ဆောင်းပါး

ပြည်တွင်း ငြိမ်းချမ်းရေး၊ ဦးနု နဲ့ NLD

Want create site? Find Free WordPress Themes and plugins.

၈၈ နောက်ပိုင်း ဒုတိယ ပါတီစုံ ဒီမိုကရေစီ ကာလ ၂၀၁၅ – ၂၀၂၀

၁နဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ဆိုပြီး စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်း ချွ၉၈၈ နောက်ပိုင်း ပထမ ပါတီစုံ ဒီမိုကရေစီ ကာလလို့ ခေါ်တဲ့ ၂၀၁၀-၂၀၁၅ အတွင်းမှာတော့ ပြည်ထောင်စု ကြံ့ခိုင် ရေးတ်ကာ အရပ်ဝတ်လဲပြီး ၂၀၁၀ ရွေးကောက် ပွဲမှာ မနိုင်နိုင်အောင် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ပြည်သူကတော့ တုံးအောက်ကဖား ပြားနေရတဲ့ဘ၀ ဆိုတော့ မဲထည့်ခိုင်းတော့ ထည့်လိုက်ရတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဝင်မပြိုင်၊ NLD ခွဲထွက် ခမောက် သင်္ကေတနဲ့ နိုင်ငံရေး ပါတီတွေ ဝင်ပြိုင်တော့လည်း ထိုက်သင့်သလောက် အနိုင်ရခဲ့တယ်။ မေးခွန်းထုတ်စရာ မဲပေးမှုတွေနဲ့ ကြံ့ခိုင်ရေး ပါတီ အနိုင်ရပြီး အစိုးရဖွဲ့ခဲ့တယ်။

ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင်ခေတ် စစ်ကောင်စီဝင်တွေထဲမှာ နံပါတ် ၄ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဆင့် ရှိတဲ့ ဗိုလ်သိန်းစိန်ကို သမ္မတ ခန့်လိုက်တယ်။

ဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ စစ်ကောင်စီနံပါတ် ၃ ခေါင်းဆောင် ဗိုလ်ရွှေမန်းကို ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ခန့်လိုက် ပါတယ်။

လူထု ရွေးကောက် တင်မြှောက်မှုရယ်၊ လွှတ်တော်ရယ်၊ လွှတ်တော်ကပဲ ရွေးလိုက်တဲ့ အစိုးရအဖွဲ့ရယ် စတဲ့ ပါတီစုံ ဒီမိုကရေစီ ပြဋ္ဌာန်းချက်တွေ ပါနေတာကြောင့် နှစ်ပေါင်း ၅၀ စစ်အစိုးရ၊ စစ်အုပ်ချုပ်ရေး ခေတ်လွန်မှာ ပထမဆုံး လူထု ရွေးတဲ့ အစိုးရ ဖြစ်လာတာပဲ။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံရယ်၊ စစ်ဗိုလ်တွေ ပါဝင်တဲ့ အစိုးရရယ် ဖြစ်တာကြောင့် စစ်တပိုင်း အစိုးရလို့ ပြည်သူက သတ်မှတ် ခဲ့ပါတယ်။ ယခင် စစ်အစိုးရထက် စာရင်တော့ တစုံတရာ သက်သာချောင်ချိမှု ရှိတယ်လို့ ပြောချင်လည်း ပြောလို့ ရပါတယ်။

စာပေလွတ်လပ်မှု တစုံတရာ ရရှိလာတာတော့ အမှန်ပါပဲ။ စည်းရုံးခွင့်၊ အဖွဲ့အစည်း ဖွဲ့ခွင့်၊ ဆန္ဒပြခွင့်၊ စာပေ လွတ်လပ် ခွင့်ကို ထိန်းချုပ်ထားတဲ့ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး အထိုက်အလျောက် ရေးသားခွင့်တွေ ရရှိခဲ့တာကြောင့် လွန်ခဲ့ တဲ့ အနှစ် ၅၀ ကျော် စစ်အစိုးရ ခေတ်ကထက် အတိုင်းအတာ တခုအထိ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ရရှိခဲ့တာ အမှန် ပါပဲ။

ဦးသိန်းစိန် အစိုးရ ၅နှစ်တာ အုပ်ချုပ်ခဲ့ပေမယ့် အနှစ် ၅၀ လုံးလုံးခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေကတော့ ဦးသိန်းစိန် အစိုးရ လုပ်ရပ်တွေကို ယုံယုံကြည်ကြည်တော့ မခံစားကြရဘူး။ ဟန်ပြလို့ပဲ ခံစားကြရတယ်။

တချိန်တည်းမှာ ၁၉၉၈ က လူထုက အားကိုးရာအဖြစ် ခေါင်းဆောင်ကိုရော၊ ပါတီကိုရော အလေးထားခဲ့တဲ့ အတွက် ၁၉၉၀ မှာ NLD ဝက်ဝက်ကွဲ အနိုင်ရခဲ့တဲ့ သာဓက ရှိခဲ့တယ်။ အဲဒီ ၉၀ တုန်းက အာဏာမရခဲ့တဲ့ NLD ကို လူထုက အာဏာ ပေးချင်တဲ့ဆန္ဒ ရှိကြတယ်။ NLD ခေါင်းဆောင်တွေဟာ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေလို့ ယူဆ ကြတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြည်သူကို ဦးထိပ်ထားတဲ့ အပြောတွေ၊ ဒီမိုကရေစီ အတွက် သွားရည်ကျစရာ အ ပြောတွေ ကြောင့် အကြီးအကျယ် မျှော်လင့်ခဲ့တာ အမှန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင် အဆက်ဆက်နဲ့ သူတို့ရဲ့ အလိုတော်ရိတွေ၊ သူတို့ အသွင်ပြောင်းခဲ့တဲ့ သူတွေကို ပြည်သူက အလိုလို အော့နှလုံး နာနေတဲ့ အတွက် ၁၉၉၀ ရွေးကောက်ပွဲတုန်းက လိုပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တောင်ပြိုကမ်းပြို မဲထည့်ခဲ့ကြတယ်။

၁၉၈၈ နောက်ပိုင်း ဒုတိယ ပါတီစုံ ဒီမိုကရေစီခေတ် ၂၀၁၅ – ၂၀၂၀ မှာ အမှန်တကယ် ပြောင်းလဲဖို့ မျှော်လင့်ခဲ့ကြ တယ်။ ပြည်သူနဲ့ လက်တွဲညီခဲ့တဲ့ ယခင့်ယခင်က
အစဉ်အလာအတိုင်း ဆောင်ရွက်မယ်လို့ ပြည်သူက အားထား မျှော်လင့် ခဲ့ကြပါတယ်။ ဒါပေမယ့်…..။

ဖဆပလ ခေတ် ပါတီစုံ ဒီမိုကရေစီ

၁၉၄၈ ခုနှစ်က အာဏာရလာတဲ့ ဖဆပလ အစိုးရခေတ်ကို ပထမဆုံး ပါတီစုံ ဒီမိုကရေစီခေတ် လို့ သတ်မှတ် ရပါလိမ့် မယ်။

ဖဆပလ ခေါင်းဆောင် ၂ ဦးဖြစ်သော ဦးနု နှင့် ဗိုလ်ချုပ် အောင်ဆန်း (ဓာတ်ပုံ – mmbookslover.blogspot.com)

ယနေ့ ပါတီစုံ ဒီမိုကရေစီခေတ်ကို ဝေဖန်သုံးသပ်ကြတဲ့ အခါမှာ ပထမ ပါတီစုံဒီမိုကရေစီ ခေတ်နဲ့ အဲဒီတုန်းက ဖွဲ့စည်း ပုံ၊ အဲဒီတုန်းက စစ်တပ်ရဲ့ သြဇာနဲ့လွှမ်းမိုးမှု စတာတွေကိုပြန်လည် သုံးသပ်ဖို့ လိုလိမ့်မယ် ထင်ပါတယ်။

၁၉၄၈ ခုနှစ် အစိုးရဖွဲ့တဲ့အခါ ဝန်ကြီးချုပ် ဦးနုက ဦးဆောင်ပြီး ဖွဲ့စည်းပါတယ်။ ကက်ဘိနက်ကို သမ္မတ ဦးမဆောင်ဘဲ ဝန်ကြီးချုပ်ကသာ ဦးဆောင်တဲ့ ဗြိတိသျှ ကက်ဘိနက် အတိုင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သမ္မတကတော့ အဆောင် အယောင်ပဲ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှိစဉ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအတိုင်း ကျင့်သုံးခဲ့တာပဲ။ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော်ရော၊ ဝန်ကြီးဋ္ဌာနတွေရော ဝန်ကြီးချုပ် လက်အောက်မှာပဲ ရှိရတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးချုပ်ရဲ့ သဘောထားအတိုင်း လက်ခံကျင့်သုံးရတယ်။

ယခု ၂၀၀၈ ဖွဲ့စည်းပုံလို လွှတ်တော်ထဲ တပ်မတော်သား၂၅ ရာခိုင်နှုန်းထည့်၊ အရေးကြီးတဲ့ ဝန်ကြီးဋ္ဌာနတွေကို တပ်မတော်က ချုပ်ကိုင်တာမျိုး ၁၉၄၇ ဖွဲ့စည်းပုံမှာ မပါပါဘူး။ စစ်တပ်ဟာ အစိုးရရဲ့ အဖွဲ့အစည်းတခု အဖြစ်၊ ဋ္ဌာန တခု အဖြစ် ပါဝင်နေတယ်။ ကာကွယ်ရေး ဝန်ကြီးက ချုပ်ကိုင်ထားရတယ်။ ကာကွယ်ရေး ဦးစီးချုပ်ကအစ ဝန်ကြီးချုပ် နဲ့ ကက်ဘိနက်က တာဝန်ပေးတာရော၊ တာဝန်ရပ်စဲတာရော၊ ခန့်အပ်တာရော လုပ်ဆောင်ရတယ်။

ကာကွယ်ရေး ဝန်ကြီးဟာ အဲဒီတုန်းက အစိုးရက ခန့်အပ်ထားတဲ့ အရပ်သားတဦးပဲဖြစ်တယ်။ မှတ်မိသလောက်ဆိုရင် ဗိုလ်မှူးအောင် တို့၊ ဦးဘဆွေ တို့ စတဲ့ ဖဆပလ ဝန်ကြီးတွေ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ယူခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆိုးတယ်လို့ ပြောချင်ပြောလို့ရတာဟာ ၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်းစစ်ကြီး နိုင်ငံ တဝန်း ပျံ့နှံ့လာတာ ဖြစ်တယ်။ ကွန်မြူနစ် အဖြူ၊ အနီတွေ၊ ပြည်သူ့ရဲဘော်တွေ၊ KNDO ခေါ်တဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး သမားတွေဟာ ဖဆပလကို ပုန်ကန် တော်လှန်ခဲ့ကြတယ်။

အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်တော်လှန်ရေး သမားတွေကြောင့် အစိုးရရော၊ စစ်တပ်ရော ခုခံနိုင်ဖို့ အားနည်း လာပြီး ဒေသ အတော်များများကိုလည်း သူပုန်တွေသိမ်းထားနိုင်တဲ့ အခြေအနေကို ရောက်လာတယ်။

KNDO နဲ့ တချို့လက်နက်ကိုင် အဖွဲ့တွေဟာ မေမြို့၊ မိတ္တီလာ စတဲ့ နေရာတွေတောင် သိမ်းထားနိုင်တယ်။ ရန်ကုန်မြို့ ဆိုရင် အင်းစိန်က ကရင်လက်ထဲကျသွားပြီး ကြို့ကုန်းက ဦးစက္ကံကျောင်းမှာ ထိုးစစ်အားတန့်သွားတယ်လို့ ဆိုပါတယ်။

အမျိုးသားရေး ဆိုတဲ့အမြင်နဲ့ တချို့ လက်နက်ကိုင်တွေက အစိုးရဘက်ကနေ ဝိုင်းကူတိုက်ပေးတာတွေ ဖြစ်လာတဲ့ အခါ KNDO တွေ အားနည်းသွားသလို စနစ်ကျတဲ့ တပ်ပေါင်းစုကို မတည်ဆောက် နိုင်တာကြောင့် အစိုးရက ပြန် အားကောင်း လာတယ်။ နိုင်ငံခြားက ထောက်ပံ့မှုတွေ ရလာပြီး သူပုန်ကို ပြန်တိုက်ခိုက် လာနိုင်တယ်။ ဘယ်လိုပဲဖြစ် ဖြစ် ဝန်ကြီးချုပ် ဦးနုက အဲဒီကနေစပြီး သြဇာ ကြီးလာပါတော့တယ်။

ဗြိတိသျှ ကိုလိုနီခေတ်က ဗြိတိသျှ နယ်ချဲ့သမား ဆန့်ကျင်ရေး ဒို့ဗမာ အစည်းအရုံးမှာ သခင် တပ်ခေါ်ရင်း ဦးနုလည်း သခင်နု ဖြစ်လာခဲ့တယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် သခင်ခေတ် မရှိတော့ဘူး။ ဒါ ကြောင့် သူ့ရှေ့က သခင်ကို ဖြုတ်ပြီး ဦးနု ဖြစ်လာပါတယ်။

ပြည်တွင်းစစ် အစပိုင်းမှာ အားကောင်းတဲ့ လက်နက်ကိုင် သူပုန်တွေကို ပြန်တိုက်ပြီး ဖဆပလရဲ့ အာဏာကို ထိန်းနိုင် တာနဲ့ အမျှ ဦးနုရဲ့ သြဇာအာဏာဟာ ကြီးလာပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း သူ့ကို အထင်ကြီးလာကြတယ်။ ဦးနုမှာ ကိုယ်ကျင့်သိက္ခာ အရရော၊ နိုင်ငံရေး အယူအဆအရရော လစ်ဘရယ်ဒီမိုကရက်တစ်တွေ ကြားမှာ နာမည် ပျက်မရှိဘူး။ အပြစ်လည်း ရှာလို့မရကြဘူး။ ဆဋ္ဌမသံဃာယနာ တင်တာမျိုးနဲ့ သံဃာယနာတင် မင်းတရားကြီး ဖြစ် လာပါတယ်။

ပဉ္စမသံဃာယနာကို မင်းတုန်းမင်းတရားကြီးက မန္တလေးမှာတင်ပြီး ဦးနုလည်း ဆဋ္ဌမသံဃာယနာ တင်ပြီး ဘုရားဆုပန် ဘုရားဒကာကြီး ဖြစ်သွားတော့တာပဲ။

တချိန်တည်းမှာ ကမ္ဘာအေး စေတီဆိုပြီး ဆဋ္ဌမသံဃာယနာ တင်တဲ့ မဟာပါသန လိုဏ်ဂူကြီး ဘေးမှာ စေတီတဆူ တည်ခဲ့ပါတယ်။

အဲဒီမှာ ဦးနုဟာ ဘုရားဒါယကာကြီး ဖြစ်လာသလို နောင်သူ့ကို ဆန့်ကျင်တဲ့ သူတွေ၊ အတိုက်အခံတွေက သူ့ကို ဘဝရှင် မင်းတရားကြီးလို့ သမုတ်လာခဲ့တယ်။

၂၀၁၀ သြဂုတ်လ အတွင်းက ပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန်တိုင်းရုံး ဖွင့်ပွဲ (ဓာတ်ပုံ – ဧရာဝတီ)

ပြည်တွင်းစစ်ဟာ ပိုပြီး နက်ရှိုင်းလာခဲ့တယ်။ ပြည်တွင်းစစ် ရပ်စဲရေးကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကနေ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး တည်ဆောက်ပါ ဆိုတာကို ဦးနုက လက်မခံ နိုင်ခဲ့ဘူး။ သူ့အမြင်ကတော့ နိုင်ငံသားတယောက် ရသင့်ရထိုက်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပေးမယ်ဆိုရင် သူပုန် တွေဟာ လက်နက်ချလာမှာပဲ။ ဒါကြောင့် လက်နက်နဲ့ ဒီမိုကရေစီလဲရေး ဆိုတဲ့အသံကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့တယ်။

တကယ်ပြောရရင်တော့ အဲဒီတုန်းက တနိုင်ငံလုံးဟာ ဘာဒီမိုကရေစီမှ မရကြပါဘူး။ သူပုန်တွေကို ချေမှုန်းဖို့နဲ့ အစိုးရ ဆန့်ကျင်ရေး သမားတွေကို နှိပ်ကွပ်ဖို့ ပျူစောထီး အဖွဲ့ဆိုတာကို ဖဆပလ ခါးပိုက်ဆောင်တပ် အဖြစ်နဲ့ ဖွဲ့ခဲ့တယ်။

မြို့ပြတွေမှာ မသိသာပေမယ့် ကျေးလက် တခုလုံးမှာတော့ ပျူစောထီးတွေရဲ့ ဗိုလ်ကျနှိပ်စက်ခြင်းကို ခံရပါတယ်။ စွမ်းအားရှင်တွေကမှ တော်ပါသေးတယ်။ ပျူစောထီး အဖွဲ့ဟာ ပြည်သူ့စစ်တွေအဖြစ်နဲ့ ဘရင်းဂန်း သေနတ်တွေကိုင် အတင်းလုယက်၊ သားပျို သမီးပျိုတွေ ဖျက်ဆီးနဲ့ ဓားပြအဖွဲ့လို ဖြစ်လာခဲ့ပါတယ်။

ဦးနုရဲ့ ခွင့်ပြုချက်နဲ့ ဖဆပလကို အကာအကွယ်ပေးဖို့ အတွက် ပြည်ထောင်စုစစ်ရဲတပ် UMP (Union Military Police) ဆိုတာကိုလည်း ဖွဲ့စည်းတယ်။ အဲဒီနာမည်ကို နောင်အခါ ပြည်ထောင်စုစစ်ရဲတပ် လို့ ပြောင်းခဲ့ပါတယ်။

ဒီလို ဖဆပလ အဖွဲ့ကြီးက သူတို့ အာဏာတည်မြဲဖို့ အတွက် အင်အားစုပြီး စင်ပြိုင် စစ်တပ် သဘောမျိုး တည်ဆောက် ခဲ့တာမျိုးတွေကို ဗိုလ်နေဝင်း ရဲ့ စစ်တပ်က မကြည်ဖြူခဲ့ပါဘူး။

ဒါပေမယ့် တပ်ချုပ်ကြီးနဲ့ တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာ ရှိပြီး ကာကွယ်ရေး ဝန်ကြီးကို ကျော် လွှား လို့ မရသလို စစ်ဘက် အသုံးစရိတ်ကိုလည်း အရပ်သားအစိုးရ ချပေးမှ သုံးစွဲရတာကြောင့် ဗိုလ်နေဝင်းက စစ်တပ် က တပ်မှူးကြီး တချို့ကို စည်းရုံးနိုင်တာပဲ ရှိပါတယ်။

တကယ်တော့ ဝန်ကြီးချုပ် ဦးနုဟာ နယ်ချဲ့ဆန့်ကျင်ရေး အစဉ်အလာလည်းရှိ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင် လည်း ဖြစ်၊ ပြည်သူရဲ့ အခြေအနေကိုလည်း သိရဲ့နဲ့ အာဏာရလာတဲ့ အခါ အာဏာကို ယစ်မူးလာတယ်။ သူပုန်ကို အကြောင်းပြုပြီး သူ့အင်အားကို တည်ဆောက်လာသလို ငါသိ၊ ငါတတ်ဆိုတဲ့ မာနထောင်လွှားမှု ကလည်း ကြီးလာ တယ်။

ကုလသမဂ္ဂမှာတောင် Burma ဆိုတဲ့ နာမည်ထက် U Nu ဆိုတာကိုပိုပြီး ကမ္ဘာက သိတယ်လို့ ပြောစမှတ် ရှိပါတယ်။ ပုဂ္ဂိုလ်ရေး ထင်ပေါ်မှုဟာ ဘုရား၊ ရဟန္တာတွေက လွဲပြီး ဘယ်သူမှ မခံနိုင်ဘူးဆိုတဲ့ လူကြီးသူမတွေရဲ့ အဆုံးအမဟာ တကယ်ပဲဖြစ်နေသလားမသိပါ ဘူး။

ဦးနုဟာ ဘဝရှင် မင်းတရားကြီး သဖွယ် နိုင်ငံရေးသမားတွေကိုလည်း အလေးမထားသလို ဆရာရင်း ဖြစ်တဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ အဆုံးအမနဲ့ စကားကို လက်မခံဘဲ၊ တွေ့ဆုံဆွေးနွေးပြီးမှ ငြိမ်းချမ်းရေး ယူရမယ် ဆိုတာကို သဘောမတူဘဲ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေးဆိုတဲ့ သူ့အစိုးရရဲ့မူဝါဒကို လက်နက်ကိုင် အဖွဲ့တွေ လက်ခံဖို့ အတွက် ထိုးစစ်တွေ အဆက်မပြတ် ထိုးတော့တာပဲ။

ပြည်သူလူထုက ငြိမ်းချမ်းရေးကို တည်ဆောက်ချင်လှပြီ။ ပြည်တွင်းစစ်ကို ရပ်ချင်လှပြီ။ ဒါပေမယ့် ဦးနုဟာ တွေ့ဆုံ ဆွေးနွေးရေးမူကို လက်မခံဘူး။ ကွန်မြူနစ် ပါတီက တင်ပြနေတဲ့ ပြည်တွင်းစစ် ဖြစ်တာဟာ နိုင်ငံရေး အယူအဆ ကွဲလွဲလို့ ဖြစ်တာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ တွေ့ဆုံ ဆွေးနွေးမှ သာလျှင် ရနိုင်တယ် ဆိုတာကို ဦးနုက ငြင်းပယ်ခဲ့ ပါတယ်။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading