• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

        စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ရေကူး အားကစားသမားကောင်း ဖြစ်ချင်တဲ့ သွန်းမိုးမေ

          by ဇူးဇူး
          11 July 2019
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ရေကူးအားကစားမယ် သွန်းမိုးမေ  / အောင်ကျော်ထက် / ဧရာဝတီ

          ရေကူးအားကစားမယ် သွန်းမိုးမေ / အောင်ကျော်ထက် / ဧရာဝတီ

          17.3k
          VIEWS
          Share on FacebookShare on Twitter

          ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် အမျိုးသား ရေကူးကန်တွင် သွန်းမိုးမေ တယောက် သွက်လက်စွာ ကူးခတ်နေသည်။ အချိန်အားဖြင့် ညနေ ၆ နာရီဝန်းကျင် ရှိပြီ ဖြစ်သော်လည်း သူသည် လေ့ကျင့်ရေး ဆင်းနေဆဲဖြစ်သည်။

          တဖက် ကန်ဘောင်ထိပ်တွင် နည်းပြဆရာတဦးက ကူးခတ်ချိန်ကို မှတ်သားထားကာ လိုအပ်သည်များကို ကြီးကြပ်ညွှန်ကြားနေ၏။

          RelatedPosts

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          1 December 2023
          8.9k
          ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

          ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

          1 December 2023
          4.2k
          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          1 December 2023
          5.2k

          မီတာ ၅၀ ရှည်လျားသည့် ရေကန်ကို သတ်မှတ်စံချိန် ပြည့်မီစေရန် ခေါက်တုန့်ခေါက်ပြန် ကူးခတ်ပြီးနောက် သူ့ အတွက် တနေ့တာ လေ့ကျင့်မှုကို ရပ်နားလိုက်သည်။

          အသက် ၁၂ နှစ်သာ ရှိသေးသည့် မျိုးဆက်သစ် ရေကူးမယ် တဦးဖြစ်သူ သွန်းမိုးမေသည် အဆိုပါ ရေကူး ကန်သို့ မနက်တကြိမ် ညနေတကြိမ်၊ ရေကူးကန်ပိတ်ရက် သောကြာနေ့မှလွဲ၍ တပတ်လျှင် ၆ ရက် လာရောက်ပြီး ရေကူး လေ့ကျင့်နေခြင်း ဖြစ်သည်။

          “မြန်မာနိုင်ငံ ကိုယ်စားပြု ရေကူးကစားသမားကောင်း တယောက် ဖြစ်ချင်တယ်။ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲထိ သွားကစားပြီး ရွှေတံဆိပ်ရအောင် ယူမယ်” ဟူသည်က သူ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။

          အသက် ၇ နှစ်ခန့် အရွယ်ကတည်းက ရေကူးကစားသမားဟောင်း ဖခင်ဖြစ်သူနှင့်အတူ ရေကူး သင်ယူလေ့ကျင့်ရင်း ရေကူးအားကစားနည်းကို ဝါသနာပါလာခဲ့သည်။

          အအေးဓာတ်ကို ကြိုက်နှစ်သက်သူ သွန်းမိုးမေအတွက် အသားမနာ ချွေးမထွက်သည့် ရေကူးခြင်းက သူ့အတွက် အကြိုက်ဆုံး အားကစားနည်းတခု ဖြစ်လာခဲ့သည်။

          ထို့နောက် ပထမဆုံး ဝင်ပြိုင်ဖြစ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်အလိုက် ရေကူးပြိုင်ပွဲတွင် ဆီးဂိမ်းပြိုင်ပွဲဝင် အဆင့် ရေကူးသမား စီနီယာများနှင့် ယှဉ်ြ့ပိုင်ခွင့်ရခဲ့သည်။

          ထိုပြိုင်ပွဲတွင် သူ ဆုမရရှိခဲ့သော်လည်း သူ့ကို ကြိုးစားချင်စိတ်များ တဖွားဖွားပေါ်လာအောင် ထိုပွဲက တွန်းအားဖြစ်စေခဲ့သည်ဟု သွန်းမိုးမေ၏ မိခင် မသင်းယုက ပြောပြသည်။

          မသင်းယုက “အဲဒီမှာ သူက ဆုလိုချင်သွားတယ်။ (ဆု)မရတဲ့ ဖီလင်ကို သူ သိသွားတယ်။ သူ ကြိုးစားလာတယ်” ဟု ဆိုသည်။

          ၂၀၁၅ ခုနှစ် တွင် သူ့ အသက် ၈ နှစ် ရှိပြီဖြစ်ပြီး ထိုစဉ်မှ စတင်ကာ သက်တမ်းအလိုက် ပြိုင်ပွဲများ၊ အိုလံပစ်အထိမ်းအမှတ် သက်တမ်းအလိုက် ပြိုင်ပွဲများ၊ တိုင်းနှင့် ပြည်နယ် လူရွေးပွဲ/ရေကူးပြိုင်ပွဲများနှင့် ဆောင်းရာသီ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် တောက်လျှောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ကြိုးစားမှုကို ဆုတံဆိပ်များစွာ ဆက်တိုက် ရယူခြင်းဖြင့် သက်သေပြနိုင်ခဲ့သည်။

          ၂၀၁၉ ခုနှစ် လက်ရှိ အချိန်ထိ ရွှေတံဆိပ် ၅၆ ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေးတံဆိပ် ၇ ခုနှင့် အမျိုးသမီး အကောင်းဆုံး ကစားသမားဆု ၂ ဆုကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့သည်။

          ပြည်တွင်းပြိုင်ပွဲတွေမှာ သာမက ၂၀၁၇ ဒီဇင်ဘာလနှင့် ၂၀၁၈ နိုဝင်ဘာလက ပြုလုပ်ခဲ့သော ထိုင်းဘုရင့် သမီးတော် ဖိတ်ခေါ်ပြိုင်ပွဲများ၌ ရွှေ ၂ ခု၊ ငွေ ၅ ခု၊ ကြေး ၆ ခုနှင့်အတူ ဒုတိယ အမျိုးသမီး အကောင်းဆုံးဆုကိုလည်း ရယူနိုင်ခဲ့သည်။

          သွန်းမိုးမေ ရရှိထားသည့် ဆုတံဆိပ်များ/အောင်ကျော်ထက်/ဧရာဝတီ

          ထို့ပြင် ၂၀၁၉ Singapore National Age Group ရေကူးပြိုင်ပွဲတွင်လည်း ကြေး ၁ ခု၊ British International School Phuket Swimming Competition တွင် ရွှေ ၄ ခု၊ ငွေ ၂ ခု၊ ကြေး ၁ ခုနှင့် အမျိုးသမီး အကောင်းဆုံး ကစားသမားဆု တို့လည်း ရရှိခဲ့သည်။

          “ပထမဆုံး ဆုရတုန်းကတော့ အရမ်းပျော်တယ်။ နောက်ပိုင်းကျတော့ သိပ်ပြီး ရင်မခုန်တော့ဘူး။ ရန်ကုန်မှာ ရတာထက်စာရင် နိုင်ငံခြားမှာ ရတာ ပိုပြီး ပျော်ဖို့ကောင်းပါတယ်” ဟု သွန်းမိုးမေက ပြောသည်။

          သူ့အနေဖြင့် ရေကူးသက်တမ်း ၅ နှစ်အတွင်း ရယူနိုင်ခဲ့သည့် ဆုများအတွက် ဝမ်းသာဂုဏ်ယူ မိသော်လည်း မြန်မာကိုယ်စားပြု အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲများ၊ အိုလံပစ်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်များစွာ ယူလာချင်သည့် သူ့အဖို့ များစွာ ကြိုးစားရအုံးမည်ဟု ဆိုသည်။

          သွန်းမိုးမေသည် Myanmar Swimming Team – MST (မြန်မာရေကူးအသင်း) မှ မျိုးဆက်သစ် ရေကူးအားကစားမယ်တဦး ဖြစ်သကဲ့သို့ အနာဂတ်တွင် အလားအလာရှိသည့် အားကစားသမားတဦးလည်း ဖြစ်သည်။

          အလွတ်ကူး (Freestyle Stoke)၊ လက်ပစ်ကူး (Back Stoke)၊ လိပ်ပြာကူး (Butterfly Stoke)၊ ရင်ဘောင်တန်းကူး (Breaststroke) ဟူသည့် ရေကူးနည်း ၄ မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ထားသည့် သွန်မိုးမေသည် တာဝေးတွင် ပိုမိုကောင်းမွန်သည်ဟု ပြောပြသည်။

          ရေကူးကစားသမားတိုင်းတွင် ကိုယ်ပိုင်နည်း (Own stoke) ရှိပြီး သူ့အတွက် Own stoke သည် လိပ်ပြာကူးနည်းဖြစ်သည်ဟု သူက ဆိုသည်။

          သွန်းမိုးမေ၏ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ကူးနည်းသည် အလွတ်ကူး (တာဝေး)နှင့် တဦးချင်း ၄ မျိုးကူး ဖြစ်ကြောင်း သူ၏ ရေကူးနည်းပြ ဆရာမောင်မောင်စိန်ထံမှ သိရှိရသည်။

          ဆရာမောင်မောင်စိန် (MST)က “သွန်းမိုးမေဟာ မြန်မာ မိန်းကလေးထဲမှာ ရှာမှရှား၊ နိုင်ငံတကာနဲ့ ရင်ဘောင တန်း နိုင်တဲ့ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်နဲ့ ရေကူးအတွက် လိုအပ်တဲ့ ပျော့ပျောင်းမှု ရှိတယ်။ ရေကူးအားကစားကို အင်မတန်စိတ်ဝင်စားပြီး နေ့စဉ် (မနက်/ညနေ) ကြိုးစားလေ့ကျင့်ပြီး မိဘကလည်း လိုလေသေးမရှိအောင် အားပေးတာကို တွေ့ရတော့ နောက်နောင် မြန်မာ့ရေကူးလောကအတွက် အင်မတန်မှ မျှော်မှန်းအားရစရာကောင်းတဲ့ ရေကူးမယ်တယောက်ပါ” ဟု မှတ်ချက်ပြုသည်။

          ရေကူးနည်း ၄ မျိုးစလုံးကို သင်ယူတတ်မြောက်ထားသည့် ရေကူးအားကစားမယ် သွန်းမိုးမေ/ အောင်ကျော်ထက်/ဧရာဝတီ

          သို့သော် ဆရာမောင်မောင်စိန်အနေဖြင့် သွန်းမိုးမေနှင့် ပတ်သက်၍ စိတ်ပူပန်မှု တခု ရှိသည်ဟု ဖွင့်ဟ ပြောဆိုသည်။ ရေကူးအားကစားသည် တခြားအားကစားနှင့် မတူဘဲ စဉ်ဆက်မပြတ် လေ့ကျင့်ရန် လိုသည့် အားကစားဖြစ်ကြောင်း သူက ရှင်းပြသည်။

          ထို့အတွက် အားကစားထက် ပညာရေးကိုသာ ဦးစားပေးကြသည့် မြန်မာနိုင်ငံတွင် အသက် ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသူတဦးဖြစ်သည့် သွန်းမိုးမေတယောက် ပညာရေးကို ဦးစားပေးရင်း ရေကူးလေ့ကျင့်ရေး အဆက်ပြတ်သွားမည်ကို စိတ်ပူမိခြင်း ဖြစ်သည်။

          ရှေ့မျိုးဆက်များတွင်လည်း ထိုကဲ့သို့ ဖြစ်ခဲ့ဖူးသည်ဟု ဆရာမောင်မောင်စိန်က ပြောပြသည်။ မိန်းကလေး ရေကူးသမားများ၏ အကောင်းဆုံး ပျမ်းမျှ အသက်အရွယ်မှာ ၁၄ မှ ၁၈ နှစ်ကြားဖြစ်ရာ မကြာခင် သွန်းမိုးမေသည် ပညာရေးကို ဦးစားပေးရမည့် ၉ ၊ ၁၀ တန်း အရွယ်သို့ ရောက်လာတော့မည် ဖြစ်သည်။

          “ရေကူးက အထူးသဖြင့် မိန်းကလေးက ၁၊ ၂ နှစ်လောက် နားလိုက်ရင် ဝလာပြီး ပြန်ပိန်အောင် လုပ်ဖို့က မလွယ်ဘူးလေ။ ဒါကြောင့် သွန်းမိုးမေကိုလည်း ရေကူးလေ့ကျင့်မှုကို မနားဘဲ ပညာရေးနဲ့ အားကစားကို ဟန်ချက် ညီညီနဲ့ အခုလိုပဲ ဆက်လေ့ကျင့်သွားစေချင်တယ်”ဟု ဆရာမောင်မောင်စိန်က ဆန္ဒပြု တိုက်တွန်းသည်။

          သွန်းမိုးမေသည် မြန်မာ့ရေကူးလောကအတွက် ဆီးဂိမ်းတွင် ဆုတံဆိပ်များ ရယူပေးနိုင်မည်ဟုလည်း သူက မျှော်မှန်းထားသည်။

          ကာယကံရှင် သွန်းမိုးမေကတော့ သူ့ရည်မှန်းချက်များ အောင်မြင်ရန် နည်းပြဆရာ၏ စကားကို နားထောင်ကာ ကြိုးစား လေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ လမ်းခုလတ်တွင် ရပ်နားလိုက်ရန် အစီစဉ်မရှိကြောင်း အခိုင်အမာ ပြောသည်။

          “နားဖို့တော့ အစီစဉ် မရှိပါဘူး။ နားလိုက်ရင် လုံးဝ လက်ရည်ကျသွားမှာဆိုတော့ ရေကူးကိုလည်း လုပ်မယ်။ စာကိုလည်း လုပ်မယ်” ဟု သူက ဆိုသည်။

          ရေကူးခြင်းကို ဝါသနာပါသည့် သွန်းမိုးမေသည် နောက်ထပ် ဝါသနာပါရာ မြန်မာ့စောင်း ဂီတပညာကိုလည်း သင်ယူနေပြီး ပရော်ဖက်ရှင် အဆင့်ထိ ရည်မှန်းထားသကဲ့သို့ မော်ဒယ်လုပ်ချင်သည်ဟုလည်း သူက ထုတ်ဖော်ပြောသည်။

          လတ်တလောတွင်တော့ ရေကူးအတွက် ပိုမိုအာရုံစိုက်ထားပြီး နံနက်ပိုင်း ရေကူးလေ့ကျင့်ချိန်အတွက် စာသင်ကျောင်း ဆရာမထံမှ နောက်ကျခွင့်တောင်းကာ လေ့ကျင့်ရေးဆင်းနေသည်ဟု ဆိုသည်။

          ရေကူးကန်၊ ကျောင်းနှင့် ကျူရှင် အကြိုအပို့မှ စလို့ စားမှုသောက်မှုအလယ် သမီးဖြစ်သူ ရေစိုဆံပင်များ ခြောက်သွေ့အောင် Dryer (ဆံပင် အခြောက်ခံစက်)ဖြင့် မှုတ်ပေး၊ ကျစ်ဆံမြီးကျစ်ပေးခြင်းအဆုံးထိ မိခင်က ဖြည့်ဆည်း ပံ့ပိုးပေးသည်ဟုလည်း သူက ပြောပြသည်။

          ကုမ္ဗဏီ/အစိုးရ ဝန်ထမ်း မဟုတ်သည့် မသင်းယုအနေဖြင့် သမီးအတွက် အချိန်ပြည့် ပံ့ပိုးပေးနေနိုင်ခြင်း ဖြစ်သည်။

          သမီးဖြစ်သူ ရေစကူးချိန်က နိုင်ငံအဆင့် ကစားသမားတဦးအဖြစ် မျှော်မှန်းထားခြင်း မရှိခဲ့သော်လည်း သမီးက တကယ် ဝါသနာပါပြီး ကြိုးစားပမ်းစားဖြင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်သည်အထိ အောင်မြင်မှု ရရှိသည့်အပေါ် မိခင်တဦးအနေဖြင့် ဂုဏ်ယူဝမ်းသာသည်ဟု မသင်းယုက ပြောသည်။

          “နိုင်ငံတော်အတွက်ကို ရေကူးနဲ့ ရွှေအများကြီး ယူပေးတဲ့ ကစားသမား ဖြစ်စေချင်တယ်။ သမီးက အခုမှ ၁၂ နှစ် ဆိုတော့ ဆီးဂိမ်းအဆင့်မီဖို့ကတော့ အဝေးကြီးလိုသေးတယ်။ သူ အများကြီး ကြိုးစားရအုံးမှာ။ သူ့ကို အစ်မတို့ မိသားစုအတွက် ပျော်တာထက် နိုင်ငံ့ကိုယ်စားပြု ဖြစ်စေချင်တာ” ဟု သူက ဆိုသည်။

          သို့သော်လည်း အားကစားနှင့် ကာယပညာဦးစီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တွင် နေရာရရေး အငြင်းပွားမှုများကြောင့် Myanmar Swimming Team မှ သွန်းမိုးမေ အပါအဝင် မျိုးဆက်သစ် ရေကူးအားကစားသမားတို့ အသိအမှတ်ပြု မခံရကြောင်း သိရသည်။

          အဖွဲ့ချုပ်၏ လျစ်လျူရှုမှု၊ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် ထောက်ပံ့မှု မရရှိခြင်းတို့က MST မှ မျိုးဆက်သစ် ကစားသမားတို့ အတွက် အခက်အခဲ တွေ့စေသည်။

          မျိုးဆက်သစ် ကစားသမားများသည် ကိုယ့်စရိတ်ကိုယ်စားကာ လေ့ကျင့်နေကြရသကဲ့သို့ ပွဲအတွေ့ကြုံ ရယူရမည့် ပြည်ပ ပြိုင်ပွဲများသို့လည်း ကိုယ်ပိုင်စရိတ်ဖြင့် သွားရောက်ယှဉ်ပြိုင်နေကြရသဖြင့် တချို့သော အခွင့် အရေးများ လက်လွှတ် ဆုံးရှုံးလိုက်သည်များလည်း ရှိကြောင်း မသင်းယုက ပြောပြသည်။

          ရေကူးအားကစားသမား တယောက်အတွက် ရေကူး မျက်မှန်၊ ဦးထုပ်၊ အင်္ကျီ၊ ရေယက်ပြား (လက်ဖမိုးဆွဲအား သန်စေရန်)၊ ဖားခြေထောက် (ခြေခတ်အားကောင်းစေရန်) စသည်ဖြင့် လိုအပ်သည့် အဆင်တန်ဆာများကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူ ဝတ်ဆင်ရသည်။

          လေ့ကျင့်ရေးအတွက် ဝတ်စုံများက ဈေးသိပ်မကြီးသော်လည်းပဲ ပြိုင်ပွဲဝင်သည့်အခါ တကယ့် အရည်အသွေးကောင်းသည့် ဈေးကြီးပေးရသော ဝတ်စုံများကို ဝယ်ယူ ဝတ်ဆင်ရသည်ဟု ဆိုသည်။

          မသင်းယုက “ကလေးတွေက ဘာမှသိကြတာ မဟုတ်ဘူး။ ဖြူစင်တယ်။ သူတို့ မျှော်လင့်တာက အေးအေးချမ်းချမ်းလေး ရေကူးချင်တယ်။ ဆရာကိုလည်း အဖွဲ့ချုပ်က ခန့်ထားတဲ့ဆရာနဲ့ ကူးဆိုတာထက် သူတို့ရွေးချယ်ထားတဲ့ ဆရာတွေနဲ့ လက်တွဲသင်စေချင်တယ်” ဟု ပြောသည်။

          ရေကူးသမား တယောက် အရည်အချင်း တိုးတက်လာခြင်းသည် နည်းပြဆရာ ကောင်း၍ဖြစ်ပြီး ထိုဆရာများ၏ အရည်အချင်းကို အဖွဲ့ချုပ်မှ ခန့်ထားသည့် ဆရာများဖြင့် နှိုင်းယှဉ်ကြည့်စေချင်သည်ဟု ဆိုသည်။

          အသင်းမှ ရေကူးသမားများသည် စံချိန်လည်းမတက်လာ၊ နိုင်ငံတကာတွင်လည်း ဆုမရရှိဘူးဆိုသည့်အခါ အသင်းမှဆရာကို မခန့်တော့ဘူးဆိုပါက လက်ခံကြောင်း၊ သမီးကြီး သွန်းမိုးမေ ရေကူး တိုးတက်ကောင်းမွန်လာခြင်းသည် ဆရာမောင်မောင်စိန်ကြောင့်ဖြစ်ရာ လက်တွဲပြီး သုံးကြည့်စေချင်ကြောင်း ဆန္ဒပြု သည်။

          “အခုဆိုရင် အဖွဲ့ချုပ်နဲ့ ရေကူးအဖွဲ့ နှစ်ဖွဲ့ကွဲနေတယ်လို့ ပြောလို့ရတယ်။ သမီးတောင်းဆိုချင်တာက ရေကူးအဖွဲ့ ၂ ဖွဲ့ကို စည်းစည်းလုံးလုံးလေး နေစေချင်ပြီး ရန်မဖြစ်ဘဲနဲ့ ရေကူးကန် ကိုလည်း နည်းနည်းလေး လှည့်ကြည့်ပေးစေချင်တယ်။ ပစ်ထားတာမျိုး မဟုတ်ဘဲ ရေကူးကန်က ကလေးတွေ ဘာလိုအပ်လဲ အမြဲ ကြည့်ပြီးတော့ ဖြည့်ဆည်းပေးစေချင်တယ်” ဟု သွန်းမိုးမေက ဆန္ဒပြု တောင်းဆိုသည်။

          ထို့ပြင် မြန်မာနိုင်ငံ၏ ရေကူးလောက တိုးတက်ရေးအတွက် လက်ရှိ ရှိနေသည့်သူများထက် ရေကူးမျိုးဆက်သစ်များ ပိုမို များလာစေချင်ကြောင်း၊ အသက်အရွယ်အရ သူ အနားယူလိုက်သည့်အချိန်တွင် ရေကူးမျိုးဆက်သစ်လေးများမှ လက်ဆင့်ကမ်းပြီး နိုင်ငံအတွက် ဆုတံဆိပ်များ ရယူပေးစေချင်ကြောင်း သူက ပြောသည်။

          “အချို့ကလေးတွေက အမေ လွှတ်လို့လာတယ်။ အဖေက ကူးခိုင်းလို့ လာတာတို့ ရှိတယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ တကယ့်ဝါသနာကြောင့် လာပြီး လုပ်စေချင်ပါတယ်။ မကူးချင်ဘူး ဆိုရင်လည်း ပြောလိုက်ပါ အမေကို။ အပျော်ဆော့တာမျိုးမဖြစ်စေချင်ဘူး။ သေချာ လုပ်စေချင်တဲ့သူတွေပဲ လာစေချင်ပါတယ်” ဟု သူက ဆိုသည်။

          နိုင်ငံတကာ ရေကူးအဖွဲ့ချုပ်များသည် ရေကူးသမားများအား ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံက ရေကူးအဖွဲ့ချုပ်ကတော့ မည်သူတွေ ရေကူးလေ့ကျင့်နေသည်၊ မည်သည့် ရေကူးသမားကို ကူညီထောက်ပံ့ပေးရမည်ဟု မစဉ်းစား၊ ရေကူးကန်သို့လည်း မလာ၊ ရေကူးအားကစားကိုလည်း စိတ်မဝင်စားဘဲ ရှိနေကြောင်း ဆရာမောင်မောင်စိန်က ဝေဖန်ထောက်ပြသည်။

          “ရေကူးကို ဘာမှနားမလည်ပါဘူး။ အထက်က တာဝန်ပေးလို့ ရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌ လုပ်ရတာပါ” ဆိုသူချည်းများ ဖြစ်နေပြီး ထိုကဲ့သို့သော ရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌများသာ တာဝန်ယူနေသမျှ ကာလပတ်လုံး ရေကူး အားကစားလောက တိုးတက်ရန် မဖြစ်နိုင်ဟုလည်း သူက ဆိုသည်။

          လက်ရှိ အနေအထားအရ အမျိုးသားရေကူးကန်တွင် နေ့စဉ် ရေကူးလေ့ကျင့်နေသည့် MST မှ ကလေးများသည် မိဘမရှိတော့သည့် သားသမီးများကဲ့သို့ဖြစ်နေပြီး နေ့စဉ် ရေကူးသာ လေ့ကျင့်နေရပြီး ဘယ်နေ့ ဘယ်ရက် ဘာပြိုင်ပွဲ ရှိသည်ကိုပင် မည်သူမျှ မသိ၊ မည်သူ့ကို မေးရမှန်းလည်း မသိဖြစ်နေကာ နေ့စဉ် ကျောင်းသာတက်ပြီး စာမေးပွဲ မရှိသည်နှင့် တူနေ သည်ဟု သုံးသပ်သည်။

          ဆရာမောင်မောင်စိန်က “အထူးသဖြင့် သွန်းမိုးမေလို ထူးချွန်တဲ့ ရေကူးကစားသမားတွေကို ရေကူးအဖွဲ့ချုပ်အနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးပြီး ငယ်ရွယ်စဉ်မှာ နိုင်ငံတကာ ရေကူးပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင်စေပြီး အတွေ့အကြုံရယူမှုတွေ များစွာ လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

          တပည့်ဖြစ်သူ သွန်းမိုးမေသည် ပြည်တွင်း/ပြည်ပ သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်းများစွာ ရယူပေးနိုင်ခဲ့သဖြင့် ဆရာတယောက်အနေဖြင့် ဝမ်းမြောက် ဂုဏ်ယူမိသည်ဟု သူက ဆိုသည်။

          သို့သော် ထိုဆုများလောက်နှင့် မတင်းတိမ်ဘဲ ပိုမိုကြီးမားသည့် ရည်မှန်းချက်များထားကာ တရက်ထက် တရက် လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် လုပ်ပြီး ဒဏ်ရာမရရှိအောင် ဂရုစိုက်ကာ အရှေ့တောင်အာရှ၊ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ် ရေကူးပြိုင်ပွဲအထိ လက်စွမ်းပြနိုင်သည့် မြန်မာ့ ရေကူးမယ်တယောက် ဖြစ်နိုင်ပါစေကြောင်းလည်း ဆရာမောင်မောင်စိန်က သူ့တပည့်ကို ဆုတောင်းပေးသည်။

          ယခုနှစ်အတွင်းမှာပင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းအားကစား ပြိုင်ပွဲကြီးကလည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

          ထိုပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခွင့်ရရန် မျိုးဆက်သစ် ရေကူးမယ် သွန်းမိုးမေ တယောက် စိတ်အားထက်သန်နေသည်။

          “မြန်မာကိုယ်စားပြုအနေနဲ့ အိုလံပစ်တို့ ဆီးဂိမ်းတို့ သွားပြီးတော့ ရွှေတံဆိပ်တွေ အများကြီး ယူလာချင်ပါတယ်။ ဆရာမောင်မောင်စိန်ကလည်း သမီးကို အဲဒီလိုဖြစ်အောင် လေ့ကျင့်ပေးနေပါတယ်” ဟု သူက ပြောပြသည်။

          You may also like these stories:

          အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု မြန်မာ့လုပ်ငန်းရှင် ၁၀ ဦးရရှိ

          Your Thoughts …
          Tags: ရေကူးအားကစားမယ်သွန်းမိုးမေ
          ဇူးဇူး

          ဇူးဇူး

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          နေ့စဉ်သတင်း

          နေ့စဉ်သတင်း

          ရေခဲမုန့်ကို လျှာနဲ့လျက်ခဲ့တဲ့ အမျိုးသား

          ရေခဲမုန့်ကို လျှာနဲ့လျက်တဲ့ အမျိုးသားတဦး ထပ်မံပေါ်ထွက်လာပြီး ဖမ်းဆီးခံရ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          3 days ago
          12.1k
          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          11 hours ago
          8.9k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved