• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်

by နန်းလွင်
10 May 2019
in ဆောင်းပါး
A A
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် ရန်ကုန်တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့  မစ္စတာ ဟုန်လျံ တက်ရောက်စဉ် / အောင်ကျော်ထက်  / ဧရာဝတီ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် ရန်ကုန်တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့ မစ္စတာ ဟုန်လျံ တက်ရောက်စဉ် / အောင်ကျော်ထက် / ဧရာဝတီ

22.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအတွက် အလုပ်များသော ရက်သတ္တပတ်တခု ဖြစ်သည်။ ဘေဂျင်းတွင် ဒုတိယ အကြိမ်မြောက် Belt and Road (BRI) ဖိုရမ် ကျင်းပပြီး တပတ်မျှအကြာတွင် သံအမတ် ဟုန်လျံသည် နေပြည်တော်မှ အစိုးရရုံးများ ဝန်းကျင်တွင် ယောက်ယက်ခတ် သွားလာနေခဲ့ပြီး တနင်္လာနေ့မှ စတင်၍ အစည်းဝေးပွဲများ ဆက်တိုက် တက်ရောက် နေခဲ့ရသည်။

ယခုအချိန်အထိ သူက သမ္မတဦးဝင်းမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နှင့် လွှတ်တော် ဥက္ကဌများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ သူက နေပြည်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မျှော်လင့်ထားသလို အခြားသော ဝန်ကြီးများနှင့် ထိပ်တန်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဖို့ အလားအလာရှိသည်။ ယခုအချိန်အထိ သူပြုလုပ်ခဲ့သမျှ အစည်းအဝေးများတွင် အသက် ၅၀ အရွယ် တရုတ်သံအမတ်ကြီးက ပြီးခဲ့သည့် ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားပြုလုပ်ခဲ့သည့် သဘောတူညီချက်များကို ပြန်လည်အနှစ်ချုပ်ခဲ့သည်။ ထပ်မံ အတည်ပြုခဲ့သည်။ ၂ နိုင်ငံ ပူးတွဲ အောင်မြင်မှုများကို ဂုဏ်တင်ပြောဆိုခဲ့သည်။ ထို့နောက် သူ၏ ခွဲခွာမှုအတွက် နှုတ်ဆက်သည်။ သူတွေ့ ဆုံခဲ့သည့် သူတိုင်းကို နူတ်ဆက်စကားဆို၍ သူတို့ ကံကောင်းစေရန် ဆုတောင်းပေးသည်။ သူတို့၏ ဧည့်ဝတ်ကျေပွန်မှုအ တွက် ကျေးဇူးတင်ကြောင်းပြောသည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.9k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.5k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.1k

မစ္စတာ ဟုန်လျံသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည်။ မကြာမီ သူက တာဝန်များပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားသည့် ၁၉ ဦးမြောက် တရုတ်နိုင်ငံ သံအမတ် ဖြစ်လာပါလိမ့်မည်။

မေလ ၈ ရက်နေ့ညနေ ၅ နာရီခွဲအချိန် အထိ ရန်ကုန်ရှိ တရုတ်သံရုံးက သူပြန်လည်ထွက်ခွာတော့မည့် အကြောင်းကို ထုတ်ပြန်ကြေညာခြင်း မပြုသေးပါ။ သို့သော်လည်း မြန်မာနိုင်ငံမှ အစိုးရပိုင် မီဒီယာတွင် သူ့ကို ပြန်လည်ထွက်ခွာတော့မည့် သံအမတ်အဖြစ် မကြာသေးမီက စတင်ရည်ညွှန်းဖော်ပြခဲ့သည်။

မစ္စတာ ဟုန်လျံက ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တရားဝင်သံအမတ် ဖြစ်လာခဲ့သည်။ တရုတ်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ထားသည့် ကိုယ်ရေး အကျဉ်းတွင် သူ၏ ရာထူးကို “မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော တရုတ်နိုင်ငံ သံအမတ်ကြီး” အဖြစ် ဖော်ပြထားသည်။ နောက် ၈ လ ကြာသည့် အခါ အထွေထွေရွေးကောက်ပွဲ ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရရှိလာသည်ကို သူ မျက်မြင်တွေ့ခဲ့ရသည်။

NLD အစိုးရလက်အောက် သူ၏ ၄ နှစ်နီးပါးကြာ ရာထူးသက်တမ်းသည် အမှတ်ရစရာများဖြင့် ပြည့်နေခဲ့သည်။ သူက တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုတခု ပြုလုပ်ရန် သဘောတူညီချက်၊ ရန်ကုန်မြို့ သစ် အကောင်အထည်ဖော်ရေး မူဘောင်သဘောတူညီချက်တခုတို့ကဲ့သို့သော တရုတ်နှင့် မြန်မာကြားမှ BRI နှင့် သက်ဆိုင်သည့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် ရန်ကုန်တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ မစ္စတာ ဟုန်လျံ တက်ရောက်စဉ်/ အောင်ကျော်ထက်

သို့သော်လည်း မြန်မာပြည်သူလူထုက သူ့ကို တရုတ်ကျောထောက်နောက်ခံ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် ပြန်လည် စတင်ရေး အားကြိုးမာန်တက် ဆောင်ရွက်နေသည့် တွန်းအားပေးပုံရိပ်တခု အဖြစ် များစွာပို၍ မှတ်မိကြပါလိမ့်မည်။ မြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်နှင့် အခြားသောစိုးရိမ်စရာများကြောင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူ ထုက ဝေဖန်ကန့်ကွက်ခဲ့သောကြောင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ရပ်ဆိုင်းထားခဲ့ရသည်။

ဒီဇင်ဘာလကုန်ပိုင်းတွင် မစ္စတာ ဟုန်လျံက ကချင် ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ကချင်ပြည်သူများက ဆည်ပြန်လည်စတင်ရေးကို မကန့်ကွက်ကြကြောင်း ပြောကြားခဲ့သည့်အချိန်တွင် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် ဆန့်ကျင်သော သဘောထားများ ပြန်လည်နိုးထခဲ့သည်။ နောက်ပိုင်းတွင် ထင်ရှားသည့် ကချင်ပါတီများက သူ၏ ပြောကြားချက်ကို ကန့်ကွက်ခဲ့ကြပြီး တိကျသေချာမှုမရှိစေဘဲ အထင်အမြင်လွဲမှားစေသော ထုတ်ချက်ပြန်သာဖြစ်ကြောင်း ပြောခဲ့ကြသည်။

တရုတ် သံအမတ်နှင့် ထိုစဉ်က တွေ့ဆုံခဲ့သူများဖြစ်သည့် ကချင် ဒီမိုကရက်တစ်ပါတီ ၏ ဥက္ကဌ ဦးကွမ်ဂရောင် အောင်ခမ်းနှင့် ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန် တို့ ၂ ဦးလုံးက သူတို့ကို မစ္စတာ ဟုန်လျံက အထက်စီးဆန်သော အမူအရာဖြင့် စကားပြောခဲ့သည်ဟု ဧရာဝတီသို့ ပြောခဲ့ကြသည်။ တရုတ် သံအမတ်က သူတို့ကို ခြိမ်းခြောက်ခဲ့သည်ဟု သူတို့ ခံစားခဲ့ကြရသည်။ မြစ်ဆုံဆည်ကို ဆန့်ကျင်ခြင်း မပြုရန် နှင့် အနောက်တိုင်းသံတမန်များနှင့် အနီးကပ်မိတ်ဆွေ မပြုလုပ်ရန် သို့မဟုတ်ပါက ဆိုးရွားသော နောက်ဆက်တွဲများကို သူတို့ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။

သူတို့ မိတ်ဆွေ မဖြစ်သင့်သော သူများနှင့် ပတ်သက်၍ သတိပေးခဲ့ခြင်းအပြင် မစ္စတာ ဟုန်လျံက မြန်မာပြည်တွင် သွားသင့်သည့်နေရာနှင့် မသွားသင့်သည့်နေရာများကို ပြောခဲ့သူအဖြစ်လည်း သိကြသည်။

သူ့ကို ခန့်အပ်ပြီး လအနည်းငယ်အကြာ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် မစ္စတာ ဟုန်လျံက မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ် မစ်ချယ်ကို တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ် သို့မဟုတ် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများသို့ သွားရောက်ခြင်းမပြုရန် ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ထိုနေရာများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် တရုတ်က သြဇာလွှမ်းမိုးမှု ရှိသည့်ဒေသများ ဖြစ်ကြသည်။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လေးစားသင့်သည်ဟု သူက ပြောခဲ့သည်။

မြို့တော်ဟောင်း ရန်ကုန်ရှိ သူ၏ “ဒုတိယအိမ်” နှင့် နီးသည့်အတွက် တရုတ် သံအမတ်သည် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားပုံရသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က သူ၏ ရန်ကုန်အများပြည်သူသုံး ဘတ်စ်ကားစနစ်ကို ၂၀၁၇ ခုနှစ်တွင် ပြုပြင်ပြောင်းလဲခဲ့စဉ် မစ္စတာ ဟုန်လျံက တရုတ်ကုမ္ပဏီများ ဖြစ်သည့် Yutong နှင့် Ankai တို့မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆ သန်း (၈၅.၄ ဘီလီယံကျပ်) တန် ဘတ်စ်ကား အသစ် အစီးရေ ၁၀၀၀ ဝယ်ယူခြင်းကို ကူညီစီစဉ်ပေးခဲ့သည်။ ယာဉ်များ၏ အရည်အသွေးနှင့် ဈေးနှုန်းက သင့်လျှော်မျှတကြောင်း သံအမတ်ကြီးက အာမခံခဲ့သည်ဟု ရန်ကုန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက် နေပြည်တော်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် စကားပြောနေသော တရုတ်သံအမတ် ဟုန်လျံ/ မျိုးမင်းစိုး

ထို့အပြင် နောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) (အငြင်းပွားဖွယ်ရာ ရန်ကုန်မြို့ သစ် စီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီ) ကို စတင်တည်ထောင်သည့် အချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် က စီမံကိန်း အကောင်အထည်ပေါ်လာရေးတွင် သူတို့၏ အကူအညီများအတွက် “တရုတ်သံအမတ်ကြီးနှင့် အခြား သံတမန်များကို အထူးကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့သည်။ နောက်တလကြာမြင့်ခဲ့ပြီး မေလ အတွင်းတွင် စီမံကိန်း ပထမ အဆင့် နှင့် သက်ဆိုင်သည့် အခြေခံအဆောက်အဦးလုပ်ငန်းများအတွက် ပြင်ဆင်ရေးနှင့် အသေးစိတ် အဆိုပြုလွှာ တင်ပြရေး ရန်ကုန်တိုင်း အစိုးရက China Communications Construction Company Ltd. (CCCC) နှင့် မူ ဘောင်သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့သည်။

သို့သော်လည်း CCCC နှင့် ဆက်နွယ်နေသည့် အငြင်းပွားဖွယ်ရာ ကိစ္စ စာရင်းရှည်ကြီးကြောင့် ရန်ကုန်မြို့သစ်မှာ ပြည်သူလူထု၏ စိုးရိမ်မှုနှင့် အပြစ်တင်ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရသည်။ အငြင်းပွားဖွယ်ရာများမှာ ကုမ္ပဏီက အလားတူ ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့် အခြားနိုင်ငံအများ အပြားတွင် လိမ်လည်မှု၊ အကျင့်ပျက် ခြစားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများတွင် ပါဝင်ပတ်သက်ခဲ့သည် ဆိုသော စွပ်စွဲချက်များနှင့် ဆက်နွယ်နေသည်။

မစ္စတာ ဟုန်လျံ၏ သံအမတ် သက်တမ်းကာလကို သရုပ်ဖော်မည်ဆိုလျှင် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း မှ လက်နက်ကိုင် အဖွဲ့များနှင့် သူ၏ ဆက်ဆံရေး မပါဝင်ဘဲ ပြည့်စုံလိမ့်မည် မဟုတ်ပါ။

၂၀၁၇ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံက တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ (ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) ၊ ရက္ခိုင်တပ်မတော် (AA)တို့ပါဝင်သည့် အဖွဲ့) ကြားတွင် ငြိမ်းချမ်းရေး ပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အဖွဲ့အားလုံးမှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည်။

တွေ့ဆုံမှုများအတွင်းတွင် တရုတ်သံအမတ်၏ အထက်စီးကျသည့် အမူအရာနှင့် ဆက်သွယ်ရေး စွမ်းရည် အားနည်းခြင်း တို့ကြောင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ စိတ်ပျက်ခဲ့ကြသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများက ပြောကြသည်။

တွေ့ဆုံမှုတခုတွင် မစ္စတာ ဟုန်လျံ၏ ပမာမခန့် အမူအရာကြောင့် ကချင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ စိတ်ပျက်ခဲ့ကြရပြီး ဆွေးနွေးသည့် အကြောင်းအရာ နှင့် ပတ်သက်၍ သဘောမတူညီမှုများသာ ဖြစ်စေခဲ့ရသလို တွေ့ဆုံပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး အခြားတရုတ်ထိပ်တန်း အရာရှိတဦးလည်း ရုတ်တရက် ပြန်လည်ထွက်ခွာသွားခဲ့သည်။

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်သည့် အချိန်အတွင်း သူ၏ အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများ နှင့် ပတ်သက်၍ သံအမတ်ကြီး၏ မှတ်ချက်ရရှိရန် သို့မဟုတ် သူ့ကို ဆက်ခံမည့်သူအကြောင်း သိရှိနိုင်ရန် ဧရာဝတီက ရန်ကုန်မြို့ရှိ တရုတ်သံရုံးသို့ မေ လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။

မြန်မာနိုင်ငံတွင် တရုတ်အစိုးရ၏ မူဝါဒများကို ကိုယ်စားပြုအားထုတ်ခဲ့ခြင်းများအတွက် မစ္စတာ ဟုန်လျံက တရုတ် အစိုးရ၏ ချီးကျူးမှုကို ခံရဖွယ်ရာ ရှိသည်ဟု တိုင်းရင်းသားရေးရာနှင့် တရုတ်နိုင်ငံဆိုင်ရာ လေ့လာဆန်းစစ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“ဒါပေမယ့် မြန်မာနိုင်ငံမှာ သူ့ရဲ့ အကြီးမားဆုံး ကျရှုံးမှုကတော့ မြစ်ဆုံဆည် ပြန်လည်စတင်ရေး သူကိုင်တွယ်ခဲ့တဲ့ နည်းလမ်းပဲ။ သူ့ရဲ့ လုပ်ရပ်တွေက ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကိုပဲ မီးထိုးပေးခဲ့တယ်။ အဲဒါက တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ကောင်းတဲ့ လက္ခဏာတခု မဟုတ်ဘူး” ဟု သူက မှတ်ချက်ပြုသည်။

နောက်ထပ် လေ့လာဆန်းစစ်သူတဦး ဖြစ်သည့် Institute of Strategy and Policy (ISP)-Myanmar မှ တရုတ်နိုင်ငံ ဆိုင်ရာ ဌာန အကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ပြန်လည်ထွက်ခွာတော့မည့် တရုတ်သံအမတ်၏ သိသာမြင်သာမှု အရှိ ဆုံး အောင်မြင်မှု ၂ ခုမှ ရန်ကုန်တွင် တရုတ်နှစ်သစ်ကူးပွဲ အခမ်းအနားကို ၂ နှစ်ဆက်တိုက် ကျင်းပနိုင်ရန် အားထုတ်နိုင်ခဲ့ခြင်းနှင့် လူမှုရေး လုပ်ငန်းများသို့ သူ၏ မကြာခဏ လှူဒါန်းမှုများ ဖြစ်သည်ဟု ပြောသည်။ တရုတ်နှစ်သစ်ကူးပွဲတွင် တရားဝင် အခမ်းအနားတခုပါဝင်ပြီး ရန်ကုန်တရုတ်တန်းကို အနီရောင် စက္ကူမီးပုံးများဖြင့် တန်ဆာဆင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

“ဒါပေမယ့် မြစ်ဆုံနဲ့ ပတ်သက်လို့ သူ့ရဲ့ လုပ်ဆောင်မှုကတော့ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို မြန်မာပြည်သူတွေ အကြားမှာ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

( Nan Lwin ၏ Opposition to Myitsone Dam Will Be Outgoing Chinese Ambassador’s Chief Legacy  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: တရုတ်သံအမတ် ဟုန်လျံမြစ်ဆုံ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ရာသီဥတုဖောက်ပြန်မှုက ကချင်မြေ၌ ရွှေတူးမှု ပိုဆိုးလာစေ

ရာသီဥတုဖောက်ပြန်မှုက ကချင်မြေ၌ ရွှေတူးမှု ပိုဆိုးလာစေ

by ဧရာဝတီ
27 December 2024
1.4k

ဧရာဝတီမြစ်ရေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ မြစ်ကြီးနား၊ ဗန်းမော်နဲ့ စစ်ကိုင်းကျေးရွာတွေမှာ အဆိပ်သင့် သတ္တုတွေ ရေမှာ ပျော်ဝင်မှု မြင့်မားစွာ တွေ့ရှိရတယ်လို့ Myanmar Resource Watch (MRW )က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ကချင်မှာစစ်ရှုံးနေတဲ့ စစ်ကောင်စီ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ကြိုးစားနေ (ရုပ်သံ)

ကချင်မှာစစ်ရှုံးနေတဲ့ စစ်ကောင်စီ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ကြိုးစားနေ (ရုပ်သံ)

by ဘုန်းအောင်
24 May 2024
306

ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင် အဖွဲ့ကိုဖွဲ့စည်းပြီး မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။

ဦးယွပ်ဇော်ခေါင်  / Yup Zauhkawng

ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ

by ဧရာဝတီ
12 March 2022
24.4k

ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်သူ ဦးယွပ်ဇော်ခေါင်သည် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ခမည်းခမက်တော်စပ်သူ ကချင်ပြည်နယ်၏ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံဒေသတဝိုက် မြင်တွေ့ရပုံ  / CJ

မြစ်ဆုံဒေသတဝိုက် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှု များပြားလာ

by ဧရာဝတီ
15 December 2021
13.5k

မိုးတွင်းဆိုရင် အရင်ကလည်း ရေကြီးရေလျှံတာတွေ ၅ နှစ် တကြိမ်၊ ၁၀ နှစ် တကြိမ်လောက် ဖြစ်ဖူးတော့ အဲဒီလို အချိန်နဲ့သာ တိုက်ဆိုင်ပြီး အခုအတိုင်း သွားနေရင်တော့ ကျမတို့ တန်ဖဲရွာရဲ့ မြစ်ဆုံနေရာဆိုတာ ရှိတော့မှာ မဟုတ်ဘူး

မြစ်ဆုံ စီမံကိန်း အပေါ် အမြင် သဘောထားများ

မြစ်ဆုံ စီမံကိန်း အပေါ် အမြင် သဘောထားများ

by လဲ့လဲ့
16 January 2019
14.3k

မြစ်ဆုံကြောင့်မို့ ပိနေတဲ့ အကြွေးကို အစိုးရက ဘယ်လို ကြံဖန်ပြီး ဆပ်ဖု့ိ ကြိုးစားနေသလဲ။ တခြားဘာတွေ စေ့စပ် ညှိနှိုင်းမှု လုပ်နေတယ် ဆိုတဲ့ဟာတွေကို လူတွေ ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ချပြသင့်တဲ့ အချိန် ဖြစ်ပြီ လို့...

မြစ်ဆုံပြဿနာနှင့် မြန်မာ-တရုတ်ဆက်ဆံရေး စာအုပ်မျက်နှာဖုံး

မြစ်ဆုံစာချုပ် မြစ်ဆုံပြဿနာ

by K ငြိမ်းချမ်း
25 October 2016
5.2k

ဒေါ်အောင်ဆန်းစု ကြည်နှင့် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုများ အပေါ်သဘောထား ဖော်ပြချက်၊ ပဋိပက္ခဖြစ်နေသော တရုတ်သေနင်္ဂဗျူ ဟာနှင့် တရုတ်သြဇာ၊ တရုတ်မီဒီယာ၊ တရုတ် NGO၊ ကျွန်ုပ်တို့နှင့် တရုတ်တို့၊ မူဆယ်၊ မန္တလေးလမ်းအူကြောင်းသစ်၊ မြစ် ဆုံပြဿနာ အစရှိတဲ့...

Next Post
နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆန္ဒခံယူပွဲ၌ မဲထည့်နေစဉ်

၂၀၀၈ ဖွဲ့စည်းပုံအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ၁၁ နှစ်ပြည့်ချိန်

မတ် ၈ ရက်နေ့က ကလေးအကျဉ်းထောင် ဆူပူမှုဖြစ်စဉ် / KyawThet Win /  Facebook

ထောင်ဆူပူမှုများ ပြည်ထဲရေးတွင် တာဝန်ရှိဟု NLD အမတ်တချို့ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate