• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကွန်မြူနစ် ရုပ်အလောင်းများ နောက်ကွယ်

by Josh Smith
8 March 2019
in ဆောင်းပါး
A A
ပြုံယမ်းရှိ ကွမ်စူစန် နန်းတော်အတွင်း လဲလျောင်းနေသည့် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီး၏ ရုပ်အလောင်းကို မြင်တွေ့ရစဉ် / Reuters

ပြုံယမ်းရှိ ကွမ်စူစန် နန်းတော်အတွင်း လဲလျောင်းနေသည့် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီး၏ ရုပ်အလောင်းကို မြင်တွေ့ရစဉ် / Reuters

19.9k
VIEWS
Share on FacebookShare on Twitter

ကင်ဂျုံအွန်း၏ ပြီးခဲ့သော ဟနွိုင်းခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြောက်ကိုရီးယားတို့ အနေဖြင့် ကွန်မြူနစ် အမွေအနှစ် မျှဝေရန် ဦးတည်ပုံ မရခြင်းက သူတို့မြို့တော် အသီးသီးတွင် ခေါင်းဆောင် ကြီးများကို မပုပ်မသိုး စီရင်ပြသထားခြင်းထက် ဆန်းကြယ်၍ နေပေသည်။

သူတို့ ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို အသက်ဝင်နေသည့်အလား ထင်ရလောက်အောင် ရုရှား သိပ္ပံပညာရှင် လျှို့ဝှက်အဖွဲ့က အထူးစီရင် မွမ်းမံပေးထားခြင်း ဖြစ်သည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
320
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

20 June 2025
1.1k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
2.9k

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အချိန်တို ထိပ်သီးအစည်းအဝေးကို အဆုံးသတ်ခဲ့ပြီးနောက် ကင်မ်သည် ဗီယက်နမ်မြို့တော်ရှိ ဟိုချီမင်း ဂူဗိမာန်တွင် စနေနေ့က ပန်းခွေချ အလေးပြုခဲ့သည်။

ဟိုချီမင်း၏ ရုပ်အလောင်းရှိရာ ဟနွိုင်းရှိ အာဇာနည်ကုန်းတွင် ကင်ဂျုံအွန်း ပန်းခွေချ အလေးပြုစဉ်/Reuters

မှောင်မည်းနေသော ဂူဗိမာန်အတွင်းပိုင်း၌ ဗီယက်နမ် နိုင်ငံတော်ကို ထူထောင်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာ ဖခင်ကြီး၏ လဲလျောင်းနေသော မပုပ်မသိုး ရုပ်ကလာပ်ကို ဖန်ခေါင်းတလားဖြင့် ပြသထားရာ ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ လှည့်လည် ကြည့်ရှုနိုင်ကြသည်။

ပြုံယမ်းတွင် ကင်ဂျုံအန်း၏ အဘိုးနှင့် ဖခင်ဖြစ်သူတို့ကိုလည်း နေမင်း၏ ကွမ်စူစန်နန်းတော်ဟု တင်စား ခေါ်ဝေါ်သော နေရာတွင် အလားတူ ပြသထားပြီး မြောက်ကိုရီးယား အာဏာရ မိသားစု ဝန်းရံလျှက် အမြတ်တနိုး ထားသည့် ဂူဗိမာန် အဆောက်အဦ အဖြစ် ထိန်းသိမ်း စောင့်ရှောက်လျှက် ရှိသည်။

အထက်ပါ ခေါင်းဆောင် ၃ ဦးတို့၏ ရုပ်ကလာပ်များကို မူလပုံစံမပျက် မပုပ်မသိုး ဆေးစိမ်ထားနိုင်အောင် လုပ်ဆောင်ခဲ့သော အဖွဲ့မှာ မော်စကိုအခြေစိုက် “လီနင်ဓာတ်ခွဲခန်း” ဟု ခေါ်သည့် အထူးပညာရှင် အဖွဲ့တဖွဲ့ ဖြစ်ပြီး ယင်းအဖွဲ့၏ ပထမဆုံး ဆေးစိမ်ပြုပြင်ပြီး ပြသခဲ့သည့် ရုပ်ကလာပ်မှာ ၁၉၂၄ ခုနှစ်က ဗလာဒီမာ လီနင်၏ ရုပ်ကလာပ် ဖြစ်သည်။

ရုရှကွန်မြူနစ်ခေါင်းဆောင် လီနင်၏ ရုပ်အလောင်းကို ၁၉၉၃ ခုနှစ်က မြင်ရစဉ်/Reuters

ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခဲ့ပြီး ဗီယက်နမ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးရှိ ဆိုရှယ်လစ်ဝါဒမှာ သဘောတရား ရေးရာ ပထမဆုံး အတွေးအခေါ် ပညာရှင်များအတွက် အနိုင်နိုင် မှတ်မိရုံသာ ကျန်ရစ် တော့သော်လည်း ဟိုချီမင်း ရုပ်ကလာပ် ထိန်းသိမ်းတာဝန်ယူသည့် ဓာတ်ခွဲခန်းအဖွဲ့မှာမူ နှစ်စဉ်နှစ်တိုင်း ဝတ္တရားမပျက် ဆေးစိမ်ပြုပြင်ပေး နေသည်။ အနည်းဆုံး သုတေသန သမားတဦး၏ အဆိုအရ အဆိုပါ သိပ္ပံဓာတ်ခွဲခန်း အဖွဲ့ကပင် ကင်မ်မိသားစု၏ ရုပ်ကလာပ်များ မြောက်ကိုရီးယားတွင် ထိန်းသိမ်းထားနိုင်အောင် ပံ့ပိုးပေးနေဆဲလည်း ဖြစ်သည်။

“မူလ ဆေးစိမ်ပြုပြင်တာနဲ့ နောက်ပိုင်း ပုံမှန် ပြန်ပြီး ဆေးစိမ်ပြုပြင်တာတွေ အတွက် မော်စကို ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေက အမြဲတမ်း ဆောင်ရွက်ပေးပါတယ်” ဟု ဆေးစိမ်ထားသော ကွန်မြူနစ် ခေါင်းဆောင်များ အကြောင်း စာအုပ်ရေးသားနေသူ ဘာကလေမြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ မနုဿဗေဒ ပါမောက္ခ အဲလက်ဇီယွာချော့ဗ်က ပြောသည်။

“တချို့နည်းစနစ်တွေမှာ ပြည်တွင်း သိပ္ပံပညာရှင်တွေကို သူတို့က နှစ်နဲ့ချီပြီး သင်တန်းပေးပေမယ့် အကုန်လုံးတော့ မပေးဘူး။ တချို့နည်းတွေရဲ့ ကျောရိုး အနှစ်သာရကို လျှို့ဝှက်ထားတုန်းပဲဗျ” ဟု သူက ဆိုသည်။

သက်ရှိကဲ့သို့သော ရုပ်အလောင်းများ

မံမီကျပ်စည်း ပြုပြင်ခြင်းကဲ့သို့ ရှေးဟောင်း ထိန်းသိမ်းနည်းစနစ်နှင့် မတူဘဲ၊ ဆိုဗီယက် သိပ္ပံပညာရှင်များက ရုပ်အလောင်းများကို ပျော့ပျောင်းနေအောင် ထာဝစဉ် မပုပ်မသိုး ဆေးစိမ်နည်းဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ကြရာ ၎င်းတို့ ပြုပြင်ထားသည့် ရုပ်အလောင်းများမှာ ဖော့ဖယောင်းကဲ့သို့ ပျော့ပျောင်းကာ အပြစ်ကင်းစင်သည့် အသားအရေနှင့် သက်ရှိ ထင်ရှားအလား မြင်တွေ့ကြရသည်။

မြောက်ဗီယက်နမ်ကို အမေရိကန် တိုက်လေယာဉ်များက ပုံမှန်ဗုံးကြဲနေသည့် အချိန် ၁၉၆၉ ခုနှစ်တွင် ဟိုချီမင်း ကွယ်လွန်သွားခဲ့ရာ ဟနွိုင်းမြို့ပြင်တွင် ဂူသွင်းထားနိုင်ရန်အတွက် ဆိုဗီယက်ပြည်ထောင်စုမှ ဓာတု ပစ္စည်းများနှင့် ကိရိယာများ လေကြောင်းဖြင့် ရောက်ရှိလာခဲ့ပြီး ဆိုဗီယက် ကျွမ်းကျင်ပညာရှင်အဖွဲ့က ဟိုချီမင်း အလောင်းကို ပိုးသန့်စင်ထားသော ဓာတ်ခွဲခန်းအတွင်းသို့ ယူဆောင်ကာ ပြုပြင်ဆေးစိမ် ပေးခဲ့ကြောင်း ယွာချော့ဗ်က ရှင်းပြသည်။

ဗီယက်နမ် လွတ်လပ်ရေးခေါင်းဆောင် ဟိုချီမင်း ကွယ်လွန်ချိန်တွင် တွေ့ရသော ရုပ်အလောင်း/ azlocaltrip.com

၁၉၉၀ ပြည့်လွန် နှစ်များတွင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားခဲ့ရာ အစိုးရဓာတ်ခွဲခန်းမှာ ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်လာရပြီး နိုင်ငံရပ်ခြားမှ မူလ မှီခိုနေသူများထံသို့ ဆက်လက် အထောက်အကူ ပေးနိုင်ရေးမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ကြောင်း ယွာချော့ဗ်က ဆက်လက်ပြောပြသည်။

ယင်းသို့ အထောက်အပံ့ပေးရသူများ ထဲတွင် မြောက်ကိုရီးယားလည်း ပါဝင်ပြီး ရုရှား ကျွမ်းကျင် ပညာရှင်များက ကင်မ်အီဆွန်းနှင့် ကင်မ်ဂျုံအီတို့ကို မပုပ်မသိုး ပြုပြင်ပေးမည့် ဓာတ်ခွဲခန်းကို ပြုံယမ်းမြို့တွင် တည်ဆောက်ထားသည့် ဂူဗိမာန်ထဲတွင် ထားရှိကာ ဆေးစိမ်မွမ်းမံသည့် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

မူလ ပထမ ဆေးစိမ်ပြုပြင်ခြင်း လုပ်ငန်းမှာ လပေါင်းများစွာ အချိန်ယူခဲ့ရပြီး ရုပ်အလောင်းအတွက် ပုံမှန် ထိန်းသိမ်းစားရိတ်က ရှိသေးသည်။

“တနှစ်ခွဲကနေ နှစ်နှစ်အတွင်း တကြိမ်လောက် ဒီရုပ်အလောင်းတွေကို မော်စကို သိပ္ပံပညာရှင်အဖွဲ့က မွမ်းမံပြီး ဆေးပြန်စိမ်ပေး ရပါတယ်” ဟု ယွာချော့ဗ်က ပြောသည်။ ဆေးစိမ် ပြုပြင်ပေးသည့် ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှု၊ ကိုယ်ပိုင် ကွင်းဆင်း သုတေသနပြုမှုများကို ကိုးကား၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟိုချီမင်းဂူဗိမာန်ကို ကိုင်တွယ်စီမံနေသည့် ကော်မတီ၏ အင်တာနက်စာမျက်နှာတွင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ရုရှားက ဆေးဝါးဓာတုပစ္စည်း ကုန်ကျစားရိတ်ကို တောင်းလာခဲ့ပြီး ပံ့ပိုး ပစ္စည်းများ ကိုလည်း ဗီယက်နမ်ပြည်တွင်း၌ပင် ဖော်စပ်ထုတ်လုပ်ရန် ဟနွိုင်းကို အဆောတလျင် တိုက်တွန်းလာကြောင်း ဖော်ပြထားသည်။ ဗီယက်နမ် အစိုးရသည် ရုရှားနိုင်ငံသို့ ပညာရှင်များ စေလွှတ်ပြီး ဂူဗိမာန်ကို ၎င်းတို့ ဖာသာ ထိန်းသိမ်း ကိုင်တွယ်နိုင်အောင် လေ့လာ ဆည်းပူးစေခဲ့ကြောင်း ယင်းဝက်ဘ်ဆိုက်က ရေးသားထားသည်။

သို့ရာတွင် ဟိုချီမင်း ဂူဗိမာန်ကို တနှစ်လျှင် နှစ်လပိတ်ပြီး ရုရှားသိပ္ပံပညာရှင်အဖွဲ့က အလောင်းများ နှစ်စဉ်မွမ်းမံ ထိန်းသိမ်းရေးအတွက် အကူအညီပေးနေကြောင်း ဂူဗိမာန်ကော်မတီ သတင်းရင်းမြစ်တခုက အတည်ပြု ပြောကြားသည်။

ဟိုချီမင်း၏ ရုပ်အလောင်းရှိရာ ဟနွိုင်းရှိ အာဇာနည်ကုန်း/ azlocaltrip.com

မော်စကိုမြို့ရှိ ဂူဗိမာန်ဓာတ်ခွဲခန်း တာဝန်ရှိသူများကို ရိုက်တာက ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းတို့ လုပ်ငန်းဆောင်တာများကို သဘောထား မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။ အဆိုပါ ဓာတ်ခွဲခန်းသည် ၁၉၉၂ ခုနှစ်ကတည်းက ဇီဝဓာတု နည်းပညာများဆိုင်ရာ သိပ္ပံသုတေသနနှင့် သင်ကြားနည်းစနစ် ဌာနအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂရှိ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကလည်း သဘောထား မှတ်ချက်ပေးရန် တောင်းခံမှုကို ငြင်းပယ်ကြသည်။

ကွမ်စူစန် နန်းတော်ကို ထုတ်ဖော်ခြင်း မရှိသော ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကြောင့် ပိတ်ထားသည်ကို မြင်ခဲ့ရကြောင်း၊ သို့သော် အလောင်းများ ထိန်းသိမ်းခြင်းမှာ လျှို့ဝှက်ထားဆဲဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံတွင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု ထိတွေ့ဆက်ဆံရေး မြှင့်တင်လုပ်ကိုင်နေသော အဖွဲ့တဖွဲ့ကို တည်ထောင်သူ သုတေသီ တွမ်ဖော်ဒီက ပြောပြသည်။

“ရုရှားကလာတဲ့ နည်းစနစ်မှန်း သိသာထင်ရှားနေပေမယ့် အဲဒါကို လျှို့ဝှက်ထားဦးမှာပဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဥက္ကဋ္ဌကြီးမော် ကွယ်လွန်သည့်အခါ ဘေဂျင်းနှင့်မော်စကိုတို့ တင်းမာနေသည့် အချိန်ဖြစ်၍ တရုတ်ပြည်တွင်း သိပ္ပံပညာရှင် များကိုသာ အားကိုးလျက် မော်စီတုန်း အလောင်းကို ဆေးစိမ်ပြုပြင်ခဲ့ရသော တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားထံမှ နည်းကို သင်ယူသည် (သို့မဟုတ်) အကူအညီယူခဲ့သည်ဟု ကျွမ်းကျင်သူ တချို့က ပြောကြသည်။

သင်္ကေတ ပြောင်းလဲခြင်း

ကွမ်စူစန်နန်းတော်သို့ သွားရောက်ကြည့်ရှုသည့် ခရီးသည်များမှာ ရုပ်အလောင်းများကို ၃ ကြိမ် အလေးပြု ပေးရန် လိုအပ်ပြီး အာဏာရှင် ကင်ဂျုံအီ အသုံးပြုခဲ့သည့် ရွက်လှေနှင့် Apple ကွန်ပျူတာများကိုပါ ပြသ ထားသည်။

“ကင်မ်ရဲ့နိုင်ငံရေး ကိုယ်ရည်ကိုယ်သွေးက တခြားသူတွေအားလုံးကို အထက်စီးက နေတဲ့ သဘောပေါ့ဗျာ” ဟု ဖော်ဒီက ပြောသည်။ အောက်မေ့ဖွယ်ရာ အဆောက်အဦ ထိန်းသိမ်းရေးအတွက် မြောက်ကိုရီးယား အစိုးရဘတ်ဂျက်ထဲမှ ဆက်လက် ဦးစားပေးနေခြင်းအပေါ် ဖော်ဒီက ယင်းကဲ့သို့ မှတ်ချက်ချလိုက်ခြင်း ဖြစ်သည်။

ကင်မ်မိသားစု ရုပ်အလောင်းများ ထိန်းသိမ်းမှုစရိတ်အတွက် မြောက်ကိုရီးယား အစိုးရက မည်မျှကုန်ကျ၍ ခါးစည်း ခံနေရကြောင်း ရှင်းရှင်းလင်းလင်း မသိရပေ။ ၂၀၁၆ ခုနှစ်တွင် မော်စကိုက ပထမဆုံးအကြိမ်အဖြစ် ထိန်းသိမ်းမှု ကုန်ကျစရိတ်ကို ထုတ်ပြန်သည့်အခါ လီနင် အလောင်းအတွက် ထိုနှစ်က ဒေါ်လာ ၂ သိန်းနီးပါး သုံးစွဲခဲ့ကြောင်း ကြေညာခဲ့သည်။

လီနင်အလောင်းကို ဆေးစိမ်ပြုပြင်ခဲ့သည့် မူလရည်ရွယ်ချက်မှာ နိုင်ငံတကာ ကွန်မြူနစ်ဝါဒအတွက် နိုင်ငံ အမြောက်အမြားကို စုစည်းနိုင်ရေး ဦးတည်သည်ဟု သုံးသပ်ရသည်။

သို့သော် ဗီယက်နမ်နှင့် မြောက်ကိုရီးယားတို့က ၎င်းတို့ သီးသန့် နိုင်ငံရေးလမ်းစဉ်များဖြင့် တိုးတက် လာခြင်းကြောင့် ခေါင်းဆောင်များ အလောင်းကို ထိန်းသိမ်းရေးမှာလည်း မော်စကိုပုံစံမျိုး တွဲလျှက် ပါလာခဲ့သည်။

“ဒီနေ့ခေတ်မှာ ဒီအလောင်းတွေ ထားရှိခြင်းရဲ့ မူလအဓိပ္ပာယ် ပြောင်းသွားပါပြီ။ ဗီယက်နမ်က ဟိုချီမင်း အလောင်း ဆိုရင် ဒီနေ့ဒီအချိန်မှာ ကိုလိုနီ သူ့ကျွန်ဘဝက လွတ်မြောက်ရေး အထိမ်းအမှတ်အနေနဲ့အပြင် အမျိုးသားဝါဒ အသစ်အဖြစ်နဲ့တောင် တည်ရှိနေပါတယ်။ ဒါတွေက ကွန်မြူနစ်ဝါဒထက်ကို ကျော်လွန်သွားတဲ့ သဘောပါ” ဟု ယွာချော့ဗ်က ပြောသည်။

( Reuters သတင်းထောက် Josh Smith ၏ Body language: The Russian science keeping North Korea’s dead leaders looking fresh ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ဗီယက်နမ်ဘာသာစကားမြောက်ကိုရီးယားရုပ်အလောင်း
Josh Smith

Josh Smith

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
21.9k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

by ဧရာဝတီ
26 January 2024
5.1k

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ၃ ရက်ခန့်အတွင်း ပရဟိတအသင်းများက ရုပ်အလောင်းကောက်ယူရာတွင် ရုပ်အလောင်း ၄၀ ကျော်ထိ ရရှိခဲ့ပြီး အဆိုပါ အလောင်းများကို ဘောလုံးကွင်းထဲ၌ စုပုံ မီးရှို့ သဂြိုဟ်ပေးခဲ့ကြောင်း

Next Post
အဆိုတော် ဆိုဖီယာ  /  ဝေဝေနှင်း / ဧရာဝတီ

မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် ဖန်တီးထားတဲ့ ဆိုဖီယာ

ဒီတောင်ကို ကျော်နိုင်ပါ့မလား

ဒီတောင်ကို ကျော်နိုင်ပါ့မလား

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate