• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန် လာခေါက်မလဲ

by နန်းဆိုင်နွမ်
10 July 2019
in ဆောင်းပါး
A A
--

--

15.2k
VIEWS
Share on FacebookShare on Twitter

“Justice For Victoria” ဆိုတဲ့ လှုပ်ရှားမှုဟာ ပြည်သူလူထုကို တုန်လှုပ်စေတဲ့ လှုပ်ရှားမှုဖြစ်လာခဲ့ပါပြီ။ ဒီလှုပ်ရှားမှုဟာ Wisdom Hill ကျောင်းသူ အသက် ၃ နှစ် မပြည့်သေးတဲ့ သမီးငယ်ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိမ်းမှုဖြစ်ပြီးတဲ့နောက် “တရားမျှတရေး” နဲ့ “တရားစီရင်ရေး” ကို သက်ဝင်အောင် ဖော်ဆောင်တဲ့လှုပ်ရှားမှုပါ။

အချိန်တခုကြာတဲ့အထိ တရားခံကို ရေရာစွာ မဖော်ထုတ်နိုင်ခဲ့သလို ဖော်ထုတ်ခဲ့ရာမှာလည်း ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကာ ဒီအမှုကို လူအများစိတ်ဝင်စားလာကြပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကမ်ပိန်းပြုလုပ် ရုံသာမက တိုင်းနဲ့ပြည်နယ်တွေမှာလည်း ထောင်နဲ့ချီတဲ့လူထုဆန္ဒပြပွဲတွေပြုလုပ်လာကြပါတယ်။

RelatedPosts

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
603
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
3.5k
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
1.4k

ဒီဆန္ဒပြမှုတွေကို လေ့လာကြည့်ရင် ဗစ်တိုးရီးယားလေး ရင်ဆိုင်ရတဲ့ သက်ငယ်မုဒိမ်းလို မုဒိမ်းမှုတွေ ပပျောက်ပြီး “တရားမျှတမှု” ဖော်ဆောင်ပေးဖို့ဆိုတဲ့ လိုလားချက်တွေကို တွေ့ရပါတယ်။

ဗစ်တိုးရီးယားဟာ နေပြည်တော်လိုမြို့ကြီးက ကလေးတဦးချင်းကို အနီးကပ်စောင့်ကြည့်ပေးတဲ့ “Wisdom Hill” ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှာ တက်နေတဲ့ ကလေးငယ်တဦးပါ။

လွန်ခဲ့တဲ့ မေလ ၁၆ ရက်က ဗစ်တိုရီးယားဟာ ကျောင်းကနေ အိမ်ပြန်ရောက်ပြီး ဆီးသွားစဉ်မှာ “နာတယ်” ဆိုပြီး မိခင်ကို ပြန်ပြောပြရာကနေ ဆေးရုံကိုခေါ်သွားရာမှ သမီးငယ်ရဲ့ မိန်းမကိုယ်တွင်းသို့ ထိုးသွင်းဒဏ်ရာ ရှိနေတယ်ဆိုတာ သိခဲ့ရတာဖြစ်ပါတယ်။

ဒီလို ထိုးသွင်းဒဏ်ရာတွေ့ရှိမှု တလကျော်ကြာခဲ့ပြီးတဲ့နောက် ဇူလိုင် ၄ ရက်နေ့မှာ သက်ငယ်မုဒိမ်းမှုရဲ့ သံသယ တရားခံ ဟာ “Wisdom Hill” ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာကျော်ရဲ့ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီး ဖြစ်တာမို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖမ်းဆီး တရားစွဲဆို ခံရသူ အောင်ကြီးဟာ လွန်ခဲ့တဲ့မေလ ၃၀ ရက်မှာ ဇဗ္ဗူသီရိမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်း သိမ်းစစ်ဆေးပြီးနောက် မှုခင်းရဲတပ်ဖွဲ့ (CID) က အမှုကိုလွှဲပြောင်းရယူကာ ခိုင်လုံသော အထောက်အထားမရှိတဲ့ အတွက် ဇွန် ၂၄ ရက်က ပြန်လွှတ်ပေးခဲ့သူဖြစ်ပါတယ်။

ဗစ်တိုးရီးယားက “ ကိုကိုလုပ်တာ။ ဆရာမနှင်းနုတောင် ကိုကို့ကိုဆူသေးတယ်” လို့ အကြိမ်ကြိမ် ထုတ်ဖော် ပြောပေမယ့် အမှု စဖြစ်စဉ်က ကလေးစကားကို ရဲတပ်ဖွဲ့ဝင်တွေက အလေးမထားခဲ့သလို ဖြစ်နေတဲ့အပေါ်မှာလည်း ပြည်သူတွေက ပိုပြီးပွဲဆူလာတာကို တွေ့မြင်ရပါတယ်။

“ဥပဒေမှာ ကလေးစကားကို အတည်ယူလို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ ကလေးကို မေးခွန်းတခုမေးတဲ့အခါမှာ ကောင်းမွန်စွာ ဖြေဆိုတယ်ဆိုရင် သူ့စကားကို ယုံလို့ရပါတယ်။ အတည်ယူလို့ရပါတယ်” လို့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်ကပြောပါတယ်။

အသက် ၃ နှစ်မပြည့်သေးတဲ့ကလေးကို သူစိမ်းများရှေ့တွင် စစ်ဆေးမေးမြန်းမှုလုပ်တာဟာ လုပ်ထုံးလုပ် နည်း နဲ့ မညီညွတ်ဘူးလို့လည်း ရှေ့နေဦးကြီးမြင့် က သုံးသပ်ပါတယ်။

ဗစ်တိုးရီးယားအမှုအပေါ် စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကြီးမြင့်က “အမှုစစ်တဲ့ရဲတွေရဲ့ ပျက်ကွက်မှု က အဓိကပါ။ လူတန်းစီပြရမယ်။ တန်းစီးပြပြီး ကလေးကို လက်ညှိုးထိုးခိုင်းတာလုပ်ရမယ်။ အဲဒါလည်း သူတို့ ပျက်ကွက်မှု၊ နောက်တခါက ကလေးကို သူတို့ကြောက်ရတဲ့ ဆရာမတွေရှေ့မှာ၊ သူစိမ်းတွေရှေ့မှာ စစ်ဆေးခြင်း၊ အဲဒါလည်း ဥပဒေနဲ့ မညီဘူး။ ရဲတွေက ဥပဒေနဲ့ မညီတာကို လုပ်တယ်” လို့ ဝေဖန်ထောက်ပြပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းခံရတဲ့ အသက်မပြည့်သေးတဲ့ ဗစ်တိုးရီးယားအမှုဟာ တကယ်တမ်း ခက်ခဲနေတာ မဟုတ်ကြောင်း၊ တရားခံထွက်ပြေးနေခြင်းလည်း မဟုတ်ကြောင်း၊ ကလေးရဲ့ ထွက်ဆို၊ ပြောဆိုချက်တွေကို အလေးပေးသင့်ကြောင်းလည်း ၎င်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှု တနှစ်ထက်တနှစ် ရာခိုင်နှုန်းပိုများလာပြီး နေ့စဉ်နဲ့အမျှ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ရှိနေပါတယ်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖြစ်ပွားခဲ့တဲ့ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကြည့်ရင် ၂၀၁၇ ခု နှစ်မှာ သက်ငယ်မုဒိမ်းမှု ၆၃.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၆၄.၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ၆၇.၉၈ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရပါတယ်။

“ သက်ငယ်မုဒိမ်းက ကိုယ့်အိမ်တံခါးကို ဘယ်အချိန်လာခေါက်မလဲ” ဆိုတဲ့စိုးရိမ်မှုကတော့ မိခင်တယောက်ဖြစ်တဲ့ နန်းဇင်နွယ်ကို အစဉ်အမြဲခြိမ်းခြောက်နေပါတယ်။

ဒီ “ဗစ်တိုရီးယား” အမှုကို မှန်မှန်ကန်ကန် မရှင်းနိုင်သရွေ့၊ သက်ငယ်မုဒိမ်းမှုတွေကို ထိရောက်စွာ အရေးမယူ နိုင်သရွေ့တော့၊ မိခင်တယောက်အနေနဲ့ စိတ်သောကတွေနဲ့ ရှင်သန်နေရမှာဖြစ်ကြောင်း၊ နေ့စဉ်ရက်ဆက် သက်ငယ်မုဒိမ်းမှုတွေကို ကြားရလို့ တုန်လှုပ်နေရတဲ့အပြင် အခုအခါ စိုးရိမ်မှတ် ရေချိန် ပိုမြင့်လာကြောင်းလည်း မန္တလေးမြို့ခံ နန်းဇင်နွယ်က ပြောပါတယ်။ သူက “သမီးကို စိုးရိမ်သလို ကိုယ့်သားလည်း မုဒိမ်းကောင် မဖြစ်အောင် ကာကွယ် သွန်သင်ရဦးမယ်” လို့ ဆိုပါတယ်။

