• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခေတ် ၅ ခေတ်၊ လှိုင်း ၃ လှိုင်း နဲ့ မြန်မာ

by ထက်မြက်
6 January 2019
in ဆောင်းပါး
A A
နည်းပညာ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး စနစ်သစ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူ အယ်လ်ဗင် တော်ဖလာ  / Reuters

နည်းပညာ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး စနစ်သစ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူ အယ်လ်ဗင် တော်ဖလာ / Reuters

29.9k
VIEWS
Share on FacebookShare on Twitter

သမိုင်းကို သင်ကြားကတည်းက သမိုင်းဖြစ်ပေါ်မှု ခေတ်တွေကို ပိုင်းခြားတဲ့အခါ ခေတ် ၅ ခေတ်အဖြစ် နားလည် သဘော ပေါက်ခဲ့ကြတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ မြန်မာနိုင်ငံမှာ စတင်ဖွဲ့စည်းပြီး လမ်းစဉ်ပါတီရဲ့ ဆိုရှယ်လစ် သဘောတရားတွေ လူထု ကို ဝါဒဖြန့်တဲ့ အခါမှာလည်း ခေတ် ၅ ခေတ်ကို အခြေခံပြီး ဖြန့်ပါတယ်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
376
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
219
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.6k

သမိုင်းဖြစ်ပေါ်မှု အထောက်အထားတွေအရ လူ့သမိုင်းခေတ်ကို ရှေးဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင် ခေတ်၊ မြေရှင် ပဒေသရာဇ် ခေတ်၊ အရင်းရှင်ခေတ်နဲ့ ဆိုရှယ်လစ်ခေတ် ဆိုပြီးခွဲခြားတယ်။

ဆိုရှယ်လစ်ဝါဒ ပေါ်ပေါက်လာပြီး ဆိုရှယ်လစ်ဝါဒီတွေ အထူးသဖြင့် မာ့က်စ်ဝါဒကို လက်ခံတဲ့ သူတွေကတော့ ဆိုရှယ် လစ် ခေတ် ပြီးတဲ့အခါ လောကမှာ အစိုးရမရှိ၊ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိတဲ့ခေတ်၊ ဘုံခေတ် နောက်ဆုံး ကွန်မြူနစ်ခေတ် အထိ သတ်မှတ်တာကို ကျနော်တို့ လေ့လာခဲ့ရ ပါတယ်။

ခေတ်ကြီး ၅ ခေတ် သတ်မှတ်တဲ့ အခါမှာ သမိုင်းမပေါ်ခင်ခေတ် ဖြစ်တဲ့ ရှေးဦးဘုံမြေခေတ်ကို ကျောက်ခေတ်လို့ သတ် မှတ်ကြတယ်။ လူတွေဟာ လက်နက် ကိရိယာအဖြစ် ကျောက်တုံးကျောက်ခဲတွေကို အသုံးပြုပြီး မီးရဖို့၊ အမဲလိုက်ဖို့ အသုံးပြုရတာတွေဟာ ကျောက်ပစ္စည်းတွေပဲ ဖြစ်တာကြောင့် ကျောက်ခေတ်လို့ ခေါ်တယ်။ အဲ့ဒီခေတ်မှာလည်း အုပ် ချုပ်သူ မရှိ၊ ပိုင်ဆိုင်တာ မရှိ၊ ရတာလေးကို ခွဲဝေစားသောက်ကြတာကြောင့် သမိုင်းဦးဘုံမြေခေတ်လို့ ခေါ်တာပါ။

နောက် ကြေးဝါကို သုံးလာကြတယ်။ အဲ့ဒီမှာ မီးနဲ့ချက်ပြုတ် စားသောက် တတ်လာကြသလို ကြေး လက်နက် တွေ လည်း ပေါ်လာတယ်။ အဲ့ဒီခေတ်မှာ အမဲလိုင်ရင် အမဲပိုရတဲ့သူ၊ လက်နက် ပိုကောင်းတဲ့သူ၊ အမဲလိုက်လို့ တိရစ္ဆာန် အရေ များများပိုင်ဆိုင်တဲ့သူ ဆိုပြီး လူတန်းစား ကွဲလာတော့တာပဲ။ ပိုပြီး လက်နက်ကောင်း၊ သန်မာတဲ့သူက သခင် ဖြစ်လာ သလို ပိုင်ဆိုင်မှုလည်း များလာတယ်။ အဲ့ဒါကို ကျေးပိုင်ကျွန်ပိုင် ခေတ်လို့ ခေါ်တယ်။

အဲ့ဒီနောက် မြေရှင်ပဒေသရာဇ် ခေတ်၊ နောက် စက်မှုတော်လှန်ရေးကြီး ပေါ်လာပြီး အရင်းရှင်ခေတ် ဖြစ်လာတယ်။ ပါရီ ဘုံတော်လှန်ရေးလို အရေးအခင်းကြီးတွေနဲ့ အတူ ဆိုရှယ်လစ်ခေတ် ပြောင်းလဲလာတယ်။

ဒါကြောင့် ခေတ်ကြီး ၅ ခေတ်ကို အခြေခံပြီး သမိုင်းကို သတ်မှတ်တာက ယေဘုယျသဘော ဆောင်နေပါတယ်။ ဒီ ခေတ် ကြီး ၅ ခေတ်ကိုလည်း ပစ်ပယ်လို့ မရနိုင်ပါဘူး။

ဒါပေမယ့်၂၀ ရာစု အကုန်ပိုင်းလောက်မှာ အနာဂတ်ဝါဒီ Futurist လို့ ပြောတဲ့ စီးပွားရေး ပညာရှင်လို့လည်း ခေါ်ကြတဲ့ အယ်လ်ဗင် တော်ဖလာ က ယခုခေတ်ကြီးက ပညာခေတ်ကြီး ဖြစ်တယ်ဆိုပြီး ခေတ်ကို လှိုင်းကြီး ၃ လှိုင်း သတ်မှတ် လိုက်တာဟာ ကမ္ဘာမှာ ရေပန်းစားပြီး ပညာရှင်တွေကလည်း ကြိုဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်က Business Time မဂ္ဂဇင်းမှာပါတဲ့ တော်ဖလာရဲ့ လှိုင်း ၃ လှိုင်း အကြောင်းကို ကျနော် ရေးသားခဲ့ဖူး တာ အမှတ်ရလို့ ယခု အခြေအနေနဲ့လည်း ကိုက်ညီတဲ့အတွက် ပြန်ပြောပြချင် ပါတယ်။

“မြစ်တစင်းရဲ့ အကြေပိုင်းမှာရွာလေး တရွာ ရှိတယ်ဆိုပါတော့။ ဒီရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသားအားလုံးဟာ အစစ အရာရာ မြစ်ကိုပဲ အားထားနေကြရ ရှာတယ်။ သောက်ဖို့ သုံးဖို့ မြစ်ကရေပဲ အားပြုရသလို၊ ဟင်းမယ် အတွက် လည်း မြစ်ထဲက ငါးကိုဖမ်းယူ စားသောက်ရတယ်။ လယ်ယာစိုက်ပျိုးရေး အတွက်ကိုလည်း မြစ်ထဲကရေကို တူးမြောင်း နဲ့ ဖောက်သွယ်ပြီး ထွန်ယက်ရပါတယ်။

တနေ့တော့ စဉ်းစားတွေးခေါ်တတ်ပြီး စိတ်ကူးစိတ်သန်း ကောင်းတဲ့ လူတယောက်က မြစ်ညာပိုင်း ကီလိုမီတာ ၅၀၀ အကွာလောက်မှာ ဆည်တခု တည်ဆောက်လိုက်ပါတယ်။ ရွာသားတွေကတော့ အထိတ်တလန့် ဖြစ်သွားကြတယ်။ သူတို့ဘဝတွေတော့ ပျက်ပြီ။ တရွာလုံး မှီခိုအားထားနေရတဲ့ မြစ်ကြီးကတော့ သူတို့ရှိရာ အကြေပိုင်းကို စီးချင် သလို စီးလာလို့ မရနိုင်တော့ဘူး။

ဒီလို ဆည်ဆောက် လိုက်တာနဲ့ မြစ်က ဘာဖြစ်သွားမှာလဲ။ ရွာသားတွေအဖို့ ပြတ်ပြတ်သားသား ရွေးချယ်ကြရတော့ မယ်။ ပြောင်းလဲသွားတဲ့ မြစ်ကြီးရဲ့ အနေအထားအရ သူတို့ရဲ့နေထိုင်မှုဘဝကို လိုက်လျောညီအောင် ပြုပြင်မလား။ ဒါမှမဟုတ် သူတို့ဘဝတွေကို ပျက်စီးစေမလား။ ရွာသားတွေအနေနဲ့ ဆည်ဆောက်ထားတဲ့ တောင်ကြား ချိုင့်ဝှမ်းဆီကို ပြောင်းရွှေ့ နေထိုင်မလား။ ဒါမှမဟုတ် မူလနေထိုင်ရာ ဒေသမှာပဲ ခေါင်းမာမာနဲ့ ဒုက္ခခံနေထိုင်ကြမလား။ ရွာသားတွေ အဖို့ အလေးအနက် စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်နေပါပြီ။

ဒီအဖြစ်ကို ပုံပြင်လေးတပုဒ်လို့ ပြောနိုင်ပါ့မလား။ မြစ်ဘေးက ရွာကလေးဟာ အမှန်တကယ်အင်အားရှိတဲ့ ဥပမာ တခု အဖြစ် အနာဂတ်ဝါဒီ အယ်လ်ဗင် တော်ဖလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တော်ဖလာဟာ မကြာသေးခင်က သူ့ရဲ့ “စီးပွားရေးစနစ်သစ်” အကြောင်းကို တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာ ပြောကြား ခဲ့တာပါ။ သူပြောတဲ့ “စီးပွားရေးစနစ်သစ်” ဟာ ဆည်နဲ့တူတယ်။ “ယနေ့ခေတ် ပညာရေးဟာ မြစ်နဲ့ တူပါ တယ်။သူတို့ (ရွာသားတွေ) အားလုံး မပြောင်းလဲကြဘူးဆိုရင် သူတို့မိသားစုတွေလည်း ဘဝပျက်ကုန်ကြလိမ့်မယ်”လို့ မစ္စတာ တော်ဖလာက ပြောသွားပါတယ်။

ဆိုးလ်မြို့တော်မှာ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ ညီလာခံ တခုမှာ မစ္စတာ တော်ဖလာ တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့တယ်။ သူ့ကို တောင်ကိုရီးယား အစိုးရအဖွဲ့ရဲ့ သမ္မတကြီး ကင်ဒေးဂျုံက သီးသန့် ဖိတ်ကြားပြီး မိန့်ခွန်း ပြောကြား စေတာ ပါ။ ကင်ဒေးဂျုံ ကိုယ်တိုင်က တော်ဖလာရဲ့ “စီးပွားရေး စနစ်သစ်” မူကို လေးလေးနက်နက် ယုံကြည်သူတဦး ဖြစ်ပါတယ်။

တော်ဖလာ တွေ့ရှိတာကတော့ အသိကြွယ်ဝမှုပါပဲ။ အသိတရားကို ထိန်းချုပ်နိုင်တာနဲ့ မြစ်ကို ထိန်းသိမ်းနိုင်တာပါ။ ပညာရေးကို လိုက်စားစေခြင်း သို့မဟုတ် လူသားအရင်းအနှီးကို ပိုမိုကျယ်ပြန့်စေခြင်း စတာတွေက ထိပ်ဆုံး ရောက် လာ ပါတယ်။ မစ္စတာ တော်ဖလာက စီးပွားရေး စနစ်သစ်ကို လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်ကတည်းက တင်ပြခဲ့ တာပါ။

တော်ဖလာက ကွန်ပျူတာတွေနဲ့ အင်တာနက်တွေ တိုးတက်လာမှုဟာ ပေါက်ကွဲမှုကို ဖြစ်လာစေမယ်။ နောင်ဖြစ်လာ မယ့် “တတိယလှိုင်း” တောင်မှ လုပ်ငန်းရဲ့သဘာဝက ပြောင်းလဲပစ်လိုက်ဦးမှာပဲ လို့ တော်ဖလာက ကြိုတွက်ထား တယ်။ အဲ့ဒီတုန်းက သူ့အယူအဆတွေကို သရော်ကြတယ်။ သူ့ကိုလည်း လှောင်ကြပါတယ်။ အခုတော့ သူကပြန်ပြီး ရယ်မောနေ ပါပြီ။

“လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက နယူးယောက်တိုင်း သတင်းစာမှာ တတိယလှိုင်းကို ကျနော်တို့ ရေးကြတော့ ကျနော် တို့ ကို ဝိုင်းရယ်ကြတယ်။ အခုတော့ အိမ်မှာပဲ အလုပ်လုပ်တဲ့လူတွေ များသထက် များလာနေပါပြီ”လို့ ပရိသတ်ကို သူက ပြောပြတယ်။ အမေရိကန်နိုင်ငံမှာပဲ အနည်းဆုံး လူသန်း၂၀ လောက်ဟာ သူပြောသလို ဖြစ်နေကြပါပြီ။

သူရေးခဲ့တဲ့ Third Wave “တတိယလှိုင်း” လို အခြား စာအုပ်တွေဖြစ်တဲ့ Future Shock “အနာဂတ် ထိတ်လန့်မှု”၊ Power Shift “အာဏာ အပြောင်းအလဲ” စတဲ့ စာအုပ်တွေအပြင် သိပ်မကြာသေးခင်ကပဲ ထုတ်ဝေလိုက်တဲ့ “ယဉ်ကျေးမှု သစ်ကို ဖန်တီးခြင်း” Creating New Civilisation ဆိုတဲ့ စာအုပ်ကိုလည်း သမ္မတတွေ၊ ဝန်ကြီးချုပ် တွေက ဖတ်ရှုလေ့လာ ပြီးကြပါပြီ။

အမေရိကန် စီလီကွန် တောင်ကြား Silicon Valley မပေါ်ခင် ကတည်းက အီလက်ထရွန်နစ် ကွန်ရက်စနစ် အကြောင်း သူရေးသား ခဲ့ပါတယ်။

တော်ဖလာ ရေးခဲ့တဲ့ “ပထမလှိုင်း” က လယ်သမား စီးပွားရေးခေတ် အကြောင်းဖြစ်ပါတယ်။ လုပ်အားဆိုတာ ခြေကုန် လက်ပန်း ကျနေပြီ။ ကုန်ထုတ်လုပ်မှုလည်း ကျဆင်းနေပြီ။ ဒါကြောင့် ပညာရေးက တန်ဖိုးရှိလာပါတယ်။ ခေါင်းဆောင် တွေရဲ့ အိပ်မက်ကတော့ Modern ပညာရေး တည်ဆောက်ဖို့ပါပဲ။ ဒါပေမယ့် “ခေတ်မီတယ်”ဆိုတာက “ရှေ့တန်းရောက်” တာကို ဆိုလိုတာ မဟုတ်ဘူး။ “စက်မှုစနစ် တည်ဆောက်ဖို့” ကို ဆိုလိုတာပါ။

ဒုတိယလှိုင်း ဆိုတာက စက်မှုတော်လှန်ရေးကို ပြောတာပါ။ လယ်သမား အခြေခံတဲ့ ယဉ်ကျေးမှုဟာ မြို့ပြအဖြစ် ပြောင်းလဲ သွားပြီ။ စက်မှုစနစ် လူနေမှုဘ၀ ဖြစ်သွားပြီ။ အဲ့ဒီလှိုင်းက ပညာရေး စနစ်ရဲ့ သဘာဝတခုလုံးကို ပြောင်းလဲ ပစ်လိုက်ပါတယ်။ ဒုတိယလှိုင်း အောက်မှာရှိတဲ့ နိုင်ငံတွေမှာ အရာရာဟာ လူအင်အားကို အခြေပြုတယ်။ စီးပွားရေး စနစ်ကလည်း လူအင်အားကို အခြေပြုပြီး အများအပြား ထုတ်လုပ်မှုပါပဲ။ ပညာရေး စနစ်ကလည်း များပြားတဲ့ ကျောင်း သားတွေ မွေးထုတ်ဖို့ဖြစ်တယ်။

“ကလေးတွေဟာ ခေါင်းလောင်းသံကြားတာနဲ့ တန်းစီချီတက် သွားကြမယ်။ ကျောင်းခန်းမထဲဝင်ဖို့ တန်းစီနေကြသလို ပါပဲ။ တိကျမှန်ကန်ခြင်းဟာ အလွန်အရေးကြီး လာခဲ့ပါတယ်။ ဒါပေမယ့် ဘာအလုပ်မျိုးက ကြီးပွားတိုးတက် စေမှာလဲ လို့ မေးစရာဖြစ်လာတယ်”လို့ မစ္စတာ တော်ဖလာက ပြောပါတယ်။

အယ်လ်ဗင် တော်ဖလာ ရဲ့ ၁၉၈၀ ဝန်းကျင်က ထုတ်တဲ့ တတိယလှိုင်း Third Wave စာအုပ်

ဒုတိယလှိုင်းရဲ့ပညာရေး စနစ်ကလည်း လုပ်ပိုင်ခွင့်အာဏာနဲ့ အမိန့်နာခံခြင်းကိုပဲ ဦးတည် သင်ကြားပေးတဲ့ ပညာရေး ဖြစ်နေတယ်။

“စက်ရုံထဲမှာလိုပဲ၊ ကျနော့် သူဋ္ဌေးက မေးခွန်းတွေအများကြီး မေးတာတို့၊ စဉ်းစား တွေးခေါ်တာတို့ကို မလိုလား သလို ပါပဲ။ ကျောင်းမှာလည်း ကလေးတွေကို မေးခွန်းတွေ အများကြီးမမေးစေဘဲ စာတွေအများကြီး ကျက်ခိုင်းထားတယ်” လို့ သူက ဆက်ပြောတယ်။

စီးပွား ရေးစနစ်သစ်မှာ အရာရာကို ပြောင်းလဲပစ်ရမယ်။ ခေါင်းကစပြီး ပြောင်းရမယ်။ မစ္စတာ တော်ဖလာက ၂၁ ရာစု အတွက် ပညာရေး တော်လှန်ပြောင်းလဲမှု လုပ်ဖို့ ပြင်ဆင်ထားကြရမယ်လို့ တိုက်တွန်း သွားပါတယ်။

တတိယလှိုင်းဖြစ်တဲ့ စီးပွားရေးစနစ်သစ် အောက်မှာ စီးပွားရေး သီအိုရီတွေ (စီးပွားရေး သဘောတရားတွေ) ဟာ ခေတ် မမီ တော့ဘူး။ ကျောင်းသုံးစာအုပ်တွေ ဖြစ်နေတဲ့ စီးပွားရေးဆိုင်ရာ ပုံသေနည်းတွေ၊ သဘောတရားတွေဟာ ကုန် ထုတ် လုပ်မှုအတွက် အဓိကမကျတော့ဘူး။ အသိပညာကို အထူး အားပြုစေမယ့် စီးပွားရေး အခြေခံ အယူအဆတွေ မဟုတ်နိုင် တော့ဘူး။ အသိပညာနဲ့ ယဉ်ကျေးမှုကို ပြန်လည် သတ်မှတ်ကြရလိမ့်မယ်။ အဲ့ဒီ စီးပွားရေး စနစ် သစ်ကို ကျင့်သုံး ကြရ လိမ့်မယ်။ အဲ့ဒီ စီးပွားရေး စနစ်သစ်မှာ သိသာထင်ရှားတဲ့ လက္ခဏာချက် အနည်းဆုံး ၁၀ ချက် ရှိပါတယ်။

အဲဒါတွေကတော့ –

(၁) ကာယ လုပ်သားတွေက ဉာဏ လုပ်သားတွေအဖြစ် ပြောင်းလဲသွားမယ်။

(၂) အလုပ်ဟာ နေရာတိုင်းမှာ လုပ်လို့ရတယ်။ ဘယ်မှာလုပ်ရမယ် ဆိုတဲ့ အကန့်အသတ် မရှိရဘူး။ နေရာ ဒေသ မရွေး အလုပ်ရှိနေတယ်။ စက်ရုံရဲ့ အပြင်မှာ လုပ်ငန်းရှိတယ်။ အိမ်ထဲမှာ၊ ဟိုတယ်ထဲမှာ၊ တက္ကစီ ကားပေါ်မှာ အလုပ် လုပ်လို့ ရပါတယ်။

(၃) အလုပ်သမားတွေဟာ အခိုင်းခံ နောက်လိုက်တွေ အဖြစ်ကနေ တွေးခေါ်စဉ်းစားနိုင်တဲ့ အသစ် ပြောင်းလဲသူတွေ ဖြစ်သွားမယ်။

(၄) အလုပ်သမားတွေဟာ လုပ်ခယူပြီး ရှင်သန်နေကြရတဲ့ သူတွေအဖြစ်က ရပ်ဆိုင်းသွားပြီး သူတို့ဟာ လုပ်ငန်းကို စီမံ ဖန်တီးသူတွေ၊ လွတ်လပ်တဲ့လုပ်ငန်းရဲ့ ကိုယ်စားလှယ်တွေဖြစ်သွားပြီး သူတို့ရဲ့ အလုပ်ကို ရောင်းစား နေနိုင် ပါတယ်။

(၅) အလုပ်သမားတွေဟာ အလုပ်ကရတဲ့ ဝင်ငွေတခုတည်း အပေါ်မှာပဲ အားထားမနေရတော့ဘူး။ အခြား လုပ်ငန်း အသီး သီးကနေ ဝင်ငွေအများကြီး ရနိုင်တယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းကလည်း ဝင်ငွေ ရနိုင်တယ်။ တခြား အလုပ်တွေကလည်း ရနိုင်ပါတယ်။

(၆) အသက်မွေးဝမ်းကျောင်း အလုပ်တွေရဲ့ သဘာဝကလည်း ပြောင်းလဲသွားပါတယ်။ စီးပွားရေးစနစ် ဟောင်းမှာ တုန်း က အလုပ်သမားတွေဟာ ဘဝရပ်တည်ဖို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တခုပဲ လုပ်ကိုင်နိုင်တယ်။ ဒါပေမယ့် စီးပွားရေးစနစ်သစ် အောက်မှာတော့ အလုပ်သမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ပဲ ဖြစ်ဖြစ် ကျပန်းအလုပ်ကိုပဲဖြစ်ဖြစ် တခုပြီးတခု ပြောင်းလဲလုပ်ကိုင် နိုင်တယ်။ ကြိုက်ရာအလုပ်ကို လုပ်နိုင်တယ်။ တခု၊ နှစ်ခု၊ သုံးခု စတဲ့ အလုပ်တွေကို လုပ်နိုင်ရင် လုပ်နိုင်သလောက် လုပ်ကိုင်နိုင်ပါတယ်။

(၇) အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ အလုပ်ဋ္ဌာနတွေမှာ အလုပ်သမားတွေ၊ အမှုထမ်းတွေကို အမြဲတမ်း ခန့်ထားခြင်း၊ သတ်သတ် မှတ်မှတ် တာဝန်ပေးခြင်းတွေ မရှိတော့ဘူး။ ပုံသေအလုပ်ဋ္ဌာနတွေ၊ လုပ်ငန်းတွေလည်း မရှိတော့ဘူး။ အမြဲ မပြတ် ပြောင်းလဲနေမယ်။ လိုအပ်မှုအရသာ အလုပ်သမားတို့၊ အလုပ်တို့ ဆိုတာ ရှိလာမှာဖြစ်ပါတယ်။ နေ့စဉ် မပြတ် ဆိုသလို တောင်းဆိုချက်အတိုင်း အဆက်အသွယ်အသစ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ ဖွဲ့စည်းမှု အားလုံးဟာ အမြဲ မပြတ် ပြောင်းလဲနေကြပါတယ်။

(၈) ထုတ်လုပ်မှုတွေကလည်း လျှပ်စီးလက်သလို အလွန်မြန်တဲ့အရှိန်နဲ့ ပြောင်းလဲနေတယ်။ ထုတ်လုပ် မှုတခုက ထုတ်လုပ် လို့ မပြီးသေးခင်မှာ အခြားတခုက ထုတ်လုပ်ပြီး နေရာဝင်ယူသွားပြီ။ ကွဲပြားတဲ့ ကျွမ်းကျင်မှု အမျိုးမျိုးကို တောင်းဆိုမှု အများအပြား ပေါ်ပေါက်လာတယ်။

(၉) ကွန်ပျူတာတွေ၊ အင်တာနက်တွေရဲ့ ဈေးကွက်တွေလိုပဲ တခြားဈေးကွက်တွေဟာလည်း ဝယ်သူ လျော့တာတို့၊ ဒါမှမဟုတ် လူတိုးကြိတ်မနေဘဲ ကျဲတာတို့ ဖြစ်လာလိမ့်မယ်။

(၁၀) သင်ကြားလေ့လာမှုရဲ့ သဘောသဘာဝလည်း ပြောင်းလဲသွားလိမ့်မယ်။ သင်ကြားလေ့လာမှုကို ရပ်တန့်ပစ်လို့ မရနိုင်ဘူး။ အမြဲ လေ့လာသင်ယူနေရမယ်။ မလေ့လာဘူးလား။ နောက်ကျ ကျန်ရစ်လိမ့်မယ်။ ဒါကြောင့် ပြန်လည် လေ့လာမယ် စတဲ့ လေ့လာမှုကို အမျိုးမျိုးပြုလုပ်နေကြမှာပဲ။

“၂၁ရာစုမှာ စာမတတ်မြောက်မှု ဆိုတာဟာ စာမရေးနိုင်ဘူး။ စာမဖတ်နိုင်ဘူး ဆိုတာနဲ့ သတ်မှတ်လို့ မရတော့ဘူူး။ စာ မတတ်မြောက်မှုဆိုတာဟာ လေ့လာသင်ယူမှုနဲ့ပဲ ဆိုင်တယ်။ ယောကျ်ားလေး သို့မဟုတ် မိန်းကလေး တယောက်ဟာ မလေ့လာနိုင်ဘူးလား၊ မလေ့လာဘူးလား၊ ဒါမှမဟုတ် ပြန်လည်လေ့လာမှု လုပ်နိုင်သလား ဆိုတာနဲ့ပဲ သတ်မှတ်ရ တော့ မယ်”လို့ တော်ဖလာက ပြောသွားပါတယ်။

သမ္မတ ကင်က အာရှပစိဖိတ် ဒေသမှာ တတိယလှိုင်းရဲ့ရိုက်ခတ်မှု အန္တရာယ်ကို ကြိုမြင်ပါတယ်။ အငြင်းပွားစရာတွေ ဖြစ်လာလိမ့်မယ်။ ၂၁ရာစုရဲ့ ဂဏန်းကွက် ကွာဟမှု တိုးမြင့်လာမှာကိုလည်း တွက်ဆထားပါတယ်။ သန်မာတဲ့ စီးပွား ရေး တွေဟာ အသိပညာလှိုင်းကို စီးပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ တည်ရှိကြလိမ့်မယ်။ သတင်းပြန်ကြားရေး၊ ဆက်သွယ်ရေး အတတ်ပညာနဲ့ ကာကွယ်ရေး စတဲ့ အဓိက လုပ်ငန်းတွေဟာ ရှေ့တန်းကို ရောက်လာမှာပဲ။ အားနည်း တဲ့ စီးပွားရေးတွေကတော့ အလွန်ကို ကံဆိုး ရှာပါလိမ့်မယ်။ ဂဏန်းကွက် ကွာဟမှုကတော့ ကျယ်ပြန့်လာရုံမကဘူး နောက်ဆုံးမှာ လျှပ်တပြက် စီးပွားရေးပုံစံကို ပြောင်းလဲသွားနိုင်တယ်။

ကိုရီးယားတွေဟာ သူတို့အစီအစဉ်နဲ့ သူတို့ “စက်မှုပညာရေး” စနစ်ကို တည်ဆောက်နေပါတယ်။ နောက်နှစ်ကုန် လောက် ဆိုရင် အိမ်ရှင်မ တသန်းလောက် ကို ကွန်ပျူတာနဲ့ အင်တာနက် တတ်မြောက်သွားအောင် လေ့ကျင့် သင်ကြား ပေးဖို့ ရည်မှန်းထားပါတယ်။ ခေတ်မီနည်း ပညာတွေနဲ့ ပညာရေးစနစ်သစ်ကို တည်ဆောက်ဖို့ ကိုရီးယား တွေ က ရည်မှန်းထားပါတယ်။

ဂျပန်နဲ့ စင်္ကာပူရဲ့ ရှေ့ကိုရောက်အောင် ကြိုးပမ်း အားထုတ်နေတယ်လို့ စင်္ကာပူက ဝါရင့်အရာရှိတဦးက ပြောပြတယ်။ ဒီလို အားထုတ်မှုတွေဟာ ကိုရီးယားတွေတင် မဟုတ်ဘူး၊ စင်္ကာပူတွေလည်း ကြိုးပမ်းနေကြတာပဲ။ အသိပညာ အခြေ ခံ တဲ့ စီးပွားရေးစနစ် Knowledged Based Economy (kbe) တည်ဆောက် နေကြတယ်။

မလေးရှားကလည်း သူတို့စီမံကိန်းနဲ့ သူတို့ ‘K.Economy’ ဆိုတဲ့ အသိပညာဦးစားပေး စီးပွားရေးစနစ်ကို လုပ်ဆောင် နေတယ်။ ဘရူနိုင်းမှာလည်း အင်တာနက်ရောဂါ ရနေကြတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျိမ်းဝုလ်ဖင်ဆန် ကလည်း ကမ္ဘာ့စီးပွားရေးမှာ အသိပညာ စီးပွားရေးဟာ အဓိက လက္ခဏာ ဆောင် တဲ့ နေရာကို ရောက်လာလိမ့်မယ်။ အနာဂတ် ကမ္ဘာ့ဘဏ္ဍာရေးဟာ အသိပညာအခြေခံတဲ့ စီးပွားရေးစနစ်ကို တစထက်တစ မုချ ရောက်လာမှာ ဖြစ်တယ်လို့ ဆိုတယ်။

“ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုမျိုး လုပ်ရမယ်လို့ ကျနော် ပြောလေ့ရှိပါတယ်။ ယခု ခေတ်မီရေး ဆိုတာကို ကျနော် ပိုပြီး ခံစား လာရတယ်။ ပညာရေးနဲ့ (အင်တာနက် အခြေခံ) နည်းပညာမျိုးကို တည်ဆောက်ရမယ်လို့ ကျနော် ပြောချင် တယ်”လို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက ပြောကြားသွားပါတယ်။

အခုဆိုရင် တော်ဖလာ ပြောခဲ့တာနဲ့ ၁၄ နှစ်၊ ၁၅ နှစ် ကြာမြင့်ခဲ့ပါပြီ။ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံ အတော်များများဟာ ပညာ လူ့အဖွဲ့အစည်းကို ထူထောင်ပြီး စီးပွားရေးလုပ်ရာမှာလည်း ပညာနဲ့ယှဉ်ပြီး လုပ်ခဲ့ကြတယ်။ နည်းပညာကို အသုံးချပြီး စက်မှုနိုင်ငံတွေ အဖြစ် ထူထောင်ခဲ့ကြတာကြောင့် အာရှနိုင်ငံတွေ ဆိုရင်လည်း အာရှကျားတွေအဖြစ် ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်လာခဲ့တယ်။

စင်္ကာပူဟာ အစောကတည်းက ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့တယ်။ စစ်ပွဲကြီးမှာ လူပေါင်း သန်းနဲ့ချီပြီး သေဆုံး၊ ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ရတဲ့ ဗီယက်နမ်တောင် အာရှမှာ ထိပ်ဆုံးတန်း ဝင်လာခဲ့တယ်။ ထိုင်းနိုင်ငံ ဆိုရင် လည်း စီးပွားရေးအရ ဦးဆောင်နိုင်တဲ့ နိုင်ငံတနိုင်ငံထဲ ရောက်လာပါတယ်။

တော်ဖလာ ရဲ့ Future Shock စာအုပ်

အဲ့ဒီတုန်းက အထူးစီးပွားရေးဇုန်တွေ တည်ထောင်ကာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်လာ တဲ့ တရုတ်နိုင်ငံဆိုရင် ဂျပန်ကိုတောင် ကျော်တက်သွားပါပြီ။

ဒီလို လုပ်နိုင်ကြတာဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ စိတ်ဓတ်ခိုင်မာဖို့ပါပဲ။ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ နိုင်ငံ ကို အုပ်ချုပ်တဲ့သူတွေက နိုင်ငံဖွံဖြိုး တိုးတက်ဖို့၊ ပြည်သူတွေ အမှန်တကယ် အကျိုးရှိဖို့နဲ့ အပြောင်းအလဲကို တကယ် လုပ်ချင်တဲ့ စေတနာရှိဖို့ပဲလိုတယ်။ သူတို့ဟာ ဘယ်သူ့မျက်နှာကိုမှ မကြည့်ကြပါဘူး။ ကျေးဇူးရှင်တွေ၊ အရင် ခေါင်း ဆောင် တွေ ဆိုတာကိုလည်း မထောက်ကြပါဘူး။ တကယ် ပြုပြင်ပြောင်းလဲချင်စိတ် ရှိသူကို အာဏာပေးကြတယ်။ တာဝန် ပြောင်းပေးကြတယ်။

တရုတ်ပြည်မှာ မော်စီတုန်းခေတ်က ခေါင်းဆောင်တွေကို ဖယ်ရှားပြီး တိန့်ရှောင်ဖိန် ခေတ်မှာတောင် အရည်အချင်း ရှိတဲ့ ပညာတတ်တွေ၊ ပြုပြင်ပြောင်းလဲချင်တဲ့ ခေါင်းဆောင်တွေကိုသာ နေရာပေးပြီး ထိထိ ရောက်ရောက် ပြုလုပ်ခဲ့ကြ တာကြောင့် တိုင်းပြည်ဖွံဖြိုး တိုးတက်လာတာပဲ။

မြန်မာနိုင်ငံမှာရော ဒီလိုလုပ်နိုင်ပါ့မလား။ အစိုးရသစ် တက်လာတဲ့ ပထမ ၅ နှစ် အတွင်း လုပ်နိုင်သလောက် လုပ်ခဲ့ကြ ပါတယ်။ လုပ်သင့်တာတွေကို မလုပ်ကြဘူး။ တရားရေး မဏ္ဍိုင်ကလည်း မတည်ငြိမ်ပါဘူး။ ဗြူရိုကရေစီ ယန္တရားနဲ့ ပြည်သူ လူထုကို နှိပ်ကွပ်နေဆဲ၊ ပြည်သူလူထု အကျိုးစီးပွားကို လျစ်လျူရှုနေဆဲ ပါပဲ။

အစိုးရအဖွဲ့သစ် ခေါင်းဆောင်ပိုင်းမှာ ပြုပြင်ပြောင်းလဲလိုစိတ် ရှိသူတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ် ပါဘူး။ တက်ညီလက်ညီ မရှိတာကြောင့် ထိရောက်စွာ မပြောင်းလဲနိုင်ပါဘူး။ စစ်တပ်ရဲ့ စွက်ဖက်မှုကလည်း ရှိနေဆဲပါပဲ။

ပညာရေးစနစ်ဆိုရင် ဥပဒေကြမ်း ရေးဆွဲ တင်ပြပြီးသည့်တိုင် ကျောင်းသားတွေနဲ့ ဆရာတွေလက်ခံတဲ့ ဥပဒေ ဖြစ် မလာ ဘူး။ ယခု အယ်လ်ဗင် တော်ဖလာ တင်ပြတဲ့ ပညာရေးစနစ်မျိုးနဲ့ မြန်မာနိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေပါတယ်။

စေတနာမပါတဲ့ အတွက် လက်တွေ့ဖော်ဆောင်ရာမှာ မအောင်မြင်သလို စေတနာပါပေမယ့် ခေတ်နဲ့ လိုက်လျော ညီထွေ မရှိ၊ လက်တွေ့ဖော်ဆောင်ရာမှာ စနစ်မကျတာကြောင့် မအောင်မြင်တာတွေနဲ့ ကြုံနေရတယ်။ ပညာရေး စနစ် ဟာ ယခုထက်တိုင် အလွတ်ကျက်မှတ်နေရတဲ့ ကြက်တူရွေး ပညာရေးစနစ်သာ ဖြစ်နေတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ် ဟာ ထူးထူးခြားခြား ပြောင်းလဲသွားဖို့ အလားအလာ မှေးမှိန်နေဆဲပဲ။

ပညာရေးစနစ်ကို ထူထောင်မယ့် တာဝန်ယူသူတွေဟာ အရင်က အတွေးအခေါ်နဲ့ အရင်က လုပ်နည်းလုပ်ဟန် အတိုင်း လုပ်ဆောင်နေမယ်ဆိုရင် ဘယ်တော့မှ အသစ်ကိုရောက်မှာ မဟုတ်ဘူး။ နိုင်ငံခြားက ပညာရှင်တွေ၊ လူငယ် ပညာရှင်တွေ ယခုခေတ် ဖိုရမ်တွေ လုပ်နေကြတာ မနည်းပါဘူး။

ဒါပေမယ့် ပညာရေးဥပဒေ ထွက်လာတော့ ယခင်ကနဲ့ ဘာမှမထူးသလို အစိုးရက ခွင့်ပြုတဲ့ ပညာရေး ဘတ်ဂျက် ကလည်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လောက်အောင် အင်အား မတောင့်သေးဘူး။

အရေးကြီးတာက ပြည်တွင်းစစ်ကို ရပ်စဲပြီး ကာကွယ်ရေး ဘတ်ဂျက်ကို လျှော့ချ ပညာရေး ဘတ်ဂျက်ကို တိုးပေးပြီး ခေတ်မီတဲ့ ပညာရေးစနစ် ဖြစ်မှသာ ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင် ပါလိမ့်မယ်။ ။

စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Your Thoughts …
Tags: Third Waveကိုရီးယားစီးပွားရေးတတိယလှိုင်းတော်ဖလာနည်းပညာပညာ
ထက်မြက်

ထက်မြက်

Contributor

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
19.7k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
တန်ဖိုးကြီး ဈေးအမြင့်ဆုံး အရည်များ

ကမ္ဘာပေါ်မှာ တန်ဖိုးကြီး ဈေးအမြင့်ဆုံး အရည်များ

မောင်တော အခြေစိုက် အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုး / မင်းအောင်ခိုင်

နောက်ကျောကို AA ဓားနဲ့ထိုးဟု နယ်ခြားစောင့် ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုး ပြော

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate