• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှ ထူးခြားဖြစ်စဉ်များ

by စမ်းယမင်းအောင်
30 January 2019
in ဆောင်းပါး
A A
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကိုနီတို့ ဇနီးမောင်နှံ အတူတကွ ရိုက်ထားသည့် ဓာတ်ပုံ / မျိုးမင်းစိုး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကိုနီတို့ ဇနီးမောင်နှံ အတူတကွ ရိုက်ထားသည့် ဓာတ်ပုံ / မျိုးမင်းစိုး

156k
VIEWS
Share on FacebookShare on Twitter

ထင်ရှားသော ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုကို ရန်ကုန်တွင် စစ်ဆေးနေသည်မှာ ယခုအခါ ၂ နှစ်ရှိပြီ ဖြစ်သည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော ရှေ့နေကြီး ဦးကိုနီကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြင်ပတွင် နေ့ခင်းကြောင်တောင် လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို တပတ်ကြာ လေ့လာခဲ့သော မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် အင်ဒိုနီးရှားမှ ပြန်လာချိန်ဖြစ်သည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.7k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
589
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.1k

ဦးကိုနီကို သတ်ဖြတ်သည့် သေနတ်သမားကို ပစ်ခတ်မှုအပြီး မိနစ်ပိုင်းအတွင်း ဖမ်းမိခဲ့သည်။ သူ့ကို ဖမ်းဆီးလိုက်သူများမှာ လေဆိပ် ရဲတပ်ဖွဲ့မဟုတ်ဘဲ အငှားယာဉ်မောင်းများ ဖြစ်ပြီး ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်အထိ လူသတ်သမားကို ကားသမားများက ထိန်သိမ်းထားရသည်။ ထိုသို့ လိုက်လံဖမ်းဆီးသည့် ကားသမားများအနက် တဦးဖြစ်သူ ကိုနေဝင်း ကိုလည်း လူသတ်သမားက ပစ်သတ်ခဲ့သည်။

ဦးကိုနီသည် စစ်တပ်ကရေးဆွဲသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်းထန်စွာ ဝေဖန်သောကြောင့် ပစ်မှတ်ထား သတ်ဖြတ် ခံရသည်ဟု လူအများခန့်မှန်းကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူနှင့် နိုင်ငံတော် အတိုင်ပင်ခံ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီသည် တပ်မတော်၏ လွှမ်းမိုးသော အခန်းကဏ္ဍ လျှော့ချရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဆော်သြနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ဖန်တီးရာတွင် အဓိက အကြံပေးခဲ့သူ ဖြစ်သည်ဟုလည်း သူ့ကို ယူဆကြသည်။

ယနေ့တိုင် လူထုသည် ထိုအမှုကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ဘဝတလျှောက်လုံး တရားမဲ့မှုများကို တိုက်ပွဲဝင်ခဲ့သော ရှေ့နေကြီးနှင့် တရားခံဖမ်းမိရေး အသက်စွန့်ခဲ့သည့် အငှားယာဉ်မောင်း တို့အတွက် တရားမျှတမှု ရရှိရေး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

လာမည့်လတွင် ချမှတ်မည်ဟု ယူဆရသော စီရင်ချက်မတိုင်မီ မျက်မှောက်ခေတ် မြန်မာ့သမိုင်းတွင် ပြည်သူလူထု စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်သော ထိုအမှု၏ အထင်ရှားဆုံးအချက်များကို ပြန်လည်တင်ပြထားသည်။

စစ်အရာရှိဟောင်းများ ပတ်သက်နေ

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသို့ ထုတ်လာသော ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုး/ ထက်ဝေ

သေနတ်သမား ကြည်လင်းမှလွဲပြီး ကျန်သံသယရှိသူလေးဦးအနက် ဇေယျာဖြိုး၊ အောင်ဝင်းဇော်နှင့် အောင်ဝင်းခိုင်တို့သည် စစ်အရာရှိဟောင်းများ ဖြစ်နေသည်။

ဇေယျာဖြိုးသည် ၂၀၀၄ ခုနှစ်တွင် နုတ်ထွက်သည်အထိ စစ်ထောက်လှမ်းရေးဌာနမှ ဗိုလ်ကြီးတဦးဖြစ်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ရန်အတွက် သံသယရှိသူများကို ကျပ်သိန်း ၁ ထောင် စိုက်ထုတ်ပေးခဲ့သည်ဟု တရားစွဲ အဖွဲ့အစည်းဘက်က စွပ်စွဲထားသည်။

အောင်ဝင်းဇော်သည် ၁၉၉၆ ခုနှစ်တွင် တပ်မှထုတ်ပယ်ခံရချိန်တွင် ဗိုလ်ရာထူး အထိ တာဝန်ယူခဲ့သည်။ သူ့ကို ကြည်လင်း၏ ကြံရာပါအဖြစ် စွပ်စွဲပြီး ကရင်ပြည်နယ်တွင် ဖမ်းမိသည်။ ထိုသူ နှစ်ဦးတို့သည် ယခင်ကလည်း ပြစ်မှုများ အတူတကွ ကျူးလွန်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများသို့ ဗုဒ္ဓဆင်းတုတော်များ ခိုးထုတ်သောကြောင့် မန္တလေးရှိ အိုးဘိုထောင်တွင် ထောင်နှစ်ရှည် ကျခဲ့သည်ဟု Myanmar Now က ဖော်ပြသည်။ သူတို့ကို ၂၀၁၄ ခုနှစ်က သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

မတ်လ ၁၇ ရက်နေ့တွင် ရုံးထုတ်လာသော အောင်ဝင်းထွန်း/ မျိုးမင်းစိုး

အခြားသံသယရှိသူ တဦးဖြစ်သော အောင်ဝင်းထွန်းသည် လုပ်ကြံသတ်ဖြတ်မှု အပြီးတွင် သူနှင့် ညီအစ်ကိုတော်သူ အောင်ဝင်းဇော်ကို ကရင်ပြည်နယ် ဘားအံသို့ ကူညီ ပို့ဆောင်ပေးသောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ သူ့ကို ငွေကျပ်သိန်း ၅၀၀ အာမခံဖြင့် မတ်လက လွှတ်ပေးခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လုပ်ကြံသတ်ဖြတ်မှုကို နောက်ကွယ်မှ စီစဉ်သူဟု စွပ်စွဲခံရပြီး လွတ်မြောက် နေသည်။ သူသည် ဦးကိုနီကို ၂၀၁၆ ခုနှစ်တွင် သတ်ရန် သူ၏ညီ အောင်ဝင်းဇော်ကို စေခိုင်းသည်ဟုဆိုသည်။

လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ချိန်တွင် အောင်ဝင်းဇော်နှင့် အောင်ဝင်းခိုင်တို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှိနေကြောင်း လေဆိပ် စီစီတီဗီ မှတ်တမ်းများအရ သိရသည်။

အောင်ဝင်းခိုင် ပျောက်ကွယ်သွား

လွတ်မြောက်နေသူ အောင်ဝင်းခိုင်

အောင်ဝင်းခိုင်သည် မြန်မာနိုင်ငံတွင် စောင့်ကြည့် ထောက်လှမ်းမှု အများဆုံးဖြစ်သော မြို့တော် နေပြည်တော်သို့ ထွက်ပြေးခဲ့သည်။ စီစီတီဗီ မှတ်တမ်းများအရ သူ့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် နေပြည်တော် ပါရဆေးဥယျာဉ်အနီးတွင် နောက်ဆုံးတွေ့ရသည်။ အောင်ဝင်းခိုင်ကို ဖမ်းဆီးရန် ဝရမ်းထုတ်ထားပြီး သူ၏ ဓာတ်ပုံကို အင်တာပိုနှင့် အရှေ့တောင်အာရှ ရဲတပ်ဖွဲ့များသို့ ပေးပို့ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသည်။

ပုဂ္ဂိုလ်ရေးမုန်းတီးမှုှ နှင့် မျိုးချစ်စိတ် အစွန်းရောက်မှုကြောင့်ဟု ပြည်ထဲရေးဝန်ကြီးပြော

၂၀၁၇ ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ/ ဧရာဝတီ

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ပြီးနောက် တလကြာသောအခါ ရန်ကုန်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တခုတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက လုပ်ကြံသူများသည် လူငယ်သဘာ၀ ပုဂ္ဂိုလ်ရေး မုန်းတီးမှုနှင့်၊ မျိုးချစ်စိတ် အစွန်းရောက်တဲ့ စိတ်ကြောင့် လုပ်ကြံသည့် အတိုင်းအတာ အထိဖြစ်လာရကြောင်း ပြောခဲ့သည်။

ထိုသို့သော ပြောဆိုချက်ကို လူထု (က) ပြင်းထန်စွာ တုံ့ပြန်ခဲ့ပြီး ဝန်ကြီးသည် လုပ်ကြံရခြင်း၏ အကြောင်းအရင်းကို တမင်ပေါ့လျော့အောင်လုပ်နေသည်ဟု ဝေဖန်ခဲ့ကြသည်။

ဦးကိုနီနှင့် ကိုနေဝင်းတို့ကို အာဇာနည်များအဖြစ် ဒေါ်အောင်ဆန်းစုကြည်သတ်မှတ်

ဦးကိုနီနှင့် ဦးနေဝင်းတို့ အောက်မေ့ဖွယ် အခမ်းအနား/ဧရာဝတီ

ပြည်ထဲရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲပြီး နောက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များသည် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရခြင်းသည် တိုင်းပြည်၏ ဒီမိုကရေစီ တိုက်ပွဲအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး ဦးကိုနီနှင့် ကိုနေဝင်းတို့သည် အမြဲအောက်မေ့နေရမည့် အာဇာနည် သူရဲကောင်းများဖြစ်သည်ဟု ပြောခဲ့သည်။

ထိုလုပ်ကြံသတ်ဖြတ်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရှုတ်ချခဲ့သည်။

တပ်မတော်အကြီးအကဲ၏ လက်ထောက်ဟောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် စစ်ဆေးခံရ

ဇေယျာဖြိုး၊ အောင်ဝင်းခိုင်နှင့် ဦးလင်းဇော်ထွန်းတို့ အတူတကွ တွေ့ရသည့် ဓာတ်ပုံ

ဗိုလ်မှူးကြီးဟောင်းတဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကိုလည်း အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့် ရင်းရင်းနှီးနှီး အတူ ရိုက်ထားသည့် ဓါတ်ပုံအချို့ ပြန့်နှံ့လာသည့်အတွက် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သည်။

ဦးလင်းဇော်ထွန်းသည် လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေးလုံခြုံရေး အရာရှိအဖြစ်တာဝန်ယူခဲ့ဖူးသည်။ လုပ်ကြံမှုကို ကြိုတင်သိရှိပြီး သတင်းထိန်ချိန်ထားခြင်း ဖြစ်နိုင်သည်ဟု သူ့ကို လူမှုကွန်ရက်တွင် အကြီးအကျယ် စွပ်စွဲကြသည်။ သတင်းသမားများက မေးမြန်းသောအခါ အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးကို သူသိကြောင်း ဝန်ခံသည်။

သူနှင့် အောင်ဝင်းခိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ တွင် အတူတက်ခဲ့ကြောင်းပြောသည်။ သတင်းထိန်ချန်သည်ဆိုသည့် စွပ်စွဲချက်ကို ဦးလင်းဇော်ထွန်းက ငြင်းပြီး စွပ်စွဲသူများကို တရားစွဲမည်ဟု ခြိမ်းခြောက်သည်။

ဦးဝီရသူက လူသတ်သမားများကို ကျေးဇူးတင်

ဦးဝီရသူက လူသတ်သမားအား ကျေးဇူးတင်ကြောင်း Facebook တွင် ရေးသည်/ မျိုးမင်းစိုး

အစွန်းရောက် အမျိုးသားရေး ဆရာတော် ဦးဝီရသူက ဦးကိုနီကို သတ်ဖြတ်သူများကို ထောက်ခံကြောင်း Facebook တွင် ရေးသည်။ ထိုသို့ရေးသားခြင်းမှာ သတ်ဖြတ်ခံရသူသည် မွတ်စလင် ဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဦးဝီရသူက လူသတ်သမားအား ကျေးဇူးတင်ပြီး ၎င်းတို့၏ မိသားစုများအတွက် စိတ်မကောင်းကြောင်း Facebook တွင် ရေးသည်။

သဘောထား တင်းမာသော ဆရာတော်က တပ်မတော်က ရေးဆွဲသော ဖွဲ့စည်းပုံကို ပြင်လိုသူတိုင်းကို သတိပေးလိုက်ခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ထိုသို့ရေးသားပြီးနောက် မကြာမီ သာသနာရေးဝန်ကြီးဌာနက ဦးဝီရသူကို တရားဟောခွင့် တနှစ် ပိတ်လိုက်သည်။

မင်းတို့ ထမင်းဝအောင် စားထား

မင်းတို့ ထမင်းဝအောင်စားထား ဟူသည့် စာတမ်းထိုးထားသော တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသားရေးဝါဒီ အုပ်စု/မျိုးမင်းစိုး

မင်းတို့ ထမင်းဝအောင်စားထား ဟူသည့် စာတမ်းထိုးထားသော တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသားရေးဝါဒီ အုပ်စုတစုသည် တရားခွင်သို့ လာရောက်ပြီး လူသတ်သမားများကို လူသတ်သမား ကြည်လင်းနှင့် အဖွဲ့ကို ထောက်ခံကြောင်း လာရောက်ပြသခဲ့သည်။ ထိုလုပ်ရပ်ကို ရှေ့နေအဖွဲ့အစည်းများက တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသည့် လုပ်ရပ်အဖြစ် ပြင်းထန်စွာကန်ကွက်ခဲ့ကြသည်။

တရားရုံးအတွင်း ခြိမ်းခြောက်သည့်လုပ်ရပ်နှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး တဦးက အမှုဖွင့်ခဲ့သည်။ တရားရုံးက ထိုသူ ၄ ဦးကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှင့် ပြည်သူ့ဝန်ထမ်းကို ထိခိုက်အောင် လုပ်ဆောင်ရန် ခြိမ်းခြောက်မှု ပုဒ်မ ၁၈၉ တို့ဖြင့် ဖမ်းဝရမ်းထုတ်သည်။ ထိုသူများ လွတ်မြောက်နေဆဲ ဖြစ်သည်။

ရဲသက်သေ လာရောက်ထွက်ဆိုရန် ပျက်ကွက်

ဦးကိုနီ လုပ်ကြံခံရစဉ်တွင် လေဆိပ်လုံခြုံရေးရဲမှူးကြီး အဖြစ်တာဝန်ယူခဲ့သည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဝင်းမင်းသိန်းသည် တရားရုံးမှ အကြိမ်ကြိမ် ဆင့်ခေါ်သော်လည်း အလုပ်များသည်ဟု အကြောင်းပြကာ လာရောက်ခြင်း မရှိခဲ့ပေ။ သူနှင့်သူ့အစ်ကို အောင်ဝင်းခိုင်တို့သည် ဦးကိုနီ သတ်ဖြတ် ခံရသည့်နေ့က ရဲမှူးကြီး ဝင်းမင်းသိန်းနှင့်တွေ့ရန် လေဆိပ်သို့ ရောက်နေသည်ဟု လွန်ခဲ့သောနှစ်က တရားခွင်တွင် အောင်ဝင်းဇော်က ထွက်ဆိုထားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ မသိဟုဆိုကာ သက်သေလာရောက်ထွက်ဆိုရန် ငြင်းဆိုခဲ့ပြီး သက်သေ စာရင်းမှ ပယ်ဖျက်ပေးရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရဲမှူးကြီး ဝင်းမင်းသိန်းက အကြောင်းကြား သောကြောင့် တရားရုံးက သူ၏အမည်ကို သက်သေစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

(စမ်းယမင်းအောင်သည် ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် တဦးဖြစ်သည်။ ၎င်း၏  Highlights of the U Ko Ni Murder Case  ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ထူးခြားဖြစ်စဉ်များလုပ်ကြံသတ်ဖြတ်မှုဦးကိုနီ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

by ဧရာဝတီ
13 June 2024
27.5k

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်ကောင်စီတပ်များကို အလစ်အငိုက် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ရန်ကုန်တွင် အကြမ်းဖက်သမားများကို ဂရုစိုက်ရန် မင်းအောင်လှိုင်က သူ့လူများကို ‌ပြောသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

by David Scott Mathieson
17 June 2024
8.3k

စစ်ကောင်စီထိန်းချုပ် မီဒီယာများက စစ်ကောင်စီတပ်များသည် တံတားဖွင့်ပွဲကို တိုက်ခိုက်မည့် အစီအစဉ်တခုအား ဟန့်တားခဲ့ကြောင်း ကြေညာသည်။

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.8k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

သံတမန်ရေးနှင့် သူလျှိုလုပ်ငန်း အချက်အခြာဖြစ်လာသည့် မဲဆောက်မြို့

သံတမန်ရေးနှင့် သူလျှိုလုပ်ငန်း အချက်အခြာဖြစ်လာသည့် မဲဆောက်မြို့

by James Griffiths
24 June 2024
2.7k

"ကျနော်တို့ ဒီမှာနေနိုင်တယ်။ ဒါပေမယ့် ထင်ထင်ပေါ်ပေါ် မနေဖို့ အမြဲတမ်းပြောတယ်။ သူတို့က မျက်စိတဖက် ပိတ်ထားပေးတယ်"

Next Post
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ

အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုမှာ ပိုမိုပါဝင်သင့်တယ်

ဆေးစွဲသူကို ထောင်ချလိုက်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို ဦးတည်စေတဲ့ စွဲလန်းခြင်းရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်း မရှိပါ  / Reuters

အမေအိုတယောက်ရဲ့ မေတ္တာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate