အစည်းအတွင်း ပြဿနာလေးတွေ ရှင်းဖို့ လိုလို့ ပြင်ပဆက်ဆံမှုတွေကို နည်းနည်း ယာယီလျှော့ချတာ နေမယ်” ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

KNU နှင့် နီးစပ်သော သတင်းရင်းမြစ်များအဆို ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲအား ရက် ရွေ့ဆိုင်းရန် KNU ဗဟိုကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ရာတွင် ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြီး ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားရန် သဘောတူခဲ့ကြောင်း သိရသည်။

KNU ဥက္ကဌ ကိုယ်တိုင် NCA လမ်းကြောင်းကို လိုက်နေသည့်အချိန်မှာ ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲက NCA သည် နိုင်ငံရေး ထောက်ချောက်ဖြစ်သည်ဟု ပြောလိုက်ခြင်းကလည်း KNU အကြား ညီညွတ်မှု မရှိကြောင်း သိသာ စေသော အချက်ဖြစ်သည်။ (KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် ဧရာဝတီ အင်တာဗျူး တွင် ဖတ်ရှုပါ။)

ထို့ကြောင့် KNU အဖွဲ့အစည်းအတွင်းက သဘောထားများ ကွဲလွဲနေပြီး အက်ကွဲသံများ ဖြစ်ပေါ်နေသည်များနှင့် ပတ်သက်ပြီး KNU သည် ၂၀၁၈ ခုနှစ်၊နိုဝင်ဘာ ၅-၆-၇-၈ ရက်တို့တွင် ဗဟို ကော်မတီ အစည်းအဝေး ကျင်းပကာ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

KNU အတွင်း လက်ရှိ စစ်ဦးစီးချုပ် စောဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ၊ ဒုဥက္ကဌဟောင်း နော်စီဖိုးရာ စိန်၊ တွဲဖက်အတွင်းရေးမှူး(၂)ဟောင်း ပဒိုမန်းမန်းတို့ အုပ်စုနှင့် လက်ရှိ ဥက္ကဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဌ ပဒိုစော ကွယ်ထူးဝင်းတို့၏ ဗဟိုကော်မတီဝင် အုပ်စုများကြား အမြင်သဘောထားများ ကွဲလွဲလျက်ရှိပြီး အားပြိုင်မှုများ ရှိ ကြသည်။

ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲတို့ အုပ်စုသည် NCA လမ်းကြောင်းကို ယုံကြည်မှုမရှိသလို တခုတည်းသော တပ်မတော်ကိစ္စနှင့် လက်နက်ကိုင် ဖြုတ်သိမ်းရေး (DDR) အပေါ် လက်မခံနိုင်သည့် အခြေအနေများ ရှိကြ သည်။

ဥက္ကဌ စောမူတူးစေးဖိုးနှင့် ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းတို့သည် အစိုးရ၊ တပ်မတော်တို့ဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကာ NCA လမ်းကြောင်းအတိုင်း သွားမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများနှင့်အညီ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေသည့် အုပ်စု ဖြစ်သည်။

အဆိုပါ အုပ်စု ၂ အုပ်စုအကြား အားပြိုင်ခြင်း ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း NCA ကို လက်မှတ်မထိုးမီကတည်းက စတင်နေခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီ ၈ ရက် ၁၆ ကြိမ်မြောက် KNU ညီလာ ခံမှာ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဥက္ကဌ အဖြစ် ဆက်လက် အရွေးချယ် ခံခဲ့ရပြီး အထွေထွေ အတွင်းရေးမှူးဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ဒုဥက္ကဌအဖြစ် လည်းကောင်း၊ စီးပွားရေး တာဝန်ခံ ပဒိုစောတာ ဒိုမှူးက အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ပဒိုစောလှထွန်းက တွဲဖက်အတွင်းရေးမှူး(၂) အဖြစ် လည်းကောင်း၊ ပဒိုစောဆဲပွယ်က တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် လည်းကောင်း အသီးသီး ရွေးချယ်ခံခဲ့ကြရ ခြင်းကြောင့် အနည်းငယ် အဆုံးသတ်သွားခဲ့ပုံရသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က နော်စီဖိုးရာစိန်က ဒုဥက္ကဌအဖြစ် လည်းကောင်း၊ ပဒိုမန်းမန်း တွဲဖက်အတွင်း ရေးမှူး(၂)ဖြစ်လည်းကောင်း၊ ပဒိုစောသောသီဘွဲ့ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ်လည်းကောင်း၊ ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲက ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း ရှိနေရာ ၁၆ ကြိမ်မြောက် KNU ညီလာခံမှာ အားလုံး အရွေးမခံရတော့ခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း KNU သည် နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA သည် KNU ၏ စစ်ရေး လက်အောက်ခံ အဖွဲ့ဖြစ်ရာ KNU နှင့် KNLA ကြား တခုတည်းသော တပ်မတော်ကိစ္စမှာ အကျေအလည် ညှိနှိုင်းရန် လိုအပ်သည်။

KNU ၏ စစ်ရေး လက်အောက်ခံ KNLA မှ တပ်မှူးများသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က အစည်းအဝေး ကျင်းပကာ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး(DDR)ကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် ဗဟိုကော်မတီဝင်ထဲမှာလည်း ထိပ်သီး ခေါင်းဆောင်များ၏ လုပ်ငန်းဆောင်ရွက်ပုံများအပေါ် အမြင် သဘောထား ကွဲလွဲမှုများ ရှိလာကြပြီး အားပြိုင်မှုများ ရှိလာခဲ့ပြန်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆောင်ရွက်နေသူများက ဆိုသည်။

မည်သို့ပင်ဆိုစေ KNU ၏ လတ်တလော ကျင်းပနေသည့် ဆွေးနွေးပွဲများ တက်ရောက်ခြင်းအပေါ် ယာယီ ဆိုင်းငံ့သွားမည်ဟု ဆိုခြင်းက လူကြီးမဆန်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် အခက်အခဲ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ ဘာပဲဖြစ်ဖြစ် ဒီလို လုပ်လိုက်တာဟာ ကျနော်တို့ ၂၁ ပင်လုံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့တဆင့်တိုးရေးအတွက်တော့ အတော်လေး ဂယက်ရိုက်သွားမှာပဲ၊ ထိခိုက် နစ်နာမှုရှိလာမယ်လို့ ထင်ပါတယ်။ ကျနော်တို့ အဲဒါတော့ မဖြစ်စေချင်ဘူး။ အခု ၂ နှစ်အတွင်းမှာ တွန်းတွန်းတိုက်တိုက် အားသွန်ခွန်စိုက် လုပ်စေချင်တယ်။ အခု လုပ်နည်း ကိုင်နည်းမျိုးတွေက သိပ် လူကြီးလူကောင်း မဆန်ဘူးလို့ ယူဆတယ်။ လူထု တရပ်လုံးက ငြိမ်းချမ်းရေးအတွက် မျှော်လင့်နေတဲ့အချိန်မှာ ဒီလို သဘောထားမျိုး ထွက်လာတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတာပေါ့”ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ၂၀၁၉ ခုနှစ်အတွင်း ဖက်ဒရယ်အခြေခံမူများ ရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြော ထားသလို ၂၀၂၀ အတွင်း နောက်ထပ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံကို ၃ ကြိမ် ကျင်းပသွားရန် လျာထားထားသည်။

ဆက်စပ်ဖတ်ရှုရန် – ဘာ့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက KNU ထွက်ရသလဲ 

Your Thoughts …
Tags: KNLAKNUငြိမ်းချမ်းရေး
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
Kreate Food ၏ အမှုဆောင် ဒါရိုက်တာ မေသင်းကြူ / May Thin Kyu  / Facebook

မြန်မာ့စားသောက်ဆိုင်လုပ်ငန်းကို ရှေ့တန်းရောက်စေချင်သည့် သူ

နေပြည်တော် ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ  /  Myanmar State Counsellor Office

ပဋ္ဋိပက္ခစက်ဝန်းနဲ့ ငြိမ်းချမ်းရေးတူရူအမြင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate