“ကျမတို့ရဲ့ လွတ်လပ်ခွင့်နဲ့ ကျမတို့ရဲ့ အခွင့်အရေးတွေက မြန်မြန်ဆန်ဆန် ပျောက်ကွယ်နေပါတယ်။ ဒါက ၂၀၁၄ ခုနှစ် တုန်းက သိမ်းပိုက်ခြင်း(Occupy) လှုပ်ရှားမှုလိုမျိုး မဟုတ်ပါဘူး။ အဲဒီတုန်းက ပြည်သူလူထုက သိပ်သဘောမ ကျ ခဲ့ကြပါဘူး။ ဒီတကြိမ်မှာတော့ အများကြီးကွဲပြားပါတယ်။ လူအများစုက သူတို့မှာ ရွေးချယ်စရာမရှိဘူး။ ကျမတို့ရဲ့ လက်ရှိ ဘဝလမ်းကြောင်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကို ထိန်းသိမ်းဖို့ အတွက် သူတို့ ဆန္ဒပြမှ ဖြစ်မယ်လို့ ခံစားနေကြရ ပါတယ်။”
ကလယ်ရာ Clara (အမည်ရင်းမဟုတ်ပါ) က တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည်။ သူ၏ အသံတွင် စိတ်အားထက်သန်မှုများနှင့် အသက် ၂၄ နှစ်အရွယ် ဘွဲ့ရ ပညာတတ်တဦး၏ ခွန်အားများ ရောယှက်နေသည်။
အင်္ဂလိပ်ဘာသာက သူ၏ မိခင် ဘာသာစကားမဟုတ်သော်လည်း (သူက ကန်တုံ တရုတ်စကားကို ပို၍ ချောမွေ့စွာ ပြောနိုင်ပါသည်) သူ့အရွယ်နှင့် မလိုက်အောင်ပင် ပြေပြစ်စွာ၊ စိတ်ပါဝင်စားစွာ ပြောတတ်သူ ဖြစ်သည်။ ရေဘုံဘိုင် ခေါင်းတခုကို ရုတ်တရက် ဖွင့်ချလိုက်သလို သူ့စကားလုံးများက ဒလဟော စီးကျလာသည်။
“ကျမတို့က ပြည်မကြီးက လူတွေမဟုတ်ဘူး။ ကျမတို့က ဟောင်ကောင်မှာနေတဲ့သူတွေ။”
ကလယ်ရာ အတွက် ထိုအချက်က ရှင်းပြနေစရာ မလိုအောင် ထင်ရှားသည်။ ငြင်းပယ်၍မရသော အမှန်တရား ဖြစ်သည်။ စေ့စပ် ညှိနှိုင်း၍ မရသော နောက်ဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်သည်။
သို့သော်လည်း ဘေဂျင်းအခြေစိုက် အာဏာပိုင်များအတွက်မူ ထိုကဲ့သို့သော အမြင်များက လက်မခံနိုင်စရာ ဖြစ်သည်။ ဟောင်ကောင်ကို သူတို့က တရုတ်နိုင်ငံ၏ ခွဲခြားမရသည့် အစိတ်အပိုင်းတခုအဖြစ် သဘောထားကြသည်။
ထိုသို့ရှိလင့်ကစား ကလယ်ရာက ဟောင်ကောင်၏ သီးခြားဖြစ်မှု သက်သေများကို နေရာတိုင်းတွင် တွေ့မြင်နေသည်။
“ကျမတို့က အရမ်းယဉ်ကျေးတယ်၊ စည်းကမ်းရှိတယ်။ ဥပမာပြောရရင် ကျမတို့က ဆန္ဒပြနေပေမယ့် ဥပဒေကို လိုက်နာတယ်။”
ကလယ်ရာ၏ အဆိုအရဆိုလျှင် ပြီးခဲ့သော လူ ၂ သန်းပါဝင်သည့် ဆန္ဒပြပွဲကြီးသည် ဟောင်ကောင် ပြည်သူများ ရရှိနေသည့် အထူးအခွင့်အရေးများကို ဟောင်ကောင်၏ အမှုဆောင်ချုပ် ကာရီလမ်း Carrie Lam က အဆိုပြုထားသည့် တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းက အဝေးသို့ ယူဆောင်သွားမည်ကို စိုးရိမ်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
တရားဝင်အားဖြင့် “ဝရမ်းပြေးများနှင့် ရာဇဝတ်မှုခင်းကိစ္စများတွင် အပြန်အလှန်ဥပဒေကြောင်းအရ အကူအညီ ပေးရေး ဥပဒေ(ပြင်ဆင်ချက်) ဥပဒေကြမ်း ၂၀၁၉ ခုနှစ်” ဟု အမည်တွင်သည့် အဆိုပါ ဥပဒေကြမ်းကြောင့် ပြည်မကြီး အစိုးရက နိုင်ငံရေး ဖိနှိပ်မှုများကို လွယ်ကူ အဆင်ပြေစွာ ပြုလုပ်နိုင်လာမည်ကို စိုးရိမ်မှုများ ပေါ်ပေါက်စေသည်သာမက ဟောင်ကောင်ကျွန်း၏ ထူးခြားသည့် စရိုက်လက္ခဏာဖြစ်သော (ခက်ခက်ခဲခဲ ရယူထားရသည့်) ဒီမိုကရေစီ အခွင့်အရေးများ ဆုံးရှုံးသွားရမည်ကို စိုးရိမ်မှုများလည်း ပြန်လည် ပေါ်ပေါက်လာစေခဲ့သည်။
“၂၀၁၄ ခုနှစ်တုန်းက ကျမတို့ ရထားပြီးသား အခွင့်အရေးတွေအတွက် ကျမတို့ တိုက်ပွဲဝင်ခဲ့ရတယ်။ အခု လတ်တလော ဆန္ဒပြပွဲတွေကတော့ ကျမတို့ရဲ့ မူလ ဘဝနေထိုင်မှု လမ်းကြောင်းကို ပိုပြီး ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ဗြိတိသျှတွေ ထွက်သွားတာ ၂၂ နှစ်ပဲ ရှိပါသေးတယ်။ သူတို့ (တရုတ်အစိုးရ)က ကျမတို့ရဲ့ အခွင့်အရေးတွေကို ဖယ် ရှား ချင်နေပြီ။”
အမှန်တကယ်တွင်လည်း ထိုအချက်က ဆန္ဒပြသူများ၏ ဘုံစိုးရိမ်တခု ဖြစ်ပုံရပါသည်။ ထိုအကြောင်းကို သူတို့ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ကလယ်ရာက ပြိုင်ဘက်ကင်းသည့် လတ်တလော ဆန္ဒပြပွဲများ၏ အစိတ်အပိုင်း ဖြစ်သည်။ လူငယ်တဦးဖြစ်သော ဂျိုရွှာဝေါင်း Joshua Wong ဦးဆောင်ခဲ့သည့်၂၀၁၄ ခုနှစ် “သိမ်းပိုက်ခြင်း လှုပ်ရှားမှု” ဆန္ဒပြပွဲများကဲ့သို့ မဟုတ်ဘဲ ယခု လှုပ်ရှားမှုက ခေါင်းဆောင်မဲ့ ဖြစ်သည်။
ဟောင်ကောင်၏ ၂၀၁၉ ခုနှစ် ဆန္ဒပြပွဲက အောက်ခြေမှ စတင် မောင်းနှင်ပုံရသည်။ သူတို့က ပျားအုံတခု၏ အစိတ်အပိုင်းသဖွယ်ပင် ဖြစ်သည်။ သားရဲတို့၏ ကျူးကျော်မှုကို ပျားများလို တုန့်ပြန်ကြသည်။
သေချာသည်မှာ သူတို့က တယောက်နှင့် တယောက် အမြဲ အဆက်အသွယ်ရှိကြသည်။ တရုတ်အစိုးရ အလွန်ကျွမ်း ကျင်သည်ဟု သိရသည့် ဒီဂျစ်တယ် စောင့်ကြည့်ထိန်းချုပ်ရေးကို အရူးလုပ်ရန် Telegram ကဲ့သို့သော စာတိုပို့သည့် ပုံဖျက်ထားသော application များမှ တဆင့် ဆက်သွယ်ကြသည်။
ဤသို့ဆိုပါလျှင် ထိုအဖြစ်က အရှေ့တောင် အာရှမှ ကျနော်တို့ အတွက် မည်သို့ အဓိပ္ပါယ်ရှိပါသနည်း။
ပထမဆုံး အနေဖြင့် ဟောင်ကောင်ပြည်သူများတွင် ခံစားချက်များရှိသည်။ ခန့်မှန်းကြည့်ပါ။
နှစ်ပေါင်းများစွာအတွင်း ဟောင်ကောင်တွင် နေထိုင်သူများသည် နိုင်ငံရေးကို စိတ်မပါကြ၊ စိတ်မဝင်စားကြဟု ပြည်သူ များက တွေးခဲ့ကြသည်။ ရှီကျင့်ဖျင်၏ ကြီးလေးသော ချုပ်ကိုင်မှု (သူ၏ ကိုယ်စားလှယ်အဖြစ် ယူဆကြသော ကာရီလမ်းမှ တဆင့်) က သူတို့ကို နိုင်ငံရေးအပေါ် ဂရုစိုက်လာစေခဲ့သည်။ ယခုမူ သူတို့ အကြီးအကျယ် ပါဝင်ပတ်သက်နေကြပြီ ဖြစ်သည်။
နည်းလမ်းအမျိုးမျိုးနှင့် ကြည့်လျှင် သူတို့၏ တိုက်ပွဲက ဘဝဖြစ်တည်မှုနှင့် ဆိုင်သည်။
၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဟောင်ကောင်၏ GDP က ဟောင်ကောင်ဒေါ်လာ ၂.၈၅ ထရီလီယံသို့ ၃ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်ဟု သိရသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အိမ်နီးချင်းဖြစ်သော ရှင်ကျန်း Shenzhen (တရုတ်နိုင်ငံ၏ ဆီလီကွန်တောင်ကြား) က ၇.၆ ရာခိုင် နှုန်း (ဟောင်ကောင်ဒေါ်လာ ၂.၈၇ ထရီလီယံ) ရှိခဲ့သည်။
ဟောင်ကောင်မှ ဆန္ဒပြသမား အများစုက ဟောင်ကောင်တွင် ရရှိနေသော အကန့်အသတ်ဖြင့် လွတ်လပ်ခွင့်များသည်သာ တရုတ်နိုင်ငံ၏ အခြားမြို့ကြီးများနှင့် ကွာခြားချက်ဟု သူတို့က ခံစားကြသည်။
၎င်းတို့ကို ဖယ်ရှားပစ်လိုက်လျှင် ဟောင်ကောင်အတွက် ဘာကျန်တော့မည်နည်း။
သူတို့၏ လွတ်လပ်မှုများနှင့် ဝိသေသ လက္ခဏာအတွက် တောင်းဆိုလိုသော သူတို့၏ ဆန္ဒက အရှေ့တောင် အာရှ ခေါင်းဆောင်များနှင့် ပြည်သူများသို့ သတိပေးခြင်းတခု ဖြစ်သည်။ အဆိုပါ အရာများအတွက် တိုက်ပွဲဝင်ရန် ထိုက်တန်ပါသည်။
ကျန်သည့် တရုတ်ပြည်သူ ၁.၂ ဘီလီယံ အတွက်ရော မည်သို့ အဓိပ္ပါယ်ဆောင်နိုင်ပါသနည်း။
သူတို့က ယခုအခါ သွေးဆောင်ရ လွယ်ကူသယောင် ရှိကောင်းရှိပါလိမ့်မည်။ အလွန် ကျိုးနွံခြင်းကြောင့် အနာဂတ်တွင် သူတို့အပေါ် ယုံကြည်အားကိုးခြင်း မပြုလိုက်ပါနှင့်။ အထူးသဖြင့် သူတို့၏ ခေါင်းဆောင်များက မှန်ကန်သည်ဟု သူတို့က ခံစားနေခဲ့လျှင် ဖြစ်ပါသည်။
ဒုတိယ အနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ရှီကျင့်ဖျင်၏ ကြီးမားသော သြဇာအတွက် ထိုးနှက်ချက် တခု ဖြစ်သည်။ အချို့က သူ့ကို “ဧကရာဇ် ရှီ” ဟု ချီးမြှောက်ခဲ့ကြသည်မှာ များစွာ မကြာလှသေးပါ။
ဟောင်ကောင် ဆန္ဒပြပွဲများက လူသိရှင်ကြား အရှက်ကွဲစရာ တခုဖြစ်ပါလား သို့မဟုတ် အဓိပတိခေါင်းဆောင်ကြီး အတွက် သာမန် အနှောက်အယှက်တခုသာ ဖြစ်ပါသလား။ အချိန်ကသာ စကားပြောလိမ့်မည် ဖြစ်သည်။
သို့သော်လည်း လက်ရှိဖြစ်နေသည့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်နိုင်ငံ ရင်ဆိုင်ရသည့် အကျပ်အတည်းက သူ၏ ဂုဏ်သိက္ခာအတွက် နောက်ထပ် ပွန်းပဲ့မှုတခု ဖြစ်စေသည်။ အမှန်တကယ်တွင် ဖြောင့်ဖြောင့်မှန်မှန် မပြောတတ်ဘဲ စရိုက်ကြမ်းသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်နေရသည့် သူ့ကို အတိုင်းအတာ တစုံတရာအထိ သနားသူလည်း ရှိနိုင်ပါသည်။
အရှေ့တောင် အာရှသားများက စိတ်လှုပ်ရှားဖွယ် လျှို့ဝှက်ကြံစည်မှု သတင်းများကို သဘောကျတတ်သည့်အတွက် ကွန်မြူနစ်ပါတီမှ လုပ်ဖော်ကိုင်ဖက်များက ရှီကျင့်ဖျင်၏ ဗျူဟာများကို မည်သို့ အကဲဖြတ်ကြနေကြသည် ဆိုသည်ကို သိလိုကြမှာ အသေအချာပင်။
ကျနော်တို့ ဒေသအတွင်းမှ တရုတ်ထောက်ခံသူများအတွက် ဟောင်ကောင် ဆန္ဒပြပွဲများက သတိပေးချက်တခု ဖြစ်သင့်ပါသည်။ “ဘေဂျင်းနှင့် တစိတ် တဝမ်းတည်း ရှိခြင်း” က အမှားအယွင်း ကင်းသည့်အရာ မဟုတ်ပါ သို့မဟုတ် မထင်မှတ်ဘဲ ကျရောက်နိုင်သည့် အန္တရာယ် ရှိနေပါသည်။
ဘေဂျင်းက ပုံစံခွက်သည် ကျနော်တို့ ရွေးချယ်သင့်သည့် ကံတရား မဟုတ်သည်မှာတော့ အလွန် သေချာပါသည်။
တတိယ နှင့် နောက်ဆုံးမှာ ရှီကျင့်ဖျင်အနေဖြင့် သူ့တွင် သြဇာအာဏာ ရှိနေသေးကြောင်း ပြသရန် လိုအပ်လာပါ လိမ့်မည်။ ထို့ကြောင့် ဟောင်ကောင်မှ ဆန္ဒပြသူများက တရုတ်နိုင်ငံကို မည်သို့ ဆက်ပြီး ရင်ဆိုင်မည်မှာ အများ စိတ်ဝင်စားစရာ ဖြစ်သည်။
သူတို့၏ တောင်းဆိုချက်မျာက ပြောင်းလွယ်ပြင်လွယ် မရှိရန် သူတို့က ရွေးချယ်သင့်ပါသလား။ အဆုံးသတ်တွင် တိန့်ရှောင်ဖိန်က တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲကို နှိမ်နင်းသလို ဟောင်ကောင်လမ်းမများပေါ် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ သံချပ်ကာယာဉ်ကြီးများ ရောက်လာမည်လော။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အကျိုးစီးပွားများကို ပုံသေ သတ်မှတ်ထားသည်။ သူတို့က စေ့စပ်ညှိနှိုင်းခြင်း ပြုလိမ့်မည် မဟုတ်ပါ။
၂၀၁၉ ခုနှစ် ဆန္ဒပြပွဲများက ဟောင်ကောင်နှင့် တရုတ်နိုင်ငံအတွက် ခေတ်သစ်တခုကို မှတ်မှတ်သားသား ဖြစ်စေလိမ့် မည်လား သို့မဟုတ် နောက်ထပ် တီယန်နန်မင် ဖြစ်လာလိမ့်မည်လား၊ နောက်ဆက်၍ ဖြစ်လာမည့် ကိစ္စက ၂ ဘက်လုံးပေါ်တွင် အလွန်တည်နေပါသည်။
လမ်းများပေါ်သို့ ထွက်လာခဲ့သည့် ကလယ်ရာကဲ့သို့သော ဟောင်ကောင်လူငယ်များ၏ စိတ်အားထက်သန်မှုနှင့် စိတ်ကူးယဉ် ဝါဒကလည်း သရုပ်မှန်ဝါဒနှင့် လက်တွေ့ဝါဒတို့နှင့်အတူ တိုးတက်ကြီးထွားလာရမည် ဖြစ်သည်။
တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းက သူတို့၏ ပထမဆုံးတိုက်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု ဆိုနိုင်သော အဓိပ္ပါယ် ဖြစ်သည်။ သူတို့ချစ်သော မိခင်ကျွန်းအတွက် ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်း ရေးကို ရရှိရေးတွင် ဉာဏ်အမြော်အမြင်နှင့် ပါးနပ်လိမ္မာမှုလည်း လိုအပ်ပါလိမ့်မည်။
တရုတ် ခေါင်းဆောင်များအတွက်မူ ဆန္ဒပြပွဲများက စိန်ခေါ်မှုတခု ဖြစ်သည်။ သို့သော် အခွင့်အရေးတခုလည်း ဖြစ်ပါ သည်။
ဟောင်ကောင်နှင့် ပြည်မကြီးမှ ပြည်သူများကို သာမက ကမ္ဘာကို အထူးသဖြင့် အရှေ့တောင်အာရှကို သူတို့၏ လက်နက်တိုက်ထဲတွင် အညှိအနှိုင်းမရှိ ညှာတာမှုမဲ့သော နည်းဗျူဟာများထက် ပို၍ ရှိနေသေးကြောင်း ပြသနိုင်မည့် အခွင့်အရေးတခု ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ “ငြိမ်းချမ်းစွာ ကြီးထွားမှု”က လှည့်ဖျားသော အပြောသက်သက်ထက် ပိုကြောင်း ပြောပြခြင်းလည်း ဖြစ်ပါလိမ့်မည်။
၂ ဖွဲ့လုံးတွင် တွေးတော ကြံဆမှုနှင့် ပြောင်းလွယ်ပြင်လွယ် ဖြစ်နိုင်စွမ်း ရှိကြပါသလား။
၂ ဘက်လုံးတွင် ခေါင်းအေးအေးထားသူတို့က သြဇာလွှမ်းမိုးရမည် ဖြစ်သည်။ သူတို့ ထိုသို့ ဖြစ်ဖို့ ကျနော်တို့ မျှော်လင့် ဆုတောင်းကြပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ဒေါ်နယ်ထရမ့်ကို ရှီကျင်ဖျင့် ယှဉ်နိုင်မလား
ဗီယက်နမ် စိတ်ဓာတ် မပျက်ယွင်းသေးတဲ့ ဒင်ဗျင်ဖူး