မကြာခဏသက်ငယ်မုဒိမ်းမှုကို ကြားရပေမယ့် ပုဂ္ဂလိကကျောင်းတက်နေတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားအမှုကြောင့် “ကျမတို့လို ကလေးမိခင်တွေအတွက်က ရတက်မအေးစရာတွေဖြစ်နေပါပြီ” လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုက အရင်ကလည်း စိုးရိမ်မှုတွေရှိပေမယ့် အခုချိန်မှာ ပိုမို စိုးရိမ်စရာဖြစ်နေပြီး မူကြိုကျောင်းတွေမှာ လုံခြုံမှုအားနည်းတဲ့အပြင် ပြဿနာတခုဖြစ်တဲ့အခါ လိုအပ်တဲ့ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာတာတွေကြောင့် မိခင်တွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာကြောင်း မခင်လေးက ဝေဖန်ထောက်ပြပါတယ်။

ယခုနောက်ပိုင်းတွေမှာ ကလေးငယ်တွေ ပညာသင်ကြားတဲ့ကျောင်းတွေမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းတွေ၊ လိင် ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေက တိုင်ကြားမှုတွေ များလာတယ်လို့လည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုနေကြတယ်။

ပုဂ္ဂလိကကျောင်းသူ ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိမ်းမှုကို ကြည့်ခြင်းအားဖြင့် ကလေးငယ်တွေအတွက် အန္တရာယ်ဟာ နေရာတိုင်းမှာ ရှိနေတယ်ဆိုတာ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

“ ဘယ်နေရာမဆို ကျမတို့က အန္တရာယ်ရှိနိုင်တယ်။ ဘယ်နေရာမှာထားထား သတိထား၊ လုံခြုံရေးသတိ အမြဲရှိရ မယ်ဆိုတာ ကျမတို့ကို နှိုးဆော်ပေးနေပါတယ်” လို့ မခင်လေးက ဆိုပါတယ်။

ကိုယ်ပိုင်ကျောင်းတွေက အစိုးရကျောင်းတွေထက် ငွေကြေးပိုပေးဆောင်ရသဖြင့် ပိုပြီးဝန်ဆောင်မှု အားကောင်းရမှာ ဖြစ်တယ်လို့လည်း မခင်လေးက ထောက်ပြပါတယ်။

“ဗစ်တိုးရီးယား”ဖြစ်စဉ်ကို ပြန်လည် ပြောရမယ်ဆိုရင် အမှုအခြေအနေ၊ အသွားအလာ စုံစမ်းနိုင်ရန် မူကြိုကျောင်း ထံမှ စီစီတီဗွီမှတ်တမ်းကို တောင်းကြည့်တဲ့အခါ စီစီတီဗွီ မှတ်တမ်းကလည်း တရက်စာ အပြည့်အစုံ မရခဲ့ဘူးလို့ဆိုပါတယ်။

ဒါကြောင့်လည်း စီစီတီဗွီဟာ တကယ်ပြဿနာဖြစ်လာရင် ဖြေရှင်းနိုင်တဲ့အထောက်အထားတခု ဟုတ်၊ မဟုတ် ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဗစ်တိုးရီးယားအမှုကိစ္စဟာ အနုပညာရှင်တွေအပါအဝင် မြန်မာတနိုင်ငံလုံးမှ ပြည်သူတွေ စိတ်ဝင်စား နေကြ သလို အမှုမှန်ပေါ်ပေါက်ဖို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်းနေကြပါတယ်။

ယနေ့ခေတ်မှာ မိသားစုတစုအတွက် စားဝတ်နေရေးက လူတယောက်ရဲ့ လုပ်ခလစာနဲ့ မလုံလောက်တဲ့ အတွက် မိဘနှစ်ဦးစလုံး အလုပ်လုပ်ကြရပြီး အကူထိန်းပေးမယ့်သူ မရှိတဲ့ အိမ်ထောင်ရှင်တွေမှာ မိမိတို့ ရင်သွေးငယ်တွေကို ကလေးထိန်းငှားတာ၊ မူကြိုကျောင်းထားတာတွေ မလွဲသာမရှောင်သာ ပြုလုပ်ကြ ရပါတယ်။

သက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေ၊ သတင်းဝက်ဆိုဒ်တွေမှာ မကြာခဏဖတ်ရတိုင်း မိခင်တယောက်အနေနဲ့ မိမိကလေးငယ်တွေအတွက် ရင်မအေးရကြောင်း ကယားပြည်နယ်မှ နော်နိုရင်းကလည်း ရင်ဖွင့်ပါတယ်။

“မွေးထားတာကလည်း သမီးလေးတွေ၊ ကိုယ်တိုင်က အလုပ်လုပ်နေတယ်ဆိုတော့ ပိုပြီးတော့ ရင်ပူရတယ်” လို့ နော်နိုရင်းက ဆိုပါတယ်။

သမီးမွေးထားတဲ့ဖခင်တွေအနေနဲ့လည်း သမီးငယ်ဗစ်တိုရီးယားကိစ္စ ဖြစ်လာပြီးနောက်ပိုင်း မိမိတို့သမီးငယ်တွေ အတွက် စိတ်ပူမှုတွေ တိုးလာတာတွေ့မြင်ရပါတယ်။

“ အခုခေတ်က သားမွေးရင် မူးယစ်ဆေးသုံးမှာ ကြောက်ရသလို သမီးမွေးရင် သက်ငယ်မုဒိမ်းဖြစ်မှာ ကြောက်နေ တယ်” လို့ သမီး ဖခင်တဦးဖြစ်တဲ့ ရန်ကုန်က ကိုအာကာက ပြောပါတယ်။

မိမိသမီးကို အကြမ်းဖက်အနိုင်ကျင့်မခံရအောင် အရင်ကထက်ပိုပြီး ဂရုစိုက်သလို မိမိကိုယ်အင်္ဂါကို တပါးသူလာ မကိုင်အောင် ရှောင်ရန် ကစပြီး သင်ကြားရမယ်လို့ ကိုအာကာက ဆိုပါတယ်။

ယခုနောက်ပိုင်း သက်ငယ်အချင်းချင်း ကျူးလွန်တဲ့ မုဒိမ်းမှုတွေ ရှိလာသဖြင့် ကလေးငယ်တွေအတွက် လိင်မှု ဆိုင်ရာ အသိပညာပေးမှုတွေ မလုပ်ထားပါက ပိုပြီးအန္တရာယ်ကြီးလာနိုင်ကြောင်းလည်း မခင်လေးက ထောက်ပြ ပြောဆိုပါတယ်။

“ကျမတို့မသင်ပေးဘဲလည်း လူ့သဘာဝအရ အရွယ်ရောက်လာရင် ဒီလိုကိစ္စတွေ စိတ်ဝင်စားမှုရှိလာပြီး သူတို့ ဘာသာစူးစမ်းပြီး လုပ်တာထက်စာရင် ကျမတို့လူကြီးတွေကနေ ဆောင်ရန်၊ ရှောင်ရန် သိသင့်တာတွေ သင်ပေးဖို့ ကတော့ အချိန်က နောက်တောင်ကျနေပြီ” လို့ ၎င်းက မှတ်ချက်ပြုပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ဆေးစစ်ချက်ဖြစ်တဲ့ DNA စစ်ဆေးမှုနဲ့ပတ်သက်ပြီး လွဲမှားနေတာကိုလည်း ပြည်သူများက ကျေနပ်မှုမရှိတာကို တွေ့ရပါတယ်။

မုဒိမ်းမှုဆိုတာ မိန်းမကိုယ်အင်္ဂါကို ထိုးသွင်းလိုက်တာနဲ့တပြိုင်နက် မုဒိမ်းမှုမြောက်ကြောင်း၊ DNA စစ်ဆေးချက်က စိတ်မချရကြောင်းလည်း ဝေဖန်ထောက်ပြမှုတွေက ရှိပါတယ်။

“မိန်းမကိုယ်ထဲကို ယောကျ်ားကိုယ်က ထိုးဝင်မိတာနဲ့ တပြိုင်နက် မုဒိမ်းမှုမြောက်ပါတယ်။ DNA ဘာညာက တလွဲတွေ လျှောက်လုပ်နေတာပါ။ DNA က ဘယ်လောက် စိတ်ချရလဲ။ မြန်မာပြည်က DNA ကြောင့် အပြစ်ပေးတဲ့ အမှုတွေ ဘယ်နှစ်မှုများရှိခဲ့လို့လဲ” လို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

လက်ရှိ ဗစ်တိုးရီးယားအမှုမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ရဲအရာရှိတွေရဲ့ စစ်ဆေးဆောင်ရွက်ချက်တွေကို အားရကျေနပ်မှု မရှိတဲ့ ပြည်သူအများက ယုံကြည်မှုမရှိတဲ့အတွက် ဇူလိုင် ၆ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ဒေသ နေရာအချို့မှာ ထောင်ချီသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိအမှုစိစစ်ရေးနဲ့ပတ်သက်ပြီး ဦးကြီးမြင့်က “ ဗစ်တိုးရီးယားလေးကို မုဒိမ်းကျင့်တာတင် မဟုတ်ဘူး၊ တိုင်း ပြည်တခုလုံးကို မုဒိမ်းကျင့်လိုက်တာပဲ” လို့မှတ်ချက်ပြုလိုက်ပါတယ်။

ထောင်ချီသော ပြည်သူတွေ လမ်းပေါ်ထွက်လာတဲ့ “Justice For Victoria” လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ တရား စီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လှုပ်ရှားမှုတခု ဖြစ်လာပါပြီ။ မိခင်ဖခင်များ အားတက်သရော ပါဝင်လာတဲ့ ဒီလှုပ်ရှားမှုကြီးဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို ဘယ်လောက်ပြောင်းလဲနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် HI News( Honest Information) မှ ကူးယူဖော်ပြပါသည်။

You May Also Like These Stories:

Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော

သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ

Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော

Your Thoughts …
Tags: ဗစ်တိုးရီးယားသက်ငယ်မုဒိမ်းမှု
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နေအိမ်သို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် / Nyi Nyi / facebook

အသက် ၁၄ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး

by လဲ့လဲ့
14 April 2020
67.8k

တောင်ဒဂုံမြို့နယ်တွင် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ကိုလတ်(ခေါ်) နိုင်ဟိန်းလတ်အား သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းတွင် အရေးယူထားကြောင်း

အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ်  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု

by မိုးမိုး
28 March 2019
12.9k

မတ်လ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် နိုင်ငံတော် သမ္မတက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ အရ ဤလက်မှတ်ရေးထိုးသည်” ဟု ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအား...

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
256

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

ပထွေးက အဓမ္မ ခိုးယူပေါင်းသင်းခြင်း ခံခဲ့ရသည့် မဝတ်ရည် (အမည်လွှဲ) / ထက်ဝေ / ဧရာဝတီ

သက်ငယ်မုဒိမ်း ဘာကြောင့် အဖြစ်များနေသလဲ

by ထက်ခေါင်လင်း
31 July 2020
12.6k

အစိုးရအနေနဲ့ လွှတ်တော်တွေထဲမှာ ထိရောက်တဲ့ အဟန့်အတား ဖြစ်စေဖို့ မေးခွန်းတွေ၊ ပြစ်ဒဏ်တွေ မေးနေ ပြောနေရုံနဲ့ မရဘူး။ မဖြစ်အောင် ဘယ်လို လုပ်မယ်ဆိုတဲ့ မူဝါဒတွေ ချမှတ် အကောင် အထည်ဖော်နေတာ မတွေ့ရသေးဘူး

ဖမ်းဆီးခံထားရသည့် တရားဟောဆရာ ဦးဆွမ်ခတ်မုန်  / Zalen

တရားဟောဆရာ တဦးကို သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီး အမှုဖွင့်

by လဲ့လဲ့
20 June 2019
49.5k

စစ်ကိုင်းတိုင်းဒေသကြီးတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်း ပြုကျင့်ခံရမှုက ၂၀၁၆ ခုနှစ်တွင် ၆၄ မှု၊ ၂၀၁၇ ခုနှစ်တွင် ၇၅ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

၈ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်မှုဖြင့် ဖမ်းဆီးလိုက်သည့် သီဟနိုင် (ခ) အငယ်လေး / Mandalay Police

၈ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ပြီး ပုန်းရှောင်နေသူကို မိပြီ

by ဒီလှိုင်းဝင်း
25 January 2019
29.3k

အသက် ၈ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို ပြစ်မှုကျုးလွန်းပြီး တလကျော် အကြာ ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ် ရပ်စောက်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်းမှ သိရသည်။

Next Post
အသက် ၆၃ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ မင်းသားကြီး Tom Hanks

အသက် ၆၃ နှစ်ပြည့် မွေးနေ့ကို ထူးထူးခြားခြား ဖြတ်သန်းခဲ့တဲ့ မင်းသားကြီး Tom Hanks

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

AA ခေါင်းဆောင်များကို ဖမ်း၊ မဖမ်း အစိုးရကိုသာ မေးရန် တပ်မတော် ပြော

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate