• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စနစ်သစ် ပညာရေး နဲ့ Catchment Area

by ခင်မေထက်(ပညာရေး)
8 July 2019
in ဆောင်းပါး
A A
မူလတန်းအဆင့် စာသင်ခန်းတခု မြင်ကွင်း / ဧရာဝတီ

မူလတန်းအဆင့် စာသင်ခန်းတခု မြင်ကွင်း / ဧရာဝတီ

9.4k
VIEWS
Share on FacebookShare on Twitter

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မေလ ၂၅ ရက် ကနေ မေလ ၃၁ ရက်အတွင်း ကျောင်းအပ် လက်ခံခြင်း နဲ့ ကျောင်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံ ကြီးကြပ် အကဲဖြတ်တဲ့အခါ ကြုံတွေ့ရတဲ့ အခြေအနေတွေဟာ မတူ ကွဲပြားလှတာမို့ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ထဲက အထက်တန်းကျောင်း တကျောင်းကို ရွေးတဲ့အခါ ရန်ကင်း ၁၂ လုံးတန်း မှတ်တိုင်နား က ရန်ကင်း အထက (၁) ကို ကျောင်းအပ် သွားတဲ့ အဖြူ အစိမ်းဝတ် ကလေး ၂ ယောက်နဲ့ မိဘ ၁ ဦး၊ ဆွဲခြင်း ဆွဲထားတဲ့ အဖြူ အစိမ်းဝတ် ဆရာမ ၁ ဦးတို့ လမ်းလျှောက်သွားတဲ့နောက် လိုက်ရင်းနဲ့ ကျောင်းဝန်းထဲ ရောက်သွားခဲ့ရပါတယ်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
355
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
836
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

ကျောင်းအုပ် ဆရာမကြီးနဲ့ တွေ့တဲ့ အခါ ကျောင်းတည်ရာ မြို့နယ် သတ်မှတ်နယ်မြေ Catchment Area အတွင်း နေထိုင် သူများ (စည်ပင်သာယာ နယ်နိမိတ် အတွင်း ကျောင်းသား မိဘများ စိတ်ဝင်စားမှု ကျောင်းများတွင် အပ်နှံလိုပါက၊ သတ်မှတ် နယ်မြေအတွင်း သန်းခေါင်စာရင်း ပုံစံ (၁၀) အရ နေထိုင်မှု သက်တမ်း ၆ လ နှင့် အထက် ရှိသူ ဖြစ်ရန်) ဆိုတဲ့ အချက်ကို အဓိကထား မေးဖြစ်ပါတယ်။

ဆရာမကြီးက“မနှစ်က ကျောင်းပိတ်ခါနီး အသက် ၅ နှစ်ရှိပြီး KG (သူငယ်တန်း) တက်နိုင်မည့် လူဦးရေ စာရင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အကူအညီ နဲ့ အိမ်တိုင်ရာရောက် လိုက်ကောက်ထားတာ ၁၄ ဦး ရှိပါတယ်။ ဒီနှစ် KG တန်း လာအပ်တဲ့ အခါ အဲဒီ စာရင်းပါ ၁၄ ဦးက အခု တယောက်မှကို လာမအပ်ကြပါဘူး”လို့ ပြောပါတယ်။

“Kg သူငယ်တန်းမှာ တယောက်မှ မရှိဘူးပေါ့”

“စာရင်း မပါပေမယ့် ရပ်ကွက် ထောက်ခံစာနဲ့ လာအပ်တဲ့ ကလေးတွေကိုတော့ လက်ခံထားရပါတယ်”

“ဘယ်လို ကလေးမျိုးတွေလဲ”

“လှိုင်သာယာ၊ ရွှေပြည်သာ၊ ထောက်ကြံ့၊ မြောက်ဒဂုံလိုမျိုး နေရာတွေကနေ မိဘတွေက ရန်ကင်းဈေးထဲ ဈေးလာရောင်း တာမျိုး၊ ဆောက်လုပ်ရေး လုပ်ငန်းမှာ လာလုပ်ကြတာမျိုး၊ တခြား လုပ်ငန်းတွေလည်း ပါမှာပေါ့၊ သားသမီးတွေကို တပါ တည်း ခေါ်လာတဲ့ အခါ၊ ဒီမြို့နယ်ထဲက နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းထားရတာပေါ့၊ မိဘတွေ အလုပ်သိမ်းလို့ ပြန်ရင် ကလေးတွေလည်း ပြန်ကြတယ်ပေါ့၊ နောက်ပြီး ဝန်ထမ်းပြောင်း သားသမီးလေးတွေ တချို့ ပါမယ်၊ အဲဒါလေးတွေ လက်ခံ ထားရတာပေါ့၊ အဲဒီလိုမှ လက်မခံရင် Kg တန်း တယောက်မှ ရှိမှာ မဟုတ်တော့ဘူး”

“စာရင်းကောက်ထားတဲ့ ကလေး ၁၄ ဦးက ဘယ်လို ကျောင်းမျိုး ရောက်သွားမလဲ”

“သြော် ဆရာမကြီးရယ် သူတို့ အပ်ချင်တဲ့ နာမည်ကြီး ကျောင်းတွေကို ရအောင် လိုက်အပ်ကြတာပေါ့”

“နာမည်ကြီး ကျောင်းတွေကလည်း Catchment Area အရပဲ လက်ခံရတာလေ၊ နယ်ကျော်တွေကို ဘယ်လို လက်ခံမလဲ”

“လမ်းကြောင်း ရှိမှာပေါ့ ဆရာမကြီးရယ်၊ ဒီလိုပဲ အပ်နေကြတာ” ဆိုတော့…။

“မေကြီးရေ သန်းခေါင်စာရင်း ပုံစံ (၁၀) ဈေး အရမ်းကောင်းနေတယ်”လို့ ပြောဖူးတဲ့ သားလေး စကားကို သတိရမိပါတယ်။ IT လုပ်ငန်းကို လုပ်နေတဲ့ သူက ဒီအကြောင်းကို သိနေတာ၊ သူ့ပတ်ဝန်းကျင် အပေါင်းအသင်းတွေထဲမှာ အဲဒီလို လုပ်ပြီး ကျောင်းအပ်တဲ့လူ ရှိနေလို့ပါ။

တာဝန်ရှိ ကျောင်းအုပ် ဆရာမကြီး တယောက်က“သန်းခေါင်စာရင်း ပုံစံ (၁၀) အရ နေထိုင်မှု သက်တမ်း ၆ လနှင့် အထက် ရှိသူ ဖြစ်ရမယ် ဆိုတော့ ဒီသန်းခေါင်စာရင်းက အခု ကျောင်းအပ် လက်ခံ ခါနီးမှ Up to date ဖြစ်အောင် လုပ်လာခဲ့တဲ့ စာရွက်လား၊ တကယ် နေထိုင်လို့ ရှိတဲ့ စာရွက်လား ဆိုတာ ဘယ်သိနိုင်မလဲ၊ မူရင်းနဲ့ မိတ္တူ ပြပြီး သက်ဆိုင်ရာ လက်မှတ် တွေနဲ့ ဆိုတော့ လက်ခံရတာပါပဲ”လို့ ပြောပါတယ်။

ကျမတို့ စီမံကိန်းများ ကြီးကြပ်၊ အကဲဖြတ် ဦးစီး အရာရှိများ မိမိတို့ တာဝန်ကျရာ မြို့နယ်အတွင်းက ကျောင်းတွေကို ကျောင်းအပ်နှံရေး သီတင်းပတ် အတွက် လိုက်လံကြည့်ရှု စစ်ဆေးတဲ့ အခါ သတ်မှတ် ပေးလိုက်တဲ့ ပုံစံအရ စစ်ဆေးပြီး တွေ့ရှိချက်များကို ကောင်း၊ သင့်၊ ညံ့ ဆိုပြီး မှတ်ချက် ပေးကြရပါတယ်။

တမြို့နယ်ကို အထက်တန်းကျောင်း တကျောင်း၊ အလယ်တန်းကျောင်း တကျောင်း နဲ့ မူလတန်းကျောင်း တကျောင်း ပေါင်း ၃ ကျောင်းကို စစ်ဆေးပြီး အတည်ပြု ရပါတယ်။ ပုံစံ ပေးလိုက်တဲ့ အချက်အလက်ပါ အတိုင်း စစ်ဆေးကြတဲ့ အခါ ကျောင်းအပ်နှံရေးကို အဟန့်အတား ဖြစ်စေမယ့် အကြောင်းအရာများကို လျှော့ပေါ့ပေးနိုင်ရေးလို့ အဓိပ္ပာယ် ပါတဲ့ အချက် တခု ပါနေတော့ မွေးစာရင်း မပြနိုင်လို့၊ အသက် ထောက်ခံချက် မပါလို့ ကျောင်းအပ် လက်မခံဘူး မဖြစ်ရလေအောင် ဖြေလျှော့မှုတွေ လုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

ဝန်ထမ်းများ၊ ရွှေ့ပြောင်း အလုပ်သမားများရဲ့ သားသမီးများကိုလည်း ကျောင်းအပ်နှံရေး အဆင်ပြေအောင် ဆောင်ရွက် ပေးထားတာကို လသာ မြို့နယ်ထဲက အလက (၂) ကျောင်းတကျောင်းမှာ တွေ့ခဲ့ရပါတယ်။

“ဆရာမကြီးရေ ကလေးတွေက မိဘတွေ ဈေးရောင်းတဲ့နောက် ပါလာကြတော့ မိုးလင်းတာနဲ့ ဒီဘက်ကမ်း ရောက်လာတာ ပဲ၊ ဒလ ဘက်က ကလေးတွေ များတယ်၊ မိဘတွေ ဈေးသိမ်းလို့ ပြန်သွားရင် ကျောင်းဆင်းတာနဲ့ သူတို့လည်း ပြန်သွားကြ ရော၊ မူကြိုကတည်းက ဒီဘက်မှာ ကျောင်းထားကြတဲ့ ကလေးတွေပေါ့”

နာမည်ကြီး ကျောင်းမဟုတ်တော့လည်း အဲဒီလိုမှ လက်မခံရင် ကျောင်းသား အင်အားက နှစ်စဉ် အလျော့ဘက်ကို ဦးတည်နေတာပါ။

စာသင်ခန်း၊ စာသင်ခုံ၊ အိမ်သာများ သန့်ရှင်းမှုနဲ့ သင်ကြားရေးအတွက် အဆင်သင့် ဖြစ် မဖြစ် အချက်တွေကို စစ်ဆေး ကြည့်ရှုတဲ့ အခါ တချို့သော စာသင်ခန်းတွေထဲမှာ ခုံတွေ မစီရသေးတော့ ဖရိုဖရဲ ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကျောင်းအုပ်ကြီးများ ရဲ့ ဦးဆောင်နိုင်မှုနဲ့ လက်ထောက် ဆရာ ဆရာမများ ရဲ့လိုက်နာနိုင်မှုဟာ ကျောင်း တကျောင်းနဲ့ တကျောင်း အရည်အသွေး၊ အရည်အချင်း ကွာဟမှုတွေကို ဖြစ်စေတယ် ဆိုတော့ မြေပြင်မှာ လက်တွေ့ တာဝန်ထမ်း ဆောင် နေကြတဲ့ ကျောင်းအုပ်ကြီးများ၊ သင်ကြားရေး ဆရာ ဆရာမများ၊ ရုံးဝန်ထမ်းများက လက်တွေ့ကျကျ နားလည်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ကြရမှာ ဖြစ်ပါတယ်။

ကောင်းတဲ့ကျောင်းကို ရောက်ဖို့ထက် ရောက်တဲ့ကျောင်းကို ကောင်းအောင် စွမ်းဆောင်နိုင်မယ့် ကျောင်းအုပ်ကြီးတွေ အရေအတွက် များလာတာနဲ့ အမျှ ပညာရေးရဲ့ တိုးတက်မှုဟာ ပညာရေး လောကသားများကိုယ်တိုင် ဂုဏ်ယူဝံ့ကြွား လာနိုင်မယ့် အခြေအနေ တခုကို ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ လက်တွေ့ စစ်ဆေးမှု အခြေအနေအရ ကျောင်း ၅ ကျောင်းလောက် ဝင်ရောက် ကြီးကြပ် အကဲဖြတ် တဲ့ အခါ ၁ ကျောင်းလောက်ပဲ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို သင်ကြား သင်ယူသူ ၂ ဖက်စလုံးမှာ ပြည့်ဝပြီး အားရမှု ရှိခဲ့ ရ ပါတယ်။

နောင်တချိန် ၅ အချိုး ၁ ကို ၅ အချိုး ၄ လောက်။ ၅ ကျောင်းလောက် ဝင်ရောက် အကဲဖြတ်ပြီးတဲ့ အခါ၄ ကျောင်းလောက် က အားရ ကျေနပ်မှု ရနိုင်မယ် ဆိုရင် ကျမတို့ ပညာရေး လောကသားများ ကိုယ်တိုင် ဂုဏ်ယူ ဝံ့ကြွားနိုင်ပြီ ဆိုတာ မြေကြီး လက်ခတ် မလွဲနိုင်ပါရှင်။

နောင်တချိန် ဆိုတဲ့ ကာလကို စကားများရင်း၊ ဆင်ခြေများရင်း ထိုင်စောင့်နေကြမယ် ဆိုရင်တော့ –

ဥပမာ – “သမီးတို့ ခုံတွေ မစီရသေးဘူးလား၊ အခန်း သန့်ရှင်းရေးလည်း လုပ်ထားကြဦးလေ” ဆိုတော့။ ဆရာမလေးတွေက “သမီးတို့ ခုံတွေ မသယ်နိုင်ဘူးလေ၊ ကျောင်းသားတွေလာမှ၊ သန့်ရှင်းရေးလည်း ကျောင်းသူတွေ လာမှ လုပ်ခိုင်းမလို့ပါ” တဲ့။

“သမီးရေ အိမ်သာထဲ ဝင်တာနဲ့ ရေပုံးလေးဆွဲပြီး ရေလောင်းခဲ့ရင် ပိုပြီး သန့်ရှင်းမယ် ထင်တယ်နော်၊ ရေခွက်ကလေးနဲ့ ရေသယ်သွားတော့ သန့်ရှင်းရေး အားနည်းနေမလားလို့” ဆိုတဲ့အခါမှာ။

ကျောင်းအုပ်ဆရာမကြီးက“အမလေး ရေပုံးထားပေးတာ ကွဲတာနဲ့ ပြဲတာနဲ့ ဝယ်လို့ကို မနိုင်ဘူး၊ အဲဒါနဲ့ ဒီလောက်တောင် ရှိတာ ဆိုပြီး ရေခွက်ပဲ ချပေးထားလိုက်တယ်” တဲ့။

“သမီးရေ Kg တန်းလေးတွေက အရမ်းငယ်သေးတော့ ဖယောင်းပုဆိုး ခင်းတာထက် ထူထူလေး ခင်းပေးရင် ပိုကောင်းမယ် နော်၊ အခု အခန်းက အေးစိမ့်နေတော့ ကလေးတွေ ဖျားမှာ နာမှာ စိုးရတယ်” ဆိုတော့။

“မိဘတွေကို လှူနိုင်တဲ့သူ လှူပါလို့ ပြောထားတယ်၊ လောလောဆယ် လှူမယ့်သူ မရှိသေးလို့” တဲ့။

“တီချယ်ရေ စာသင်ချိန် စာသင်ခန်းထဲ အိပ်နေတော့ ကလေးတွေက ဆော့ကစားတဲ့ အရွယ်လေးတွေ  ဆိုတော့ တွန်းမိ တိုက်မိမှာ စိုးရတယ်” ဆိုတော့။

“ဆရာမကြီးရေ အသက်ကကြီး၊ ၅၀ ကျော်မှ ဒီကလေးတွေ၊ G1 ပထမတန်းကို စနစ်သစ်နဲ့ သင်ရတာ ပင်ပန်းလိုက်တာ၊ သွေးတိုးလို့လေ၊ အဲဒါ တမှေး ပျော်သွားတာပါ” တဲ့။

ကျောင်းအသီးသီးကနေ ရခဲ့ဖူးတဲ့ ဆင်ခြေတွေကို ရေးပြရရင်တော့ ရေးမကုန်နိုင်ပါဘူး။

စိတ်ဓာတ်ဟာ အရေးကြီးကြောင်းကို အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက “စိတ်ကောင်းရှိဖို့ ပထမ” တဲ့။

ကျမတို့ ကျောင်းတွေမှာလည်း စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုတဲ့ ဆောင်ပုဒ်မှာ စိတ်ဓာတ်ကို ပထမ နေရာမှာ ထားတာ ကို သတိပြုမိကြမှာပါ။

ကလေးများ စိတ်ဓာတ် ကောင်းမွန်ရာ ကောင်းမွန်ကြောင်းကို ပေးမယ့် ဆရာ ဆရာမတွေ ကိုယ်တိုင်က စိတ်ဓာတ် ပြည့်ဝပြီး ကောင်းနေရုံမက လျှံနေပါမှ အမှန်တကယ် ပေးနိုင်သူတွေ ဖြစ်လာကြမှာပါ။

ကလေးများ ဘက်ကလည်း ဆရာ ဆရာမတွေ ပေးမယ့် စိတ်ဓာတ် ကောင်းမွန်မှုနဲ့ အတူ စည်းကမ်းနဲ့ ပညာပါ ပြည့်ဝ အောင် နာခံတတ်မှု နဲ့ အတူ ကြိုးစား သင်ယူကြရမှာပါ။

မိဘတွေ ဘက်ကလည်း အကြောင်းအရာ တခု၊ အခြေအနေ တခုကို ရင်ဆိုင် တွေ့ရပြီ ဆိုရင် သေချာ လေ့လာ စုံစမ်းပြီး ပူးပေါင်း ဆောင်ရွက်ပေးဖို့၊ ပညာရေး စနစ်သစ်ကို မျက်ခြည် မပြတ်ဖို့ လိုအပ်လှ ပါတယ်။

ရန်ကုန် မြို့လယ်ကောင်က နာမည်ကြီး အထက်တန်းကျောင်း (မိန်းကလေးကျောင်း) တကျောင်းကို ကျောင်း အပ်နှံရေး သီတင်းပတ် အတွက် ကြီးကြပ် အကဲဖြတ်ဖို့ သွားတဲ့အခါ အဲဒီ ကျောင်းကြီးရဲ့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့၊ မိဘ ဆရာ အသင်းဝင် ကျောင်းသား မိဘတွေနဲ့ တွေ့ခွင့် ရခဲ့ပါတယ်။

ကျမက စနစ်သစ် ပညာရေးနဲ့ (Kg + 5, 4, 3) အကြောင်း ပြောပြရင်း “ကြွရောက်လာတဲ့ လူကြီးမင်းများ ဘက်က အမြင်လေး ကိုလည်း သိချင်ပါတယ်” ဆိုတော့။

ကျောင်းသား မိဘ တဦးက“ဆရာမကြီးက ကျမတို့ အမြင်လေး သိချင်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ် Catchment Area နယ်မြေ သတ်မှတ်ပြီး ကျောင်းအပ် လက်ခံတာကို လုံးဝ မကြိုက်ပါဘူး၊ ကိုယ့်ရပ်ကွက်က ကျောင်း ကိုယ်အပ်ရမယ် ဆိုတော့ ရပ်ကွက် မူလတန်း ကျောင်းလေးတွေက Facility မပြည့်မစုံနဲ့၊ အိမ်သာတက်လို့မှ အထဲက ဂျက်ထိုးလို့ မရ၊ ကိုယ့် သားသမီးလေးတွေအတွက် လုံခြုံမှု မရှိဘူးလေ၊ ဒီလိုကျောင်းကြီးတွေမှာက Facility က ပြည့်စုံတယ်။ Kg ကနေ အခြေခံပညာ ပြီးဆုံးတဲ့ အထိ တခါတည်း ပြီးရော၊ ဟိုပြောင်း ဒီပြောင်း မရွှေ့ရတော့ဘူးပေါ့၊ နာမည်ကြီး ကျောင်းတွေမှာက ကလေးရဲ့ လုံခြုံမှုကို စိတ်ချရအောင် အပြည့်အဝ ပေးနိုင်တယ်” လို့ ပြောတယ်။

သူက ဆက်ပြီးတော့“အခုပဲကျောင်းရေကန် ရေမလုံဘဲ ရေယိုနေလို့ ကျမတို့ အဖွဲ့တွေ စုပေါင်း လှူလိုက်ကြပြီလေ” လို့ လည်း ပြောပါသေးတယ်။

ရပ်ကွက် မူလတန်း ကျောင်းလေးတွေမှာ Catchment Area အတိုင်း အပ်ကြပြီး မိဘများက လိုအပ်ချက်တွေကို အခုလိုပဲ ဖြည့်ဆည်းပြီး မိဘ ဆရာ ပူးပေါင်းပေးကြရင် ဘယ်လောက် ကောင်းမလဲ လို့ ကိုယ့်အတွေးနဲ့ ကိုယ် မပြောဖြစ် လိုက်ပါ ဘူး။

“ဟုတ်ကဲ့ နောက်တချက်က စနစ်သစ် ပညာရေး အရ ပိုလာတဲ့ အတန်းအတွက် အခန်းတွေ ထပ်လိုလာမှာ ဆိုတော့၊ အခုကတည်းက ကျောင်းသား ဦးရေကို ကန့်သတ်ပြီး မျှစေချင်တာလည်း ပါပါတယ်” ဆိုတော့။

“နဂိုကတည်းက ၅ တန်းက ရှိပြီးသား၊ ၅ တန်းခန်း ဝင်နေရုံပဲလေ၊ ၅ တန်းကို မူလတန်းထဲ တည့်တာပဲ ပြောင်းတာ မဟုတ်ဘူးလား” တဲ့။

“ဟုတ်ကဲ့ Grade 11 နဲ့ 12 တန်းတွေအတွက် အခန်းတွေ လိုလာမှာကြောင့်ပါ၊ ကားပိတ်၊ ကားကြပ်တာတွေကိုလည်း ဖြေလျှော့ နိုင်မှာပါ”လို့ ဆိုတော့။

“ကျမတို့ ကိုယ့်သားသမီးကို ကိုယ်ကြိုက်တဲ့ ကျောင်းမှာပဲ အပ်ခွင့် ရချင်တယ်၊ အခုတော့ တချို့ မိဘတွေက စိတ်ရှုပ် မခံ တော့ဘူး၊ ကိုယ်ပိုင် ကျောင်းပဲ အပ်လိုက်ကြတယ်၊ အစိုးရ ကျောင်းတွေမှာ ကျောင်းသား ဦးရေ လျော့တော့တာပေါ့”လို့ နောက် မိဘ တဦးက ဝင်ဆွေးနွေး ပါတယ်။

မိဘတွေရဲ့ နားလည်မှုနဲ့ ပူးပေါင်း ပါဝင်မှုက နာမည်ကြီး ကျောင်းကောင်းတွေမှာ အာရုံ ရှိနေတာပါ။ အားလုံးကို ဆိုလိုတာ တော့ မဟုတ်ပါဘူး။

အားလုံးကို ဆိုလိုတာ မဟုတ်ကြောင်း လသာ မြို့နယ်ထဲက အမက (၁၀) ကျောင်းလေးက သက်သေ ပြပါတယ်။ ရပ်ကွက် ကျောင်းလေး ဆိုပြီး အထင်သေးလို့ မရတဲ့ အနေအထားကို တွေ့ခဲ့ရလို့ပါ။

ကျောင်းအုပ် ဆရာမကြီး ဒေါ်မာမာအေး ရဲ့ ဦးဆောင်နိုင်မှု၊ လက်ထောက် ဆရာ ဆရာမတွေ ရဲ့ လိုက်နာနိုင်မှု၊ ကျောင်းသား မိဘတွေနဲ့ ကျောင်း အကျိုးတော် ဆောင်တွေရဲ့ ပူးပေါင်းပါဝင်နိုင်မှု အားကို အပြည့်အဝ တွေ့ခဲ့ရတာမို့ ဂုဏ်ယူ ဝမ်းမြောက် စွာဖြင့် ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရပါတယ်။

ဒါဟာ စိတ်ဓာတ် ရဲ့ အင်အားလည်း မဟုတ်ပါလား…..။  ။

စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ နှစ် ၄၀ ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။

You may also like these stories:

ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ခန်းထဲ ရောက်စေချင်

စနစ်သစ် ပညာရေး နဲ့ ကယ်လ်စီယမ် ကွေကာ သောက်ကြသူများ

ပရိယတ္တိ ပညာရေး စနစ်သစ် ရေးဆွဲရန် တိုက်တွန်း

Your Thoughts …
Tags: စနစ်သစ် ပညာရေး
ခင်မေထက်(ပညာရေး)

ခင်မေထက်(ပညာရေး)

...

Similar Picks:

ရန်ကုန်မြို့ ဒဂုံမြို့နယ် အထက (၁) ရှိ အခြေခံပညာ သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများ (ဓာတ်ပုံ - မျိုးမင်းစိုး/ဧရာဝတီ)

စနစ်သစ်ပညာရေး နဲ့ ပူးပေါင်းမယ့်သူတွေ

by ခင်မေထက်(ပညာရေး)
17 November 2017
9.1k

ကျမတို့ ပညာရေးမှာ ဆရာ၊ဆရာမက သင်ပေးတဲ့အတိုင်း၊ အလွတ်ကျက်မယ်၊ ရလာတဲ့စာတွေကို စာမေးပွဲမှာ ချရေး မယ်။ “၏”၊ “သည်” မရွေး ရေးနိုင်ရင် အမှတ်ရမယ်၊ “၏”၊ “သည်” လွှဲသွားရင် အမှတ်လျော့မယ်။

မန္တလေးမြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်းတကျောင်းမှ ကျောင်းသား ကျောင်းသူလေးများကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

စနစ်သစ် ပညာရေး နဲ့ အဆင်သင့် မဖြစ်သေးသူများ

by ခင်မေထက်(ပညာရေး)
15 October 2017
8.6k

အခုလက်ရှိ ပညာရေးဝန်ထမ်း အများစုက ပညာရေး စနစ်သစ်ကို ထဲထဲဝင်ဝင် လေ့လာပြီး ပူးပေါင်း ပါဝင်မှုနဲ့ ကြိုဆိုမှု အားနည်းတာကို တွေ့မြင်ရပါတယ်။

ရန်ကုန်တိုင်းအတွင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှု မြင်ကွင်း  /  မျိုးမင်းစိုး / ဧရာဝတီ

စနစ်သစ် ပညာရေး နဲ့ သင်ကြားရေး အနုပညာရှင်များ

by ခင်မေထက် (ပညာရေး)
27 March 2018
10.5k

ပညာရေးလောကမှာ သင်ကြားရေးတာဝန်ကို ယူထားကြရတဲ့ ဆရာ၊ ဆရာမ များဟာ အင်မတန် ခက်ခဲ သိမ်မွေ့ တဲ့ “သင်ကြားရေး အနုပညာရှင်” များ ဖြစ်နေကြတာကိုလည်း

ရန်ကုန်မြို့ရှိ အစိုးရ စာသင်ကျောင်း တကျောင်းတွင် တွေ့ရသည့် ကျောင်းသား ကျောင်းသူ ကလေးများ  / ဧရာဝတီ

စနစ်သစ် ပညာရေး နဲ့ ကယ်လ်စီယမ် ကွေကာ သောက်ကြသူများ

by ခင်မေထက် (ပညာရေး)
28 May 2019
10.6k

စနစ်သစ် အတန်းများအတွက် ၃ ဦး ၃ တန်း၊ ၄ ဦး ၂ တန်း ၊ မူလတန်းပြ ၅ ဦးက မဖြစ်မနေ ရှိရပါမယ်။ ပညာရေးရဲ့ အုတ်မြစ်က မူလတန်း ဖြစ်တာမို့

Next Post
ပူးပေါင်းပါဝင်မှု

ပူးပေါင်းပါဝင်မှု

ကမ္ဘာကျော် စာအုပ် "Rich Dad , Poor Dad" ကို ရေးသားခဲ့တဲ့ သူဌေးကြီး Robert Kiyosaki 

"သူတို့က ဆင်းရဲစေချင်တာ" 

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate