• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ

by နန်းလွင်နှင်းပွင့်
29 June 2019
in ဆောင်းပါး
A A
ကိုနေမျိုးထွန်း၏ ရုပ်အလောင်းအား မိသားစုဝင်များက ကျောက်တော်ဆေးရုံ ရင်ခွဲရုံမှ ထုတ်ယူနေစဉ်  / ကိုကျော်လှမြင့်

ကိုနေမျိုးထွန်း၏ ရုပ်အလောင်းအား မိသားစုဝင်များက ကျောက်တော်ဆေးရုံ ရင်ခွဲရုံမှ ထုတ်ယူနေစဉ် / ကိုကျော်လှမြင့်

16k
VIEWS
Share on FacebookShare on Twitter

ရက္ခိုင်စစ်တပ် (AA) နဲ့ ပတ်သက် ဆက်စပ်သူတွေ ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသား ၁၀ ဦးကို တပ်မတော်က ဖမ်းဆီး ပြီး ၃ ရက်အတွင်းမှာပဲ အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးမှု ရခိုင်ပြည်နယ် မြောက်ဦးဒေသမှာ ဖြစ်ပွားခဲ့ ပါတယ်။ 

သေဆုံးသွားသူက မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာသား ကိုနေမျိုးထွန်းပါ။ 

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
122
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
132
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
45

သူ့ကို တပ်မတော်က မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမမှာ မိုင်းပေါက်ကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဇွန် ၂၁ ရက်က ဖမ်းဆီးသွားတာပါ။ ဇွန် ၂၃ ရက်မှာတော့ ကိုနေမျိုးထွန်း သေဆုံးသွားပါတယ်။ 

ရုပ်အလောင်းကို ရင်ခွဲရုံ လာပို့မှ ရပ်ရွာထဲက ဘယ်သူ့အလောင်းလဲ မေးမြန်းရင်း ကိုနေမျိုးထွန်း ဖြစ်နေတာကို သိကြ ရတာပါ။ 

ကိုနေမျိုးထွန်းရဲ့ ဦးလေးတော်စပ်သူ တဦးက“သူ့အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ အများကြီးပါတယ်။ ဦးခေါင်းမှာလည်း ဒဏ်ရာပါတယ်။ ဇက်လည်း ကျိုးသွားတာကို တွေ့ရတယ်”လို့ ပြောပါတယ်။ 

ကိုနေမျိုးထွန်းက လက်သမား၊ ပန်းရံအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းသူ တဦးလို့ သိရပါတယ်။ 

ဇွန် ၂၁ ရက်က မြောက်ဦးမြို့နယ် ဝေသာလီဘုရားကြီးမှာ ပန်းရံအလုပ် သွားလုပ်ပြီး အပြန်လမ်းမှာ တပ်မတော် စစ်ကြောင်း က ဖမ်းဆီးတာကို ခံလိုက်ရတာပါ။  

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုနေမျိုးထွန်း အပါအဝင် ကိုမျိုးဟိန်းဆွေ၊ ကိုစောမောင်သန်း၊ ကိုဇော်လင်းအောင်၊ ကိုစိုးမြင့်အုန်း၊ ကိုစိုးမင်းကျော်၊ ကိုဇော်ဝင်းလှိုင်၊ ကိုရွှေထွန်းဖြူ၊ ကိုနိုင်နိုင်နဲ့ ဦးလှသာမွန် တို့ ၁၀ ဦးကို မိုင်းဖောက်ခွဲမှုတွေအပြင် ရက္ခိုင်စစ်တပ် (AA) နဲ့ ပတ်သက်တယ်လို့ သံသယရှိတာကြောင့် ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။ 

ကိုနေမျိုးထွန်းရဲ့ ဦးလေးက“အလောင်းကို သွားယူတဲ့အချိန်မှာ ဆေးရုံက လူတွေကို မေးကြည့်တော့ တပ်က ကားပေါ် က ပြုတ်ကျလို့ ဆိုပြီး လာပို့တာလို့ ပြောတယ်။ ကျနော်တို့ကတော့ နှိပ်စက်လို့သေဆုံး သွားတာဖြစ်တယ်လို့ပဲ ယူဆ တယ်”လို့ ပြောပါတယ်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခကာလ အတွင်း တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသွားတဲ့ ဖြစ်စဉ်မှာ ကိုနေမျိုးထွန်း ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ 

ကိုနေမျိုးထွန်းလိုပဲ AA တပ်ဖွဲ့ဝင်၊ AA နဲ့ ပတ်သက်တယ်ဆိုပြီး မသင်္ကာမှုနဲ့ တပ်မတော်က ဖမ်းဆီး စစ်ဆေးနေစဉ် မှာပဲ သေဆုံးသွားကြတဲ့ အရပ်သား ၁၁ ဦး ရှိနေပါပြီ။ 

၁၁ ဦးထဲမှာ ၆ ဦးကတော့ ရသေ့တောင်၊ ကျောက်တန်းကျေးရွာမှာ ခြံဝင်းအတွင်း ဖမ်းဆီး စစ်ဆေးနေတုန်း မနက် ဝေလီဝေလင်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီး သေနတ်ကျည် ထိမှန် သေဆုံးသွားကြတာပါ။ 

၁၁ ဦးထဲက အခြားသေဆုံးသူ ၃ဦးကတော့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ AA တပ်ဖွဲ့ဝင်တွေဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရရင်း စစ်ဆေးနေစဉ်မှာပဲ သေဆုံးသွားသူတွေ ဖြစ်ပါတယ်။

ကျန်သေဆုံးသူ ၂ ဦးကတော့ မေ ၂၅ ရက်က ကျောက်တော်မြို့နယ်တွင်းမှာ စစ်ကြောင်းက ဖမ်းသွားပြီး ဆေးရုံကို ရုပ် အလောင်း လာပို့မှ မိသားစုက သိရကာ ဆေးကုနေစဉ် ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတဲ့ ဦးကျော်လှိုင်နဲ့ ဇွန် ၂၃ ရက်က သေဆုံးသွားတဲ့ ကိုနေမျိုးထွန်းတို့ ဖြစ်ပါတယ်။ 

ဇွန်လ ၂၅ ရက်က ကိုမျိုးဟိန်းဆွေကို ကျောက်တော် တရားရုံးတွင် ရုံးထုတ်လာစဉ် / Bo Mrat Htun

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုနေမျိုးထွန်းသေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ ဘာသာသူ ကျန်းမာရေး ယိုယွင်းနေတာကြောင့် ဆေးရုံကို တပ်မတော်သားတွေက သွားပို့ပေးတဲ့ အချိန် ဆေးရုံမှာ သေဆုံးတာလို့ ပြောပါတယ်။ 

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“သေဆုံးတာနဲ့ ပတ်သက်ပြီး နောက်ဆုံး သေဆုံးခဲ့တဲ့ ကျော်လှိုင်တို့ မောင်နေမျိုးထွန်း တို့ ကိစ္စတွေကိုလည်း သတင်းထုတ်ပြန် ထားပါတယ်။ သေဆုံးမှု ရှိတိုင်းမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခဲ့တာ ရှိပါတယ်”လို့လည်း ဆိုပါတယ်။ 

တပ်မတော်က စစ်ဆေးမေးမြန်းနေစဉ် သေဆုံးသွားသူတွေကို တပ်မတော်ဆေးရုံကိုတောင် မပို့ဘဲ အရပ်ဘက် ဆေးရုံ ကို ပို့ပြီး ရင်ခွဲ စစ်ဆေးခွင့် ပေးသလို ရဲစခန်းမှာလည်း လုပ်ထုံးလုပ်နည်းအတိုင်း သေမှုသေခင်း ဖွင့်ပေးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။  

“ရင်ခွဲ စစ်ဆေးချက်တွေကို ကြည့်ရင် ဘာ့ကြောင့် သေဆုံးတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။ ရင်ခွဲစစ်ဆေးတယ် ဆိုတာ လည်း သက်သေခံ ဥပဒေအရ သူက ခိုင်မာတဲ့ သက်သေခံချက်ပဲ။ ဒါတွေကို ကွယ်ဝှက်ထားခြင်း မရှိဘဲ ဆောင်ရွက် ပေးပါ တယ်”လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ 

တပ်မတော်အနေနဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး စစ်ဆေးတဲ့ အခါမှာ ညှဉ်းပန်းနှိပ်စက်မှု မရှိဘဲ စစ်ရမယ် ဆိုပြီး သက်ဆိုင်ရာ တပ်မှူးတွေ အရာရှိတွေ အားလုံးကို ညွှန်ကြားထားပြီးသား လို့လည်း သူက ပြောပါတယ်။ 

တပ်မတော်မှာ စစ်ဆေးရေး နည်းပညာတွေရှိပြီး အဲ့ဒီ့နည်းပညာမှာ နှိပ်စက် ညှဉ်းပန်းမှု မရှိဘဲ မေးနိုင်တဲ့ အခြေအနေ တွေ ရှိကြောင်း တခါတလေမှာ အချိန်ယူ မေးမြန်းရတာတွေ ရှိသလို ဖမ်းဆီးထားသူကို နှိပ်စက်မှု မပြုရဘူး ဆိုတာ တွေကို အတိအကျကို ညွှန်ကြားထားတာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပါတယ်။ 

ဒါပေမယ့်လည်း ဇွန် ၂၅ ရက်က ကျောက်တော်မှာ တရားရုံးထုတ်လာတဲ့ ဖမ်းဆီးခံ အရပ်သား ၉ ဦးထဲက ကိုမျိုးဟိန်းဆွေ ဆိုသူဟာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖူးယောင်နေတာကို တွေ့ရ တယ်လို့ မျက်မြင် တွေ့ရသူတွေက ပြောပြပါတယ်။ 

ကိုမျိုးဟိန်းဆွေဟာ သေဆုံးသွားတဲ့ ကိုနေမျိုးထွန်းနဲ့ တသုတ်တည်း ဖမ်းဆီးခံရသူ တဦးပါ။ 

ရဲ တပ်ဖွဲ့ဝင်တွေ ဝန်းရံပြီး ရုံးထုတ်လာတဲ့ အချိန်မှာ အထင်ရှားဆုံးကတော့ ကိုမျိုးဟိန်းဆွေရဲ့ ဘယ်ဘက်မျက်လုံးက ထိုးကြိတ်ခံ ထားရတဲ့ ဒဏ်ရာလိုမျိုး ညိုမည်း ရောင်ရမ်းနေတာကို ဓာတ်ပုံ မှတ်တမ်းမှာလည်း တွေ့ရပါတယ်။ 

ဘယ်ဘက်လက်မှာလည်း ပတ်တီးစည်း၊ ဆေးသွင်းထားတဲ့ အနေအထားနဲ့ လက်မောင်းတခုလုံး ကလည်း ရောင်ရမ်း နေပါတယ်။ 

ကိုမျိုးဟိန်းဆွေကို ရုံးထုတ်လာစဉ် မျက်မြင်တွေ့ရသူ တဦးက“သူတို့တွေကို စစ်တပ်က နှိပ်စက်ထားတာလို့ ကျနော်တို့ မြင်တယ်။ နေမျိုးထွန်း သေဆုံးသွားတာလည်း သူတို့ လက်ချက်ပဲ ဖြစ်လိမ့်မယ်။ ကျန်းမာရေး ကောင်းနေသူ တဦးက အဖမ်းခံရပြီး ရက်ပိုင်းအတွင်း သေတာ၊ ဒဏ်ရာတွေနဲ့ သေတာက စဉ်းစားတတ်သူတိုင်း သိပါတယ်”လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်က ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဂျနီဗာ ကွန်ဗန်း ရှင်း ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေ အတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ် အဖွဲ့အစည်း အားလုံးဟာ ဂျနီဗာ ကွန်ဗန်း ရှင်းပါ ပြဌာန်းချက်တွေ ကျင့်သုံးလိုက်နာ ကြရတာ ဖြစ်ပါတယ်။ 

ဂျနီဗာ ကွန်ဗန်းရှင်းရဲ့ ပြဌာန်းချက် အမှတ် (၃)မှာတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တဲ့အခါ နှစ်ဖက် တပ်ဖွဲ့ ကြားမှာ ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေ ကျန်းမာရေးမကောင်းတဲ့ စစ်သားတွေ ဒဏ်ရာ ရရှိထားသူတွေအပေါ် ဘယ်လိုပြုမူ ဆက်ဆံရမလဲ ဆိုတာတွေကို ပြဌာန်းထားပါတယ်။ 

အဲ့ဒီ့ထဲမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဧရိယာအတွင်း ဆက်လက်ပစ်ခတ်မှု မပြုလုပ်နိုင်ဘဲ လက်နက်ချလိုက်ပြီလို့ ကြေညာ တဲ့ စစ်သားတွေ ဒဏ်ရာရထားတဲ့ စစ်သားတွေအပြင် လက်နက်ကိုင် တပ်ဖွဲ့တခုခုက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အညံ့ ခံ ထားတဲ့ သူတွေကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ညှဉ်းပန်းနှိပ်စက်တာ သတ်ဖြတ်တာ အစာရေစာ ဖြတ်တောက် တာ ဓားစာခံ လုပ်တာမျိုးတွေကို လုပ်ခွင့် မရှိဘူးလို့ ပြဌာန်း ထားပါတယ်။ 

ဖမ်းဆီး ခံထားရသူတွေကို ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်း စောင့်ရှောက်ရမှာပါ။  

ဖမ်းဆီး ခံထားရသူတွေကို လက်နက်ကိုင်အဖွဲ့ တခုခုက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အပြစ်ပေးတာ ထောင်ချတာမျိုးတွေ ကို လုပ်ခွင့်မရှိဘဲ နိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ တရားရုံးတင် စစ်ဆေးပြီးမှသာ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခွင့် ရှိတယ်လို့လည်း ဂျနီဗာ ကွန်ဗန်းရှင်းရဲ့ ပြဌာန်းချက်တွေမှာ ဖော်ပြထားပါတယ်။ 

ဂျနီဗာ ကွန်ဗန်းရှင်းအရ ပဋိပက္ခအတွင်းမှာ တဖက်ဖက်က စစ်သား၊ တပ်ဖွဲ့ဝင် ဖြစ်နေရင်တောင် အဖမ်းခံရတဲ့ အချိန် မှာ နှိပ်စက်ခွင့် မရှိပါဘူး။

ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့ တခုမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ဟုတ်မဟုတ် အတည်မပြုနိုင်သေးတဲ့ သူ၊ အရပ်သားဆိုရင်တော့ လုံးဝကို နှိပ်စက်ခွင့် မရှိတာပါ။ 

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က“ဂျနီဗာ ကွန်ဗန်းရှင်းဆိုတာ ဝေးနေသေးတယ်။ ပြည်တွင်း ဥပဒေကိုတောင် မလိုက်နာတာ၊ ဂျနီဗာ ကွန်ဗန်းရှင်းနဲ့ သွားပြောရင် သူတို့ ခုခံလို့ပစ်သတ်ပါတယ်။ သူတို့ ခုခံလို့ပါလို့ပြောရင် ဘယ်လို လုပ်မလဲ။ သူတို့က အဲ့ဒီလို ပြောတာပဲလေ။ ခုခံလို့ သေနတ်လုလို့တွေလေ”လို့ ပြောပါတယ်။ 

မေလ ၁ ရက်က ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာအတွင်း AA နဲ့ ဆက်နွယ်သူတွေ ပါနေတယ် ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသား ၂၇၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားစဉ် စိတ်မနှံ့သူ တဦးက ထအော်တာကြောင့် မနက် ၁ နာရီ ပစ်ခတ်မှုမှာ အရပ်သား ၆ ဦး သေဆုံးတုန်းကလည်း တပ်မတော်က သေနတ်လုလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ရန်ပြုလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။ 

ဖမ်းဆီးခံခဲ့ရစဉ် ပစ်ခတ်မှုတွေကြား ရှိနေတဲ့ ကာယကံရှင်တွေကတော့ တပ်မတော် ပြောဆိုတာတွေက မဟုတ်မမှန် ဘဲ သူတို့ အိပ်နေတဲ့ အချိန် စိတ်မနှံ့သူက ထအော်တာကြောင့် လူအုပ်ထဲကို ပစ်ခတ်တာလို့ ပြောဆိုကြပါတယ်။ 

ကျောက်တန်းမှာ သေဆုံးသွားတဲ့ ၆ ဦးဆိုရင် မိသားစုတွေကို အလောင်းပြန်အပ်တာ မရှိသလို မြေမြှုပ်သဂြိုဟ် ရာမှာ လည်း ဗုဒ္ဓဘာသာ ထုံးတမ်းဓလေ့အရ သရဏဂုံ တင်တာတွေတောင် မလုပ်လိုက်ရဘူးလို့ သိရပါတယ်။

“တပ်မတော်က ဥပဒေ အထက်ကို ရောက်နေတယ်။ ဥပဒေအကြောင်း ပြောမယ်ဆိုရင် သူတို့က ဆင်ခြေ ဆင်လက်တွေ အများကြီး ပေးပြီး ရှောင်သွားတာ။ ရှောင်သွားတာမှန်း သိပေမယ့် အရေးယူလို့လည်း မရဘူး ဖြစ်နေတယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလေ”လို့ ဦးကြီးမြင့်က ပြောပါတယ်။ 

ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခလို ဒေသမှာတောင် မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ မရှိတဲ့ ဧရာဝတီတိုင်း၊ ဝါးခယ်မ မြို့မှာတောင် ရဲတွေက ဖမ်းဆီးသွားပြီး နောက်ရက်မှာ သေသွားတာ၊ အလောင်းပြန်ရတော့ အမျိုးသားအင်္ဂါ ပါမလာတော့တဲ့ အမှု ၂ မှု ရှိတယ်လို့ ဦးကြီးမြင့်က ပြောပြပါတယ်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံက သီးခြားလက္ခဏာဆောင်တဲ့ နိုင်ငံဖြစ်သလို တပ်မတော်က အစိုးရရဲ့ လက်အောက်မှာ မရှိတာကြောင့် တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပြောဆို စွက်ဖက်ဖို့ ခက်ခဲတယ်လို့ ဦးကြီးမြင့်က ဆိုပါတယ်။ 

ဆက်လက်၍ ဦးကြီးမြင့်က“ကျနော်တို့ကတော့ တရားဥပဒေနဲ့ မညီတာတွေ ပြောနေရမှာပဲ။ဒီလိုပဲ ပြောနေရမယ်။ အခုချိန်မှာ အဲ့ဒါပဲ ကျနော်တို့ လုပ်နိုင်မယ်။ ဒီ့ထက်တော့ ပိုမလုပ်နိုင်ပါဘူး”လို့လည်း ပြောဆိုပါတယ်။ 

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မသင်္ကာမှုနဲ့ စစ်ဆေးနေစဉ် သေဆုံးသွားသူတွေရဲ့ ရင်ခွဲစစ်ဆေးတဲ့ အဖြေကိုယူပြီး ဘယ်လို သေဆုံးတယ်ဆိုတဲ့ အဖြေကို သိနိုင်တယ်လို့ ပြောဆိုပေမယ့် ဧပြီလ အတွင်းက မြောက်ဦးမြို့နယ် လက္ကာ ကျေးရွာမှာ အဖမ်းခံရပြီး စစ်ဆေးနေစဉ် သေဆုံးသွားတဲ့ ၃ ဦးဆိုရင် ရင်ခွဲစစ်ဆေးတဲ့ မှတ်တမ်းတွေကို ကျန်းမာရေး ဌာန တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ 

မိသားစုဝင်တွေလည်း ရင်ခွဲစစ်ဆေးတဲ့ မှတ်တမ်းကို မသိရပါဘူး။ 

လက္ကာရွာသား ၃ ဦး သေဆုံးတုန်းကလည်း တဦးက ဆေးစွဲနေလို့ သေသွားတာ၊ တဦးက မိမိကိုယ်ကို ပုဆိုးနဲ့ ဆွဲကြိုး ချ သတ်သေတာနဲ့ တဦးက နှလုံးရောဂါ အခံရှိလို့ သေတာဆိုတဲ့ အကြောင်းပြချက်တွေကို တပ်မတော်က ပေးပေမယ့် သူတို့ ၃ ဦးရဲ့ ရုပ်အလောင်း တွေမှာတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို မိသားစုဝင်တွေက တွေ့ခဲ့ရပါတယ်။ 

ကျောက်တော် ပြည်သူ့ဆေးရုံတွင် ဒဏ်ရာများဖြင့် ဆေးကုနေသည့် ဦးကျော်လှိုင်အား တွေ့ရစဉ် / Kyaw Hlamyint

ရဲတပ်ဖွဲ့ဝင်တွေ ဆီကရတဲ့ သေမှုသေခင်း မှတ်တမ်းဓာတ်ပုံမှာတော့ သေဆုံးသူ လက္ကာရွာသား ၃ ဦးထဲက အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်းရဲ့ အလောင်းမှာ ဘက်ဘက် လက်မောင်း၊ ရင်ဘတ်နဲ့ မျက်နှာပေါ်မှာ ရိုက်နှက် ခံထား ရလို့ ညိုမည်းနေတဲ့ ဒဏ်ရာတွေ တွေ့ရှိရပါတယ်။ 

ဧရာဝတီက စစ်တွေ ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ထွန်းထွန်းဝင်း၊ ရခိုင်ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာ ကြည်လွင် တို့ကို ရင်ခွဲဆေးစစ်ချက်တွေ ပြောပြဖို့ မေးမြန်းပေမယ့် သူတို့မှာ ပြောခွင့်မရှိတာကြောင့် မဖြေနိုင်ဘူးလို့ ငြင်းဆိုကြပါတယ်။ 

လက္ကာကျေးရွာက ဖမ်းဆီးခံထားရတဲ့ ကျန် ၂၄ ဦးကိုတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ၊ ၁၉၄၉ ခုနှစ် လက်နက် အရေးပေါ် အက်ဥပဒေတွေနဲ့ တပ်မတော်က တရားစွဲဆိုထားပါတယ်။ 

အဆိုပါ ၂၄ ဦးကလည်း ဇွန် ၂၁ ရက်က စစ်တွေ ခရိုင်တရားရုံးမှာ ရုံးထုတ်စဉ်က အချုပ်ကားပေါ်က ဆင်းလာ ကတည်း က သူတို့ကို နှိပ်စက် ညှဉ်းပန်းပါတယ် ဆိုပြီး ငိုယို အော်ဟစ်ကြပါတယ်။ 

အချုပ်ကားပေါ်က ဆင်းလာတဲ့ အမျိုးသားတဦးကလည်း သူ့ခြေသလုံးက ပွန်းပဲ့ဒဏ်ရာကိုပြပြီး“ကျနော်တို့ ကျေးရွာသူ ကျေးရွာသားတွေပါ။ ကျနော်တို့ကို နှိပ်စက်ပါတယ်”လို့ တရားရုံး အဝင်ပေါက်ဝ သတင်းထောက်တွေရှေ့မှာ အော်ဟစ် သွားပါတယ်။ 

ဖမ်းဆီးခံထားရပြီး လက်ရှိ အကျဉ်းထောင်တွင်းကနေ တရားရင်ဆိုင်နေရတဲ့ လက္ကာရွာသား ဦးညွှန့်မောင်ကလည်း “ကျနော်တို့ကို အမျိုးမျိုး နှိပ်စက်ပြီး စစ်တပ်က AA လုပ်ခိုင်းပါတယ်။ ကျနော်တို့ AA မဟုတ်ဘဲ AA ဖြစ်နေပါတယ်။ ကျနော်တို့ကို ဝိုင်းဝန်းကူညီပေးပါ”လို့ ပြောပါတယ်။ 

မေ ၂၅ ရက်မှာ ကျောက်တော် မြို့နယ်တွင်း သေဆုံးသွားတဲ့ ဦးကျော်လှိုင်ရဲ့ ရင်ခွဲရုံ ဆေးမှတ်တမ်းကိုလည်း ဧရာဝတီ က ရဖို့ ကြိုးစားခဲ့ပေမယ့် မရရှိပါဘူး။ 

ဦးကျော်လှိုင်က ကျောက်တော် မြို့နယ်အတွင်း ဝါးခုတ်သွားရင်း မေ ၂၁ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီး သွားတာပါ။ မေ ၂၅ ရက်မှာတော့ တပ်မတော်က ကျောက်တော် ဆေးရုံကို လာပို့ပါတယ်။ 

ဆေးရုံရောက်တော့ ဦးကျော်လှိုင် သတိလစ်နေပါပြီ။ 

ဦးခေါင်း၊ ခြေ၊ လက်နဲ့ မျက်နှာတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ မေ ၂၆ ရက်မှာ ဆုံးပါး သွားပါတယ်။ 

ဦးကျော်လှိုင် သေဆုံးမှုမှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ထင်ထင်ပေါ်ပေါ် ဖြစ်ပွားခဲ့ပေမယ့် မိသားစုဝင်တွေ ဘက် က ဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုနိုင်တာ တောင်းဆိုနိုင်တာမျိုး မရှိပါဘူး။ 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA ကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာကစပြီး ယနေ့ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၇ လလောက် ရှိပါပြီ။ 

ဇွန် ၂၂ ရက်က နေပြည်တော်မှာ တပ်မတော်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ လက်ရှိ အချိန် ထိ AA နဲ့ ဆက်နွယ်နေသူဆိုပြီး သံသယနဲ့ ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်က ဖမ်းဆီးထားသူ ဦးရေ ၉၀ လောက် ရှိတယ်လို့ သိရပါတယ်။ 

စစ်ဆေးနေဆဲ ၃၆ ဦးရှိပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်) အက်ဥပဒေ၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားသူ ၄၅ ဦး၊ ပြစ်ဒဏ် ချမှတ်ခံထားရသူက ၃ ဦး ရှိ တယ်လို့လည်း တပ်မတော်က ပြောဆိုထားပါတယ်။

သံသယရှိသူတဦးကို ခေါ်ယူစစ်ဆေးမယ်ဆိုရင် ၂၄ နာရီထက် ပိုမချုပ်ရ၊ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရ၊ ဥပဒေနဲ့ အညီ တရားရုံး တင်ရမှာ ဖြစ်ပေမယ့် တပ်မတော်က ဖမ်းဆီးရာမှာ ဥပဒေနဲ့ မညီတာမျိုးတွေလည်း ရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောဆိုလိုက်ပါတယ်။ ။

#IRWPeace

You may also like these stories:

AA ရဲ့ လာရာလမ်း

စစ်ပွဲကြားက AA ရဲ့ အိပ်မက်

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော

အမေရိကန် Free Burma Rangers အဖွဲ့ ရခိုင်သို့ အဝင်မခံဟု တပ်မတော် ပြော

Your Thoughts …
Tags: တပ်မတော် ဖမ်းဆီး စစ်ဆေးမှု
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
လတ်တလော ဟောင်ကောင် ဆန္ဒပြပွဲများသည် ဒီမိုကရေစီ အခွင့်အရေးများကို ကာကွယ်ခြင်း ဖြစ်သည် / Reuters

ဟောင်ကောင် သင်ခဏ်းစာ

မြန်မာနိုင်ငံမှ နိုင်တင်ဂေး ဆုရှင် ၂ဦး ဖြစ်သည့် ဒေါ်အုန်းမြ (ဝဲ)၊ ဒေါ်အမ်ယောနမ်(ယာ)

ဖလောရင့်နိုက်တင်ဂေးဆုရှင် ဒေါ်အမ်ယောနမ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate